ဗိုလ်ချုပ်ရုပ်ရုင် အတွက် ဘက်ဂျက်တောင်းခံမှုကို ဝန်ကြီးဌာနပြန်ရှင်

အပြည်ပြည်ဆိုင်ရာပူးပေါင်းရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင်က ပြန်ရှင်း
(Unicode)⤵⤵⤵
နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖြည့်စွက်ဘတ်ဂျက်တောင်းခံမှုမှာ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေးအတွက် ဘတ်ဂျက်တောင်းခံမှု ပါဝင်နေတာနဲ့ ပတ်သက်လို့ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ တင်ပြ တောင်းခံခဲ့တာဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ကိုယ်စား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင် မေလ ၂၇ ရက်နေ့ ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းဝေးမှာ ရှင်းလင်းသွားခဲ့ပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင် အတွက် နိုင်ငံတကာက မှတ်တမ်းမှတ်ရာတွေ တောင်းခံဖို့ လိုအပ်ရင် သံတမန် ချောအိတ် သယ်ယူပို့ဆောင်ခ အတွက် ကျပ်သန်း၅၀ တောင်းခံရာမှာ ထည့်သွင်းတောင်းခံခဲ့တာဖြစ်တယ်လို့လည်း ဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။

ရုပ်ရှင်နဲ့ ပတ်သက်ပြီးမှတ်တမ်းမှတ်ရာတွေအတွက် ဆက်သွယ်တောင်းခံရာမှာ အသုံးပြုဖို့ရှိတယ်ဆိုတာကို ဖော်ပြ တောင်းခံတာဖြစ်ပြီး ဗိုလ်ချုပ်ရုပ်ရှင် တစ်ခုတည်းအတွက်တောင်းတာ မဟုတ်ကြောင်း လည်းသူက ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းခံထားတဲ့ အသုံးစရိတ်တွေမှာ ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရေး သယ်ယူပို့ဆောင်စရိတ်တွေ ပါဝင်နေတာ ကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးနိုင်လင်းအောင်က လုပ်ထုံးလုပ်နည်းရဲ့ ညီမညီ လွှတ်တော်မှာ တင်ပြ ဆွေးနွေးခဲ့တာဖြစ်ပါတယ် ။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုမှာ သာမန်အသုံးစရိတ် လုပ်အားအတွက် ကုန်ကျစရိတ်ခေါင်းစဉ်မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုကို ရင်ဆိုင်ဖြေရှင်းနိုင်ရေးအတွက် ကုန်ကျမှုများ၊ သယ်ယူပို့ဆောင် ရေးခေါင်းစဉ်အောက်မှာ ဗိုလ် ချုပ်ရုပ်ရှင် ရိုက်ကူးရေးအတွက် သယ်ယူပို့ဆောင်စရိတ်များကို တင်ပြတောင်းခံထားခဲ့တာဖြစ်ပြီး မေလ၂၂ ရက်နေ့ ကလွှတ်တော် မှာ တင်ပြဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ ကျပ်သန်းပေါင်း ၆၈၀တင်ပြတောင်းခံတာနဲ့ပတ်သက်လို့ လည်း တပ်မတော်သားကိုယ်စားလှယ် ကဆွေးနွေး
ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနဟာ နိုင်ငံတကာ ဆက်သွယ်ရေးကို တာဝန်ယူထားပြီး လိုအပ်တဲ့ မှတ်တမ်းမှတ်ရာတွေတောင်းခံဖို့ အတွက် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ တင်ပြတောင်းခံခဲ့တာဖြစ်တယ်လို့လည်း ဦးကျော်တင်က ပြောပါတယ်

အပြည်ပြည်ဆိုင်ရာ တရားရုံးအိုင်စီဂျေမှာ ကျပ်သန်းပေါင်း ၆၈၀ တင်ပြတောင်းခံတာနဲ့ ပတ်သက်လို့လည်း မြန်မာကို ဂမ်ဘီယာက တရားစွဲထားမှုကို ရင်ဆိုင်ဖြေရှင်းတဲ့အခါမှာ သုံးစွဲခဲ့တဲ့ ကုန်ကျစရိတ်အပါအဝင် အိုင်စီဂျေနဲ့ ဆက်စပ်ပြီး ဆောင်ရွက်ဖို့ကျန်ရှိတဲ့ လုပ်ငန်းတွေအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက လွှတ်တော်ကို တင်ပြတောင်းခံခဲ့တာဖြစ်တယ်လို့လည်း ရှင်းလင်းခဲ့ပါတယ်။

ကျပ်သန်း ၆၈၀ ဟာ အခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကြိုတင်လျာထား အသုံးစရိတ်မှာမပါခဲ့ဘဲ အရေးပေါ် ပေါ်ပေါက်လာတာကြောင့် ရရှိထားတဲ့ ဝန်ကြီးဌာန အသုံးစရိတ်တွေထဲကနေ ယူသုံးခဲ့ရတာဖြစ်ပြီး ဒီဘဏ္ဍာနှစ်အတွင်းမှာပဲ အိုင်စီဂျေကိစ္စ ဆက်စပ်ဆောင်ရွက်ရမယ့် အသုံးစရိတ်တွေကိုပါ ထည့်သွင်းတောင်းခံထားတာပါလို့ လည်း ဝန်ကြီးဦးကျော်တင်က ရှင်းလင်းသွားပါတယ်။

အိုင်စီဂျေမှာ တရားရင်ဆိုင်ရာမှာ ပြင်ပပညာရှင် ရှေ့နေ၊ သီးသန့်တရားသူကြီးနဲ့ ဘာသာပြန်တွေ ငှားရမ်းတာ၊ ဥပဒေအကြံပေးတွေခန့်တာ၊ အမှုကြားနာရင်ဆိုင်ဖို့ ပြင်ဆင်တာ၊ ကိုယ်စားလှယ်အဖွဲ့ဝင်တွေ ဖွဲ့စည်းစေလွှတ်တာ၊ ဥပဒေအကြံဉာဏ် ရယူရေး၊ ပြည်တွင်း ပြည်ပညှိနှိုင်း အစည်းအဝေးတွေ ကျင်းပရေး စတဲ့ ကုန်ကျရန်ရှိတဲ့ အသုံးစရိတ်တွေအတွက် လိုငွေ ကျပ် သန်း ၆၈၀ကို ဖြည့်စွက် ခွင့်ပြုငွေအဖြစ် တောင်းခံရတာဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ခွင့်ပြုငွေတောင်းခံစာမှာ ဖော်ပြထားပါတယ်။


အိုင်စီဂျေကိစ္စ ဒီဇင်ဘာမှာ ပေါ်လာတဲ့အခါ ဝန်ကြီးဌာနက သူ့မှာရှိတဲ့ ပုံမှန်အသုံးစရိတ်ထဲကနေ ထုတ်သုံးခဲ့တာဖြစ်ပြီး အဲဒီလိုထုတ်သုံးခဲ့တာကြောင့် ပုံမှန်သုံးရမယ့် လုပ်ငန်းတွေအတွက် သုံးစရာငွေကြေး မရှိတော့လို့ တောင်းခံတာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ရှင်းပြခဲ့ပါတယ်။

ဒီအမှု ဟာမြန်မာနိုင်ငံက သွားပြီးမရင်ဆိုင်ရင် အမှုကရှုံးနိုင်ကြောင်းနဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့လည်းမြန်မာနိုင်ငံက နိုင်ငံတကာ ကွန်ဗန်းရှင်းမှာ လက်မှတ်ထိုးထားသလို တစ်နိုင်ငံလုံး အကျိုးစီးပွားအတွက် အစိုးရ အဖွဲ့ ကိုတင်ပြတောင်းခံကာ လုပ်ထုံးလုပ်နည်းနဲ့ အညီ တင်ပြခဲ့တာလို့လည်း ရှင်းလင်းသွားခဲ့ပါတယ်။

BBC Burmese
-------------------------------------------------------
(Zawgyi)⤵⤵⤵
ဗိုလ္ခ်ဳပ္႐ုပ္႐ုင္ အတြက္ ဘက္ဂ်က္ေတာင္းခံမႈကို ဝန္ႀကီးဌာနျပန္ရွင္း

ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ျဖည့္စြက္ဘတ္ဂ်က္ေတာင္းခံမႈမွာ ဗိုလ္ခ်ဳပ္႐ုပ္ရွင္႐ိုက္ကူးေရးအတြက္ ဘတ္ဂ်က္ေတာင္းခံမႈ ပါဝင္ေနတာနဲ႔ ပတ္သက္လို႔ ဘ႑ာေရး စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ အညီ တင္ျပ ေတာင္းခံခဲ့တာျဖစ္တယ္လို႔ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ကိုယ္စား အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီး ဦးေက်ာ္တင္ ေမလ ၂၇ ရက္ေန႔ ကက်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းေဝးမွာ ရွင္းလင္းသြားခဲ့ပါတယ္။

ဗိုလ္ခ်ဳပ္႐ုပ္ရွင္ အတြက္ ႏိုင္ငံတကာက မွတ္တမ္းမွတ္ရာေတြ ေတာင္းခံဖို႔ လိုအပ္ရင္ သံတမန္ ေခ်ာအိတ္ သယ္ယူပို႔ေဆာင္ခ အတြက္ က်ပ္သန္း၅၀ ေတာင္းခံရာမွာ ထည့္သြင္းေတာင္းခံခဲ့တာျဖစ္တယ္လို႔လည္း ဝန္ႀကီး ဦးေက်ာ္တင္က ေျပာပါတယ္။

႐ုပ္ရွင္နဲ႔ ပတ္သက္ၿပီးမွတ္တမ္းမွတ္ရာေတြအတြက္ ဆက္သြယ္ေတာင္းခံရာမွာ အသုံးျပဳဖို႔ရွိတယ္ဆိုတာကို ေဖာ္ျပ ေတာင္းခံတာျဖစ္ၿပီး ဗိုလ္ခ်ဳပ္႐ုပ္ရွင္ တစ္ခုတည္းအတြက္ေတာင္းတာ မဟုတ္ေၾကာင္း လည္းသူက ေျပာပါတယ္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေတာင္းခံထားတဲ့ အသုံးစရိတ္ေတြမွာ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ ႐ိုက္ကူးေရး သယ္ယူပို႔ေဆာင္စရိတ္ေတြ ပါဝင္ေနတာ ကို တပ္မေတာ္သား လႊတ္ေတာ္ ကိုယ္စားလွယ္ ဗိုလ္မႉးႏိုင္လင္းေအာင္က လုပ္ထုံးလုပ္နည္းရဲ႕ ညီမညီ လႊတ္ေတာ္မွာ တင္ျပ ေဆြးေႏြးခဲ့တာျဖစ္ပါတယ္ ။

ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ျဖည့္စြက္ခြင့္ျပဳေငြ ေတာင္းခံမႈမွာ သာမန္အသုံးစရိတ္ လုပ္အားအတြက္ ကုန္က်စရိတ္ေခါင္းစဥ္မွာ ဂမ္ဘီယာႏိုင္ငံက တရားစြဲဆိုမႈကို ရင္ဆိုင္ေျဖရွင္းႏိုင္ေရးအတြက္ ကုန္က်မႈမ်ား၊ သယ္ယူပို႔ေဆာင္ ေရးေခါင္းစဥ္ေအာက္မွာ ဗိုလ္ ခ်ဳပ္႐ုပ္ရွင္ ႐ိုက္ကူးေရးအတြက္ သယ္ယူပို႔ေဆာင္စရိတ္မ်ားကို တင္ျပေတာင္းခံထားခဲ့တာျဖစ္ၿပီး ေမလ၂၂ ရက္ေန႔ ကလႊတ္ေတာ္ မွာ တင္ျပေဆြးေႏြးခဲ့တာ ျဖစ္ပါတယ္။

ဗိုလ္ခ်ဳပ္႐ုပ္ရွင္႐ိုက္ကူးေရးအတြက္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနဟာ ႏိုင္ငံတကာ ဆက္သြယ္ေရးကို တာဝန္ယူထားၿပီး လိုအပ္တဲ့ မွတ္တမ္းမွတ္ရာေတြေတာင္းခံဖို႔ အတြက္ ဘ႑ာေရး စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ တင္ျပေတာင္းခံခဲ့တာျဖစ္တယ္လို႔လည္း ဦးေက်ာ္တင္က ေျပာပါတယ္

အျပည္ျပည္ဆိုင္ရာ တရား႐ုံးအိုင္စီေဂ်မွာ က်ပ္သန္းေပါင္း ၆၈၀ တင္ျပေတာင္းခံတာနဲ႔ ပတ္သက္လို႔လည္း ျမန္မာကို ဂမ္ဘီယာက တရားစြဲထားမႈကို ရင္ဆိုင္ေျဖရွင္းတဲ့အခါမွာ သုံးစြဲခဲ့တဲ့ ကုန္က်စရိတ္အပါအဝင္ အိုင္စီေဂ်နဲ႔ ဆက္စပ္ၿပီး ေဆာင္႐ြက္ဖို႔က်န္ရွိတဲ့ လုပ္ငန္းေတြအတြက္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက လႊတ္ေတာ္ကို တင္ျပေတာင္းခံခဲ့တာျဖစ္တယ္လို႔လည္း ရွင္းလင္းခဲ့ပါတယ္။

က်ပ္သန္း ၆၈၀ ဟာ အခု ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္အတြက္ ႀကိဳတင္လ်ာထား အသုံးစရိတ္မွာမပါခဲ့ဘဲ အေရးေပၚ ေပၚေပါက္လာတာေၾကာင့္ ရရွိထားတဲ့ ဝန္ႀကီးဌာန အသုံးစရိတ္ေတြထဲကေန ယူသုံးခဲ့ရတာျဖစ္ၿပီး ဒီဘ႑ာႏွစ္အတြင္းမွာပဲ အိုင္စီေဂ်ကိစၥ ဆက္စပ္ေဆာင္႐ြက္ရမယ့္ အသုံးစရိတ္ေတြကိုပါ ထည့္သြင္းေတာင္းခံထားတာပါလို႔ လည္း ဝန္ႀကီးဦးေက်ာ္တင္က ရွင္းလင္းသြားပါတယ္။

အိုင္စီေဂ်မွာ တရားရင္ဆိုင္ရာမွာ ျပင္ပပညာရွင္ ေရွ႕ေန၊ သီးသန႔္တရားသူႀကီးနဲ႔ ဘာသာျပန္ေတြ ငွားရမ္းတာ၊ ဥပေဒအႀကံေပးေတြခန႔္တာ၊ အမႈၾကားနာရင္ဆိုင္ဖို႔ ျပင္ဆင္တာ၊ ကိုယ္စားလွယ္အဖြဲ႕ဝင္ေတြ ဖြဲ႕စည္းေစလႊတ္တာ၊ ဥပေဒအႀကံဉာဏ္ ရယူေရး၊ ျပည္တြင္း ျပည္ပညႇိႏႈိင္း အစည္းအေဝးေတြ က်င္းပေရး စတဲ့ ကုန္က်ရန္ရွိတဲ့ အသုံးစရိတ္ေတြအတြက္ လိုေငြ က်ပ္ သန္း ၆၈၀ကို ျဖည့္စြက္ ခြင့္ျပဳေငြအျဖစ္ ေတာင္းခံရတာျဖစ္ေၾကာင္း ႏိုင္ငံျခားေရး ဝန္ႀကီးဌာနရဲ႕ ခြင့္ျပဳေငြေတာင္းခံစာမွာ ေဖာ္ျပထားပါတယ္။

အိုင္စီေဂ်ကိစၥ ဒီဇင္ဘာမွာ ေပၚလာတဲ့အခါ ဝန္ႀကီးဌာနက သူ႔မွာရွိတဲ့ ပုံမွန္အသုံးစရိတ္ထဲကေန ထုတ္သုံးခဲ့တာျဖစ္ၿပီး အဲဒီလိုထုတ္သုံးခဲ့တာေၾကာင့္ ပုံမွန္သုံးရမယ့္ လုပ္ငန္းေတြအတြက္ သုံးစရာေငြေၾကး မရွိေတာ့လို႔ ေတာင္းခံတာျဖစ္တယ္လို႔ ျပည္ေထာင္စုလႊတ္ေတာ္၊ ျပည္သူ႔ေငြစာရင္း ပူးေပါင္းေကာ္မတီ ဒုဥကၠ႒ ဦးေအာင္မင္းက ရွင္းျပခဲ့ပါတယ္။

ဒီအမႈ ဟာျမန္မာႏိုင္ငံက သြားၿပီးမရင္ဆိုင္ရင္ အမႈကရႈံးႏိုင္ေၾကာင္းနဲ႔ လူမ်ိဳးတုံးသတ္ျဖတ္မႈနဲ႔ ပတ္သက္လို႔လည္းျမန္မာႏိုင္ငံက ႏိုင္ငံတကာ ကြန္ဗန္းရွင္းမွာ လက္မွတ္ထိုးထားသလို တစ္ႏိုင္ငံလုံး အက်ိဳးစီးပြားအတြက္ အစိုးရ အဖြဲ႕ ကိုတင္ျပေတာင္းခံကာ လုပ္ထုံးလုပ္နည္းနဲ႔ အညီ တင္ျပခဲ့တာလို႔လည္း ရွင္းလင္းသြားခဲ့ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52822286
ဗိုလ်ချုပ်ရုပ်ရုင် အတွက် ဘက်ဂျက်တောင်းခံမှုကို ဝန်ကြီးဌာနပြန်ရှင် ဗိုလ်ချုပ်ရုပ်ရုင် အတွက် ဘက်ဂျက်တောင်းခံမှုကို ဝန်ကြီးဌာနပြန်ရှင် Reviewed by THITHTOOLWIN on 20:31 Rating: 5
Powered by Blogger.