COVID-19 ရောဂါ တိုက်ဖျက်ရေးတွင် ရောဂါပိုးကူးစက်ခံရသူ ကျန်းမာရေး ဝန်ထမ်း ၁၄ ဦးထိ ရှိလာ

ရန်ကုန် တိုင်းဒေသကြီးအတွင်း ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်း တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)
(Unicode)⤵⤵⤵
    ရန်ကုန် ၊ ဇွန် ၄ ရက်(ဆင်ဟွာ)

    မြန်မာနိုင်ငံ၌ COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် ရှေ့တန်း၌ တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေး ဝန်ထမ်းများ အနက် COVID-19 ရောဂါပိုး ကူးစက်ခံရသူ ကျန်းမာရေး ဝန်ထမ်း စုစုပေါင်း အရေအတွက် ၁၄ ဦး ထိရှိလာခဲ့ကြောင်း ၊  ၎င်းတို့အား ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့များ အပြည့်အဝ ဆောင်ရွက်ပေးထားကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောကြားခဲ့သည်။

COVID-19 ရောဂါပိုး ကူးစက်ခံရသူ ကျန်းမာရေး ဝန်ထမ်း ၁၄ ဦးတွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ဝန်ထမ်း ခြောက်ဦး နှင့် ပြင်ပမှ ရှစ်ဦး ပါဝင်ပြီး ဆရာဝန် ၊ သူနာပြု ၊ သူနာပြုအကူ နှင့် ကျန်းမာရေးမှူးများဖြစ်ကြောင်း သိရသည်။
COVID-19 ဓာတ်ခွဲနမှုနာ ရယူရန် ပြင်ဆင်နေသော ကျန်းမာရေး ဝန်ထမ်းများအား တွေ့ရစဉ်(ဆင်ဟွာ) 
"အဓိကတော့ ကိုယ့်မိသားစုထဲက ဖြစ်တယ်ဆိုတော့ ကျွန်တော်တို့က ပိုပြီးတော့ ဂရုစိုက်ရတာပေါ့။ ကျန်းမာရေး ဝန်ထမ်းက ရှေ့တန်းက တိုက်ပွဲဝင်နေတဲ့ ပုဂ္ဂိုလ်တွေပေါ့။ သူတို့ကို ရုပ်ပိုင်းဆိုင်ရာရော ၊ စိတ်ပိုင်းဆိုင်ရာရော ကုသပေးတဲ့ အဖွဲ့တွေရောပေါ့။ဝန်ကြီးဌာန အနေနဲ့လည်း လေးစားဂုဏ်ပြုတယ်ပေါ့။တကယ့်ကို နိုင်ငံတော်ရဲ့ အမြင့်ဆုံးပေါ့။”ဟု ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ယနေ့ ဇွန်၄ ရက်တွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။

" ပြင်ပ ဆရာဝန် နှစ်ဦး ၊ ပြင်ပ သူနာပြု တစ်ဦး ၊ ပြင်ပ သူနာပြုအကူ ၅ ဦးပေါ့။ သူနာပြုအကူတွေက ဆေးရုံမှာ ကူးတာထက် စာရင် တစ်ဆောင်ထဲ နေလို့ ကူးတာတွေလေ။ အတွင်းကြတော့ ဆရာဝန် နှစ်ဦး ၊ သူနာပြု ၃ ဦး ၊ ကျန်းမာရေးမှူး ၁ ဦးပါ။ အဲဒီတော့ အတွင်းက ခြောက်ဦး ၊ အပြင်က ရှစ်ဦးပေါ့။”ဟု ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ရှင်းပြသည်။

ယခုအခါတွင် ရောဂါပိုးကူးစက်ခံရသူ ကျန်းမာရေး ဝန်ထမ်းများအနက် တစ်ချို့မှာ ပြန်လည်သက်သာကောင်းမွန်လာပြီး တစ်ချို့မှာ ပိုးကင်းစင်၍ ဆေးရုံမှ ဆင်းရန် စောင့်ဆိုင်းနေကြကြောင်းနှင့် အားလုံးမှာ အခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရသည်။

“ရုပ်ပိုင်းဆိုင်ရာရော ၊ စိတ်ပိုင်းဆိုင်ရာရော အပြည့်အဝ အထောက်အပံ့ ပေးထားတယ်။ တကယ့်ကို ထောက်ပံ့တာလဲ ဟိုးအမြင့်ဆုံးပေါ့။ နိုင်ငံတော်ရဲ့ အမြင့်ဆုံး အဆင့်ကနေပြီးတော့ လုပ်ဖော်ကိုင်ဘက် ကျန်းမာရေး ဝန်ထမ်းတွေ ၊ နောက်ပြီး အဓိကတော့ ပြည်သူတွေပေါ့ဗျာ။ ပြည်သူတွေဆိုရင် လက်ခုတ်တီးတဲ့ လှုပ်ရှားမှုတွေတို့ အနုပညာရှင်တွေဆိုရင်လဲ ကျန်းမာရေး ဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့ သီချင်းတွေပေါ့။ ဒါက အားလုံး မြင်ကြတဲ့ အတိုင်းပါပဲ။ နောက်ပြီး ဝန်ကြီးဌာနကဆိုရင်လည်း လေးစား ဂုဏ်ပြုထိုက်သူများ ဆိုပြီး Video တွေ ထုတ်ပြန်တာတို့ ၊ ပြည်ထောင်စု ဝန်ကြီး ကိုယ်တိုင် ပြောတဲ့ မိန့်ခွန်းတွေရော ၊ အခမ်းအနားတွေမှာရော အမြဲတမ်း အလေးအနက်ထားပြီးတော့ ဒါတွေက စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာပေါ့။ တစ်ဖက်ကလည်း ဆေးရုံ ၊ ဆေးခန်းတွေမှာ ဆေးဝါးက အစ ၊ ကုသရေးက အစ အထူး ဂရုစိုက်ပါတယ်။”၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုးအား မတ် ၂၃ ရက်တွင် စတင်စစ်ဆေးတွေ့ရှိချိန်မှစ၍ ယခုထိ နှစ်လကျော်ကာလအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ပေါင်း ၂၃၄ ဦး ရှိခဲ့ကြောင်း နှင့် ယင်းတို့အနက် ပြန်လည်သက်သာလာသူ ၁၄၅ ဦးထိ ရှိလာပြီး ခြောက်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

(Xinhua)
--------------------------------
(Zawgyi)⤵⤵⤵       
COVID-19 ေရာဂါ တိုက္ဖ်က္ေရးတြင္ ေရာဂါပိုးကူးစက္ခံရသူ က်န္းမာေရး ဝန္ထမ္း ၁၄ ဦးထိ ရွိလာ

    ရန္ကုန္ ၊ ဇြန္ ၄ ရက္(ဆင္ဟြာ)

    ျမန္မာႏိုင္ငံ၌ COVID-19 ေရာဂါ တိုက္ဖ်က္ေရးအတြက္ ေရွ႕တန္း၌ တာဝန္ထမ္းေဆာင္ေနၾကသည့္ က်န္းမာေရး ဝန္ထမ္းမ်ား အနက္ COVID-19 ေရာဂါပိုး ကူးစက္ခံရသူ က်န္းမာေရး ဝန္ထမ္း စုစုေပါင္း အေရအတြက္ ၁၄ ဦး ထိရွိလာခဲ့ေၾကာင္း ၊  ၎တို႔အား ႐ုပ္ပိုင္းဆိုင္ရာ ႏွင့္ စိတ္ပိုင္းဆိုင္ရာ အေထာက္အပံ့မ်ား အျပည့္အဝ ေဆာင္႐ြက္ေပးထားေၾကာင္း က်န္းမာေရး ႏွင့္ အားကစား ဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ အဖြဲ႕ဝင္ က်န္းမာေရး အသိပညာျမႇင့္တင္ေရး ဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာသန္းႏိုင္စိုးက ေျပာၾကားခဲ့သည္။

COVID-19 ေရာဂါပိုး ကူးစက္ခံရသူ က်န္းမာေရး ဝန္ထမ္း ၁၄ ဦးတြင္ က်န္းမာေရး ႏွင့္ အားကစား ဝန္ႀကီးဌာနမွ ဝန္ထမ္း ေျခာက္ဦး ႏွင့္ ျပင္ပမွ ရွစ္ဦး ပါဝင္ၿပီး ဆရာဝန္ ၊ သူနာျပဳ ၊ သူနာျပဳအကူ ႏွင့္ က်န္းမာေရးမႉးမ်ားျဖစ္ေၾကာင္း သိရသည္။

"အဓိကေတာ့ ကိုယ့္မိသားစုထဲက ျဖစ္တယ္ဆိုေတာ့ ကြၽန္ေတာ္တို႔က ပိုၿပီးေတာ့ ဂ႐ုစိုက္ရတာေပါ့။ က်န္းမာေရး ဝန္ထမ္းက ေရွ႕တန္းက တိုက္ပြဲဝင္ေနတဲ့ ပုဂၢိဳလ္ေတြေပါ့။ သူတို႔ကို ႐ုပ္ပိုင္းဆိုင္ရာေရာ ၊ စိတ္ပိုင္းဆိုင္ရာေရာ ကုသေပးတဲ့ အဖြဲ႕ေတြေရာေပါ့။ဝန္ႀကီးဌာန အေနနဲ႔လည္း ေလးစားဂုဏ္ျပဳတယ္ေပါ့။တကယ့္ကို ႏိုင္ငံေတာ္ရဲ႕ အျမင့္ဆုံးေပါ့။”ဟု ၫႊန္ၾကားေရးမႉး ေဒါက္တာသန္းႏိုင္စိုးက ယေန႔ ဇြန္၄ ရက္တြင္ ဆင္ဟြာသို႔ ေျပာၾကားခဲ့သည္။

" ျပင္ပ ဆရာဝန္ ႏွစ္ဦး ၊ ျပင္ပ သူနာျပဳ တစ္ဦး ၊ ျပင္ပ သူနာျပဳအကူ ၅ ဦးေပါ့။ သူနာျပဳအကူေတြက ေဆး႐ုံမွာ ကူးတာထက္ စာရင္ တစ္ေဆာင္ထဲ ေနလို႔ ကူးတာေတြေလ။ အတြင္းၾကေတာ့ ဆရာဝန္ ႏွစ္ဦး ၊ သူနာျပဳ ၃ ဦး ၊ က်န္းမာေရးမႉး ၁ ဦးပါ။ အဲဒီေတာ့ အတြင္းက ေျခာက္ဦး ၊ အျပင္က ရွစ္ဦးေပါ့။”ဟု ၫႊန္ၾကားေရးမႉး ေဒါက္တာသန္းႏိုင္စိုးက ရွင္းျပသည္။

ယခုအခါတြင္ ေရာဂါပိုးကူးစက္ခံရသူ က်န္းမာေရး ဝန္ထမ္းမ်ားအနက္ တစ္ခ်ိဳ႕မွာ ျပန္လည္သက္သာေကာင္းမြန္လာၿပီး တစ္ခ်ိဳ႕မွာ ပိုးကင္းစင္၍ ေဆး႐ုံမွ ဆင္းရန္ ေစာင့္ဆိုင္းေနၾကေၾကာင္းႏွင့္ အားလုံးမွာ အေျခအေနေကာင္းမြန္လ်က္ရွိေၾကာင္း သိရသည္။

“႐ုပ္ပိုင္းဆိုင္ရာေရာ ၊ စိတ္ပိုင္းဆိုင္ရာေရာ အျပည့္အဝ အေထာက္အပံ့ ေပးထားတယ္။ တကယ့္ကို ေထာက္ပံ့တာလဲ ဟိုးအျမင့္ဆုံးေပါ့။ ႏိုင္ငံေတာ္ရဲ႕ အျမင့္ဆုံး အဆင့္ကေနၿပီးေတာ့ လုပ္ေဖာ္ကိုင္ဘက္ က်န္းမာေရး ဝန္ထမ္းေတြ ၊ ေနာက္ၿပီး အဓိကေတာ့ ျပည္သူေတြေပါ့ဗ်ာ။ ျပည္သူေတြဆိုရင္ လက္ခုတ္တီးတဲ့ လႈပ္ရွားမႈေတြတို႔ အႏုပညာရွင္ေတြဆိုရင္လဲ က်န္းမာေရး ဝန္ထမ္းေတြကို ဂုဏ္ျပဳတဲ့ သီခ်င္းေတြေပါ့။ ဒါက အားလုံး ျမင္ၾကတဲ့ အတိုင္းပါပဲ။ ေနာက္ၿပီး ဝန္ႀကီးဌာနကဆိုရင္လည္း ေလးစား ဂုဏ္ျပဳထိုက္သူမ်ား ဆိုၿပီး Video ေတြ ထုတ္ျပန္တာတို႔ ၊ ျပည္ေထာင္စု ဝန္ႀကီး ကိုယ္တိုင္ ေျပာတဲ့ မိန႔္ခြန္းေတြေရာ ၊ အခမ္းအနားေတြမွာေရာ အၿမဲတမ္း အေလးအနက္ထားၿပီးေတာ့ ဒါေတြက စိတ္ပိုင္းဆိုင္ရာ ၊ ႐ုပ္ပိုင္းဆိုင္ရာေပါ့။ တစ္ဖက္ကလည္း ေဆး႐ုံ ၊ ေဆးခန္းေတြမွာ ေဆးဝါးက အစ ၊ ကုသေရးက အစ အထူး ဂ႐ုစိုက္ပါတယ္။”၎က ဆက္လက္ေျပာၾကားခဲ့သည္။

ျမန္မာႏိုင္ငံ၌ COVID-19 ေရာဂါပိုးအား မတ္ ၂၃ ရက္တြင္ စတင္စစ္ေဆးေတြ႕ရွိခ်ိန္မွစ၍ ယခုထိ ႏွစ္လေက်ာ္ကာလအတြင္း COVID-19 ဓာတ္ခြဲအတည္ျပဳလူနာ ေပါင္း ၂၃၄ ဦး ရွိခဲ့ေၾကာင္း ႏွင့္ ယင္းတို႔အနက္ ျပန္လည္သက္သာလာသူ ၁၄၅ ဦးထိ ရွိလာၿပီး ေျခာက္ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/covid-19-mm/27867-covid-147
COVID-19 ရောဂါ တိုက်ဖျက်ရေးတွင် ရောဂါပိုးကူးစက်ခံရသူ ကျန်းမာရေး ဝန်ထမ်း ၁၄ ဦးထိ ရှိလာ COVID-19 ရောဂါ တိုက်ဖျက်ရေးတွင် ရောဂါပိုးကူးစက်ခံရသူ ကျန်းမာရေး ဝန်ထမ်း ၁၄ ဦးထိ ရှိလာ Reviewed by THITHTOOLWIN on 19:48 Rating: 5
Powered by Blogger.