အစၥေရးမွာ တာဝန္မက်ခင္ ယူကရိန္းသံတမန္အျဖစ္ေဆာင္႐ြက္ခဲ့ |
အစၥေရးႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး တုေဝဟာ တယ္လ္ဗိၿမိဳ႕စြန္က သူ႔ေနအိမ္တိုက္ခန္းမွာ ေသဆုံးေနေၾကာင္း အစၥေရးရဲအဖြဲ႕နဲ႔ မီဒီယာေတြက အတည္ျပဳေျပာၾကားပါတယ္။
အသက္ ၅၇ ႏွစ္ရွိ မစၥတာတုေဝဟာ သူ႔အိပ္ရာထဲမွာေသဆုံးေနတာေတြ႕ရေပမယ့္ ဘာ့ေၾကာင့္ေသဆုံးတယ္ဆိုတာ မသိရေသးပါဘူး။
သူ႔ကို အစၥေရးသံအမတ္အျဖစ္ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလကမွ ခန္႔ထားခဲ့တာပါ။ ဒီ့အရင္က သူဟာ ယူကရိန္းႏိုင္ငံဆိုင္ရာ တ႐ုတ္သံတမန္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးပါတယ္။
သူ႔မွာ ဇနီးနဲ႔သားတေယာက္ရွိေပမယ့္ သူတို႔ဟာ အစၥေရးမွာ ရွိေနပုံမရပါဘူး။ သူဟာ တယ္လ္ဗိၿမိဳ႕ဆင္ေျခဖုံးက ဟာဇလိယာမွာေနထိုင္ပါတယ္။
ပုံမွန္လုပ္ထုံးလုပ္နည္းလိုအပ္ခ်က္အရ ရဲအဖြဲ႕ဟာ အခင္းျဖစ္ပြားရာကို ေရာက္ေနပါတယ္လို႔ အစၥေရးရဲအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူက ႐ိုက္တာသတင္းဌာနကို ေျပာပါတယ္။
ကနဦးေတြ႕ရွိခ်က္ေတြအရ မစၥတာတုဟာ အိပ္ေပ်ာ္ေနစဥ္မွာ သဘာဝအေလ်ာက္ေသဆုံးခဲ့တာလို႔ အမည္မေဖာ္ျပတဲ့ ေဆးပညာအသိုင္းအဝိုင္းကို ကိုးကားၿပီး အစၥေရး ခ်န္နယ္ ၁၂ ႐ုပ္ျမင္သံၾကားသတင္းဌာနက သတင္းထုတ္ျပန္ပါတယ္။
မစၥတာတုကို သံအမတ္အျဖစ္ခန္႔အပ္ၿပီးၿပီးခ်င္း တ႐ုတ္သံ႐ုံးဝက္ဘ္ဆိုက္ စာမ်က္ႏွာေပၚ သူမွတ္ခ်က္ျပဳေရးသားခဲ့ရာမွာ “ကမာၻ႔ ဒုတိယအႀကီးဆုံးစီးပြားေရးပမာဏရွိႏိုင္ငံနဲ႔ အလားအလာေကာင္းရွိတဲ့ အစၥေရးႏိုင္ငံတို႔ရဲ႕ ဆက္ဆံေရး”ဆိုၿပီး ခ်ီးက်ဴးေရးသားခဲ့ပါတယ္။
ေသာၾကာေန႔တုန္းကေတာ့ အစၥေရးကိုေရာက္ေနတဲ့ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ပြန္ပီယိုက တ႐ုတ္ႏိုင္ငံရဲ႕ ကို႐ိုနာကပ္ေဘးနဲ႔ ပတ္သက္တဲ့ ကိုင္တြယ္ေဆာင္႐ြက္မႈေတြအေပၚ ေဝဖန္ခဲ့တာကို အစၥေရး တ႐ုတ္သံ႐ုံးက ျပန္လည္ၿပီး ျပင္းျပင္းထန္ထန္တုန္႔ျပန္တိုက္ခိုက္ခဲ့ပါတယ္။
ကို႐ိုနာ ကပ္ေဘးနဲ႔ ပတ္သက္ၿပီး တ႐ုတ္က ဘယ္တုန္းကမွ သတင္းအခ်က္အလက္ဖုံးဖိထားတာမ်ိဳးမရွိဘူးလို႔ ျငင္းဆန္ၿပီး “မစၥတာပြန္ပီယိုရဲ႕ အဓိပၸာယ္မရွိတဲ့မွတ္ခ်က္ကို တ႐ုတ္သံ႐ုံးက ရႈတ္ခ်တယ္”လို႔ ေဂ်႐ုစလင္ပို႔စ္ သတင္းစာမွာ ေဖာ္ျပခဲ့ပါတယ္။
BBC Burmese
------------------------------
(Unicode)⤵⤵⤵
အစ္စရေးနိုင်ငံဆိုင်ရာ တရုတ်သံအမတ် နေအိမ်တွင်သေဆုံး
