(Zawgyi)⤵⤵⤵
(Xinhua)
--------------------------------------------
(Unicode)⤵⤵⤵
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများအား အရေးကြီးကုန်စည်များအဖြစ် သတ်မှတ်
ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (က) အရ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများအား အရေးကြီးကုန်စည်များအဖြစ် သတ်မှတ်လိုက်ကြောင်း မတ် ၃၀ ရက်တွင် အမိန့် ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။
စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာ န အနေဖြင့် အထက်ပါ ကုန်စည်များ ကို ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း ကို ဤအမိန့်ကြော်ငြာစာထုတ်ပြန်လိုက်သည့်နေ့မှ စ၍ တားမြစ်လိုက်ကြောင်း သိရသည်။
၎င်းကုန်စည်များကို ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း တို့အား စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာတွင် ပါရှိသည်။
(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/covid-19-mm/26927-covid-48
Reviewed by THITHTOOLWIN
on
02:59
Rating: