ကျောက်ကြီး-မုန်းကားလမ်း၌ ကားနှင့်ဆိုင်ကယ်တိုက်မိကာ နှစ်ဦးသေဆုံး


(Unicode)⤵⤵⤵
ကျောက်ကြီး ဇွန် ၂၄

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ဒုံးတိုကျေးရွာ အနီး(ကျောက် ကြီး-မုန်း)ကားလမ်းမိုင်တိုင်အမှတ် (၂/၂) အနီးတွင် ဇွန် ၂၄ ရက် နံနက် ၁၀ နာရီခန့်က ကားနှင့်ဆိုင်ကယ်တိုက်မိကာ နှစ်ဦးသေဆုံးခဲ့ ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ကျောက်ကြီးမြို့ဘက်မှ မုန်းမြို့ဘက်သို့ ယာဉ်မောင်း အမည်မသိစုံစမ်းဆဲ မောင်းနှင်လာသော ပါဂျဒို အမျိုးအစားခဲရောင် ယာဉ်အမှတ် YGN 2G/----- (လိုင်စင်စိစစ်ဆဲ)မှ မုန်းမြို့ ဘက်မှ ကျောက်ကြီးမြို့ဘက်သို့ စောလှမိုး (၇၀)နှစ်တပ်ကုန်းရွာဟောင်း၊ မုန်းမြို့ မောင်းနှင်လာပြီး နော်ကလီဆိုပက်ထရာ (၁၁)နှစ်  နောက်မှစီးနှင်းလိုက်ပါလာသော ဆိုင်ကယ်အား ဝင်ရောက် တိုက်မိပြီး စောလှမိုး၌ ဝဲဘက်ဦး ခေါင်းပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ယာခြေကျင်ဝတ်ပေါက်ပြဲဒဏ်ရာ(၁)ချက်နှင့် နော်ကလီဆိုပက်ထရာ တွင် ဦးခေါင်း ဝဲစောင်းပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ယာခြေသလုံး ရိုးကျိုး၊ ခါးဆစ်ရိုးကျိုး ဒဏ်ရာများ အသီးသီးရကာ အခင်းဖြစ်ရပ်၌ နှစ်ဦးလုံးသေဆုံး ခဲ့ပြီး ပါဂျဲဒို ယာဉ်မောင်းနှင်သူမှာ အခင်းဖြစ်ရပ်၌ ယာဉ်အားထားခဲ့ကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ ကြောင်း ရဲမှတ်တမ်းအရသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်ကြီးမြို့မ ရဲစခန်းမှက အမှုဖွင့်ထားရှိ ကြောင်းသိရသည်။

ကိုသားကြီး( ကျောက်ကြီး) / Myanmaalinn
-------------------------------------------------------
(Zawgyi)⤵⤵⤵
ေက်ာက္ႀကီး-မုန္းကားလမ္း၌ ကားႏွင့္ဆိုင္ကယ္တိုက္မိကာ ႏွစ္ဦးေသဆုံး

ေက်ာက္ႀကီး ဇြန္ ၂၄

ပဲခူးတိုင္းေဒသႀကီး ေက်ာက္ႀကီးၿမိဳ႕နယ္ ဒုံးတိုေက်း႐ြာ အနီး(ေက်ာက္ ႀကီး-မုန္း)ကားလမ္းမိုင္တိုင္အမွတ္ (၂/၂) အနီးတြင္ ဇြန္ ၂၄ ရက္ နံနက္ ၁၀ နာရီခန႔္က ကားႏွင့္ဆိုင္ကယ္တိုက္မိကာ ႏွစ္ဦးေသဆုံးခဲ့ ေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ ေက်ာက္ႀကီးၿမိဳ႕ဘက္မွ မုန္းၿမိဳ႕ဘက္သို႔ ယာဥ္ေမာင္း အမည္မသိစုံစမ္းဆဲ ေမာင္းႏွင္လာေသာ ပါဂ်ဒို အမ်ိဳးအစားခဲေရာင္ ယာဥ္အမွတ္ YGN 2G/----- (လိုင္စင္စိစစ္ဆဲ)မွ မုန္းၿမိဳ႕ ဘက္မွ ေက်ာက္ႀကီးၿမိဳ႕ဘက္သို႔ ေစာလွမိုး (၇၀)ႏွစ္တပ္ကုန္း႐ြာေဟာင္း၊ မုန္းၿမိဳ႕ ေမာင္းႏွင္လာၿပီး ေနာ္ကလီဆိုပက္ထရာ (၁၁)ႏွစ္  ေနာက္မွစီးႏွင္းလိုက္ပါလာေသာ ဆိုင္ကယ္အား ဝင္ေရာက္ တိုက္မိၿပီး ေစာလွမိုး၌ ဝဲဘက္ဦး ေခါင္းေပါက္ၿပဲဒဏ္ရာ(၁)ခ်က္၊ ယာေျခက်င္ဝတ္ေပါက္ၿပဲဒဏ္ရာ(၁)ခ်က္ႏွင့္ ေနာ္ကလီဆိုပက္ထရာ တြင္ ဦးေခါင္း ဝဲေစာင္းေပါက္ၿပဲဒဏ္ရာ(၁)ခ်က္၊ ယာေျခသလုံး ႐ိုးက်ိဳး၊ ခါးဆစ္႐ိုးက်ိဳး ဒဏ္ရာမ်ား အသီးသီးရကာ အခင္းျဖစ္ရပ္၌ ႏွစ္ဦးလုံးေသဆုံး ခဲ့ၿပီး ပါဂ်ဲဒို ယာဥ္ေမာင္းႏွင္သူမွာ အခင္းျဖစ္ရပ္၌ ယာဥ္အားထားခဲ့ကာ ထြက္ေျပးတိမ္းေရွာင္သြားခဲ့ ေၾကာင္း ရဲမွတ္တမ္းအရသိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေက်ာက္ႀကီးၿမိဳ႕မ ရဲစခန္းမွက အမႈဖြင့္ထားရွိ ေၾကာင္းသိရသည္။

ကိုသားႀကီး( ေက်ာက္ႀကီး) / Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကျောက်ကြီး-မုန်းကားလမ်း၌ ကားနှင့်ဆိုင်ကယ်တိုက်မိကာ နှစ်ဦးသေဆုံး ကျောက်ကြီး-မုန်းကားလမ်း၌ ကားနှင့်ဆိုင်ကယ်တိုက်မိကာ နှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 22:53 Rating: 5
Powered by Blogger.