လူသတ္မႈက်ဳးလြန္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံသား ၃ ဦးကို ေသနတ္နဲ႔ပစ္သတ္စီရင္ခဲ့တာျဖစ္ |
၀ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအတြင္း ေ႐ႊဆိုင္ဓားျပတိုက္ၿပီး လူသတ္မႈက်ဳးလြန္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံသား ၃ ဦးကို ၀ ဥပေဒအတိုင္း ေသဒဏ္စီရင္ခဲ့တယ္လို႔ ၀ တပ္ဖြဲ႕ေျပာေရး ဆိုခြင့္ရွိသူဦးညီရန္းက ဘီဘီစီကိုေျပာပါတယ္။
ေသဒဏ္စီရင္ခံရတဲ့ တရားခံ ၃ ဦးဟာ ေမလ ၃ ရက္ေန႔က ၀ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတြင္းရွိ နမ့္တစ္ ၿမိဳ႕နယ္မွာ ဖြင့္လွစ္ထားတဲ့ေ႐ႊဆိုင္ကို ဝင္ေရာက္လုယက္ခဲ့ၿပီး ဆိုင္ရွင္ကို သတ္ျဖတ္ သြားခဲ့တာျဖစ္ပါတယ္။
'က်ဳးလြန္တဲ့သူေတြကလည္း ကြၽန္ေတာ္တို႔ ၀ ျပည္နယ္မွာ လာအလုပ္လုပ္ေနတဲ့သူေတြ။ဆိုင္ရွင္လည္း တ႐ုတ္ျပည္ကပဲ။ ဓားျပတိုက္သြားတဲ့ ၃ ေယာက္ကလည္း တ႐ုတ္ကပဲ။ ၀ ျပည္နယ္ မွာက လူသတ္မႈတို႔ ဓါးျမမႈတို႔ဆိုရင္ ေသဒဏ္ပဲစီရင္ေနၾကပါ။ အရင္ထဲက ဘယ္ႏိုင္ငံသားပဲျဖစ္ျဖစ္ ဒီလိုပဲစီရင္ပါတယ္''လို႔ ဦးညီရန္းကေျပာပါတယ္။
၀ ေဒသမွာ ျပ႒ာန္းထားတဲ့ဥပေဒအတိုင္း ေသနတ္နဲ႔ပစ္သတ္စီရင္ |
၂၀၀၈ ဖြဲ႕စည္းပုံအရ ၀ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသအတြင္းမွာ ၿမိဳ႕နယ္ ၆ခုရွိရာ ၿမိဳ႕နယ္ ၂ခုသာ အစိုးရ ထိန္းခ်ဳပ္မႈေအာက္မွာရွိတာျဖစ္ပါတယ္။
ဖြဲ႕စည္းပုံအရ ၿမိဳ႕နယ္ ၄ ခုအျဖစ္သတ္မွတ္ထားေသာ္လည္း ၀ တပ္ဖြဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာ လူဦးေရ ၅သိန္းနီးပါးေနထိုင္တဲ့ ၀ ျပည္နယ္အျဖစ္ ခ႐ိုင္ ၃ခုနဲ႔ ၿမိဳ႕နယ္ ၂ ခုအျဖစ္ဖြဲ႕စည္းထားတာ ျဖစ္တယ္လို႔လည္းသိရပါတယ္။
BBC Burmese
-----------------------------------
(Unicode)⤵⤵⤵
၀ မှာ ဓားပြတိုက်ပြီး လုယက်မှုကျူးလွန်တဲ့တရုတ်နိုင်ငံသား ၃ ဦးကို သေဒဏ်ပေး
၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ရွှေဆိုင်ဓားပြတိုက်ပြီး လူသတ်မှုကျုးလွန်ခဲ့တဲ့ တရုတ်နိုင်ငံသား ၃ ဦးကို ၀ ဥပဒေအတိုင်း သေဒဏ်စီရင်ခဲ့တယ်လို့ ၀ တပ်ဖွဲ့ပြောရေး ဆိုခွင့်ရှိသူဦးညီရန်းက ဘီဘီစီကိုပြောပါတယ်။
သေဒဏ်စီရင်ခံရတဲ့ တရားခံ ၃ ဦးဟာ မေလ ၃ ရက်နေ့က ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းရှိ နမ့်တစ် မြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ရွှေဆိုင်ကို ဝင်ရောက်လုယက်ခဲ့ပြီး ဆိုင်ရှင်ကို သတ်ဖြတ် သွားခဲ့တာဖြစ်ပါတယ်။
'ကျုးလွန်တဲ့သူတွေကလည်း ကျွန်တော်တို့ ၀ ပြည်နယ်မှာ လာအလုပ်လုပ်နေတဲ့သူတွေ။ဆိုင်ရှင်လည်း တရုတ်ပြည်ကပဲ။ ဓားပြတိုက်သွားတဲ့ ၃ ယောက်ကလည်း တရုတ်ကပဲ။ ၀ ပြည်နယ် မှာက လူသတ်မှုတို့ ဓါးမြမှုတို့ဆိုရင် သေဒဏ်ပဲစီရင်နေကြပါ။ အရင်ထဲက ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် ဒီလိုပဲစီရင်ပါတယ်''လို့ ဦးညီရန်းကပြောပါတယ်။
အဆိုပါ ပြစ်မှုအတွက် ကျုးလွန်ခဲ့တဲ့တရားခံတွေကို ဖမ်းဆီးရမိပြီးနောက် မြို့တစ်ပတ်ပတ်ပြခဲ့ပြီးနောက် ၀ ဒေသမှာ ပြဋ္ဌာန်းထားတဲ့ဥပဒေအတိုင်း လူသတ်ကုန်းမှာ သေနတ်နဲ့ပစ်သတ်စီရင် ခဲ့တာဖြစ်တယ်လို့ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းနေထိုင်သူတစ်ဦးက သူ့ရဲ့လူမှုကွန်ရက်စာမျက်ကတဆင့် ရေးသားဖော်ပြထားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအရ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းမှာ မြို့နယ် ၆ခုရှိရာ မြို့နယ် ၂ခုသာ အစိုးရ ထိန်းချုပ်မှုအောက်မှာရှိတာဖြစ်ပါတယ်။
ဖွဲ့စည်းပုံအရ မြို့နယ် ၄ ခုအဖြစ်သတ်မှတ်ထားသော်လည်း ၀ တပ်ဖွဲ့ ထိန်းချုပ်မှုအောက်မှာ လူဦးရေ ၅သိန်းနီးပါးနေထိုင်တဲ့ ၀ ပြည်နယ်အဖြစ် ခရိုင် ၃ခုနဲ့ မြို့နယ် ၂ ခုအဖြစ်ဖွဲ့စည်းထားတာ ဖြစ်တယ်လို့လည်းသိရပါတယ်။
BBC Burmese
https://www.bbc.com/burmese/burma-52660971
၀ မွာ ဓားျပတိုက္ၿပီး လုယက္မႈက်ဴးလြန္တဲ့တ႐ုတ္ႏိုင္ငံသား ၃ ဦးကို ေသဒဏ္ေပး
Reviewed by THITHTOOLWIN
on
19:59
Rating: