(Zawgyi / Unicode)
COVID-19 ကပ္ေရာဂါနဲ႔ ပတ္သက္ၿပီး အေမရိကန္နဲ႔ တ႐ုတ္ႏုိင္ငံၾကားမွာ ျဖစ္ေနတဲ့ ပဋိပကၡက ကုလသမဂၢ လုံၿခဳံေရးေကာင္စီမွာရွိတဲ့ ဥေရာပႏုိင္ငံေတြၾကား သေဘာထားေတြ ကဲြေစခဲ့ပါတယ္။
အခုလို ကပ္ေရာဂါျဖစ္ေနစဥ္အတြင္း ပဋိပကၡေတြျဖစ္ေနတဲ့ ေဒသေတြမွာ အပစ္ရပ္စဲေရးနဲ႔ ပတ္သက္ၿပီး လုံၿခဳံေရးေကာင္စီမွာရွိတဲ့ ဥေရာပႏုိင္ငံေတြၾကား သေဘာထားေတြ ကဲြခဲ့ၾကတာပါ။
ကမာၻတ၀န္း COVID-19 ကပ္ေရာဂါနဲ႔ ရင္ဆုိင္႐ုန္းကန္ေနရတာေၾကာင့္ အာဖဂန္နဲ႔ ယီမင္လို ႏုိင္ငံေတြမွာ တုိက္ခုိက္မႈေတြကို ရပ္ဆုိင္းဖို႔ တုိက္တြန္းထားတဲ့ ဆုံးျဖတ္ခ်က္တရပ္ လုံၿခဳံေရးေကာင္စီမွာ ခ်မွတ္ႏုိင္ဖို႔အတြက္ အေမရိကန္နဲ႔ တ႐ုတ္ႏုိင္ငံၾကားမွာ အေပးအယူ ညႇိႏႈိင္းမႈေတြလုပ္ဖို႔ ျပင္သစ္က လြန္ခဲ့တဲ့ ၂ လအတြင္းမွာ ႀကိဳးပမ္းေနခဲ့တာ ျဖစ္ပါတယ္။
ျပင္သစ္က တူနီးရွားႏုိင္ငံနဲ႔ ေပါင္းၿပီးေတာ့ ဆုံးျဖတ္ခ်က္မူၾကမ္းတရပ္ကို ေရးဆဲြဖုိ႔ ႀကိဳးပမ္းေနခ်ိန္မွာပဲ တဖက္မွာေတာ့ ဂ်ာမနီက တူနီးရွားႏုိင္ငံနဲ႔႔ ေပါင္းၿပီးေတာ့ ေနာက္ထပ္ ဆုံးျဖတ္ခ်က္မူၾကမ္းတခုကို ေရးဆဲြခဲ့ၿပီး အဲဒီထဲမွာ အေမရိကန္အစိုးရကို ေျပရာေျပေၾကာင္း ေဆြးေႏြးဖို႔ ေျပာဆုိထားပါတယ္။
ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres ဦးေဆာင္ၿပီး ကမာၻတ၀န္းက ပဋိပကၡျဖစ္ေနတဲ့ ေနရာေတြမွာ အပစ္ရပ္ၿပီး ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ဖို႔ ေျပာေနေပမယ့္လည္း အာဖဂန္၊ လစ္ဗ်ားနဲ႔ ယီမင္ႏုိင္ငံေတြမွာ ဗုိင္းရပ္စ္ကူးစက္မႈေတြ ရွိေနတဲ့ၾကားမွာပဲ အၾကမ္းဖက္မႈေတြ လက္နက္ကိုင္ပဋိပကၡေတြက ဆက္ၿပီး ျဖစ္ေနတာပါ။
ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------
(Unicode)
ကိုဗစ်အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သဘောထားကွဲ
COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်နိုင်ငံကြားမှာ ဖြစ်နေတဲ့ ပဋိပက္ခက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာရှိတဲ့ ဥရောပနိုင်ငံတွေကြား သဘောထားတွေ ကွဲစေခဲ့ပါတယ်။
အခုလို ကပ်ရောဂါဖြစ်နေစဉ်အတွင်း ပဋိပက္ခတွေဖြစ်နေတဲ့ ဒေသတွေမှာ အပစ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာရှိတဲ့ ဥရောပနိုင်ငံတွေကြား သဘောထားတွေ ကွဲခဲ့ကြတာပါ။
ကမ္ဘာတဝန်း COVID-19 ကပ်ရောဂါနဲ့ ရင်ဆိုင်ရုန်းကန်နေရတာကြောင့် အာဖဂန်နဲ့ ယီမင်လို နိုင်ငံတွေမှာ တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းဖို့တိုက်တွန်းထားတဲ့ ဆုံးဖြတ်ချက်တရပ် လုံခြုံရေးကောင်စီမှာ ချမှတ်နိုင်ဖို့အတွက် အမေရိကန်နဲ့ တရုတ်နိုင်ငံကြားမှာ အပေးအယူ ညှိနှိုင်းမှုတွေလုပ်ဖို့ ပြင်သစ်က လွန်ခဲ့တဲ့ ၂ လအတွင်းမှာ ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။
ပြင်သစ်က တူနီးရှားနိုင်ငံနဲ့ ပေါင်းပြီးတော့ ဆုံးဖြတ်ချက်မူကြမ်းတရပ်ကို ရေးဆွဲဖို့ ကြိုးပမ်းနေချိန်မှာပဲ တဖက်မှာတော့ ဂျာမနီက တူနီးရှားနိုင်ငံနဲ့ ပေါင်းပြီးတော့ နောက်ထပ် ဆုံးဖြတ်ချက်မူကြမ်းတခုကို ရေးဆွဲခဲ့ပြီး အဲဒီထဲမှာ အမေရိကန်အစိုးရကို ပြေရာပြေကြောင်း ဆွေးနွေးဖို့ ပြောဆိုထားပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ဦးဆောင်ပြီး ကမ္ဘာတဝန်းက ပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာ အပစ်ရပ်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ပြောနေပေမယ့်လည်း အာဖဂန်၊ လစ်ဗျားနဲ့ ယီမင်နိုင်ငံတွေမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ ရှိနေတဲ့ကြားမှာပဲ အကြမ်းဖက်မှုတွေ လက်နက်ကိုင်ပဋိပက္ခတွေက ဆက်ပြီး ဖြစ်နေတာပါ။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid19-unsc/5423356.html
ကုိဗစ္အေရး ကုလသမဂၢ လုံၿခံဳေရးေကာင္စီမွာ သေဘာထားကဲြ
Reviewed by THITHTOOLWIN
on
20:38
Rating: