ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ မြန်မာ့တပ်မတော်က အရပ်သားတွေပါ ဗုံးကြဲတိုက်ခိုက်နေ (Amnesty International)


(Unicode)⤵⤵⤵
မြန်မာစစ်တပ်ဟာ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အရပ်သားနဲ့ လက်နက်ကိုင် မခွဲခြားဘဲ ဗုံးကြဲတိုက်ခိုက်နေပြီး ကလေးငယ်တွေ အပါအဝင် အရပ်သားတွေကို သတ်ဖြတ်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့ Amnesty International က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

မတ်လနဲ့ ဧပြီလအတွင်း လူတစ်ဒါဇင်ကျော် သေဆုံးခဲ့ရတဲ့ ချင်းပြည်နယ်ထဲက ရွာ အများအပြားကို ဗုံးကြဲတိုက်ခိုက်ထားတာကို ပြသနေတဲ့ အထောက်အထား အသစ် တွေကို Amnesty International အဖွဲ့က စုဆောင်း ရယူနေတယ်လို့လည်း ဆိုပါတယ်။ သေဆုံးသူ အများစုက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်သလို ခရစ်ယာန် လူနည်းစု တစ်ချို့လည်း ပါဝင်ကြောင်း၊ ရိုဟင်ဂျာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ သတင်းတွေကိုလည်း သတိပြုမိကြောင်းလည်း ပြောပါတယ်။

လတ်တလော မြန်မာစစ်တပ်နဲ့AA အကြား တိုက်ပွဲတွေ ပြင်းထန်လာချိန်အတွင်းမှာ အခုလို စွပ်စွဲချက်တွေထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဇွန်လကတည်းက အင်တာနက်တွေ ဖြတ်တောက်ထားခံရတဲ့ မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထဲ စစ်ရာဇဝတ်မှုတွေ ကျူးလွန်မှု ရှိ-မရှိ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေနဲ့ စုံစမ်းစစ်ဆေးပေးဖို့ကိုလည်း Amnesty International အဖွဲ့က တောင်းဆိုထားပါတယ်။

နိုင်ငံတကာ ဓလေ့ထုံးထမ်း ဥပဒေအရ အရပ်သားနဲ့ လက်နက်ကိုင် မခွဲခြားဘဲ တိုက်ခိုက်လို့ အရပ်သားတွေ သေဆုံးတဲ့အခါမှာ စစ် ရာဇဝတ်မှုအဖြစ် ယူဆပါတယ်။

လောလောဆယ်မှာတော့ လွန်ခဲ့တဲ့၃နှစ်က မြန်မာစစ်တပ်က နယ်မြေ ရှင်းလင်းပွဲတွေ လုပ်ခဲ့တာကြောင့် ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာ တရားရုံးက မြန်မာအစိုးရအပေါ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ မြန်မာအစိုးရက ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံသလို အဲဒီ အဖြစ်အပျက်ဟာ ARSA လို့ခေါ်တဲ့ ရိုဟင်ဂျာ လက်နက်ကိုင်တပ်တွေရဲ့ တိုက်ခိုက်မှုကို ပြန်လည် လက်တုံ့ပြန်ဖို့ လိုအပ်လို့ ဖြစ်ပွားရတာလို့လည်း ပြောပါတယ်။

ဗွီအိုအေ ( မြန်မာပိုင်း)
--------------------------------------
(Zawgyi)⤵⤵⤵
ရခိုင္နဲ႔ ခ်င္းျပည္နယ္ေတြမွာ ျမန္မာ့တပ္မေတာ္က အရပ္သားေတြပါ ဗုံးႀကဲတိုက္ခိုက္ေန (Amnesty International)

ျမန္မာစစ္တပ္ဟာ ရခိုင္နဲ႔ ခ်င္းျပည္နယ္ေတြမွာ အရပ္သားနဲ႔ လက္နက္ကိုင္ မခြဲျခားဘဲ ဗုံးႀကဲတိုက္ခိုက္ေနၿပီး ကေလးငယ္ေတြ အပါအဝင္ အရပ္သားေတြကို သတ္ျဖတ္ေနတယ္လို႔ လူ႔အခြင့္အေရးအဖြဲ႕ Amnesty International က ဗုဒၶဟူးေန႔က ေျပာပါတယ္။

မတ္လနဲ႔ ဧၿပီလအတြင္း လူတစ္ဒါဇင္ေက်ာ္ ေသဆုံးခဲ့ရတဲ့ ခ်င္းျပည္နယ္ထဲက ႐ြာ အမ်ားအျပားကို ဗုံးႀကဲတိုက္ခိုက္ထားတာကို ျပသေနတဲ့ အေထာက္အထား အသစ္ ေတြကို Amnesty International အဖြဲ႕က စုေဆာင္း ရယူေနတယ္လို႔လည္း ဆိုပါတယ္။ ေသဆုံးသူ အမ်ားစုက ဗုဒၶဘာသာဝင္ေတြ ျဖစ္သလို ခရစ္ယာန္ လူနည္းစု တစ္ခ်ိဳ႕လည္း ပါဝင္ေၾကာင္း၊ ႐ိုဟင္ဂ်ာ အရပ္သားေတြကို ပစ္မွတ္ထား တိုက္ခိုက္တဲ့ သတင္းေတြကိုလည္း သတိျပဳမိေၾကာင္းလည္း ေျပာပါတယ္။

လတ္တေလာ ျမန္မာစစ္တပ္နဲ႔AA အၾကား တိုက္ပြဲေတြ ျပင္းထန္လာခ်ိန္အတြင္းမွာ အခုလို စြပ္စြဲခ်က္ေတြထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ ဇြန္လကတည္းက အင္တာနက္ေတြ ျဖတ္ေတာက္ထားခံရတဲ့ ၿမိဳ႕နယ္ေတြမွာ ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြထဲ စစ္ရာဇဝတ္မႈေတြ က်ဴးလြန္မႈ ရွိ-မရွိ ကုလသမဂၢ လုံၿခဳံေရး ေကာင္စီ အေနနဲ႔ စုံစမ္းစစ္ေဆးေပးဖို႔ကိုလည္း Amnesty International အဖြဲ႕က ေတာင္းဆိုထားပါတယ္။

ႏိုင္ငံတကာ ဓေလ့ထုံးထမ္း ဥပေဒအရ အရပ္သားနဲ႔ လက္နက္ကိုင္ မခြဲျခားဘဲ တိုက္ခိုက္လို႔ အရပ္သားေတြ ေသဆုံးတဲ့အခါမွာ စစ္ ရာဇဝတ္မႈအျဖစ္ ယူဆပါတယ္။

ေလာေလာဆယ္မွာေတာ့ လြန္ခဲ့တဲ့၃ႏွစ္က ျမန္မာစစ္တပ္က နယ္ေျမ ရွင္းလင္းပြဲေတြ လုပ္ခဲ့တာေၾကာင့္ ႐ိုဟင္ဂ်ာေတြ ထြက္ေျပးခဲ့ ရတဲ့ကိစၥနဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာ တရား႐ုံးက ျမန္မာအစိုးရအေပၚ စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနဆဲ ျဖစ္ပါတယ္။ ျမန္မာအစိုးရက ႐ိုဟင္ဂ်ာ အသုံးအႏႈန္းကို လက္မခံသလို အဲဒီ အျဖစ္အပ်က္ဟာ ARSA လို႔ေခၚတဲ့ ႐ိုဟင္ဂ်ာ လက္နက္ကိုင္တပ္ေတြရဲ႕ တိုက္ခိုက္မႈကို ျပန္လည္ လက္တုံ႔ျပန္ဖို႔ လိုအပ္လို႔ ျဖစ္ပြားရတာလို႔လည္း ေျပာပါတယ္။

ဗြီအိုေအ ( ျမန္မာပိုင္း)
https://burmese.voanews.com/a/myanmar-military-rakhine-and-chin-amnesty-international-/5495226.html
ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ မြန်မာ့တပ်မတော်က အရပ်သားတွေပါ ဗုံးကြဲတိုက်ခိုက်နေ (Amnesty International) ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ မြန်မာ့တပ်မတော်က အရပ်သားတွေပါ ဗုံးကြဲတိုက်ခိုက်နေ (Amnesty International) Reviewed by THITHTOOLWIN on 08:29 Rating: 5
Powered by Blogger.