![]() |
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခ႐ိုင္အတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္ ၾကားျဖတ္လူဦးေရသန္းေခါင္စာရင္း ေကာက္ယူမႈအား ေတြ႕ရစဥ္(ဓာတ္ပုံ - Department of Population) |
ရန္ကုန္ ၊ ဧၿပီ ၂ ရက္(ဆင္ဟြာ)
၂၀၁၄ ခုႏွစ္၊ လူဦးေရႏွင့္ အိမ္အေၾကာင္းအရာ သန္းေခါင္စာရင္းမွ ေကာက္ယူရရွိေသာ လူဦးေရကိုအေျခခံ၍ ခန႔္မွန္းတြက္ခ်က္မႈမ်ားအရ ၂၀၂၀ ျပည့္ႏွစ္ ဧၿပီ ၁ ရက္တြင္ ျမန္မာႏိုင္ငံ၏ ခန႔္မွန္းလူဦးေရမွာ ၅၄ ဒသမ ၅၈ သန္းျဖစ္ေၾကာင္း အလုပ္သမား ၊ လူဝင္မႈ ႀကီးၾကပ္ေရး ႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန ၊ ျပည္သူ႔အင္အား ဦးစီးဌာနမွ သတင္းထုတ္ျပန္ခဲ့သည္။
တိုင္းေဒသႀကီး/ ျပည္နယ္အလိုက္ ခန႔္မွန္းလူဦးေရစာရင္းမ်ားအနက္ အမ်ားဆုံး အျဖစ္ ရန္ကုန္တိုင္းေဒသႀကီး၌ ၈ ဒသမ ၃၉ သန္း ရွိၿပီး မႏၲေလးတိုင္းေဒသႀကီး၌ ၆ ဒသမ ၅၄ သန္း ၊ ရွမ္းျပည္နယ္၌ ၆ ဒသမ ၄၃ သန္း ၊ ဧရာဝတီတိုင္းေဒသႀကီးတြင္ ၆ ဒသမ ၂၇ သန္း တို႔ျဖင့္ အသီးသီး ရွိေၾကာင္း ျပန္ၾကားေရး ဝန္ႀကီးဌာန၏ ထုတ္ျပန္မႈတြင္ ေဖာ္ျပထားသည္။
![]() |
ျမန္မာႏိုင္ငံ၏ ခန႔္မွန္းလူဦးေရစာရင္းအား ေတြ႕ရစဥ္(ဓာတ္ပုံ-MOI) |
ျမန္မာႏိုင္ငံ၏ ႏွစ္အလိုက္ ခန႔္မွန္းလူဦးေရစာရင္းအား ႏိုင္ငံေတာ္အစိုးရႏွင့္ ဌာနဆိုင္ရာအဖြဲ႕အစည္းအသီးသီးမွ ႏိုင္ငံေတာ္၏မူဝါဒမ်ား၊ စီမံကိန္းမ်ား ေရးဆြဲခ်မွတ္ရာတြင္ အေျခခံအသုံးျပဳႏိုင္ေရးအတြက္ အလုပ္သမား ၊ လူဝင္မႈ ႀကီးၾကပ္ေရး ႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန ၊ ျပည္သူ႔အင္အား ဦးစီးဌာနသည္ ႏွစ္စဥ္ထုတ္ျပန္ေပးလ်က္ ရွိေၾကာင္း သိရသည္။
(Xinhua)
--------------------------------------------
(Unicode)⤵⤵⤵
၂၀၂၀ ပြည့်နှစ် ဧပြီ ၁ ရက်တွင် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေ ၅၄ ဒသမ ၅၈ သန်းရှိကြောင်း ထုတ်ပြန်
ရန်ကုန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)
၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ကောက်ယူရရှိသော လူဦးရေကိုအခြေခံ၍ ခန့်မှန်းတွက်ချက်မှုများအရ ၂၀၂၀ ပြည့်နှစ် ဧပြီ ၁ ရက်တွင် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ ၅၄ ဒသမ ၅၈ သန်းဖြစ်ကြောင်း အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၊ ပြည်သူ့အင်အား ဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ခန့်မှန်းလူဦးရေစာရင်းများအနက် အများဆုံး အဖြစ် ရန်ကုန်တိုင်းဒေသကြီး၌ ၈ ဒသမ ၃၉ သန်း ရှိပြီး မန္တလေးတိုင်းဒေသကြီး၌ ၆ ဒသမ ၅၄ သန်း ၊ ရှမ်းပြည်နယ်၌ ၆ ဒသမ ၄၃ သန်း ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၆ ဒသမ ၂၇ သန်း တို့ဖြင့် အသီးသီး ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေစာရင်းအား တွေ့ရစဉ်(ဓာတ်ပုံ-MOI)
အဆိုပါ ခန့်မှန်းလူဦးရေ ၅၄ ဒသမ ၅၈ သန်းတွင် နေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်များ အားလုံးတွင် အမျိုးသား ဦးရေ ၂၆.၁၅ သန်း ရှိပြီး အမျိုးသမီး ဦးရေ ၂၈ ဒသမ ၄၃ သန်း ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ နှစ်အလိုက် ခန့်မှန်းလူဦးရေစာရင်းအား နိုင်ငံတော်အစိုးရနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ နိုင်ငံတော်၏မူဝါဒများ၊ စီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် အခြေခံအသုံးပြုနိုင်ရေးအတွက် အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၊ ပြည်သူ့အင်အား ဦးစီးဌာနသည် နှစ်စဉ်ထုတ်ပြန်ပေးလျက် ရှိကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com/myanmar/social/26955-2020-04-02-02-33-17
၂၀၂၀ ျပည့္ႏွစ္ ဧၿပီ ၁ ရက္တြင္ ျမန္မာႏိုင္ငံ၏ ခန႔္မွန္းလူဦးေရ ၅၄ ဒသမ ၅၈ သန္းရွိေၾကာင္း ထုတ္ျပန္
Reviewed by THITHTOOLWIN
on
19:34
Rating:
![၂၀၂၀ ျပည့္ႏွစ္ ဧၿပီ ၁ ရက္တြင္ ျမန္မာႏိုင္ငံ၏ ခန႔္မွန္းလူဦးေရ ၅၄ ဒသမ ၅၈ သန္းရွိေၾကာင္း ထုတ္ျပန္](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2ycGTcvH1cRe7-p1ln-ihZEPRHBX6CnCe1Y500Iw5qR_YgGWcRTCv0Qiy0jUYwG58lClfRZov0tIXaYUz-Qs4Exv-RKd7iV8ZbkzaLoDhXLU4ecv-jvRsbdshDJpV0GHk60Xe38T454Y/s72-c/14.jpg)