ပြန်လည် ဝင်ရောက် ကြမယ့် ဗြိတိန်နိုင်ငံနဲ့ အခြားနိုင်ငံများက မြန်မာနိုင်ငံသားတွေကို တွေ့ရစဉ် |
ကိုဗစ် - ၁၉ ရောဂါကာလအတွင်း ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံ ပြန်လည်ဝင်ရောက်လာမှုကို ဆက်လက် လက်ခံသွား မယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောပါတယ်။
ဇွန်လ ၂၂ ရက်နေ့ နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး ကအခုလိုပြောသွားတာ ဖြစ်ပါတယ်။
ဒေါက်တာမြင့်ထွေးက " ကွာရင်တင်းကို သေချာဝင်နေရင် ဘာမှ မဖြစ်ပါဘူး။ သူတို့ကွာရင်းတင်းနေဖို့ စည်းစနစ်နဲ့ ဆွဲဆောင်ရပါမယ် ။ သူတို့ပစ်ထားပြီး မလာနဲ့လို့ ပြောလို့မရဘူး။" လို့ ပြောခဲ့ပါတယ်။
မြန်မာပြည်တွင်းကိုပြန်လာတဲ့ နိုင်ငံသား နှစ်သိန်းခုနှစ်သောင်းကျော်ကို အစိုးရက လက်ခံထားရှိထားပြီး ကွာရင်တင်း စင်တာ ပေါင်း ခုနှစ်ထောင်ကျော်မှာ လက်ခံပြီး အသွားအလာ ကန့်သတ်မှုတွေလုပ်နေတယ်လို့ သူကပြောပါတယ်။
အဲဒီထဲမှာ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားတာကြောင့် ပြည်ပ နိုင်ငံတွေမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ခေါ်ယူနေတာက ၄၀၀၀ကျော်ရှိလာပြီဖြစ်ပါတယ်။
စင်ကာပူနိုင်ငံ၊ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်သို့ နဝမကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ်ဖြင့်လိုက်ပါကြမည့်သူများ |
ပြည်ပကနေပြန်လာသူတွေထဲက အခုရက်ပိုင်း တစ်ဆင့်ကူးတာဆိုလို့ နှစ်ယောက်ပဲရှိသေးပြီး အဲ့ဒီလို ကူးတာကလည်း ခိုးဝင်လာတာကြောင့်ဖြစ်တယ်၊ ကွာရင်တင်းထဲဝင်ပြီး ဆက်ကူးသူ မရှိဘူးလို့ ဒေါက်တာမြင့်ထွေးက ပြောပါတယ်။
မြန်မာနိုင်ငံကနေ လက်ရှိ အစိုးရစီစဉ်ကယ်ဆယ်ရေး လေယာဉ်တွေနဲ့ လေကြောင်းလိုင်းက ပြန်ဝင်လာသူတွေရှိသလို တာချီလိတ်နဲ့ မဲဆောက် ထိုင်းနယ်စပ်တို့ကနေ ပြန်ဝင်လာသူတွေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ က နေ မြန်မာနိုင်ငံသားတစ်ချို့ဟာ နယ်စပ်လမ်းကြောင်းတွေကနေ ပြန်ဝင်လာသူတွေလည်းရှိပါတယ်။
ဇွန်လ ၂၂ ရက်နေ့အထိ ကိုဗစ်၁၉ ရောဂါ ဓာတ်ခွဲစမ်းသပ် အတည်ပြုလူနာ ၂၉၀ ဦးရှိတဲ့အနက် ပြည်ပက ပြန်လာသူထဲက တွေ့ရှိတာဟာ ၁၃၀ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ရဲ့ထုတ်ပြန်ချက် အရသိရပါတယ်။
ထိုင်း-မြန်မာ နယ်စပ်က ပြန်ဝင်လာသူ |
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် စာရင်းအရ အခု က ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူတွေအနက် ၄၅ ရာခိုင်နှုန်းဟာ ပြည်ပပြန်တွေဖြစ်ပြီး ၅၄ ရာခိုင်နှုန်းကတော့ ပြည်တွင်းကနေ တွေ့ရှိသူတွေဖြစ်ပါတယ်။
ပြည်ပက ဝင်လာသူတွေထဲမှာပဲ ရောဂါကူးစက်နှုန်းတွေ့ရပြီး ပြည်တွင်းမှာ ကူးစက်နှုန်း မရှိတဲ့အတွက် အခုအခါ ရောဂါကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်ပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
BBC Burmese
-----------------------------------------
(Zawgyi)⤵⤵⤵
ျပည္ေတာ္ျပန္ေတြအားလုံး ကို ဆက္လက္ခံမယ္
ကိုဗစ္ - ၁၉ ေရာဂါကာလအတြင္း ျပည္ပေရာက္ေနတဲ့ ျမန္မာႏိုင္ငံသားေတြ ျမန္မာႏိုင္ငံ ျပန္လည္ဝင္ေရာက္လာမႈကို ဆက္လက္ လက္ခံသြား မယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးကေျပာပါတယ္။
ဇြန္လ ၂၂ ရက္ေန႔ ေနျပည္ေတာ္မွာက်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ဝန္ႀကီး ကအခုလိုေျပာသြားတာ ျဖစ္ပါတယ္။
ေဒါက္တာျမင့္ေထြးက " ကြာရင္တင္းကို ေသခ်ာဝင္ေနရင္ ဘာမွ မျဖစ္ပါဘူး။ သူတို႔ကြာရင္းတင္းေနဖို႔ စည္းစနစ္နဲ႔ ဆြဲေဆာင္ရပါမယ္ ။ သူတို႔ပစ္ထားၿပီး မလာနဲ႔လို႔ ေျပာလို႔မရဘူး။" လို႔ ေျပာခဲ့ပါတယ္။
ျမန္မာျပည္တြင္းကိုျပန္လာတဲ့ ႏိုင္ငံသား ႏွစ္သိန္းခုႏွစ္ေသာင္းေက်ာ္ကို အစိုးရက လက္ခံထားရွိထားၿပီး ကြာရင္တင္း စင္တာ ေပါင္း ခုႏွစ္ေထာင္ေက်ာ္မွာ လက္ခံၿပီး အသြားအလာ ကန္႔သတ္မႈေတြလုပ္ေနတယ္လို႔ သူကေျပာပါတယ္။
အဲဒီထဲမွာ ႏိုင္ငံတကာခရီးသည္တင္ ေလယာဥ္မ်ားပ်ံသန္းမႈ ယာယီရပ္ဆိုင္း ထားတာေၾကာင့္ ျပည္ပ ႏိုင္ငံေတြမွာ အခက္အခဲႀကဳံေတြ႕ေနရတဲ့ ျမန္မာႏိုင္ငံသားေတြကို ကယ္ဆယ္ေရးေလယာဥ္ေတြနဲ႔ေခၚယူေနတာက ၄၀၀၀ေက်ာ္ရွိလာၿပီျဖစ္ပါတယ္။
ျပည္ပကျပန္လာၿပီး ကြာရန္တင္းဝင္ေန သူေတြထဲက ၅၄၃၄ ဦးအနက္ ေရာဂါပိုးေတြ႕သူ ၁၁၉ ေယာက္ရွိတယ္လို႔ ေဒါက္တာျမင့္ေထြးက ေျပာပါတယ္။
ျပည္ပကေနျပန္လာသူေတြထဲက အခုရက္ပိုင္း တစ္ဆင့္ကူးတာဆိုလို႔ ႏွစ္ေယာက္ပဲရွိေသးၿပီး အဲ့ဒီလို ကူးတာကလည္း ခိုးဝင္လာတာေၾကာင့္ျဖစ္တယ္၊ ကြာရင္တင္းထဲဝင္ၿပီး ဆက္ကူးသူ မရွိဘူးလို႔ ေဒါက္တာျမင့္ေထြးက ေျပာပါတယ္။
ျမန္မာႏိုင္ငံကေန လက္ရွိ အစိုးရစီစဥ္ကယ္ဆယ္ေရး ေလယာဥ္ေတြနဲ႔ ေလေၾကာင္းလိုင္းက ျပန္ဝင္လာသူေတြရွိသလို တာခ်ီလိတ္နဲ႔ မဲေဆာက္ ထိုင္းနယ္စပ္တို႔ကေန ျပန္ဝင္လာသူေတြနဲ႔ ဘဂၤလားေဒ့ရွ္နဲ႔ အိႏၵိယ က ေန ျမန္မာႏိုင္ငံသားတစ္ခ်ိဳ႕ဟာ နယ္စပ္လမ္းေၾကာင္းေတြကေန ျပန္ဝင္လာသူေတြလည္းရွိပါတယ္။
ဇြန္လ ၂၂ ရက္ေန႔အထိ ကိုဗစ္၁၉ ေရာဂါ ဓာတ္ခြဲစမ္းသပ္ အတည္ျပဳလူနာ ၂၉၀ ဦးရွိတဲ့အနက္ ျပည္ပက ျပန္လာသူထဲက ေတြ႕ရွိတာဟာ ၁၃၀ ဦးရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာန ရဲ႕ထုတ္ျပန္ခ်က္ အရသိရပါတယ္။
ေဒါက္တာျမင့္ေထြးက " ဒုတိယလႈိင္းဆိုတာက က်ေနာ္တို႔ ျဖစ္တဲ့လူေတြက ဆက္ကူးမကူးေပၚမွာမူတည္တယ္။ ကြာရင္တင္းထားသူေတြက ဆက္မကူးဘူးဆိုရင္ ဒုတိယလႈိင္းလာဖို႔ နည္းသြားပါၿပီ။ ဒါေၾကာင့္ ျပည္ပကလာတဲ့သူေတြကို ေသေသခ်ာခ်ာ ကိုင္တြယ္ထားတာျဖစ္ပါတယ္ " လို႔ ဆိုပါတယ္။
က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ စာရင္းအရ အခု က ကိုဗစ္ ၁၉ ေရာဂါပိုးေတြ႕ရွိသူေတြအနက္ ၄၅ ရာခိုင္ႏႈန္းဟာ ျပည္ပျပန္ေတြျဖစ္ၿပီး ၅၄ ရာခိုင္ႏႈန္းကေတာ့ ျပည္တြင္းကေန ေတြ႕ရွိသူေတြျဖစ္ပါတယ္။
ျပည္ပက ဝင္လာသူေတြထဲမွာပဲ ေရာဂါကူးစက္ႏႈန္းေတြ႕ရၿပီး ျပည္တြင္းမွာ ကူးစက္ႏႈန္း မရွိတဲ့အတြက္ အခုအခါ ေရာဂါကို အတိုင္းအတာတစ္ခုထိ ထိန္းခ်ဳပ္ႏိုင္ၿပီျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ေျပာခဲ့ပါတယ္။
BBC Burmese
https://www.bbc.com/burmese/burma-53139860
ပြည်တော်ပြန်တွေအားလုံး ကို ဆက်လက်ခံမယ်
Reviewed by THITHTOOLWIN
on
04:37
Rating: