ရေနံတွင်းနှင့်ရေနံစိမ်းသိုလှောင်ကန် မီးလောင်မှုဖြစ်ပွား

ပေါက်မြို့နယ် ကြက်ဆူအိုင့်ကျေးရွာအနောက်ဘက် (၂)မိုင်ခန့်အကွာတွင် ရေနံတွင်းနှင့်ရေနံစိမ်းသိုလှောင်ကန် မီးလောင်မှုဖြစ်ပွား
(Unicode)⤵⤵⤵
ပေါက် ဇွန် ၂

 မကွေးတိုင်းဒေသကြီး ၊ ပေါက်မြို့နယ် ၊သရက်ကန် ကျေးရွာအုပ်စု ၊ ကြက်ဆူအိုင့်ကျေးရွာ အနောက် ဘက်(၂)မိုင်ခန့် အကွာတွင် ယနေ့နံနက် (၅)နာရီ ခွဲခန့်က မြေပိုင်ရှင် ဦးဌေးစံ ပေါက်မြို့နယ် ကြက်ဆူအိုင့်ကျေးရွာနေသူ၏ မြေပေါ်၌ ငှားရမ်းလုပ်ကိုင်နေသော ရေနံကျင်းပိုင်ရှင် ဦးသန်းဇော် မြိုင်မြို့နယ် ပေါင်းတည်ကျေးရွာနေသူသည်  ရေနံခပ်နေစဉ် ရေနံတွင်းသံပိုက်နှင့် ရေနံခပ်ခွက်ကိုင်းတို့ ပွတ်တိုက် ထိခိုက်ရာမှ မီးပွားများ လွင့်ထွက်ကာ ရေနံဂက်(စ်)ငွေ့နှင့်ထိတွေ့ပြီး ရေနံကျင်း မီးစတင် လောင်ကျွမ်းခဲ့သည်။ ထိုမှတစ်ဆင့် အနီးအနားရှိ ရေနံစိမ်းသိုလှောင် ကန်သို့ ဆက်လက်မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ ပေါက်မြို့နယ် မီးသတ်ဦးစီး ဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတိုးချိန်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ ၊  မြိုင်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင် များ ၊ဒေသခံပြည်သူများနှင့်အတူ မီးငြီမ်းသတ်ယာဉ်(၃)စီး ၊ရေသယ်ယာဉ် (၄)စီး တို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ် ခဲ့ရာယနေ့ နံနက် (၉) နာရီ မိနစ် (၄၀) အချိန်ခန့်က မီးငြိမ်းသွားကြောင်း သိရသည်။

 အဆိုပါမီးလောင်မှုကြောင့်ရေနံစိမ်းပေပါ (၁၀၀)လုံးခန့် ၊ဂျင်ဒေါင်းအင်္ဂျင်စက်အဟောင်း (၂)လုံး၊ စက်ကလပ်ခုံအဟောင်း (၁)လုံး ပျက်စီးဆုံးရှုံးခဲ့ရာ အခြား လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိကြောင်း သိရှိရပြီး မီးပေါ့ဆစွာ လုပ်ငန်းလုပ်ကိုင်သူ ဦးသန်းဇော် မြိုင်မြို့နယ် ပေါင်းတည်ကျေးရွာနေသူအား ပေါက်မြို့နယ် ရေပြာနယ်မြေရဲစခန်းက အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

ပေါက်မြို့နယ် (ပြန်/ဆက်) - Myanmaalinn
-----------------------------------------------
(Zawgyi)⤵⤵⤵

ေပါက္ၿမိဳ႕နယ္ ၾကက္ဆူအိုင့္ေက်း႐ြာအေနာက္ဘက္ (၂)မိုင္ခန႔္အကြာတြင္ ေရနံတြင္းႏွင့္ေရနံစိမ္းသိုေလွာင္ကန္ မီးေလာင္မႈျဖစ္ပြား

ေပါက္ ဇြန္ ၂

 မေကြးတိုင္းေဒသႀကီး ၊ ေပါက္ၿမိဳ႕နယ္ ၊သရက္ကန္ ေက်း႐ြာအုပ္စု ၊ ၾကက္ဆူအိုင့္ေက်း႐ြာ အေနာက္ ဘက္(၂)မိုင္ခန႔္ အကြာတြင္ ယေန႔နံနက္ (၅)နာရီ ခြဲခန႔္က ေျမပိုင္ရွင္ ဦးေဌးစံ ေပါက္ၿမိဳ႕နယ္ ၾကက္ဆူအိုင့္ေက်း႐ြာေနသူ၏ ေျမေပၚ၌ ငွားရမ္းလုပ္ကိုင္ေနေသာ ေရနံက်င္းပိုင္ရွင္ ဦးသန္းေဇာ္ ၿမိဳင္ၿမိဳ႕နယ္ ေပါင္းတည္ေက်း႐ြာေနသူသည္  ေရနံခပ္ေနစဥ္ ေရနံတြင္းသံပိုက္ႏွင့္ ေရနံခပ္ခြက္ကိုင္းတို႔ ပြတ္တိုက္ ထိခိုက္ရာမွ မီးပြားမ်ား လြင့္ထြက္ကာ ေရနံဂက္(စ္)ေငြ႕ႏွင့္ထိေတြ႕ၿပီး ေရနံက်င္း မီးစတင္ ေလာင္ကြၽမ္းခဲ့သည္။ ထိုမွတစ္ဆင့္ အနီးအနားရွိ ေရနံစိမ္းသိုေလွာင္ ကန္သို႔ ဆက္လက္မီးကူးစက္ ေလာင္ကြၽမ္းခဲ့ေၾကာင္း သိရသည္။

 အဆိုပါမီးေလာင္မႈျဖစ္ပြားရာသို႔ ေပါက္ၿမိဳ႕နယ္ မီးသတ္ဦးစီး ဌာနမွ ၿမိဳ႕နယ္မီးသတ္ဦးစီးမႉး ဦးတိုးခ်ိန္ႏွင့္မီးသတ္တပ္ဖြဲ႕ဝင္မ်ား ၊  ၿမိဳင္ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ဝင္မ်ား ၊ ေက်း႐ြာအရန္မီးသတ္တပ္ဖြဲ႕ဝင္ မ်ား ၊ေဒသခံျပည္သူမ်ားႏွင့္အတူ မီးၿငီမ္းသတ္ယာဥ္(၃)စီး ၊ေရသယ္ယာဥ္ (၄)စီး တို႔ျဖင့္ ဝိုင္းဝန္းျငႇိမ္းသတ္ ခဲ့ရာယေန႔ နံနက္ (၉) နာရီ မိနစ္ (၄၀) အခ်ိန္ခန႔္က မီးၿငိမ္းသြားေၾကာင္း သိရသည္။

 အဆိုပါမီးေလာင္မႈေၾကာင့္ေရနံစိမ္းေပပါ (၁၀၀)လုံးခန႔္ ၊ဂ်င္ေဒါင္းအဂ်ၤင္စက္အေဟာင္း (၂)လုံး၊ စက္ကလပ္ခုံအေဟာင္း (၁)လုံး ပ်က္စီးဆုံးရႈံးခဲ့ရာ အျခား လူႏွင့္တိရစာၦန္မ်ား ထိခိုက္ဒဏ္ရာ ရရွိျခင္း မရွိေၾကာင္း သိရွိရၿပီး မီးေပါ့ဆစြာ လုပ္ငန္းလုပ္ကိုင္သူ ဦးသန္းေဇာ္ ၿမိဳင္ၿမိဳ႕နယ္ ေပါင္းတည္ေက်း႐ြာေနသူအား ေပါက္ၿမိဳ႕နယ္ ေရျပာနယ္ေျမရဲစခန္းက အမႈဖြင့္ အေရးယူ ထားေၾကာင္း သိရသည္။

ေပါက္ၿမိဳ႕နယ္ (ျပန္/ဆက္) - Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရေနံတွင်းနှင့်ရေနံစိမ်းသိုလှောင်ကန် မီးလောင်မှုဖြစ်ပွား ရေနံတွင်းနှင့်ရေနံစိမ်းသိုလှောင်ကန် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 22:10 Rating: 5
Powered by Blogger.