![]() |
ကေမၻာဒီးယားႏုိင္ငံ ဖႏြမ္းပင္ၿမိဳ႕တြင္း သြားလာေနၾကသူမ်ား။ (ေမ ၁၊ ၂၀၂၀) |
ကေမၻာဒီးယားႏုိင္ငံမွာ COVID-19 ေရာဂါနဲ႔ ေဆးကုသမႈ ခံယူေနတဲ့ ေနာက္ဆုံးလူနာကို ေဆး႐ုံက ဆင္းခြင့္ျပဳလိုက္ၿပီျဖစ္ၿပီး ေနာက္ထပ္ အတည္ျပဳလူနာသစ္ မရွိတဲ့အေၾကာင္း ကေမၻာဒီးယား က်န္းမာေရးဝန္ႀကီးဌာနက စေနေန႔က ေျပာပါတယ္။
ဒါေပမယ့္ ေက်ာင္းေတြနဲ႔ နယ္စပ္ျဖတ္ေက်ာ္ ဝင္ေရာက္မႈေတြကိုလည္း ဆက္ၿပီး ပိတ္ထားမွာျဖစ္သလို ေရာဂါကူးစက္မႈ ကာကြယ္ေရးအတြက္ ကန္႔သတ္ခ်က္ေတြကို ေျဖေလၽွာ့ေပးဦးမွာ မဟုတ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။
ကေမၻာဒီးယားမွာ COVID-19 ေရာဂါ ကူးစက္ခံရသူ ၁၂၂ ဦးရွိေၾကာင္း အတည္ျပဳေျပာၾကားထားၿပီး ေသဆုံးသူ မရွိပါဘူး။
ၿပီးခဲ့တဲ့ ဇန္နဝါရီကစလို႔ စုစုေပါင္း လူ ၁၄၆၈၄ ေယာက္ကို ေရာဂါရွိမရွိ စစ္ေဆးမႈျပဳလုပ္ခဲ့ၿပီး ဧၿပီ ၁၂ ရက္ေန႔ ေနာက္ပိုင္း အတည္ျပဳလူနာသစ္ မရွိဘူးလို႔ က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။
ျပည္သူေတြအေနနဲ႔ ဆက္ၿပီး သတိရွိၾကဖို႔နဲ႔ လူစုလူေဝးေတြကို ေရွာင္ၾကဖို႔၊ လမ္းညႊန္သတိေပးခ်က္ေတြကို လိုက္နာၾကဖို႔ က်န္းမာေရးဝန္ႀကီး Mam Bunheng က တိုက္တြန္းထားပါတယ္။
ပုံမွန္အားျဖင့္ ကူးစက္မႈ အေတာ္မ်ားမ်ားဟာ ျပင္ပက ကူးစက္တာ ျဖစ္တဲ့အတြက္ နယ္စပ္ျဖတ္ေက်ာ္ စစ္ေဆးေရးဂိတ္ေတြ၊ ေလဆိပ္ေတြနဲ႔ ကုန္းလမ္းျဖတ္ေက်ာ္ စစ္ေဆးေရးဂိတ္ေတြမွာ အထူးသတိထား စစ္ေဆးဖို႔ လိုအပ္တယ္လို႔လည္း သူကေျပာပါတယ္။
ျပည္ပက ဝင္ေရာက္လာသူေတြ အေနနဲ႔ COVID-19 ကင္းရွင္းေၾကာင္း ေထာက္ခံခ်က္လက္မွတ္ ပါရွိမွသာ ကေမၻာဒီးယားႏုိင္ငံတြင္း ဝင္ေရာက္ခြင့္ျပဳမွာျဖစ္ၿပီး ဝင္ေရာက္တာနဲ႔ တၿပိဳင္နက္ ၁၄ ရက္ ေစာင့္ၾကည့္ခံရမွာ ျဖစ္ပါတယ္။
ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------
(Unicode)
COVID-19 အတည်ပြုလူနာ မရှိတော့ကြောင်း ကမ္ဘောဒီးယားပြော
ကမ္ဘောဒီးယားနိုင်ငံမှာ COVID-19 ရောဂါနဲ့ ဆေးကုသမှု ခံယူနေတဲ့ နောက်ဆုံးလူနာကို ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီဖြစ်ပြီး နောက်ထပ် အတည်ပြုလူနာသစ် မရှိတဲ့အကြောင်း ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့က ပြောပါတယ်။
ဒါပေမယ့် ကျောင်းတွေနဲ့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေကိုလည်း ဆက်ပြီး ပိတ်ထားမှာဖြစ်သလို ရောဂါကူးစက်မှု ကာကွယ်ရေးအတွက် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးဦးမှာ မဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ကမ္ဘောဒီးယားမှာ COVID-19 ရောဂါ ကူးစက်ခံရသူ ၁၂၂ ဦးရှိကြောင်း အတည်ပြုပြောကြားထားပြီး သေဆုံးသူ မရှိပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီကစလို့ စုစုပေါင်း လူ ၁၄၆၈၄ ယောက်ကို ရောဂါရှိမရှိ စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဧပြီ ၁၂ ရက်နေ့ နောက်ပိုင်း အတည်ပြုလူနာသစ် မရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ပြည်သူတွေအနေနဲ့ ဆက်ပြီး သတိရှိကြဖို့နဲ့ လူစုလူဝေးတွေကို ရှောင်ကြဖို့၊ လမ်းညွှန်သတိပေးချက်တွေကို လိုက်နာကြဖို့ ကျန်းမာရေးဝန်ကြီး Mam Bunheng က တိုက်တွန်းထားပါတယ်။
ပုံမှန်အားဖြင့် ကူးစက်မှု အတော်များများဟာ ပြင်ပက ကူးစက်တာ ဖြစ်တဲ့အတွက် နယ်စပ်ဖြတ်ကျော် စစ်ဆေးရေးဂိတ်တွေ၊ လေဆိပ်တွေနဲ့ ကုန်းလမ်းဖြတ်ကျော် စစ်ဆေးရေးဂိတ်တွေမှာ အထူးသတိထား စစ်ဆေးဖို့ လိုအပ်တယ်လို့လည်း သူကပြောပါတယ်။
ပြည်ပက ဝင်ရောက်လာသူတွေ အနေနဲ့ COVID-19 ကင်းရှင်းကြောင်း ထောက်ခံချက်လက်မှတ် ပါရှိမှသာ ကမ္ဘောဒီးယားနိုင်ငံတွင်း ဝင်ရောက်ခွင့်ပြုမှာဖြစ်ပြီး ဝင်ရောက်တာနဲ့ တပြိုင်နက် ၁၄ ရက် စောင့်ကြည့်ခံရမှာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/cambodia-covid19-patients-recovered/5423154.html
COVID-19 အတည္ျပဳလူနာ မရွိေတာ့ေၾကာင္း ကေမၻာဒီးယားေျပာ
Reviewed by THITHTOOLWIN
on
20:37
Rating:
![COVID-19 အတည္ျပဳလူနာ မရွိေတာ့ေၾကာင္း ကေမၻာဒီးယားေျပာ](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM2vJp9ea95QGtnUv7c7tRWNBKoCuRsIqaJrWn7VFpfIkHl9UdMD_g_scsQkDsGh4Qal1dHMJRizgdu8ZQyVopc8iH2dP0LENAYTqs0eZXbX7wcT0Clu8ZTQDSHQ4JD7NsAjDA2H3JurQ/s72-c/2.jpg)