အစ္စရေးနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး တုဝေဟာ တယ်လ်ဗိမြို့စွန်က သူ့နေအိမ်တိုက်ခန်းမှာ သေဆုံးနေကြောင်း အစ္စရေးရဲအဖွဲ့နဲ့ မီဒီယာတွေက အတည်ပြုပြောကြားပါတယ်။
အသက် ၅၇ နှစ်ရှိ မစ္စတာတုဝေဟာ သူ့အိပ်ရာထဲမှာသေဆုံးနေတာတွေ့ရပေမယ့် ဘာ့ကြောင့်သေဆုံးတယ်ဆိုတာ မသိရသေးပါဘူး။
သူ့ကို အစ္စရေးသံအမတ်အဖြစ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကမှ ခန့်ထားခဲ့တာပါ။ ဒီ့အရင်က သူဟာ ယူကရိန်းနိုင်ငံဆိုင်ရာ တရုတ်သံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။
သူ့မှာ ဇနီးနဲ့သားတယောက်ရှိပေမယ့် သူတို့ဟာ အစ္စရေးမှာ ရှိနေပုံမရပါဘူး။ သူဟာ တယ်လ်ဗိမြို့ဆင်ခြေဖုံးက ဟာဇလိယာမှာနေထိုင်ပါတယ်။
ပုံမှန်လုပ်ထုံးလုပ်နည်းလိုအပ်ချက်အရ ရဲအဖွဲ့ဟာ အခင်းဖြစ်ပွားရာကို ရောက်နေပါတယ်လို့ အစ္စရေးရဲအဖွဲ့ပြောရေးဆိုခွင့်ရှိသူက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ကနဦးတွေ့ရှိချက်တွေအရ မစ္စတာတုဟာ အိပ်ပျော်နေစဉ်မှာ သဘာဝအလျောက်သေဆုံးခဲ့တာလို့ အမည်မဖော်ပြတဲ့ ဆေးပညာအသိုင်းအဝိုင်းကို ကိုးကားပြီး အစ္စရေး ချန်နယ် ၁၂ ရုပ်မြင်သံကြားသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။
မစ္စတာတုကို သံအမတ်အဖြစ်ခန့်အပ်ပြီးပြီးချင်း တရုတ်သံရုံးဝက်ဘ်ဆိုက် စာမျက်နှာပေါ် သူမှတ်ချက်ပြုရေးသားခဲ့ရာမှာ “ကမ္ဘာ့ ဒုတိယအကြီးဆုံးစီးပွားရေးပမာဏရှိနိုင်ငံနဲ့ အလားအလာကောင်းရှိတဲ့ အစ္စရေးနိုင်ငံတို့ရဲ့ ဆက်ဆံရေး”ဆိုပြီး ချီးကျူးရေးသားခဲ့ပါတယ်။
သောကြာနေ့တုန်းကတော့ အစ္စရေးကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက တရုတ်နိုင်ငံရဲ့ ကိုရိုနာကပ်ဘေးနဲ့ ပတ်သက်တဲ့ ကိုင်တွယ်ဆောင်ရွက်မှုတွေအပေါ် ဝေဖန်ခဲ့တာကို အစ္စရေး တရုတ်သံရုံးက ပြန်လည်ပြီး ပြင်းပြင်းထန်ထန်တုန့်ပြန်တိုက်ခိုက်ခဲ့ပါတယ်။
ကိုရိုနာ ကပ်ဘေးနဲ့ ပတ်သက်ပြီး တရုတ်က ဘယ်တုန်းကမှ သတင်းအချက်အလက်ဖုံးဖိထားတာမျိုးမရှိဘူးလို့ ငြင်းဆန်ပြီး “မစ္စတာပွန်ပီယိုရဲ့ အဓိပ္ပာယ်မရှိတဲ့မှတ်ချက်ကို တရုတ်သံရုံးက ရှုတ်ချတယ်”လို့ ဂျေရုစလင်ပို့စ် သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
BBC Burmese
https://www.bbc.com/burmese/world-52697885
အစၥေရးႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ ေနအိမ္တြင္ေသဆုံး
Reviewed by THITHTOOLWIN
on
20:37
Rating: