ဂူတာပြင်အမှု စစ်တရားရုံး စစ်အရာရှိသုံးဦးကို အရေးယူ

ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာအချို့ မီးရှို့ဖျက်ဆီးခံရသည်ကို ကြည့်ရှုနေသည့် ဒေသခံများ။ (စက်တင်ဘာ ၀၄၊ ၂၀၁၇)
(Unicode)⤵⤵⤵
လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ ဂူတာပြင်ဖြစ်စဉ်အပေါ် စစ်တရားရုံးက စီရင်ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ အကဲခတ်တွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဘက်က ဘယ်လို တုံ့ပြန်ထားသလဲဆိုတာ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က စုစည်းတင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ပြီးခဲ့တဲ့၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့နောက်ဆက်တွဲ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေထဲ ဒေသတွင်းက ရိုဟင်ဂျာမူဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာနိုင်ငံ အမှုရင်ဆိုင်နေရချိန်မှာပဲ- အခုလိုမျိူး တပ်မတော်ရဲ့စစ်တရားရုံး စီရင်ချက်ကို ဒီကနေ့ ဇွန်လ ၃၀ ရက်နေ့ရက်စွဲနဲ့ စစ်တပ်ဘက်က ထုတ်ပြန်လိုက်တာပါ။

စစ်တပ်ရဲ့ထုတ်ပြန်ချက်ထဲ အဓိကပါရှိတာကတော့- ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာမှာ လူအစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့အမှုနဲ့ ပတ်သက်ပြီး စစ်တရားရုံးက ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၀ ရက်နေ့မှာ စစ်ဆေးမှုပြီးစီးခဲ့ပြီး စစ်တရားရုံး (Court-Martial) ကနေ အရာရှိကြီးတဦး၊ အရာရှိတဦး အခြားအဆင့်စစ်သည်တဦးတို့အပေါ် သက်ဆိုင်ရာစွဲချက်အရ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီးတော့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ဒီပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ အရာရှိကြီးတဦး၊ အရာရှိတဦး နဲ့ အခြားအဆင့်စစ်သည်တဦးလို့သာဖေါ်ပြပြီး သူတို့ရဲ့ အမည် ရာထူးအဆင့်အတိအကျ တပ်ရင်းတပ်ဖွဲ့နဲ့ ဘယ်လိုပြစ်ဒဏ်တွေဆိုတာ ထုတ်ပြန်ချက်မှာ အတိအကျ မဖော်ပြထားပါဘူး။

ဆက်ပြီးတော့လည်း မောင်နုကျေးရွာနဲ့ ချွတ်ပြင်ကျေးရွာဖြစ်စဉ်တွေကို စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry) နဲ့ ဆက်စစ်ဆေးဆောင်ရွက် သွားမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီဂူတာပြင်အမှုကို စစ်တရားရုံးက ဘယ်လိုစီရင်ခဲ့သလဲဆိုတာနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့မှု အသေးစိတ်ကိုတော့ နောက်ပိုင်းမှ ထုတ်ပြန်ပေးသွားမယ်လို့ တပ်မတော်က သတင်းထုတ်ပြန်တာပါ။

ဒီထုတ်ပြန်ချက်အပေါ် စစ်တပ်ဘက်က ဂူတာပြင် ဖြစ်စဉ်အပေါ် အသိအမှတ်ပြုမှု တခုအဖြစ်ကြိုဆိုပြီး ကျူးလွန်ခဲ့သူတွေကို အမှန်တကယ် ပြစ်ဒဏ်စီရင်မှုတွေ ချမှတ်မှသာ နစ်နာသူတွေအတွက် စစ်မှန်တဲ့ တရားမျှတမှုတွေ ရမှာဖြစ်ပါတယ်လို့ ရခိုင်ပြည်နယ်အရေး ကိုဖီအာနန်အကြံပေးကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က ဗွီအိုအေကိုပြောပါတယ်။

"တစ်အချက်ကတော့ အခြေအနေမှန်ကို အသိအမှတ်ပြုတယ်ဆိုတဲ့ အရိပ်အယောင်တွေ့ရတဲ့အတွက် ကျနော်ကြိုဆိုပါတယ် ဒီကိစ္စဟာ။ နှစ်အချက်ကတော့ တစုံတရာ အရေးယူဆောင်ရွက်မှုတွေ လုပ်နေပြီ။ ပထမ စုံစမ်းစစ်ဆေးမယ် (Court of Inquiry) နဲ့ စုံစမ်းစစ်ဆေးတယ်။ ပြီးတော့ အမှုတည်ဆောက်လောက်အောင် ခိုင်မာသောအထောက်အထားတွေ့တဲ့အတွက် Court-Martial လုပ်ပြီ Court-Martial လုပ်ပြီးတဲ့တတိယအဆင့်ကတော့ Sentence လုပ်ပြီး အပြစ်ချလိုက်ပြီဆိုတော့-ဒီလိုကိစ္စရပ်တွေဟာ ဖြစ်ခဲ့တယ်ဆိုတာကို မငြင်းဘူးဆိုတဲ့ အခြေခံသဘောတရားလေးသည် ပြဿနာတွေ ဖြေရှင်းရေးအတွက် ဒါဟာ လမ်းစလေးတခု ဖြစ်သွားတဲ့အတွက် ကျနော်ကြိုဆိုပါတယ်။ သို့သော်လည်းပဲ တချိန်တည်းပါပဲ ဟိုတခေါက်ကလိုတော့ အရေးယူပေးပြီးတော့မှ လွတ်ငြိမ်းချမ်းသာခွင့်ပေး လိုက်တယ်ဆိုရင်လည်း ပိုဆိုးသွားနိုင်တယ်။ ဒါတွေကို အရေးယူမှုလုပ်နေပြီဆိုတာပြသလိုက်တဲ့ Signal တခုဖြစ်လို့ အားလုံးအတွက် ထိရောက်မယ်လို့ ကျနော်ထင်ပါတယ်။"

စစ်တပ်ဘက်က ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာ မူဆလင်တွေအပါအဝင် ဒေသခံတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နည်းမျိုးစုံနဲ့ ကျူးလွန်ခဲ့တာတွေခံခဲ့ရတဲ့ နစ်နာခဲ့ရသူတွေနဲ့ မိသားစုတွေအပေါ် တရားမျှတမှုရဖို့ ဒီလိုအဖြစ်မျိုး နောက်နောင်-မဖြစ်စေရပါဘူးဆိုတဲ့ ကတိစကားနဲ့ လက်တွေ့ကျတဲ့ လုပ်ရပ်တွေကိုပြသပါလို့ မောင်တောမြို့နယ် မြို့သူကြီးကျေးရွာသား မူဆလင်တဦးဖြစ်တဲ့ ကိုလှထွန်းက ပြောပါတယ်။

"အစတုန်းက သူတို့က ဒီလိုမျိုးအရပ်သားတွေကို သတ်တာဖြတ်တာ မရှိဘူးလို့ပြောတယ်။ နောက်ကျတော့ ဖြစ်ခဲ့တယ် ကျူးလွန်သူတွေကို အရေးယူတယ်လို့ပြောတယ်။ ဒါပေမဲ့ ဟိုတလောက အင်းဒင်ဖြစ်စဉ်ကို ကျနော်တို့ ပြန်ကြည့်ဖို့လိုတယ်။ အဲ့တုန်းကလည်း ဒီလိုပဲစစ်ဆေးပြီးတော့ အရေးယူခဲ့တာတွေရှိတယ် ဒါပေမဲ့လို့ နောက်ပိုင်းမှာ သူတို့တရားခံလို့သတ်မှတ်ပြီး ထောင်ချခဲ့တဲ့လူတွေကိုပြန်လွှတ်ပေးခဲ့တယ်။ ဆိုတော့ ဒါတွေကို ကျနော်တို့က တရားမျှတယ်လို့ ယူဆလို့မရဘူး ခံစားလို့မရဘူး။

ဒီလိုအရပ်သားတွေအပေါ်မှာ နောက်နောင် ဒီလိုမျိုး မဖြစ်အောင် ကျူးလွန်မှုတွေ မရှိအောင် ဥပဒေတွေ တိတိကျကျရှိလာဖို့ လိုတယ်။ သူတို့လုပ်ချင်သလိုလုပ်နေတာတွေကို သွားပြီးတိုင်တန်းဖို့နေရာလည်းလိုတယ်။ သူတို့က အဲ့လိုနေရာမျိုးတွေ လုပ်ပေးဖို့လိုတယ်။ ကျနော်တို့ဘက်က ဒီလိုမျိုး မတရားအသတ်ခံခဲ့ရတာတွေ ကျနော်တို့အမျိုးတွေကို ကျနော်တို့လူမျိုးတွေကို သတ်ခဲ့တာတွေအပေါ် ကလဲ့စားချေချင်စိတ်လည်း မရှိဘူး။ ဒါပေမဲ့ ဒီလိုအသတ်ခံရတဲ့ မိသားစုဝင်တွေကို ပိုပြီးကျေနပ်စေမယ့်လုပ်ရပ်က ဒီလိုမျိုး နောက်နောင် မဖြစ်စေရဘူးလို့ စစ်တပ်ဘက်က ပြောလာရင် ကျနော်တို့က ကျေနပ်တယ်။"

ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြား အသက်ဘေးက လွတ်အောင် ပြေးခဲ့ရတဲ့ သိန်းချီတဲ့ဒုက္ခသည်တွေထဲက တဦးဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်သူ ရိုဟင်ဂျာမူဆလင်ဒုက္ခသည် ဦးအောင်မြိုင်ကလည်း ဒီလိုစစ်တပ်ရဲ့ ကျူးလွန်သူတွေအပေါ် အရေးယူတယ်ဆိုတဲ့ ထုတ်ပြန်ချက်ကတော့-တကယ်ကျူးလွန်ခံရသူတွေအတွက် စစ်မှန်တဲ့ တရားစီရင်ချက်တခု မဟုတ်ဘူးလို့ ပြောပါတယ်။

"တကယ်တမ်း သူတို့အရေးယူခဲ့မယ်ဆိုရင် အစကတည်းကနေ ဒီပြဿနာတောင် ဖြစ်စရာအကြောင်းမရှိဘူး။ တရားမျှတမှုမရှိလို့ ဒီလိုအခြေအနေအထိကို ရောက်သွားတာ ကျနော်တို့ လူမျိုးအချင်းချင်း ရခိုင်ရှိတယ် မြိုရှိတယ် သက်ရှိတယ် ဒိုင်းနက်ရှိတယ် နောက် ရိုဟင်ဂျာရှိတယ် အစကတည်းက ညီအကိုတွေလို ခေတ်အဆက်ဆက်က ကျနော်တို့တွေ အတူတကွနေထိုင်လာခဲ့ကြတာ။ ဒီလိုနေခဲ့တာကို ရခိုင်မှာ လာပြီး တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ပွင့်လင်းမြင်သာမှုမရှိပဲ တရားမျှတမှု မရှိလို့ နောက် လူမျိုးတခုနဲ့တခုကြား ပြဿနာဖြစ်အောင် လုပ်ပေးလို့ ရခိုင်ပြည်နယ်ဟာ ဒီအခြေအနေထိကို ရောက်သွားတာ။ တပ်မတော်နဲ့ စစ်တပ်နဲ့ ဖြစ်ရင် ဘယ်သူ့ကိုမဆို မတရားနှိပ်စက်တာ ရှိတယ်၊ သတ်ပစ်တာရှိတယ်။ အခုဆိုလည်း ရခိုင်ပြည်နယ်တခုလုံးမှာ သူတို့က လူသားကို လူသားလို့ကို မမြင်ဘူး။"

လူမျိုးတုံး သတ်ဖြတ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ နိုင်ငံတကာတရားခုံရုံးအထိ ရင်ဆိုင်ခဲ့ရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့- ဒီလိုစစ်တပ်ရဲ့ ထုတ်ပြန်ချက်ဟာ နိုင်ငံတကာဖိအားကြောင့်လို့ ရိုဟင်ဂျာအရေး စောင့်ကြည့်လေ့လာအကဲခတ်နေတဲ့ ဒေါက်တာခင်ဇော်ဝင်းကလည်း အခုလိုရှု့မြင်ပါတယ်။

"ဒီလို ခုံရုံးတင်ပြီးဆိုကတည်းက တခုခုတော့ သူတို့အဖြေပေးရတော့မယ်လေ Pressure ကလည်း များလာပြီ။ လေတပ်ကလူတွေလည်း သိသွားတာပေါ့၊ သူတို့ရမ်းချင်တိုင်း ရမ်းလို့မရတော့ဘူးဆိုတာ သိသွားလိမ့်မယ်။ စစ်တပ်က ထင်တိုင်းကြဲခဲ့တာ နှစ်ပေါင်း နည်းတာမှမဟုတ်ပဲ။ အခုက ဘင်္ဂလားဒေ့ရှ်နဲ့ နီးလို့ ဒါမျိုးတွေသတင်းတွေ ပေါ်တာ ရှမ်း ကချင် ကရင်မှာဖြစ်ခဲ့တာတွေ ဘယ်လောက်ကြမ်းတုန်း ဒါတွေက မပေါ်ဘူးလေ။ နိုင်ငံရေးအရဆိုရင် သူတို့ထွက်ပေါက်ရှာရပြီ။ အရင်တုန်းကဆို ဟိုလိုလိုဒီလိုလို တပ်မှူးတွေကိုဖြုတ်တာ အနားပေးတာ ဒါပဲရှိတာ။ အခုက Court-Martial ဆိုတာကို လုပ်ရပြီ အရုပ်ဆိုးတာက အလောင်းတွေဖော်ပြီးတွေ့မှာ အရေးယူပြတာ အရင်တုန်းက အရေးမယူဘူး။ အခုမှ အလောင်းတွေ တွေ့မှ ပြောမယ်ဆို အရိုးတောင်ဆွေးနေပြီ ဒါမှ အရေးယူတာ မဖြစ်မနေ တွန်းအားကြောင့်သာ အရေးယူရတာ ဆိုတော့ နစ်နာတဲ့သူတွေကို Public ကို ချမပြဘူး။ ဒါပေမဲ့ အရေးယူပြီး ကျနော်တို့ အထက်ကတပ်မှူးကြီးတွေလည်းမသိဘူး နေပြည်တော်က ခေါင်းဆောင်ကြီးတွေလည်း မသိဘူး၊ ဒီလူတွေ မှားတာဆိုပြီး ပုံချမယ် ဒါက ထုံးစံအတိုင်းပဲ။"

ဂူတာပြင် အမှုဟာ တပ်မတော်က ဒုတိယအကြိမ် ကိုင်တွယ်လာတဲ့ အမှုဖြစ်ပြီး ပြီးခဲ့တဲ့၂၀၁၈ ခုနှစ် ဧပြီလအတွင်းကတော့ မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှာ အစ္စလာမ်ဘာသာဝင် ၁၀ ဦးကို သတ်ဖြတ်ခဲ့တဲ့အမှုကို တပ်မတော်စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ဖူးပါတယ်။ အဲဒီအမှုမှာ အရာရှိနဲ့ အခြားအဆင့် စစ်သည် ၇ ဦးကို တပ်မတော်က ထုတ်ပယ်ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပေမယ့် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိခဲ့တယ်။

ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်ခံမထားတဲ့ မြန်မာအစိုးရနဲ့ တပ်မတော်ဘက်ကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုရင် သတင်းပေးတိုင်ကြားနိုင်တယ်၊ သူတို့စုံစမ်းစစ်ဆေးမယ်လို့ ပြောဆိုထားပြီး ဒီဂူတာပြင်အမှုပြီးရင် မောင်နုကျေးရွာနဲ့ ချွတ်ပြင်ကျေးရွာအမှုတွေကိုလည်း ဆက်စစ်ဆေးမယ်လို့ ထုတ်ပြန်တဲ့ တပ်မတော်ရဲ့ကြေညာချက်အပေါ်မှာတော့ အကဲခတ်တွေဘက်က သတိကြီးစွာနဲ့ စောင့်ကြည့်နေကြဆဲဖြစ်ပါတယ်။

မဆုမွန်  / ဗွီအိုအေ (မြန်မာပိုင်း)
---------------------------------------------------
(Zawgyi)⤵⤵⤵
ဂူတာျပင္အမႈ စစ္တရား႐ုံး စစ္အရာရွိသုံးဦးကို အေရးယူ

လူအစုလိုက္ အၿပဳံလိုက္ သတ္ျဖတ္မႈေတြ ရွိခဲ့တယ္ဆိုတဲ့ ဂူတာျပင္ျဖစ္စဥ္အေပၚ စစ္တရား႐ုံးက စီရင္ဆုံးျဖတ္ခဲ့တာနဲ႔ ပတ္သက္လို႔ အကဲခတ္ေတြနဲ႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြဘက္က ဘယ္လို တုံ႔ျပန္ထားသလဲဆိုတာ ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က စုစည္းတင္ျပေပးပါမယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွ ၿပီးခဲ့တဲ့၂၀၁၇ ခုႏွစ္တုန္းက ရခိုင္ျပည္နယ္တြင္းက အၾကမ္းဖက္တိုက္ခိုက္မႈေတြရဲ႕ေနာက္ဆက္တြဲ စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးေတြထဲ ေဒသတြင္းက ႐ိုဟင္ဂ်ာမူဆလင္ေတြအေပၚ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ အႀကီးအက်ယ္ ရွိခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ICJ ႏိုင္ငံတကာတရား႐ုံးမွာ ျမန္မာႏိုင္ငံ အမႈရင္ဆိုင္ေနရခ်ိန္မွာပဲ- အခုလိုမ်ိဴး တပ္မေတာ္ရဲ႕စစ္တရား႐ုံး စီရင္ခ်က္ကို ဒီကေန႔ ဇြန္လ ၃၀ ရက္ေန႔ရက္စြဲနဲ႔ စစ္တပ္ဘက္က ထုတ္ျပန္လိုက္တာပါ။

စစ္တပ္ရဲ႕ထုတ္ျပန္ခ်က္ထဲ အဓိကပါရွိတာကေတာ့- ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ဘူးသီးေတာင္ၿမိဳ႕နယ္ ဂူတာျပင္ေက်း႐ြာမွာ လူအစုလိုက္အၿပဳံလိုက္ ျမႇဳပ္ႏွံထားတဲ့အမႈနဲ႔ ပတ္သက္ၿပီး စစ္တရား႐ုံးက ၂၀၂၀ ျပည့္ႏွစ္ ဧၿပီ ၂၀ ရက္ေန႔မွာ စစ္ေဆးမႈၿပီးစီးခဲ့ၿပီး စစ္တရား႐ုံး (Court-Martial) ကေန အရာရွိႀကီးတဦး၊ အရာရွိတဦး အျခားအဆင့္စစ္သည္တဦးတို႔အေပၚ သက္ဆိုင္ရာစြဲခ်က္အရ အျပစ္ရွိတယ္လို႔ ဆုံးျဖတ္ၿပီးေတာ့ ျပစ္ဒဏ္ခ်မွတ္ခဲ့ပါတယ္။ ဒီျပစ္ဒဏ္ခ်မွတ္ခံရသူေတြဟာ အရာရွိႀကီးတဦး၊ အရာရွိတဦး နဲ႔ အျခားအဆင့္စစ္သည္တဦးလို႔သာေဖၚျပၿပီး သူတို႔ရဲ႕ အမည္ ရာထူးအဆင့္အတိအက် တပ္ရင္းတပ္ဖြဲ႕နဲ႔ ဘယ္လိုျပစ္ဒဏ္ေတြဆိုတာ ထုတ္ျပန္ခ်က္မွာ အတိအက် မေဖာ္ျပထားပါဘူး။

ဆက္ၿပီးေတာ့လည္း ေမာင္ႏုေက်း႐ြာနဲ႔ ခြၽတ္ျပင္ေက်း႐ြာျဖစ္စဥ္ေတြကို စုံစမ္းစစ္ေဆးေရးခုံ႐ုံး (Court of Inquiry) နဲ႔ ဆက္စစ္ေဆးေဆာင္႐ြက္ သြားမယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ထုတ္ျပန္ပါတယ္။ ဒီဂူတာျပင္အမႈကို စစ္တရား႐ုံးက ဘယ္လိုစီရင္ခဲ့သလဲဆိုတာနဲ႔ ျပစ္ဒဏ္ခ်မွတ္ခဲ့မႈ အေသးစိတ္ကိုေတာ့ ေနာက္ပိုင္းမွ ထုတ္ျပန္ေပးသြားမယ္လို႔ တပ္မေတာ္က သတင္းထုတ္ျပန္တာပါ။

ဒီထုတ္ျပန္ခ်က္အေပၚ စစ္တပ္ဘက္က ဂူတာျပင္ ျဖစ္စဥ္အေပၚ အသိအမွတ္ျပဳမႈ တခုအျဖစ္ႀကိဳဆိုၿပီး က်ဴးလြန္ခဲ့သူေတြကို အမွန္တကယ္ ျပစ္ဒဏ္စီရင္မႈေတြ ခ်မွတ္မွသာ နစ္နာသူေတြအတြက္ စစ္မွန္တဲ့ တရားမွ်တမႈေတြ ရမွာျဖစ္ပါတယ္လို႔ ရခိုင္ျပည္နယ္အေရး ကိုဖီအာနန္အႀကံေပးေကာ္မရွင္အဖြဲ႕ဝင္ ဦးေအးလြင္က ဗြီအိုေအကိုေျပာပါတယ္။

"တစ္အခ်က္ကေတာ့ အေျခအေနမွန္ကို အသိအမွတ္ျပဳတယ္ဆိုတဲ့ အရိပ္အေယာင္ေတြ႕ရတဲ့အတြက္ က်ေနာ္ႀကိဳဆိုပါတယ္ ဒီကိစၥဟာ။ ႏွစ္အခ်က္ကေတာ့ တစုံတရာ အေရးယူေဆာင္႐ြက္မႈေတြ လုပ္ေနၿပီ။ ပထမ စုံစမ္းစစ္ေဆးမယ္ (Court of Inquiry) နဲ႔ စုံစမ္းစစ္ေဆးတယ္။ ၿပီးေတာ့ အမႈတည္ေဆာက္ေလာက္ေအာင္ ခိုင္မာေသာအေထာက္အထားေတြ႕တဲ့အတြက္ Court-Martial လုပ္ၿပီ Court-Martial လုပ္ၿပီးတဲ့တတိယအဆင့္ကေတာ့ Sentence လုပ္ၿပီး အျပစ္ခ်လိုက္ၿပီဆိုေတာ့-ဒီလိုကိစၥရပ္ေတြဟာ ျဖစ္ခဲ့တယ္ဆိုတာကို မျငင္းဘူးဆိုတဲ့ အေျခခံသေဘာတရားေလးသည္ ျပႆနာေတြ ေျဖရွင္းေရးအတြက္ ဒါဟာ လမ္းစေလးတခု ျဖစ္သြားတဲ့အတြက္ က်ေနာ္ႀကိဳဆိုပါတယ္။ သို႔ေသာ္လည္းပဲ တခ်ိန္တည္းပါပဲ ဟိုတေခါက္ကလိုေတာ့ အေရးယူေပးၿပီးေတာ့မွ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပး လိုက္တယ္ဆိုရင္လည္း ပိုဆိုးသြားႏိုင္တယ္။ ဒါေတြကို အေရးယူမႈလုပ္ေနၿပီဆိုတာျပသလိုက္တဲ့ Signal တခုျဖစ္လို႔ အားလုံးအတြက္ ထိေရာက္မယ္လို႔ က်ေနာ္ထင္ပါတယ္။"

စစ္တပ္ဘက္က ရခိုင္ျပည္နယ္တြင္းက ႐ိုဟင္ဂ်ာ မူဆလင္ေတြအပါအဝင္ ေဒသခံေတြအေပၚ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို နည္းမ်ိဳးစုံနဲ႔ က်ဴးလြန္ခဲ့တာေတြခံခဲ့ရတဲ့ နစ္နာခဲ့ရသူေတြနဲ႔ မိသားစုေတြအေပၚ တရားမွ်တမႈရဖို႔ ဒီလိုအျဖစ္မ်ိဳး ေနာက္ေနာင္-မျဖစ္ေစရပါဘူးဆိုတဲ့ ကတိစကားနဲ႔ လက္ေတြ႕က်တဲ့ လုပ္ရပ္ေတြကိုျပသပါလို႔ ေမာင္ေတာၿမိဳ႕နယ္ ၿမိဳ႕သူႀကီးေက်း႐ြာသား မူဆလင္တဦးျဖစ္တဲ့ ကိုလွထြန္းက ေျပာပါတယ္။

"အစတုန္းက သူတို႔က ဒီလိုမ်ိဳးအရပ္သားေတြကို သတ္တာျဖတ္တာ မရွိဘူးလို႔ေျပာတယ္။ ေနာက္က်ေတာ့ ျဖစ္ခဲ့တယ္ က်ဴးလြန္သူေတြကို အေရးယူတယ္လို႔ေျပာတယ္။ ဒါေပမဲ့ ဟိုတေလာက အင္းဒင္ျဖစ္စဥ္ကို က်ေနာ္တို႔ ျပန္ၾကည့္ဖို႔လိုတယ္။ အဲ့တုန္းကလည္း ဒီလိုပဲစစ္ေဆးၿပီးေတာ့ အေရးယူခဲ့တာေတြရွိတယ္ ဒါေပမဲ့လို႔ ေနာက္ပိုင္းမွာ သူတို႔တရားခံလို႔သတ္မွတ္ၿပီး ေထာင္ခ်ခဲ့တဲ့လူေတြကိုျပန္လႊတ္ေပးခဲ့တယ္။ ဆိုေတာ့ ဒါေတြကို က်ေနာ္တို႔က တရားမွ်တယ္လို႔ ယူဆလို႔မရဘူး ခံစားလို႔မရဘူး။

ဒီလိုအရပ္သားေတြအေပၚမွာ ေနာက္ေနာင္ ဒီလိုမ်ိဳး မျဖစ္ေအာင္ က်ဴးလြန္မႈေတြ မရွိေအာင္ ဥပေဒေတြ တိတိက်က်ရွိလာဖို႔ လိုတယ္။ သူတို႔လုပ္ခ်င္သလိုလုပ္ေနတာေတြကို သြားၿပီးတိုင္တန္းဖို႔ေနရာလည္းလိုတယ္။ သူတို႔က အဲ့လိုေနရာမ်ိဳးေတြ လုပ္ေပးဖို႔လိုတယ္။ က်ေနာ္တို႔ဘက္က ဒီလိုမ်ိဳး မတရားအသတ္ခံခဲ့ရတာေတြ က်ေနာ္တို႔အမ်ိဳးေတြကို က်ေနာ္တို႔လူမ်ိဳးေတြကို သတ္ခဲ့တာေတြအေပၚ ကလဲ့စားေခ်ခ်င္စိတ္လည္း မရွိဘူး။ ဒါေပမဲ့ ဒီလိုအသတ္ခံရတဲ့ မိသားစုဝင္ေတြကို ပိုၿပီးေက်နပ္ေစမယ့္လုပ္ရပ္က ဒီလိုမ်ိဳး ေနာက္ေနာင္ မျဖစ္ေစရဘူးလို႔ စစ္တပ္ဘက္က ေျပာလာရင္ က်ေနာ္တို႔က ေက်နပ္တယ္။"

ဒီလို လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြၾကား အသက္ေဘးက လြတ္ေအာင္ ေျပးခဲ့ရတဲ့ သိန္းခ်ီတဲ့ဒုကၡသည္ေတြထဲက တဦးျဖစ္တဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ကုတုပေလာင္ဒုကၡသည္စခန္းမွာ ခိုလႈံေနထိုင္သူ ႐ိုဟင္ဂ်ာမူဆလင္ဒုကၡသည္ ဦးေအာင္ၿမိဳင္ကလည္း ဒီလိုစစ္တပ္ရဲ႕ က်ဴးလြန္သူေတြအေပၚ အေရးယူတယ္ဆိုတဲ့ ထုတ္ျပန္ခ်က္ကေတာ့-တကယ္က်ဴးလြန္ခံရသူေတြအတြက္ စစ္မွန္တဲ့ တရားစီရင္ခ်က္တခု မဟုတ္ဘူးလို႔ ေျပာပါတယ္။

"တကယ္တမ္း သူတို႔အေရးယူခဲ့မယ္ဆိုရင္ အစကတည္းကေန ဒီျပႆနာေတာင္ ျဖစ္စရာအေၾကာင္းမရွိဘူး။ တရားမွ်တမႈမရွိလို႔ ဒီလိုအေျခအေနအထိကို ေရာက္သြားတာ က်ေနာ္တို႔ လူမ်ိဳးအခ်င္းခ်င္း ရခိုင္ရွိတယ္ ၿမိဳရွိတယ္ သက္ရွိတယ္ ဒိုင္းနက္ရွိတယ္ ေနာက္ ႐ိုဟင္ဂ်ာရွိတယ္ အစကတည္းက ညီအကိုေတြလို ေခတ္အဆက္ဆက္က က်ေနာ္တို႔ေတြ အတူတကြေနထိုင္လာခဲ့ၾကတာ။ ဒီလိုေနခဲ့တာကို ရခိုင္မွာ လာၿပီး တပ္မေတာ္ရဲ႕ လုပ္ေဆာင္ခ်က္ေတြေၾကာင့္ ပြင့္လင္းျမင္သာမႈမရွိပဲ တရားမွ်တမႈ မရွိလို႔ ေနာက္ လူမ်ိဳးတခုနဲ႔တခုၾကား ျပႆနာျဖစ္ေအာင္ လုပ္ေပးလို႔ ရခိုင္ျပည္နယ္ဟာ ဒီအေျခအေနထိကို ေရာက္သြားတာ။ တပ္မေတာ္နဲ႔ စစ္တပ္နဲ႔ ျဖစ္ရင္ ဘယ္သူ႔ကိုမဆို မတရားႏွိပ္စက္တာ ရွိတယ္၊ သတ္ပစ္တာရွိတယ္။ အခုဆိုလည္း ရခိုင္ျပည္နယ္တခုလုံးမွာ သူတို႔က လူသားကို လူသားလို႔ကို မျမင္ဘူး။"

လူမ်ိဳးတုံး သတ္ျဖတ္မႈေတြ ရွိခဲ့တယ္ဆိုတဲ့စြဲခ်က္နဲ႔ ႏိုင္ငံတကာတရားခုံ႐ုံးအထိ ရင္ဆိုင္ခဲ့ရတဲ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြနဲ႔ ပတ္သက္လို႔- ဒီလိုစစ္တပ္ရဲ႕ ထုတ္ျပန္ခ်က္ဟာ ႏိုင္ငံတကာဖိအားေၾကာင့္လို႔ ႐ိုဟင္ဂ်ာအေရး ေစာင့္ၾကည့္ေလ့လာအကဲခတ္ေနတဲ့ ေဒါက္တာခင္ေဇာ္ဝင္းကလည္း အခုလိုရႈ႕ျမင္ပါတယ္။

"ဒီလို ခုံ႐ုံးတင္ၿပီးဆိုကတည္းက တခုခုေတာ့ သူတို႔အေျဖေပးရေတာ့မယ္ေလ Pressure ကလည္း မ်ားလာၿပီ။ ေလတပ္ကလူေတြလည္း သိသြားတာေပါ့၊ သူတို႔ရမ္းခ်င္တိုင္း ရမ္းလို႔မရေတာ့ဘူးဆိုတာ သိသြားလိမ့္မယ္။ စစ္တပ္က ထင္တိုင္းႀကဲခဲ့တာ ႏွစ္ေပါင္း နည္းတာမွမဟုတ္ပဲ။ အခုက ဘဂၤလားေဒ့ရွ္နဲ႔ နီးလို႔ ဒါမ်ိဳးေတြသတင္းေတြ ေပၚတာ ရွမ္း ကခ်င္ ကရင္မွာျဖစ္ခဲ့တာေတြ ဘယ္ေလာက္ၾကမ္းတုန္း ဒါေတြက မေပၚဘူးေလ။ ႏိုင္ငံေရးအရဆိုရင္ သူတို႔ထြက္ေပါက္ရွာရၿပီ။ အရင္တုန္းကဆို ဟိုလိုလိုဒီလိုလို တပ္မႉးေတြကိုျဖဳတ္တာ အနားေပးတာ ဒါပဲရွိတာ။ အခုက Court-Martial ဆိုတာကို လုပ္ရၿပီ အ႐ုပ္ဆိုးတာက အေလာင္းေတြေဖာ္ၿပီးေတြ႕မွာ အေရးယူျပတာ အရင္တုန္းက အေရးမယူဘူး။ အခုမွ အေလာင္းေတြ ေတြ႕မွ ေျပာမယ္ဆို အ႐ိုးေတာင္ေဆြးေနၿပီ ဒါမွ အေရးယူတာ မျဖစ္မေန တြန္းအားေၾကာင့္သာ အေရးယူရတာ ဆိုေတာ့ နစ္နာတဲ့သူေတြကို Public ကို ခ်မျပဘူး။ ဒါေပမဲ့ အေရးယူၿပီး က်ေနာ္တို႔ အထက္ကတပ္မႉးႀကီးေတြလည္းမသိဘူး ေနျပည္ေတာ္က ေခါင္းေဆာင္ႀကီးေတြလည္း မသိဘူး၊ ဒီလူေတြ မွားတာဆိုၿပီး ပုံခ်မယ္ ဒါက ထုံးစံအတိုင္းပဲ။"

ဂူတာျပင္ အမႈဟာ တပ္မေတာ္က ဒုတိယအႀကိမ္ ကိုင္တြယ္လာတဲ့ အမႈျဖစ္ၿပီး ၿပီးခဲ့တဲ့၂၀၁၈ ခုႏွစ္ ဧၿပီလအတြင္းကေတာ့ ေမာင္ေတာၿမိဳ႕နယ္ အင္းဒင္ေက်း႐ြာမွာ အစၥလာမ္ဘာသာဝင္ ၁၀ ဦးကို သတ္ျဖတ္ခဲ့တဲ့အမႈကို တပ္မေတာ္စုံစမ္းစစ္ေဆးေရးအဖြဲ႕က စစ္ေဆးခဲ့ဖူးပါတယ္။ အဲဒီအမႈမွာ အရာရွိနဲ႔ အျခားအဆင့္ စစ္သည္ ၇ ဦးကို တပ္မေတာ္က ထုတ္ပယ္ၿပီး အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၁၀ ႏွစ္ ခ်မွတ္ခဲ့ေပမယ့္ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ျပန္လႊတ္ေပးခဲ့တဲ့အေပၚ ေဝဖန္မႈေတြလည္း ရွိခဲ့တယ္။

႐ိုဟင္ဂ်ာဆိုတဲ့အသုံးကို လက္ခံမထားတဲ့ ျမန္မာအစိုးရနဲ႔ တပ္မေတာ္ဘက္ကေတာ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ ရွိခဲ့တယ္ဆိုရင္ သတင္းေပးတိုင္ၾကားႏိုင္တယ္၊ သူတို႔စုံစမ္းစစ္ေဆးမယ္လို႔ ေျပာဆိုထားၿပီး ဒီဂူတာျပင္အမႈၿပီးရင္ ေမာင္ႏုေက်း႐ြာနဲ႔ ခြၽတ္ျပင္ေက်း႐ြာအမႈေတြကိုလည္း ဆက္စစ္ေဆးမယ္လို႔ ထုတ္ျပန္တဲ့ တပ္မေတာ္ရဲ႕ေၾကညာခ်က္အေပၚမွာေတာ့ အကဲခတ္ေတြဘက္က သတိႀကီးစြာနဲ႔ ေစာင့္ၾကည့္ေနၾကဆဲျဖစ္ပါတယ္။

မဆုမြန္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/gudarpyin-rakhine-court/5483153.html
ဂူတာပြင်အမှု စစ်တရားရုံး စစ်အရာရှိသုံးဦးကို အရေးယူ ဂူတာပြင်အမှု စစ်တရားရုံး စစ်အရာရှိသုံးဦးကို အရေးယူ Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.