ရိုဟင်ဂျာ ၁၀၀ နီးပါးပါ စက်လှေတစင်း Aceh ကမ်းလွန်ပင်လယ်တွင်းမျောနေ

အင်ဒိုနီးရှားနိုင်ငံ Aceh ဒေသ ကမ်းလွန်ပင်လယ်ပြင်မှာ စက်လှေတစင်းနဲ့အတူ တွေ့ရတဲ့ ရိုဟင်ဂျာမွတ်ဆလင်များ။ (ဇွန် ၂၄၊ ၂၀၂၀)
(Unicode)⤵⤵⤵
အင်ဒိုနီးရှားနိုင်ငံ Aceh ဒေသ ကမ်းလွန်ပင်လယ်ပြင်မှာ ရိုဟင်ဂျာမွတ်ဆလင် ၁၀၀ လောက် လိုက်ပါလာတဲ့ စက်လှေတစင်း မျောနေတာကို ငါးဖမ်းလှေတွေက တွေ့ရှိခဲ့ကြပြီး အခုအခါ ကမ်းကပ်ခွင့်ရဖို့ စောင့်ဆိုင်းနေပါတယ်။

အမျိုးသမီး ၄၉ ဦး၊ အမျိုးသား ၁၅ ဦးနဲ့ ကလေး ၃၀၊ စုစုပေါင်း ၉၄ ယောက် လိုက်ပါလာတဲ့ စက်လှေကို တနင်္လာနေ့နှောင်းပိုင်းမှာ အင်ဒိုနီးရှား ငါးဖမ်းလှေတွေက တွေ့ရှိခဲ့ကြတာလို့လည်း ဒေသခံ အာဏာပိုင်တွေကို ကိုးကားပြီး သတင်းတွေက ဖော်ပြကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံ Aceh ဒေသ ကမ်းလွန်ပင်လယ်ပြင်မှာ စက်လှေတစင်းနဲ့အတူ တွေ့ရတဲ့ ရိုဟင်ဂျာမွတ်ဆလင်များ။ (ဇွန် ၂၄၊ ၂၀၂၀)
အားအင်ချိနဲ့ပြီး ဆာလောင်နေကြတဲ့ ရိုဟင်ဂျာတွေဟာ ငါးဖမ်းလှေတွေပေါ် ခုန်ချပြီး အကူအညီတောင်းခံခဲ့ကြတယ်လို့လည်း ဒေသခံရဲတပ်ဖွဲ့ အကြီးအကဲ Muhammad Jamil ကို ကိုးကားပြီး AP သတင်းက ဖော်ပြခဲ့တာပါ။

ဒီနေ့အထိ လှေပေါ်မှာပဲ ရှိနေဆဲဖြစ်တဲ့ ရိုဟင်ဂျာတွေကိုတော့ အာဏာပိုင်တွေက အစားသောက်နဲ့ရေ ပေးခဲ့သလို ဒေသခံရွာသားတွေက အဝတ်အစားတွေ ပေးခဲ့ကြပြီး၊ ဘာဆက်လုပ်ရမလဲဆိုတာ အထက်တာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေတယ်လို့လည်း ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။

ပင်လယ်ထဲမှာ ရိုဟင်ဂျာတွေ လှေတစင်းနဲ့ မျောနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာတော့ အကူအညီလိုနေသူတွေကို အင်ဒိုနီးရှားနိုင်ငံက အမြန်ဆုံး ကယ်ဆယ်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ Amnesty International အဖွဲ့ကလည်း ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်က စစ်ဆင်ရေးလုပ် နယ်မြေရှင်းလင်းတာကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြတဲ့ လူနည်းစုမွတ်ဆလင်တွေက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်ဆိုကြပေမဲ့လည်း မြန်မာအစိုးရကတော့ အဲဒီလိုခေါ်ဆိုတာကို အသိအမှတ်ပြုမထားပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
---------------------------------------------
(Zawgyi)⤵⤵⤵
႐ိုဟင္ဂ်ာ ၁၀၀ နီးပါးပါ စက္ေလွတစင္း Aceh ကမ္းလြန္ပင္လယ္တြင္းေမ်ာေန

အင္ဒိုနီးရွားႏိုင္ငံ Aceh ေဒသ ကမ္းလြန္ပင္လယ္ျပင္မွာ ႐ိုဟင္ဂ်ာမြတ္ဆလင္ ၁၀၀ ေလာက္ လိုက္ပါလာတဲ့ စက္ေလွတစင္း ေမ်ာေနတာကို ငါးဖမ္းေလွေတြက ေတြ႕ရွိခဲ့ၾကၿပီး အခုအခါ ကမ္းကပ္ခြင့္ရဖို႔ ေစာင့္ဆိုင္းေနပါတယ္။

အမ်ိဳးသမီး ၄၉ ဦး၊ အမ်ိဳးသား ၁၅ ဦးနဲ႔ ကေလး ၃၀၊ စုစုေပါင္း ၉၄ ေယာက္ လိုက္ပါလာတဲ့ စက္ေလွကို တနလၤာေန႔ေႏွာင္းပိုင္းမွာ အင္ဒိုနီးရွား ငါးဖမ္းေလွေတြက ေတြ႕ရွိခဲ့ၾကတာလို႔လည္း ေဒသခံ အာဏာပိုင္ေတြကို ကိုးကားၿပီး သတင္းေတြက ေဖာ္ျပၾကပါတယ္။

အားအင္ခ်ိနဲ႔ၿပီး ဆာေလာင္ေနၾကတဲ့ ႐ိုဟင္ဂ်ာေတြဟာ ငါးဖမ္းေလွေတြေပၚ ခုန္ခ်ၿပီး အကူအညီေတာင္းခံခဲ့ၾကတယ္လို႔လည္း ေဒသခံရဲတပ္ဖြဲ႕ အႀကီးအကဲ Muhammad Jamil ကို ကိုးကားၿပီး AP သတင္းက ေဖာ္ျပခဲ့တာပါ။

ဒီေန႔အထိ ေလွေပၚမွာပဲ ရွိေနဆဲျဖစ္တဲ့ ႐ိုဟင္ဂ်ာေတြကိုေတာ့ အာဏာပိုင္ေတြက အစားေသာက္နဲ႔ေရ ေပးခဲ့သလို ေဒသခံ႐ြာသားေတြက အဝတ္အစားေတြ ေပးခဲ့ၾကၿပီး၊ ဘာဆက္လုပ္ရမလဲဆိုတာ အထက္တာဝန္ရွိသူေတြရဲ႕ ၫႊန္ၾကားခ်က္ကို ေစာင့္ဆိုင္းေနတယ္လို႔လည္း ရဲတပ္ဖြဲ႕အႀကီးအကဲက ေျပာပါတယ္။

ပင္လယ္ထဲမွာ ႐ိုဟင္ဂ်ာေတြ ေလွတစင္းနဲ႔ ေမ်ာေနတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚလာၿပီးေနာက္မွာေတာ့ အကူအညီလိုေနသူေတြကို အင္ဒိုနီးရွားႏိုင္ငံက အျမန္ဆုံး ကယ္ဆယ္ဖို႔ ႏိုင္ငံတကာ လူ႔အခြင့္အေရးလႈပ္ရွားမႈအဖြဲ႕ Amnesty International အဖြဲ႕ကလည္း ဒီကေန႔ပဲ ေၾကညာခ်က္ထုတ္ျပန္ တိုက္တြန္းထားပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ တပ္မေတာ္က စစ္ဆင္ေရးလုပ္ နယ္ေျမရွင္းလင္းတာကေန ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ထြက္ေျပးသြားၾကတဲ့ လူနည္းစုမြတ္ဆလင္ေတြက သူတို႔ကိုယ္သူတို႔ ႐ိုဟင္ဂ်ာလို႔ ေခၚဆိုၾကေပမဲ့လည္း ျမန္မာအစိုးရကေတာ့ အဲဒီလိုေခၚဆိုတာကို အသိအမွတ္ျပဳမထားပါဘူး။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/rohingya-indonesia/5475590.html
ရိုဟင်ဂျာ ၁၀၀ နီးပါးပါ စက်လှေတစင်း Aceh ကမ်းလွန်ပင်လယ်တွင်းမျောနေ ရိုဟင်ဂျာ ၁၀၀ နီးပါးပါ စက်လှေတစင်း Aceh ကမ်းလွန်ပင်လယ်တွင်းမျောနေ Reviewed by THITHTOOLWIN on 22:53 Rating: 5
Powered by Blogger.