ကိုဗစ္ေၾကာင့္ လုံၿခဳံေရးေကာင္စီတံခါးပိတ္အစည္းအေဝးကို အခုလို မ်က္ႏွာစုံညီအစည္းအေဝးပုံစံမဟုတ္ဘဲ အြန္လိုင္းကေန ေဆြးေႏြးခဲ့တာျဖစ္ပါတယ္။ |
ရခိုင္ျပည္နယ္အတြင္း ကိုဗစ္-၁၉ ကပ္ေရာဂါကာလအေျခအေနနဲ႔စပ္လ်ဥ္းၿပီး က်င္းပခဲတဲ့ ကုလသမဂၢ လုံၿခဳံေရးေကာင္စီရဲ႕ တံခါးပိတ္အစည္းအေဝးမွာ ဆုံးျဖတ္ခ်က္တစ္စုံတစ္ရာမခ်မွတ္ႏိုင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။
ဒီတံခါးပိတ္အစည္းအေဝးကို လုံၿခဳံေရးေကာင္စီရဲ႕ အလွည့္က် ဥကၠ႒ျဖစ္တဲ့ ၿဗိတိန္နဲ႔ အက္စ္တိုးရီးယားတို႔က ေခၚယူက်င္းပခဲ့တာျဖစ္ၿပီး ေမလ ၁၄ ရက္ေန႔က ဗီဒီယိုကြန္ဖရင့္နဲ႔ အြန္လိုင္းကေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။
ဒါေပမယ့္ အဲဒီ အစည္းအေဝးမွာ ဆုံးျဖတ္ခ်က္ ဒါမွမဟုတ္ေၾကညာခ်က္တစ္စုံတစ္ရာ ထုတ္ျပန္ဖို႔ သေဘာတူညီခ်က္မရခဲ့ဘူးလို႔ ဆိုပါတယ္။
တံခါးပိတ္အစည္းအေဝးမွာ သေဘာတူညီခ်က္ တစ္ခုခုရဖို႔အတြက္ လိုအပ္တဲ့ ေထာက္ခံမဲအေရအတြက္ ရဖို႔လိုၿပီး အခု ျမန္မာ့အေရးနဲ႔ပတ္သက္လို႔ ေၾကညာခ်က္တစ္စုံတစ္ရာထုတ္ဖို႔ ဆုံးျဖတ္ခ်က္မရတာဟာ အဖြဲ႕ဝင္ႏိုင္ငံေတြၾကား သေဘာထားကြဲလြဲမႈရွိႏိုင္တာေၾကာင့္ ျဖစ္ႏိုင္ၾကာင္း ႏိုင္ငံျခားေရးဌာန အဆင့္ျမင့္အရာရွိတစ္ဦးက မွတ္ခ်က္ျပဳပါတယ္။
အဲဒီအစည္းအေဝးမွာ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္ မစၥ ခရစၥတင္းရွာနာ ဘာဂနာက ျမန္မာ့အေရး တင္ျပေဆြးေႏြးမႈေတြရွိခဲ့ပါတယ္။
ကုလအထူးကိုယ္စားလွယ္ မစၥခရစၥတင္းရွာနာဘာဂီနာက ျမန္မာ့အေရး အဓိက ေဆြးေႏြးတင္ျပခဲ့တာပါ။ |
ဒီလုပ္ငန္းစဥ္ေတြကို ေဒသတြင္းနဲ႔ ႏိုင္ငံတကာအသိုင္းအဝိုင္းက ဆက္လက္ကူညီပံ့ပိုးဖို႔လိုအပ္ေနတယ္ဆိုတာကိုလည္း မစၥ ဘာဂနာက ထည့္သြင္းေဆြးေႏြးခဲ့တယ္လို႔ ျမန္မာအစိုးရက ထုတ္ျပန္ပါတယ္။
"တံခါးပိတ္အစည္းအေဝးျဖစ္ေတာ့ ကြၽန္ေတာ္တို႔က ဝင္လို႔မရဘူး။ ဒါေပမဲ့ မစၥဘာဂီနာကေတာ့ ျမန္မာ့အေရးေဆြးေႏြးတင္ျပခဲ့တယ္။ ကြၽန္ေတာ္တို႔က လည္း လုံၿခဳံေရးေကာင္စီရဲ႕အၿမဲတမ္းအဖြဲ႕ဝင္ ႏိုင္ငံေတြထဲမွာ ျမန္မာအေပၚ နားလည္တဲ့ အဖြဲ႕ဝင္ႏိုင္ငံတခ်ိဳ႕ကို ကြၽန္ေတာ္တို႔ ေဆာင္႐ြက္ထားတာေတြ ရွင္းျပခဲ့တာရွိတယ္။ အထူးကိုယ္စားလွယ္ကလည္း ျမန္မာအေၾကာင္းသူ႔ဘာသာေလ့လာထားတာသိထားတာေတြရွိပါတယ္။ ျမန္မာ့အေရးကို လုံၿခဳံေရးေကာင္စီမွာေဆြးေႏြးစရာမလိုတဲ့အေျခအေနပါ။ ဒါက ဖိအားေပးတဲ့သေဘာဆိုတာ ေပၚလြင္ပါတယ္"လို႔ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန၊ ၫြန္ၾကားေရးမႉးခ်ဳပ္ ဦးခ်မ္းေအးက ေျပာပါတယ္။
ကုလလုံၿခဳံေရးေကာင္စီရဲ႕ အၿမဲတမ္းအဖြဲ႕ဝင္ႏိုင္ငံေတြထဲမွာ တ႐ုတ္နဲ႔ ႐ုရွလို ျမန္မာအစိုးရကို ေထာက္ခံတဲ့ အင္အားႀကီးႏိုင္ငံေတြပါဝင္ပါတယ္။
လုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္ႏိုင္ငံေတြက ရခိုင္ျပည္နယ္တြင္း ကစစ္ေရးပဋိပကၡတိုးျမင့္လာတဲ့အေျခအေနေၾကာင့္ ေနရပ္စြန႔္ခြာသူေတြနဲ႔ ထိခိုက္ေသဆုံးမႈ ေတြကို စိုးရိမ္တယ္လို႔ ဆိုပါတယ္။
ျမန္မာမွာ ကိုဗစ္-၁၉ ကပ္ေရာဂါၾကား ရခိုင္နဲ႔ ခ်င္းမွာ ျမန္မာ့တပ္မေတာ္နဲ႔ ရခိုင့္တပ္ေတာ္ၾကား ပဋိပကၡေတြျမင့္တက္ေနၿပီး အရပ္သားေတြ အႀကီးအက်ယ္ ထိခိုက္မႈေတြျဖစ္တဲ့အေပၚ စိုးရိမ္ပူပန္တာေၾကာင့္ ကုလလုံၿခဳံေရးေကာင္စီမွာ ျမန္မာ့အေရးေဆြးေႏြးၾကဖို႔ၿဗိတိန္ကေတာင္း ဆိုခဲ့တာျဖစ္တယ္လို႔လည္း ဆိုပါတယ္။
ဒီပဋိပကၡေတြေၾကာင့္ ျပည္တြင္းေနရပ္စြန႔္ခြာေ႐ႊ႕ေျပာင္းမႈေတြ ျဖစ္ပြားခဲ့ၿပီး လူသားခ်င္းစာနာေထာက္ထားမႈအကူအညီေတြကန႔္သတ္ခံရသလို ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ဝန္ထမ္း ဦးျပည့္စုံဝင္းေမာင္အပါအဝင္ အရပ္သားေတြ သတ္ျဖတ္ခံရတဲ့အေရအတြက္ေတြတိုးလာတယ္လို႔ ၿဗိတိန္အစိုးရကေျပာပါတယ္။
ဒီပဋိပကၡေတြဟာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ လူသားခ်င္းစာနာေထာက္ထားမႈအေရးအေပၚအေျခအေနနဲ႔ ႀကဳံေနရတဲ့လူေတြ အထူးသျဖင့္ ဒုကၡသည္ေတြ၊ ေနရပ္စြန႔္ခြာေ႐ႊ႕ေျပာင္းရသူေတြနဲ႔ ႐ိုဟင္ဂ်ာလူထုေတြလို ထိခိုက္လြယ္တဲ့သူေတြမွာ အပိုေဆာင္းကန႔္သတ္ခံရမႈေတြနဲ႔ ရင္ဆိုင္လာရတယ္လို႔လည္း ဆိုပါတယ္။
အိုင္စီေဂ်ထံ ျမန္မာကအစီရင္ခံစာ ေနာက္အပတ္ထဲ တင္ရဖို႔ရွိေနပါတယ္။ |
ျမန္မာက လာမယ့္ ၂၃ ရက္မွာ အျပည္ျပည္ဆိုင္ရာတရား႐ုံး အိုင္စီေဂ်ကို ပထမဆုံးအစီအရင္ခံစာတင္သြင္းရဖို႔ရွိေနပါတယ္။
အဲဒီမတိုင္ခင္တစ္ပတ္အလိုမွာ ျမန္မာ့အေရး ကုလလုံၿခဳံေရးေကာင္စီမွာ တံခါးပိတ္အစည္းအေဝးက်င္းပခဲ့တာလည္း ျဖစ္ပါတယ္။
BBC Burmese
----------------------------------------
(Unicode)⤵⤵⤵
လုံခြုံရေးကောင်စီမှာ ကိုဗစ်ကာလ ရခိုင်အရေးဆွေးနွေးပွဲ ဆုံးဖြတ်ချက်ချဖို့ သဘောတူညီမှု မရရှိ
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကာလအခြေအနေနဲ့စပ်လျဉ်းပြီး ကျင်းပခဲတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တံခါးပိတ်အစည်းအဝေးမှာ ဆုံးဖြတ်ချက်တစ်စုံတစ်ရာမချမှတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒီတံခါးပိတ်အစည်းအဝေးကို လုံခြုံရေးကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ဗြိတိန်နဲ့ အက်စ်တိုးရီးယားတို့က ခေါ်ယူကျင်းပခဲ့တာဖြစ်ပြီး မေလ ၁၄ ရက်နေ့က ဗီဒီယိုကွန်ဖရင့်နဲ့ အွန်လိုင်းကဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီ အစည်းအဝေးမှာ ဆုံးဖြတ်ချက် ဒါမှမဟုတ်ကြေညာချက်တစ်စုံတစ်ရာ ထုတ်ပြန်ဖို့ သဘောတူညီချက်မရခဲ့ဘူးလို့ ဆိုပါတယ်။
တံခါးပိတ်အစည်းအဝေးမှာ သဘောတူညီချက် တစ်ခုခုရဖို့အတွက် လိုအပ်တဲ့ ထောက်ခံမဲအရေအတွက် ရဖို့လိုပြီး အခု မြန်မာ့အရေးနဲ့ပတ်သက်လို့ ကြေညာချက်တစ်စုံတစ်ရာထုတ်ဖို့ ဆုံးဖြတ်ချက်မရတာဟာ အဖွဲ့ဝင်နိုင်ငံတွေကြား သဘောထားကွဲလွဲမှုရှိနိုင်တာကြောင့် ဖြစ်နိုင်ကြာင်း နိုင်ငံခြားရေးဌာန အဆင့်မြင့်အရာရှိတစ်ဦးက မှတ်ချက်ပြုပါတယ်။
အဲဒီအစည်းအဝေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်းရှာနာ ဘာဂနာက မြန်မာ့အရေး တင်ပြဆွေးနွေးမှုတွေရှိခဲ့ပါတယ်။
သူက ရခိုင်ပြည်နယ်တွင်း လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အရပ်သားတွေ ထိခိုက်ခံစားနေရတဲ့အခြေအနေ၊ စစ်ဘေးရှောင်ဒုက္ခသည် တွေအတွက် လူသားချင်းစာနာမှုနဲ့ စားနပ်ရိက္ခာထောက်ပံ့နေမှုတွေ၊ တပ်မတော်က သုံးလ အပစ်ရပ်ကြေညာချက်အခြေအနေနဲ့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။
ဒီလုပ်ငန်းစဉ်တွေကို ဒေသတွင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဆက်လက်ကူညီပံ့ပိုးဖို့လိုအပ်နေတယ်ဆိုတာကိုလည်း မစ္စ ဘာဂနာက ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ မြန်မာအစိုးရက ထုတ်ပြန်ပါတယ်။
"တံခါးပိတ်အစည်းအဝေးဖြစ်တော့ ကျွန်တော်တို့က ဝင်လို့မရဘူး။ ဒါပေမဲ့ မစ္စဘာဂီနာကတော့ မြန်မာ့အရေးဆွေးနွေးတင်ပြခဲ့တယ်။ ကျွန်တော်တို့က လည်း လုံခြုံရေးကောင်စီရဲ့အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေထဲမှာ မြန်မာအပေါ် နားလည်တဲ့ အဖွဲ့ဝင်နိုင်ငံတချို့ကို ကျွန်တော်တို့ ဆောင်ရွက်ထားတာတွေ ရှင်းပြခဲ့တာရှိတယ်။ အထူးကိုယ်စားလှယ်ကလည်း မြန်မာအကြောင်းသူ့ဘာသာလေ့လာထားတာသိထားတာတွေရှိပါတယ်။ မြန်မာ့အရေးကို လုံခြုံရေးကောင်စီမှာဆွေးနွေးစရာမလိုတဲ့အခြေအနေပါ။ ဒါက ဖိအားပေးတဲ့သဘောဆိုတာ ပေါ်လွင်ပါတယ်"လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ပြောပါတယ်။
ကုလလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေထဲမှာ တရုတ်နဲ့ ရုရှလို မြန်မာအစိုးရကို ထောက်ခံတဲ့ အင်အားကြီးနိုင်ငံတွေပါဝင်ပါတယ်။
လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက ရခိုင်ပြည်နယ်တွင်း ကစစ်ရေးပဋိပက္ခတိုးမြင့်လာတဲ့အခြေအနေကြောင့် နေရပ်စွန့်ခွာသူတွေနဲ့ ထိခိုက်သေဆုံးမှု တွေကို စိုးရိမ်တယ်လို့ ဆိုပါတယ်။
မြန်မာမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြား ရခိုင်နဲ့ ချင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော်ကြား ပဋိပက္ခတွေမြင့်တက်နေပြီး အရပ်သားတွေ အကြီးအကျယ် ထိခိုက်မှုတွေဖြစ်တဲ့အပေါ် စိုးရိမ်ပူပန်တာကြောင့် ကုလလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေးကြဖို့ဗြိတိန်ကတောင်း ဆိုခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းမှုတွေ ဖြစ်ပွားခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကန့်သတ်ခံရသလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဝန်ထမ်း ဦးပြည့်စုံဝင်းမောင်အပါအဝင် အရပ်သားတွေ သတ်ဖြတ်ခံရတဲ့အရေအတွက်တွေတိုးလာတယ်လို့ ဗြိတိန်အစိုးရကပြောပါတယ်။
ဒီပဋိပက္ခတွေဟာ ကိုဗစ်ကပ်ရောဂါကြောင့် လူသားချင်းစာနာထောက်ထားမှုအရေးအပေါ်အခြေအနေနဲ့ ကြုံနေရတဲ့လူတွေ အထူးသဖြင့် ဒုက္ခသည်တွေ၊ နေရပ်စွန့်ခွာရွှေ့ပြောင်းရသူတွေနဲ့ ရိုဟင်ဂျာလူထုတွေလို ထိခိုက်လွယ်တဲ့သူတွေမှာ အပိုဆောင်းကန့်သတ်ခံရမှုတွေနဲ့ ရင်ဆိုင်လာရတယ်လို့လည်း ဆိုပါတယ်။
မြန်မာအစိုးရရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေး အပြုသဘောဆောင်တဲ့ကနဦးဆောင်ရွက်ချက်တွေကို ထောက်ခံကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမယ့် တပ်မတော်ရဲ့ အပစ်ရပ်ကြေညာချက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုးချဲ့ဖို့ တိုက်တွန်းတောင်းဆိုခဲ့သလို ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ အင်တာနက်ပြန်ဖွင့်ပေးရေး တောင်းဆိုခဲ့ပါတယ်။
မြန်မာက လာမယ့် ၂၃ ရက်မှာ အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေကို ပထမဆုံးအစီအရင်ခံစာတင်သွင်းရဖို့ရှိနေပါတယ်။
အဲဒီမတိုင်ခင်တစ်ပတ်အလိုမှာ မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီမှာ တံခါးပိတ်အစည်းအဝေးကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။
BBC Burmese
https://www.bbc.com/burmese/burma-52696114
လုံၿခဳံေရးေကာင္စီမွာ ကိုဗစ္ကာလ ရခိုင္အေရးေဆြးေႏြးပြဲ ဆုံးျဖတ္ခ်က္ခ်ဖို႔ သေဘာတူညီမႈ မရရွိ
Reviewed by THITHTOOLWIN
on
20:38
Rating: