![]() |
-------------------------------------------------------
(Unicode)⤵⤵⤵
၂၀၂၀ ခန့်မှန်းလူဦးရေစာရင်းအရ ၅နှစ်အတွင်း မြန်မာလူဦးရေ ၃သန်းတိုး
၂၀၂၀ခုနှစ် ဧပြီလ၊ ၁ရက်နေ့အထိ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံလူဦးရေးက ၅၄သန်းခွဲကျော်ရှိတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ဧပြီလ ၂ရက်မှာခန့်မှန်းထုတ်ပြန် ပါတယ်။
အဲဒီခန့်မှန်းခြေလူစာရင်းကို ၂၀၁၄ခုနှစ်ကကောက်ယူရရှိထားတဲ့ လူဦးရေစာရင်း ၅၁.၄ သန်းအပေါ် အခြေခံပြီး တွက်ချက်ထားတာလို့လည်း ပြည်သူ့အင်အားဦးစီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီခန့်မှန်လူဦးရေက လွန်ခဲ့တဲ့ ၅နှစ် ၂၀၁၄ခုနှစ်သန်းခေါင်စာရင်းကောက်ယူတဲ့အချိန်ကအရေအတွက်ထက် လူဦးရေ ၃သန်းပိုများလာပါတယ်။
အခုလိုတိုးလာတဲ့လူဦးရေတွေထဲမှာ ရန်ကုန်မှာတော့ အရင်ထက် လူဦးရေ ၁သန်းကျော်တိုး လာပါတယ်။ အခြားပြည်နယ်နဲ့ တိုင်းတွေမှတော့ လူဦးရေ သိန်းကျော်စီနဲ့ အနည်းငယ်စီတိုးလာတာလည်းရှိပါတယ်။
လူဦးရေအနည်းဆုံးဖြစ်တဲ့ ကယားပြည်နယ်မှာပင် လူဦးရေ ၅သောင်းလောက်ထပ်တိုးလာပါတယ်။
လက်ရှိစစ်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာတော့ ၂၀၁၄ခုနှစ် သန်းခေါင်းစာရင်းရှိ လူဦးရေထက် ၂ သိန်းကျော် လျော့နည်းသွားတာကိုလည်း တွေ့ရပါတယ်။
BBC Burmese
https://www.bbc.com/burmese/burma-52131149
Reviewed by THITHTOOLWIN
on
19:33
Rating:
![၂၀၂၀ ခန့်မှန်းလူဦးရေစာရင်းအရ ၅နှစ်အတွင်း မြန်မာလူဦးရေ ၃သန်းတိုး](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijMEVcgLdioM48jEF5-XxkVK_ONIp6LRTofALwXgvNVOrFgQLqJU9fhSBie2e-z4UkK7MMQtbmXIIehXfKvCwzLqzb70XI1oKWZoO0YkhcgvG5MgUsqWmZbojf5tnimP3CDHSMrBfBZ1g/s72-c/12.jpg)