ကိုရိုနာဆေးတွေ အိန္ဒိယမှောင်ခိုဈေးကွက်မှာ မတန်တဆဈေးနဲ့ရောင်း

ရမ်ဒက်ဆီဗီယားက ကိုဗစ်ကို ကုသနိုင်မယ်လို့ မျှော်လင့်ထားကြ
(Unicode)⤵⤵⤵
ကိုဗစ်-၁၉ လူနာတွေကို ကုရာမှာ အသုံးပြုတဲ့ ရမ်ဒက်ဆီဗီယာ Remdesivir နဲ့ တော့စီလစ်ဇူမဘ် Tocilizumab အသက်ကယ်ဆေး နှစ်မျိုး အိန္ဒိယနိုင်ငံမှာ ပြတ်သွားပြီး မှောင်ခိုဈေးမှာ မတန်တဆဈေးနဲ့ ရောင်းချနေတာကို ဘီဘီစီက စုံစမ်းသိရပါတယ်။

အက်ဘီနက်ဗ် ရှားမားရဲ့ ဦးလေးဟာ အဖျားတွေ အရမ်းကြီးပြီး အသက်မရှူနိုင် ဖြစ်နေလို့ ဒေလီမြို့ဆေးရုံကို ပို့ခဲ့ရပါတယ်။

သူ့မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါရှိတယ်လို့ အတည်ပြုခဲ့အပြီးမှာ ရမ်ဒက်ဆီဗီယာ ဆေးဝယ်ဖို့ ဆရာဝန်တွေက မိသားစုကို ပြောပါတယ်။ ဒီဆေးကို အစမ်းသဘော သုံးဖို့ ဆေးရုံတွေက လက်ခံအတည်ပြုထားပြီး အရေးပေါ် သုံးဖို့ကိုလည်း ခွင့်ပြုထားတာကြောင့် ဆရာဝန်တွေအနေနဲ့ ဆေးစာ ရေးပေးနိုင်ပါတယ်။

ဒါပေမဲ့ ဒီဆေးက ဘယ်မှာမှ ဝယ်လို့ မရတာက ခက်နေပါတယ်။

ဦးလေးရဲ့ အခြေအနေက တစ်နေ့တခြား ဆိုးလာနေတဲ့အမျှ မစ္စတာ ရှားမားလည်း ဆေးရဖို့ လူတွေကိုလျှောက်ဆက်သွယ်ပြီး အသည်းအသန် ကြိုးပမ်းခဲ့ပါတယ်။

"ဦးလေး အသက်လုနေရချိန်မှာ အသက်ကယ်ပေးနိုင်မယ့်ဆေး ဝယ်မရ ဖြစ်နေရတာကို ကျွန်တော် ဝမ်းနည်းပက်လက် ဖြစ်ခဲ့မိတယ်"

"ဖုန်းတွေအများကြီး လျှောက်ခေါ်ခဲ့အပြီးမှာ ဒီဆေးကို ဈေးရင်းထက် ၇ ဆ ပေးဝယ်ခဲ့ရပါတယ်။ ကျွန်တော့်အတွက်က ဘယ်ဈေးဖြစ်ဖြစ် ပေးဖို့ အဆင်သင့်ပါ။ ဒါပေမဲ့ ဒီလို ပေးမဝယ်နိုင်တဲ့သူတွေအတွက်တော့ ကျွန်တော် အတော်လေး စိတ်မကောင်း ဖြစ်မိတယ်" လို့ သူက ပြောပါတယ်။

မစ္စတာ ရှားမားလို ဒုက္ခမျိုး ဒေလီမြို့က လူအတော်များများ ကြုံနေကြရပြီး ကိုဗစ်လူနာရှင် မိသားစုဝင်တွေရဲ့အသက်ကို ကယ်ဖို့ အသည်းအသန် ကြိုးစားနေကြရပါတယ်။

အတော်များများက ဒီဆေးကို ဒေလီမြို့ဟောင်း ဆေးပစ္စည်း မှောင်ခိုဈေးတစ်ခုကနေ ရခဲ့ပြီး မတန်တဆ ပေး ဝယ်ခဲ့ရတယ်လို့ ပြောပါတယ်။
ရမ်ဒက်ဆီဗီယာ ဆေးထုတ်လုပ်ရောင်းချဖို့ အိန္ဒိယဆေးကုမ္ပဏီ ၅ ခုကို အမေရိကန်အခြေစိုက် ဂိလိယက်Gilead က ခွင့်ပြုခဲ့
အဲဒီမှောင်ခိုဈေးမှာ ရောင်းဝယ်နေသူတွေကို ဘီဘီစီက ဆက်သွယ်နိုင်ခဲ့ရာမှာ အဲဒီလူတွေက ဆေးဝယ်လို့ ရအောင် သူတို့ လုပ်ပေးမယ်။ ဈေးနှုန်းမှန်စေရမယ် လို့ပြောပါတယ်။

"ဆေး ၃ သုံးပုလင်း ရမယ်။ တစ်ပုလင်းကို ရူပီး ၃၀၀၀၀ (ဒေါ်လာ ၄၀၀ ကျော်) ကျတယ်။ ချက်ချင်းရနိုင်မယ်" လို့ ဆေးပစ္စည်း ဈေးကွက်မှာ ကျင်လည်နေတယ် ဆိုတဲ့ တစ်ယောက်က ပြောပါတယ်။

တကယ့်တရားဝင်ဈေးက ရူပီး ၅၄၀၀ ပဲ ရှိပါတယ်။ ဆေးပတ်လည်ဖို့ ၅ ပုလင်းနဲ့ ၆ ပုလင်း ကြား လိုပါတယ်။

နောက်လူတစ်ယောက်ကတော့ ဆေးတစ်ပုလင်းကို ရူပီး ၃၈၀၀၀ ဈေး ခေါ်ပါတယ်။

ဒီဆေးကို ဝယ်လိုအားများ နေကြတဲ့ အကြောင်းရင်းက ကမ္ဘာတဝန်းက ဆေးရုံတွေမှာ ဒီဆေးကို အစမ်းသုံးကြည့်ချိန်မှာ ကိုဗစ်ရောဂါလက္ခဏာကာလကို ၁၅ ရက်ကနေ ၁၁ ရက်အထိ လျှော့ချပေးနိုင်ခဲ့တဲ့အတွက် ဖြစ်ပါတယ်။

ဒီဆေးကို ကိုဗစ်-၁၉ ရောဂါ ချက်ချင်း ပျောက်ကင်းနိုင်တဲ့ မျက်လှည့်ဆေး တစ်ခုအဖြစ် မယူဆကြဖို့ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ ဒါပေမဲ့ အိန္ဒိယက ဆရာဝန်တွေကတော့ ဒီဆေးဝယ်ဖို့ကိုပဲ ပိုညွှန်းလာနေကြတဲ့အတွက် ဒေလီနဲ့ တခြားမြို့တွေမှာ ဝယ်လိုအားတွေ မြင့်တက်လာနေတာပါ။
အိန္ဒိယနိုင်ငံမှာ ဇွန်လကစလို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှု တဟုန်ထိုးတိုးလာနေ
အခုလို မတန်တဆဈေးနဲ့ အမြတ်ထုတ် ရောင်းနေနိုင်တဲ့ အဓိကအကြောင်းရင်းက ဆေးရောင်းလိုအားနဲ့ ဝယ်လိုအား အကြီးအကျယ် ကွာဟနေလို့ ဖြစ်ပါတယ်။

ရမ်ဒက်ဆီဗီယာ ဆေးကို အမေရိကန်အခြေစိုက် ဂိလိယ်က Gilead Sciences ကုမ္ပဏီက အီဘိုလာရောဂါ အတွက် ကနဦး ထုတ်ခဲ့တာ ဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်ဖို့ Cipla ၊ Jubilant Life ၊ Hetero Drugs နဲ့ Mylon ဆိုတဲ့အိန္ဒိယဆေးကုမ္ပဏီကြီး ၄ ခုကို ခွင့်ပြုခဲ့ပါတယ်။

ဒါပေမဲ့လည်း အဲဒီထဲက Hetero ကုမ္ပဏီတစ်ခုတည်းကပဲ ဒီဆေးကို လောလောဆယ် ထုတ်နိုင်ပါသေးတယ်။

Hetero ကုမ္ပဏီက ပြည်နယ် ၅ ခုက ဆေးရုံတွေကို ဆေးပုလင်း အလုံးရေ ၂၀၀၀၀ တိုက်ရိုက် ပို့ဆောင်ခဲ့တာ ဖြစ်ပြီး ဒီဆေးတွေ မှောင်ခိုဈေးကွက်ထဲ ဘယ်လိုရောက်သွားသလဲဆိုတာ နားမလည်နိုင်ဘူးလို့Hetero ကုမ္ပဏီ အရောင်းဌာန ဒုဥက္ကဋ္ဌ ဆန်ဒိ ရှားစထရီ က ဘီဘီစီကို ပြောပါတယ်။
ရမ်ဒက်ဆီဗီယာဆေးကို Covifor ဆိုတဲ့အမည်နဲ့ Hetero ကုမ္ပဏီက ထုတ်လုပ်ရောင်းချ
ဆေးဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ဖို့ ကုမ္ပဏီက အကြီးအကျယ် ကြိုးစားအားထုတ်နေချိန်မှာ ဒီလိုမှောင်ခိုဈေးကွက်မှာ တင်ရောင်းနေတာက တကယ့်ကို စိတ်ပျက်စရာပဲလို့ ဆိုပါတယ်။

လာမယ့်ရက်ပိုင်းအတွင်း ဆေးတွေ ပိုထုတ်ပေးနိုင်ပြီး အခြေအနေ ပိုကောင်းလာမယ်ဆိုတာ ယုံကြည်ထားပါတယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ အိန္ဒိယက တရားဝင် ဆေးဆိုင်တွေမှာလည်း ဒီဆေးတွေ မဝင်လို့ ရောင်းမပေးနိုင်ခဲ့ဘူးလို့ ဆေးဆိုင်များအစည်းအရုံးတစ်ခုရဲ့ ဒုဥက္ကဋ္ဌက ပြောပြါတယ်။

ဒီတော့ ဒေလီမြို့ဟောင်းက ဆေးမှောင်ခိုဈေးဆီ ဒီဆေးတွေ ဘယ်လို ရောက်လာတာပါလဲ။

အိန္ဒိယ ဆေးဆိုင်ပိုင်ရှင်များအဖွဲ့ အထွေထွေ အတွင်းရေးမှူး ရာဂျစ် ဆင်ဂါးလ်ကတော့ ဒီကိစ္စမှာ ဆေးဆိုင်ပိုင်ရှင်တွေ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

"ဒါဟာ နိုင်ငံလုံးဆိုင်ရာ အရေးပေါ် ကျန်းမာရေးကိစ္စကြီးပါ။ ဒီအသက်ကယ်ဆေးတွေ တရားမဝင် ရောင်းချတာတွေ့ရင် တင်းတင်းကြပ်ကြပ် အရေးယူသွားမယ် ဆိုတာကို အတိအလင်း ကြေညာထားပြီးဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။
ရောဂါဖြစ်သူတွေများလာတာနဲ့အမျှ ဆေးရုံအတော်များများ မနိုင်မနင်းဖြစ်နေ
ဒါပေမဲ့ ဒီပြဿနာဟာ ရမ်ဒက်ဆီဗီယာဆေးမှာတင် ဖြစ်တာ မဟုတ်ပါဘူး။ နောက်ဆေးတစ်မျိုး ဖြစ်တဲ့ တော့စီလစ်ဇူမဘ် ဆေးကလည်း ဈေးမတန်တဆ ထိုးတက်ခဲ့ပါတယ်။

Actemra ဆိုတဲ့ နာမည်နဲ့ ရောင်းချတဲ့ ဒီဆေးဟာ ကမ္ဘာတဝန်းက အခြေအနေ ဆိုးနေတဲ့ လူနာတွေကိုကုခဲ့ရာမှာ ရလဒ်ကောင်းတွေ ထွက်ခဲ့ပါတယ်။

ဒီဆေး ဘယ်လောက် ထိရောက်သလဲဆိုတာ သိဖို့ နောက်ထပ် လေ့လာမှုတွေ လုပ်ဖို့ လိုနေသေးတယ်လို့ ကျွမ်းကျင်သူတွေက ပြောနေကြပေမဲ့ ဆေးရုံအတော်များများက ဒီဆေးက တကယ်စွမ်းတယ်လို့ပြောနေကြပါတယ်။

ဒါပေမဲ့ ဒီဆေးဟာ နဂိုမူလက အဆစ်အမြစ် ကိုက်ခဲတဲ့ ရောဂါသည်လူနာတွေအတွက် ရည်ရွယ် ထုတ်ခဲ့တာ ဖြစ်ပြီး အကန့်အသတ်နဲ့သာ ထောက်ပံ့ပေးခဲ့တာပါ။

Cipla ဆေးကုမ္ပဏီဟာ ဆွစ်ဇာလန်အခြေစိုက် Roche ကုမ္ပဏီ ကိုယ်စား ဒီဆေးကို အိန္ဒိယနိုင်ငံမှာ ထုတ်လုပ် ရောင်းချပေးနေတာ ဖြစ်ပြီး ပြည်တွင်းမှာပဲ အပြည့်အဝထုတ်လုပ်တာပါ။ ဒါပေမဲ့ ရဖို့ သိပ်ခက်ပါတယ်။ အထူးသဖြင့် နာရီပိုင်းအတွင်း အရေးပေါ် လိုအပ်တဲ့ အချိန်မျိုးမှာ ဝယ်လို့ မရတတ်ပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နိုင်ငံမြောက်ပိုင်းမှာ ဒီဆေး ဝယ်လိုအား တရှိန်ထိုး မြင့်တက်လာပါတယ်။

ဒီဆေးကို ကိုယ့်ဟာကိုယ် ရှာဝယ်ကြဖို့ လူနာရှင် မိသားစုတွေကို ဆေးရုံတွေက ပြောခဲ့တယ် ဆိုတဲ့ ဖြစ်ရပ် အတော်များများကို ဘီဘီစီက စုံစမ်းတွေ့ခဲ့ရပါတယ်။

ဒါပေမဲ့ တော့စီလစ်ဇူမဘ်ဆေးတွေ မှောင်ခိုဈေးကွက်ပေါ် ရောက်နေတယ် ဆိုတာကို Cipla ဆေးကုမ္ပဏီ ကိုယ်စားလှယ်က ငြင်းခဲ့ပါတယ်။

"ဒီဆေးကို အမြတ်ထုတ် ရောင်းချတာမျိုး မရှိအောင် ကျွန်တော်တို့ အသေအချာ လိုက်စုံစမ်းနေပါတယ်။ ဒီလိုမျိုး လုံးဝ အဖြစ်ခံမှာ မဟုတ်ပါဘူး" လို့ သူက ပြောပါတယ်။

BBC Burmese
--------------------------------
(Zawgyi)⤵⤵⤵
ကို႐ိုနာေဆးေတြ အိႏၵိယေမွာင္ခိုေဈးကြက္မွာ မတန္တဆေဈးနဲ႔ေရာင္း

ကိုဗစ္-၁၉ လူနာေတြကို ကုရာမွာ အသုံးျပဳတဲ့ ရမ္ဒက္ဆီဗီယာ Remdesivir နဲ႔ ေတာ့စီလစ္ဇူမဘ္ Tocilizumab အသက္ကယ္ေဆး ႏွစ္မ်ိဳး အိႏၵိယႏိုင္ငံမွာ ျပတ္သြားၿပီး ေမွာင္ခိုေဈးမွာ မတန္တဆေဈးနဲ႔ ေရာင္းခ်ေနတာကို ဘီဘီစီက စုံစမ္းသိရပါတယ္။

အက္ဘီနက္ဗ္ ရွားမားရဲ႕ ဦးေလးဟာ အဖ်ားေတြ အရမ္းႀကီးၿပီး အသက္မရႉႏိုင္ ျဖစ္ေနလို႔ ေဒလီၿမိဳ႕ေဆး႐ုံကို ပို႔ခဲ့ရပါတယ္။

သူ႔မွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါရွိတယ္လို႔ အတည္ျပဳခဲ့အၿပီးမွာ ရမ္ဒက္ဆီဗီယာ ေဆးဝယ္ဖို႔ ဆရာဝန္ေတြက မိသားစုကို ေျပာပါတယ္။ ဒီေဆးကို အစမ္းသေဘာ သုံးဖို႔ ေဆး႐ုံေတြက လက္ခံအတည္ျပဳထားၿပီး အေရးေပၚ သုံးဖို႔ကိုလည္း ခြင့္ျပဳထားတာေၾကာင့္ ဆရာဝန္ေတြအေနနဲ႔ ေဆးစာ ေရးေပးႏိုင္ပါတယ္။

ဒါေပမဲ့ ဒီေဆးက ဘယ္မွာမွ ဝယ္လို႔ မရတာက ခက္ေနပါတယ္။

ဦးေလးရဲ႕ အေျခအေနက တစ္ေန႔တျခား ဆိုးလာေနတဲ့အမွ် မစၥတာ ရွားမားလည္း ေဆးရဖို႔ လူေတြကိုေလွ်ာက္ဆက္သြယ္ၿပီး အသည္းအသန္ ႀကိဳးပမ္းခဲ့ပါတယ္။

"ဦးေလး အသက္လုေနရခ်ိန္မွာ အသက္ကယ္ေပးႏိုင္မယ့္ေဆး ဝယ္မရ ျဖစ္ေနရတာကို ကြၽန္ေတာ္ ဝမ္းနည္းပက္လက္ ျဖစ္ခဲ့မိတယ္"

"ဖုန္းေတြအမ်ားႀကီး ေလွ်ာက္ေခၚခဲ့အၿပီးမွာ ဒီေဆးကို ေဈးရင္းထက္ ၇ ဆ ေပးဝယ္ခဲ့ရပါတယ္။ ကြၽန္ေတာ့္အတြက္က ဘယ္ေဈးျဖစ္ျဖစ္ ေပးဖို႔ အဆင္သင့္ပါ။ ဒါေပမဲ့ ဒီလို ေပးမဝယ္ႏိုင္တဲ့သူေတြအတြက္ေတာ့ ကြၽန္ေတာ္ အေတာ္ေလး စိတ္မေကာင္း ျဖစ္မိတယ္" လို႔ သူက ေျပာပါတယ္။

မစၥတာ ရွားမားလို ဒုကၡမ်ိဳး ေဒလီၿမိဳ႕က လူအေတာ္မ်ားမ်ား ႀကဳံေနၾကရၿပီး ကိုဗစ္လူနာရွင္ မိသားစုဝင္ေတြရဲ႕အသက္ကို ကယ္ဖို႔ အသည္းအသန္ ႀကိဳးစားေနၾကရပါတယ္။

အေတာ္မ်ားမ်ားက ဒီေဆးကို ေဒလီၿမိဳ႕ေဟာင္း ေဆးပစၥည္း ေမွာင္ခိုေဈးတစ္ခုကေန ရခဲ့ၿပီး မတန္တဆ ေပး ဝယ္ခဲ့ရတယ္လို႔ ေျပာပါတယ္။

အဲဒီေမွာင္ခိုေဈးမွာ ေရာင္းဝယ္ေနသူေတြကို ဘီဘီစီက ဆက္သြယ္ႏိုင္ခဲ့ရာမွာ အဲဒီလူေတြက ေဆးဝယ္လို႔ ရေအာင္ သူတို႔ လုပ္ေပးမယ္။ ေဈးႏႈန္းမွန္ေစရမယ္ လို႔ေျပာပါတယ္။

"ေဆး ၃ သုံးပုလင္း ရမယ္။ တစ္ပုလင္းကို ႐ူပီး ၃၀၀၀၀ (ေဒၚလာ ၄၀၀ ေက်ာ္) က်တယ္။ ခ်က္ခ်င္းရႏိုင္မယ္" လို႔ ေဆးပစၥည္း ေဈးကြက္မွာ က်င္လည္ေနတယ္ ဆိုတဲ့ တစ္ေယာက္က ေျပာပါတယ္။

တကယ့္တရားဝင္ေဈးက ႐ူပီး ၅၄၀၀ ပဲ ရွိပါတယ္။ ေဆးပတ္လည္ဖို႔ ၅ ပုလင္းနဲ႔ ၆ ပုလင္း ၾကား လိုပါတယ္။

ေနာက္လူတစ္ေယာက္ကေတာ့ ေဆးတစ္ပုလင္းကို ႐ူပီး ၃၈၀၀၀ ေဈး ေခၚပါတယ္။

ဒီေဆးကို ဝယ္လိုအားမ်ား ေနၾကတဲ့ အေၾကာင္းရင္းက ကမာၻတဝန္းက ေဆး႐ုံေတြမွာ ဒီေဆးကို အစမ္းသုံးၾကည့္ခ်ိန္မွာ ကိုဗစ္ေရာဂါလကၡဏာကာလကို ၁၅ ရက္ကေန ၁၁ ရက္အထိ ေလွ်ာ့ခ်ေပးႏိုင္ခဲ့တဲ့အတြက္ ျဖစ္ပါတယ္။

ဒီေဆးကို ကိုဗစ္-၁၉ ေရာဂါ ခ်က္ခ်င္း ေပ်ာက္ကင္းႏိုင္တဲ့ မ်က္လွည့္ေဆး တစ္ခုအျဖစ္ မယူဆၾကဖို႔ကြၽမ္းက်င္သူေတြက သတိေပးထားပါတယ္။ ဒါေပမဲ့ အိႏၵိယက ဆရာဝန္ေတြကေတာ့ ဒီေဆးဝယ္ဖို႔ကိုပဲ ပိုၫႊန္းလာေနၾကတဲ့အတြက္ ေဒလီနဲ႔ တျခားၿမိဳ႕ေတြမွာ ဝယ္လိုအားေတြ ျမင့္တက္လာေနတာပါ။

အခုလို မတန္တဆေဈးနဲ႔ အျမတ္ထုတ္ ေရာင္းေနႏိုင္တဲ့ အဓိကအေၾကာင္းရင္းက ေဆးေရာင္းလိုအားနဲ႔ ဝယ္လိုအား အႀကီးအက်ယ္ ကြာဟေနလို႔ ျဖစ္ပါတယ္။

ရမ္ဒက္ဆီဗီယာ ေဆးကို အေမရိကန္အေျခစိုက္ ဂိလိယ္က Gilead Sciences ကုမၸဏီက အီဘိုလာေရာဂါ အတြက္ ကနဦး ထုတ္ခဲ့တာ ျဖစ္ၿပီး အိႏၵိယႏိုင္ငံမွာ ထုတ္လုပ္ဖို႔ Cipla ၊ Jubilant Life ၊ Hetero Drugs နဲ႔ Mylon ဆိုတဲ့အိႏၵိယေဆးကုမၸဏီႀကီး ၄ ခုကို ခြင့္ျပဳခဲ့ပါတယ္။

ဒါေပမဲ့လည္း အဲဒီထဲက Hetero ကုမၸဏီတစ္ခုတည္းကပဲ ဒီေဆးကို ေလာေလာဆယ္ ထုတ္ႏိုင္ပါေသးတယ္။

Hetero ကုမၸဏီက ျပည္နယ္ ၅ ခုက ေဆး႐ုံေတြကို ေဆးပုလင္း အလုံးေရ ၂၀၀၀၀ တိုက္႐ိုက္ ပို႔ေဆာင္ခဲ့တာ ျဖစ္ၿပီး ဒီေဆးေတြ ေမွာင္ခိုေဈးကြက္ထဲ ဘယ္လိုေရာက္သြားသလဲဆိုတာ နားမလည္ႏိုင္ဘူးလို႔Hetero ကုမၸဏီ အေရာင္းဌာန ဒုဥကၠ႒ ဆန္ဒိ ရွားစထရီ က ဘီဘီစီကို ေျပာပါတယ္။

ေဆးဝယ္လိုအားကို ျဖည့္ဆည္းေပးႏိုင္ဖို႔ ကုမၸဏီက အႀကီးအက်ယ္ ႀကိဳးစားအားထုတ္ေနခ်ိန္မွာ ဒီလိုေမွာင္ခိုေဈးကြက္မွာ တင္ေရာင္းေနတာက တကယ့္ကို စိတ္ပ်က္စရာပဲလို႔ ဆိုပါတယ္။

လာမယ့္ရက္ပိုင္းအတြင္း ေဆးေတြ ပိုထုတ္ေပးႏိုင္ၿပီး အေျခအေန ပိုေကာင္းလာမယ္ဆိုတာ ယုံၾကည္ထားပါတယ္လို႔ သူက ေျပာပါတယ္။

ဒါေပမဲ့ အိႏၵိယက တရားဝင္ ေဆးဆိုင္ေတြမွာလည္း ဒီေဆးေတြ မဝင္လို႔ ေရာင္းမေပးႏိုင္ခဲ့ဘူးလို႔ ေဆးဆိုင္မ်ားအစည္းအ႐ုံးတစ္ခုရဲ႕ ဒုဥကၠ႒က ေျပာျပါတယ္။

ဒီေတာ့ ေဒလီၿမိဳ႕ေဟာင္းက ေဆးေမွာင္ခိုေဈးဆီ ဒီေဆးေတြ ဘယ္လို ေရာက္လာတာပါလဲ။

အိႏၵိယ ေဆးဆိုင္ပိုင္ရွင္မ်ားအဖြဲ႕ အေထြေထြ အတြင္းေရးမႉး ရာဂ်စ္ ဆင္ဂါးလ္ကေတာ့ ဒီကိစၥမွာ ေဆးဆိုင္ပိုင္ရွင္ေတြ ပါဝင္ပတ္သက္မႈ မရွိဘူးလို႔ ျငင္းဆိုထားပါတယ္။

"ဒါဟာ ႏိုင္ငံလုံးဆိုင္ရာ အေရးေပၚ က်န္းမာေရးကိစၥႀကီးပါ။ ဒီအသက္ကယ္ေဆးေတြ တရားမဝင္ ေရာင္းခ်တာေတြ႕ရင္ တင္းတင္းၾကပ္ၾကပ္ အေရးယူသြားမယ္ ဆိုတာကို အတိအလင္း ေၾကညာထားၿပီးျဖစ္ပါတယ္" လို႔ သူက ေျပာပါတယ္။

ဒါေပမဲ့ ဒီျပႆနာဟာ ရမ္ဒက္ဆီဗီယာေဆးမွာတင္ ျဖစ္တာ မဟုတ္ပါဘူး။ ေနာက္ေဆးတစ္မ်ိဳး ျဖစ္တဲ့ ေတာ့စီလစ္ဇူမဘ္ ေဆးကလည္း ေဈးမတန္တဆ ထိုးတက္ခဲ့ပါတယ္။

Actemra ဆိုတဲ့ နာမည္နဲ႔ ေရာင္းခ်တဲ့ ဒီေဆးဟာ ကမာၻတဝန္းက အေျခအေန ဆိုးေနတဲ့ လူနာေတြကိုကုခဲ့ရာမွာ ရလဒ္ေကာင္းေတြ ထြက္ခဲ့ပါတယ္။

ဒီေဆး ဘယ္ေလာက္ ထိေရာက္သလဲဆိုတာ သိဖို႔ ေနာက္ထပ္ ေလ့လာမႈေတြ လုပ္ဖို႔ လိုေနေသးတယ္လို႔ ကြၽမ္းက်င္သူေတြက ေျပာေနၾကေပမဲ့ ေဆး႐ုံအေတာ္မ်ားမ်ားက ဒီေဆးက တကယ္စြမ္းတယ္လို႔ေျပာေနၾကပါတယ္။

ဒါေပမဲ့ ဒီေဆးဟာ နဂိုမူလက အဆစ္အျမစ္ ကိုက္ခဲတဲ့ ေရာဂါသည္လူနာေတြအတြက္ ရည္႐ြယ္ ထုတ္ခဲ့တာ ျဖစ္ၿပီး အကန႔္အသတ္နဲ႔သာ ေထာက္ပံ့ေပးခဲ့တာပါ။

Cipla ေဆးကုမၸဏီဟာ ဆြစ္ဇာလန္အေျခစိုက္ Roche ကုမၸဏီ ကိုယ္စား ဒီေဆးကို အိႏၵိယႏိုင္ငံမွာ ထုတ္လုပ္ ေရာင္းခ်ေပးေနတာ ျဖစ္ၿပီး ျပည္တြင္းမွာပဲ အျပည့္အဝထုတ္လုပ္တာပါ။ ဒါေပမဲ့ ရဖို႔ သိပ္ခက္ပါတယ္။ အထူးသျဖင့္ နာရီပိုင္းအတြင္း အေရးေပၚ လိုအပ္တဲ့ အခ်ိန္မ်ိဳးမွာ ဝယ္လို႔ မရတတ္ပါဘူး။

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ႏိုင္ငံေျမာက္ပိုင္းမွာ ဒီေဆး ဝယ္လိုအား တရွိန္ထိုး ျမင့္တက္လာပါတယ္။

ဒီေဆးကို ကိုယ့္ဟာကိုယ္ ရွာဝယ္ၾကဖို႔ လူနာရွင္ မိသားစုေတြကို ေဆး႐ုံေတြက ေျပာခဲ့တယ္ ဆိုတဲ့ ျဖစ္ရပ္ အေတာ္မ်ားမ်ားကို ဘီဘီစီက စုံစမ္းေတြ႕ခဲ့ရပါတယ္။

ဒါေပမဲ့ ေတာ့စီလစ္ဇူမဘ္ေဆးေတြ ေမွာင္ခိုေဈးကြက္ေပၚ ေရာက္ေနတယ္ ဆိုတာကို Cipla ေဆးကုမၸဏီ ကိုယ္စားလွယ္က ျငင္းခဲ့ပါတယ္။

"ဒီေဆးကို အျမတ္ထုတ္ ေရာင္းခ်တာမ်ိဳး မရွိေအာင္ ကြၽန္ေတာ္တို႔ အေသအခ်ာ လိုက္စုံစမ္းေနပါတယ္။ ဒီလိုမ်ိဳး လုံးဝ အျဖစ္ခံမွာ မဟုတ္ပါဘူး" လို႔ သူက ေျပာပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-53326350
ကိုရိုနာဆေးတွေ အိန္ဒိယမှောင်ခိုဈေးကွက်မှာ မတန်တဆဈေးနဲ့ရောင်း ကိုရိုနာဆေးတွေ အိန္ဒိယမှောင်ခိုဈေးကွက်မှာ မတန်တဆဈေးနဲ့ရောင်း Reviewed by THITHTOOLWIN on 07:34 Rating: 5
Powered by Blogger.