ျမန္မာ့အေရး ကုလသမဂၢ လုံၿခံဳေရးေကာင္စီမွာ ေဆြးေႏြးဖုိ႔ရွိ


(Zawgyi/Unicode)

ရခိုင္ျပည္နယ္က လက္နက္ကိုင္ ပဋိပကၡေတြနဲ႔ ျမန္မာႏိုင္ငံတြင္း COVID 19 ေရာဂါ ျဖစ္ပြားမႈ အေျခအေနေတြနဲ႔ ပတ္သက္တဲ့ ကိစၥေတြကို ကုလသမဂၢ လုံၿခဳံေရးေကာင္စီမွာ ဒီသီတင္းပတ္ထဲ ေဆြးေႏြးဖုိ႔ ရွိေနပါတယ္။

ၾကာသပေတးေန႔မွာ စီစဥ္ထားတဲ့ တံခါးပိတ္ အစည္းအေဝးကို က်င္းပဖို႔ ၿဗိတိန္ႏိုင္ငံက ေတာင္းဆိုခဲ့တာျဖစ္ၿပီး ကုသသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener ပါဝင္ေဆြးေႏြးမွာ ျဖစ္ေၾကာင္းလည္း သံတမန္ အသုိင္းအ၀ုိင္းကုိ ကုိးကားၿပီး AFP သတင္းကေဖာ္ျပပါတယ္။

ရခိုင္ျပည္နယ္အတြင္း ဧၿပီလေႏွာင္းပုိင္းတုန္းက COVID-19 ဓါတ္ခြဲနမူနာေတြ သယ္ေဆာင္လာတဲ့ ကုသသမဂၢ အမွတ္တံဆိပ္ပါ ကားတစ္စီး တိုက္ခိုက္ခံခဲ့ရလုိ႔ ျမန္မာႏုိင္ငံသား ယာဥ္ေမာင္းေသဆုံးၿပီး၊ က်န္းမာေရးဝန္ထမ္း တစ္ဦးလည္း ဒဏ္ရာရခဲ့ပါတယ္။

တိုက္ခိုက္မႈကို ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres က အျပင္းအထန္ ရႈတ္ခ်ခဲ့ၿပီး ပြင့္လင္းျမင္သာမႈရွိရွိ စုံစမ္းစစ္ေဆးဖို႔လည္း ေတာင္းဆိုခဲ့တာပါ။ ကမာၻ႔တစ္ဝွမ္းကပ္ေရာဂါနဲ႔ ႀကံဳေနရခ်ိန္ လက္နက္ကိုင္အဖြဲ႔ေတြ အပစ္ရပ္ၾကဖို႔ ကုလသမဂၢနဲ႔ သံတမန္ေတြက တိုက္တြန္းေနခ်ိန္မွာ တုိက္ခုိက္မႈနဲ႔ ႀကံဳခဲ့ရတာလည္း ျဖစ္ပါတယ္။

ျမန္မာစစ္တပ္ကေတာ့ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ တုိက္တြန္းခ်က္အရ ၄ လနီးပါးၾကာ တဘက္သတ္အပစ္အခတ္ရပ္စဲမယ့္အေၾကာင္း မၾကာေသးခင္ကပဲ ေၾကညာခဲ့ေပမဲ့ အၾကမ္းဖက္ အဖဲြ႔အစည္းအျဖစ္ သတ္မွတ္ထားတဲ့ လက္နက္ကုိင္အဖဲြ႔ေတြ လႈပ္ရွားရာ နယ္ေျမေတြ မပါ၀င္ေၾကာင္း ေျပာဆုိထားတာပါ။

ဒီအတြက္လည္း ျမန္မာစစ္တပ္က အၾကမ္းဖက္အဖဲြ႔အစည္းအျဖစ္ သတ္မွတ္ထားတဲ့ AA ရခုိင္လက္နက္ကုိင္အဖဲြ႔နဲ႔ တုိက္ပဲြေတြ ျဖစ္ပြားေနတဲ့ ရခုိင္နဲ႔ ခ်င္းျပည္နယ္ေတြေတာ့ ပါ၀င္မွာ မဟုတ္ပါဘူး။ တခ်ိန္တည္းမွာပဲ ဒီလဆန္းက တဘက္သတ္အပစ္ရပ္ေရး သက္တမ္းတုိးေၾကာင္း AA အဖဲြ႔နဲ႔ မဟာမိတ္ MNDAA ကုိးကန္႔တပ္ဖဲြ႔၊ TNLA တေအာင္းပေလာင္အဖဲြ႔တုိ႔ကလည္း ပူးတဲြေၾကညာထားပါတယ္။

ဒါေပမဲ့လည္း ျမန္မာစစ္တပ္နဲ႔ တုိင္းရင္းသား လက္နက္ကုိင္အဖဲြ႔ေတြရဲ႕ တဘက္သတ္ အပစ္ရပ္ ေၾကညာခ်က္ေတြကုိေတာ့ အျပန္အလွန္ အသိအမွတ္ မျပဳခဲ့ၾကပါဘူး။

ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------
[Unicode Version]

မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ရှိ

ရခိုင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေနဲ့ မြန်မာနိုင်ငံတွင်း COVID 19 ရောဂါ ဖြစ်ပွားမှု အခြေအနေတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီသီတင်းပတ်ထဲ ဆွေးနွေးဖို့ ရှိနေပါတယ်။

ကြာသပတေးနေ့မှာ စီစဉ်ထားတဲ့ တံခါးပိတ် အစည်းအဝေးကို ကျင်းပဖို့ ဗြိတိန်နိုင်ငံက တောင်းဆိုခဲ့တာဖြစ်ပြီး ကုသသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ပါဝင်ဆွေးနွေးမှာ ဖြစ်ကြောင်းလည်း သံတမန် အသိုင်းအဝိုင်းကို ကိုးကားပြီး AFP သတင်းကဖော်ပြပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဧပြီလနှောင်းပိုင်းတုန်းက COVID-19 ဓါတ်ခွဲနမူနာတွေ သယ်ဆောင်လာတဲ့ ကုသသမဂ္ဂ အမှတ်တံဆိပ်ပါ ကားတစ်စီး တိုက်ခိုက်ခံခဲ့ရလို့ မြန်မာနိုင်ငံသား ယာဉ်မောင်းသေဆုံးပြီး၊ ကျန်းမာရေးဝန်ထမ်း တစ်ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

တိုက်ခိုက်မှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က အပြင်းအထန် ရှုတ်ချခဲ့ပြီး ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်းစစ်ဆေးဖို့လည်း တောင်းဆိုခဲ့တာပါ။ ကမ္ဘာ့တစ်ဝှမ်းကပ်ရောဂါနဲ့ ကြုံနေရချိန် လက်နက်ကိုင်အဖွဲ့တွေ အပစ်ရပ်ကြဖို့ ကုလသမဂ္ဂနဲ့ သံတမန်တွေက တိုက်တွန်းနေချိန်မှာ တိုက်ခိုက်မှုနဲ့ ကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။

မြန်မာစစ်တပ်ကတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တိုက်တွန်းချက်အရ ၄ လနီးပါးကြာ တဘက်သတ်အပစ်အခတ်ရပ်စဲမယ့်အကြောင်း မကြာသေးခင်ကပဲ ကြေညာခဲ့ပေမဲ့ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားရာ နယ်မြေတွေ မပါဝင်ကြောင်း ပြောဆိုထားတာပါ။

ဒီအတွက်လည်း မြန်မာစစ်တပ်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တွေတော့ ပါဝင်မှာ မဟုတ်ပါဘူး။ တချိန်တည်းမှာပဲ ဒီလဆန်းက တဘက်သတ်အပစ်ရပ်ရေး သက်တမ်းတိုးကြောင်း AA အဖွဲ့နဲ့ မဟာမိတ် MNDAA ကိုးကန့်တပ်ဖွဲ့၊ TNLA တအောင်းပလောင်အဖွဲ့တို့ကလည်း ပူးတွဲကြေညာထားပါတယ်။

ဒါပေမဲ့လည်း မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တဘက်သတ် အပစ်ရပ် ကြေညာချက်တွေကိုတော့ အပြန်အလှန် အသိအမှတ် မပြုခဲ့ကြပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/rakhine-conflicts-unsc/5416270.html
ျမန္မာ့အေရး ကုလသမဂၢ လုံၿခံဳေရးေကာင္စီမွာ ေဆြးေႏြးဖုိ႔ရွိ  ျမန္မာ့အေရး ကုလသမဂၢ လုံၿခံဳေရးေကာင္စီမွာ ေဆြးေႏြးဖုိ႔ရွိ Reviewed by THITHTOOLWIN on 19:36 Rating: 5
Powered by Blogger.