Maryland ပြည်နယ် Bethesda မြို့မှာ ဆန္ဒပြနေသူတချို့။ (ဇွန် ၀၂၊ ၂၀၂၀) |
ရဲတပ်ဖွဲ့က ဖမ်းဆီးချိန်အတွင်း လူမည်းအမျိုးသား George Floyd သေဆုံးသွားတဲ့အပေါ် မကျေနပ်မှုကို ပြသတဲ့အနေနဲ့ အမေရိကန်တလွှား မြို့ကြီးတော်တော်များများမှာ မနေ့ညကလည်း ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။
ညမထွက်ရအမိန့်ကို အာခံပြီး ဆန္ဒပြခဲ့ကြတဲ့အထဲက နယူးယောက်မြို့မှာ ဆိုရင်လည်း Manhattan အရပ်ကို ချီတက်ကြတဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေကို ရဲက ပိတ်ဆို့တားဆီးထားတဲ့ အတွက် တံတားပေါ်မှာ မနေ့ညက ပိတ်မိခဲ့ကြတာပါ။
Georgia ပြည်နယ် Atlanta မြို့မှာတော့ ည ၉ နာရီကစ ညမထွက်ရအမိန့်ကို မလိုက်နာကြတဲ့ ရာနဲ့ချီတဲ့လူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေသုံး လူစုခွဲခဲ့ပါတယ်။ နယူးယောက်နဲ့ Atlanta မြို့တွေမှာ အဖမ်းအဆီးတွေလည်း ရှိခဲ့ပါတယ်။
George Floyd သေဆုံးမှု အမေရိကန်တဝန်း ဆန္ဒပြပွဲ မြင်ကွင်းများ |
အနီးအနားမှာရှိတဲ့ St. John’s ခရစ်ယာန်ဘုရားကျောင်းရှေ့ သမ္မတ Donald Trump သွားခဲ့တဲ့ နေ့တုန်းက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေသူတွေကို လုံခြုံရေးတွေက အင်အားသုံးရှင်းလင်းခဲ့ပေမဲ့ မနေ့ညကတော့ အေးအေးချမ်းချမ်း ရှိခဲ့ပါတယ်။ ဆန္ဒပြသူတွေကတော့ လူမည်းတွေရဲ့ အသက်တွေကို တန်ဘိုးထားပါ၊ မပစ်ပါနဲ့၊ တော်သင့်ပါပြီ စတဲ့ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြတာပါ။
အမေရိကန်မှာ နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ Martin Luther King Jr. ရဲ့ I Have a Dream ကျနော့်မှာအိပ်မက်တခု ရှိတယ်လို့ဆိုတဲ့ ၁၉၆၃ ခုနှစ်တုန်းက နာမည်ကျော်မိန့်ခွန်း ပြောကြားခဲ့ရာ အိမ်ဖြူတော်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ သမ္မတဟောင်းလင်ကွန်း အမှတ်တရဗိမာန်မှာလည်း ဆန္ဒပြသူတွေ မဝင်နိုင်အောင် ပြည်တွင်းလုံခြုံရေး အရန်တပ်တွေက စောင့်ကြပ်နေခဲ့ကြပါတယ်။
California ပြည်နယ် Los Angeles မြို့က ဆန္ဒပြပွဲမှာတော့ ထူးထူးခြားခြားဆိုသလို မြို့တော်ဝန် Eric Garcetti က ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ ဆန္ဒပြသမားတွေကို အားပေးတဲ့အနေနဲ့ ဒူးထောက်ဂုဏ်ပြုခဲ့တာပါ။ Miami, Houston, Orlando, New Orleans, Seattle, Portland နဲ့ Wisconsin ပြည်နယ် Madison မြို့တွေမှာလည်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
---------------------------------
(Zawgyi)⤵⤵⤵
အေမရိကန္ႏိုင္ငံတဝန္း ဆႏၵျပပြဲေတြ အရွိန္ျမင့္ဆဲ
ရဲတပ္ဖြဲ႕က ဖမ္းဆီးခ်ိန္အတြင္း လူမည္းအမ်ိဳးသား George Floyd ေသဆုံးသြားတဲ့အေပၚ မေက်နပ္မႈကို ျပသတဲ့အေနနဲ႔ အေမရိကန္တလႊား ၿမိဳ႕ႀကီးေတာ္ေတာ္မ်ားမ်ားမွာ မေန႔ညကလည္း ဆက္လက္ ဆႏၵျပခဲ့ၾကပါတယ္။
ညမထြက္ရအမိန႔္ကို အာခံၿပီး ဆႏၵျပခဲ့ၾကတဲ့အထဲက နယူးေယာက္ၿမိဳ႕မွာ ဆိုရင္လည္း Manhattan အရပ္ကို ခ်ီတက္ၾကတဲ့ ရာနဲ႔ခ်ီတဲ့ ဆႏၵျပသူေတြကို ရဲက ပိတ္ဆို႔တားဆီးထားတဲ့ အတြက္ တံတားေပၚမွာ မေန႔ညက ပိတ္မိခဲ့ၾကတာပါ။
Georgia ျပည္နယ္ Atlanta ၿမိဳ႕မွာေတာ့ ည ၉ နာရီကစ ညမထြက္ရအမိန႔္ကို မလိုက္နာၾကတဲ့ ရာနဲ႔ခ်ီတဲ့လူေတြကို ရဲတပ္ဖြဲ႕က မ်က္ရည္ယိုဗုံးေတြသုံး လူစုခြဲခဲ့ပါတယ္။ နယူးေယာက္နဲ႔ Atlanta ၿမိဳ႕ေတြမွာ အဖမ္းအဆီးေတြလည္း ရွိခဲ့ပါတယ္။
လြန္ခဲ့တဲ့ တပတ္အတြင္း ႏိုင္ငံအႏွံ႔မွာ လူေပါင္း ၉,၃၀၀ ထက္မနည္းကို ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ေၾကာင္းလည္း AP သတင္းက ေဖာ္ျပခဲ့တာပါ။ ဝါရွင္တန္ဒီစီက အိမ္ျဖဴေတာ္အနီး Lafayette ရင္ျပင္မွာလည္း ရာနဲ႔ခ်ီတဲ့လူေတြ ညမထြက္ရအမိန႔္ကို ေက်ာ္လြန္ၿပီး မေန႔ညက ဆႏၵျပခဲ့ၾကပါတယ္။
အနီးအနားမွာရွိတဲ့ St. John’s ခရစ္ယာန္ဘုရားေက်ာင္းေရွ႕ သမၼတ Donald Trump သြားခဲ့တဲ့ ေန႔တုန္းက ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ဆႏၵျပေနသူေတြကို လုံၿခဳံေရးေတြက အင္အားသုံးရွင္းလင္းခဲ့ေပမဲ့ မေန႔ညကေတာ့ ေအးေအးခ်မ္းခ်မ္း ရွိခဲ့ပါတယ္။ ဆႏၵျပသူေတြကေတာ့ လူမည္းေတြရဲ႕ အသက္ေတြကို တန္ဘိုးထားပါ၊ မပစ္ပါနဲ႔၊ ေတာ္သင့္ပါၿပီ စတဲ့ေႂကြးေၾကာ္သံေတြကို ေအာ္ဟစ္ခဲ့ၾကတာပါ။
အေမရိကန္မွာ ႏိုင္ငံသားအခြင့္အေရး လႈပ္ရွားမႈကို ဦးေဆာင္ခဲ့သူ Martin Luther King Jr. ရဲ႕ I Have a Dream က်ေနာ့္မွာအိပ္မက္တခု ရွိတယ္လို႔ဆိုတဲ့ ၁၉၆၃ ခုႏွစ္တုန္းက နာမည္ေက်ာ္မိန႔္ခြန္း ေျပာၾကားခဲ့ရာ အိမ္ျဖဴေတာ္နဲ႔ မလွမ္းမကမ္းမွာရွိတဲ့ သမၼတေဟာင္းလင္ကြန္း အမွတ္တရဗိမာန္မွာလည္း ဆႏၵျပသူေတြ မဝင္ႏိုင္ေအာင္ ျပည္တြင္းလုံၿခဳံေရး အရန္တပ္ေတြက ေစာင့္ၾကပ္ေနခဲ့ၾကပါတယ္။
California ျပည္နယ္ Los Angeles ၿမိဳ႕က ဆႏၵျပပြဲမွာေတာ့ ထူးထူးျခားျခားဆိုသလို ၿမိဳ႕ေတာ္ဝန္ Eric Garcetti က ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔အတူ ဆႏၵျပသမားေတြကို အားေပးတဲ့အေနနဲ႔ ဒူးေထာက္ဂုဏ္ျပဳခဲ့တာပါ။ Miami, Houston, Orlando, New Orleans, Seattle, Portland နဲ႔ Wisconsin ျပည္နယ္ Madison ၿမိဳ႕ေတြမွာလည္း ဆႏၵျပပြဲေတြ ေပၚေပါက္ခဲ့ပါတယ္။
ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/us-protests/5447268.html
အမေရိကန်နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ အရှိန်မြင့်ဆဲ
Reviewed by THITHTOOLWIN
on
23:25
Rating: