ဧၿပီ ၁၅ရက္ ေနာက္ပိုင္းမွ ျပန္လည္ဝင္ေရာက္ၾကဖို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနကေန မတ္ ၃၀ ရက္ေန႔မွာ ပန္ၾကား |
ထိုင္းႏိုင္ငံကေနျပန္ဝင္လာသူ ျမန္မာႏိုင္ငံသားတစ္ဦးမွာ ကိုဗစ္ -၁၉ ပိုးေတြ႕ရွိၿပီးေနာက္ နယ္စပ္ဂိတ္ေတြကတဆင့္ ျပန္လည္ဝင္ေရာက္မယ့္ ျပည္ပေရာက္ျမန္မာေ႐ႊ႕ေျပာင္း လုပ္သားေတြကို ဧၿပီ ၁၅ရက္ ေနာက္ပိုင္းမွ ျပန္လည္ဝင္ေရာက္ၾကဖို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနကေန မတ္ ၃၀ ရက္ေန႔မွာ ပန္ၾကားခဲ့ပါတယ္။
ဒီလိုပန္ၾကားထားေပမယ့္လည္း မတ္ ၃၁ ရက္နဲ႔ ဧၿပီ ၁ရက္ေန႔မွာလည္း ျမဝတီနယ္စပ္ဂိတ္ကတဆင့္ ျပန္လည္ဝင္ေရာက္လာသူေတြရွိေနဆဲျဖစ္တယ္လို႔ ျမဝတီၿမိဳ႕၊ ကရင္ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးသန႔္ဇင္ေအာင္က ေျပာပါတယ္။
' ' ေန႔လယ္ပိုင္းထိကို လူ ေျခာက္ရာေက်ာ္ျပန္ဝင္လာၿပီးၿပီ။ ဒီလူေတြက အိမ္ေတာ့တန္းမျပန္ရဘူး။ အစိုးရစီစဥ္တဲ့ေနရာမွာ ၁၄ ရက္ေစာင့္ၾကည့္ၿပီးမွျပန္ရမယ္။ '' လို႔ ဦးသန႔္ဇင္ေအာင္က မတ္ ၃၁ ရက္ေန႔က ျပန္လည္ဝင္ေရာက္လာတဲ့အေျခအေနကို ေျပာျပပါတယ္။
၁၄ ရက္တာေစာင့္ၾကပ္ၾကည့္ရႈဖို႔ေနရာေတြျပင္ဆင္ေန |
ျမန္မာႏိုင္ငံမွာ မတ္ ၃၁ ရက္ေန႔အထိ က်န္းမာေရးနဲ႔အားကာစားဝန္ႀကီးဌာနရဲ႕ထုတ္ျပန္ခ်က္အရ ကိုဗစ္ -၁၉ ပိုးေတြ႕ လူနာ ၁၅ဦးရွိလာၿပီျဖစ္ပါတယ္။ အဆိုပါပိုးေတြ႕လူနာေတြထဲမွာ ျမဝတီနယ္စပ္ဂိတ္ကတဆင့္ ျပန္လည္ဝင္ေရာက္လာသူ ျမန္မာႏိုင္ငံသားတစ္ဦးလည္းပါဝင္ပါတယ္။
' ' အစိုးရအေနနဲ႔က ပန္ၾကားတာျဖစ္လို႔ ျပန္မလာနဲ႔ေတာ့လို႔ေတာ့ တားလို႔မရဘူး။ အမိန႔္ ၫႊန္ၾကားခ်က္ မဟုတ္ေတာ့။ ဒီလူေတြ လတ္တေလာျပန္လာရင္ေတာ့ ေနရာအခက္အခဲရွိမယ္။ လတ္တေလာမွာ ျမဝတီ ဘားအံ၊ ေကာ့ကရိတ္ ေတြမွာ ထားဖို႔ေတာ့ ေနရာေတြျပင္ဆင္ထားတယ္။ ကြၽန္ေတာ္တို႔ျပည္နယ္အေနနဲ႔ အမ်ားဆုံး လက္ခံႏိုင္ လူ ၂၀၀၀ စာေပါ့။ ဒါေၾကာင့္ အစိုးရက ေနရာေတြျပင္ဆင္ၿပီးမွ ျပန္ဝင္လာဖို႔ ပန္ၾကားတာကို ထိုင္းေရာက္ျမန္မာေတြလည္း နားလည္ၾကမယ္လို႔ ေမွ်ာ္လင့္တယ္''လို႔ ျပည္ေတာ္ျပန္ျမန္မာ အလုပ္သမားေတြ ေစာင့္ၾကည့္မယ့္ ေနရာအေျခအေနနဲ႔ပတ္သက္ၿပီး ဦးသန႔္ဇင္ေအာင္ကရွင္းျပပါတယ္။
ထိုင္းေရာက္ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား သန္းနဲ႔ခ်ီရွိ |
ၿပီးခဲ့တဲ့ တစ္ပတ္ေက်ာ္ကာလအတြင္း ထိုင္း-ျမန္မာခ်စ္ၾကည္ေရး တံတားအမွတ္ ၂တစ္ခုတည္းကေန ျပန္လည္ဝင္ေရာက္လာတဲ့ ျမန္မာလုပ္သားအေရအတြက္ဟာ သုံးေသာင္း ခုႏွစ္ေထာင္ေက်ာ္ထိရွိခဲ့ၿပီး မတ္ ၃၁ ရက္ေန႔မတိုင္ခင္ထိ ျပန္ဝင္လာသူေတြဟာ မိမိတို႔ရဲ႕ ေနအိမ္မွာပဲ ၁၄ ရက္တာေစာင့္ၾကည့္ဖို႔ ၫႊန္ၾကားထားခဲ့တာျဖစ္ပါတယ္။
ေနအိမ္မွာ ၁၄ ရက္တာေစာင့္ၾကည့္ၿပီးသီးသန႔္ေနထိုင္ဖို႔ ၫႊန္ၾကားခဲ့ေပမယ့္လည္း မလိုက္နာသူေတြ လည္းရွိခဲ့တာေၾကာင့္ ရပ္႐ြာေနထိုင္သူေတြနဲ႔ ေနရပ္ျပန္လာသူေတြၾကား အခ်င္းမ်ားတာ ေတြလည္းရွိခဲ့ပါတယ္။
' ' အခုက ျပန္လာသူေတြကိုလည္း အဖ်ားတိုင္းတာေလာက္ပဲလုပ္ႏိုင္တာ။ ကိုဗစ္-၁၉ လကၡဏာကလည္း ခ်က္ျခင္းျပတာမဟုတ္ေတာ့ သူတို႔မွာ ေရာဂါကူးစက္ခံထားရတာရွိမရွိကလည္း မေသခ်ာဘူး။ ဒါေၾကာင့္ ျပည္သူေတြမွာလည္း စိုးရိမ္မႈေတြကပိုပိုမ်ားလာတယ္။ ဒါေၾကာင့္ ဒီဝင္လာတဲ့သူေတြကို ၁၄ ရက္ေစာင့္ၾကည့္ဖို႔ လုပ္ေနၿပီ။ လတ္တေလာ ေနရာအခက္အခဲရွိႏိုင္လို႔ အစိုးရက ျပန္မလာၾကေသးဖို႔ပန္ၾကားရတာျဖစ္ပါတယ္''လို႔လည္း ျမဝတီၿမိဳ႕လႊတ္ေတာ္ကိုယ္စားလွယ္ဦးသန႔္ဇင္ေအာင္ကရွင္းျပပါတယ္။
ထိုင္းႏိုင္ငံမွာ အလုပ္သြားေရာက္လုပ္ကိုင္ေနတဲ့ျမန္မာလုပ္သားဦးေရဟာ သန္းနဲ႔ခ်ီရွိၿပီး လတ္တေလာထိုင္းႏိုင္ငံမွာလည္း ကိုဗစ္-၁၉ ကူးစက္ျပန႔္ပြားမႈအေျခအေနေၾကာင့္ ေနထိုင္ခြင့္တင္းက်ပ္တာေတြရွိေနတဲ့အတြက္ ထိုင္းေရာက္ျမန္မာလုပ္သားအမ်ားအျပားဟာ ျပည္တြင္းကို ျပန္လည္ဝင္ေရာက္တာေတြရွိေနပါတယ္။
BBC Burmese
https://www.bbc.com/burmese/burma-52116459
-----------
(Unicode)⤵⤵⤵
ဧပြီ ၁၅ရက်နောက်ပိုင်းမှပြန်လာဖို့ အစိုးရပန်ကြားပေမယ့် နယ်စပ်ဂိတ်တွေကတဆင့်ထိုင်းကပြန်လာသူတွေရှိနေဆဲ
ဓာတ်ပုံ မူပိုင် ThantZinAung
Image caption ဧပြီ ၁၅ရက် နောက်ပိုင်းမှ ပြန်လည်ဝင်ရောက်ကြဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ မတ် ၃၀ ရက်နေ့မှာ ပန်ကြား
ထိုင်းနိုင်ငံကနေပြန်ဝင်လာသူ မြန်မာနိုင်ငံသားတစ်ဦးမှာ ကိုဗစ် -၁၉ ပိုးတွေ့ရှိပြီးနောက် နယ်စပ်ဂိတ်တွေကတဆင့် ပြန်လည်ဝင်ရောက်မယ့် ပြည်ပရောက်မြန်မာရွှေ့ပြောင်း လုပ်သားတွေကို ဧပြီ ၁၅ရက် နောက်ပိုင်းမှ ပြန်လည်ဝင်ရောက်ကြဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ မတ် ၃၀ ရက်နေ့မှာ ပန်ကြားခဲ့ပါတယ်။
ဒီလိုပန်ကြားထားပေမယ့်လည်း မတ် ၃၁ ရက်နဲ့ ဧပြီ ၁ရက်နေ့မှာလည်း မြဝတီနယ်စပ်ဂိတ်ကတဆင့် ပြန်လည်ဝင်ရောက်လာသူတွေရှိနေဆဲဖြစ်တယ်လို့ မြဝတီမြို့၊ ကရင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောပါတယ်။
' ' နေ့လယ်ပိုင်းထိကို လူ ခြောက်ရာကျော်ပြန်ဝင်လာပြီးပြီ။ ဒီလူတွေက အိမ်တော့တန်းမပြန်ရဘူး။ အစိုးရစီစဉ်တဲ့နေရာမှာ ၁၄ ရက်စောင့်ကြည့်ပြီးမှပြန်ရမယ်။ '' လို့ ဦးသန့်ဇင်အောင်က မတ် ၃၁ ရက်နေ့က ပြန်လည်ဝင်ရောက်လာတဲ့အခြေအနေကို ပြောပြပါတယ်။
ဓာတ်ပုံ မူပိုင် ThantZinAung
Image caption ၁၄ ရက်တာစောင့်ကြပ်ကြည့်ရှုဖို့နေရာတွေပြင်ဆင်နေ
မြန်မာနိုင်ငံမှာ မတ် ၃၁ ရက်နေ့အထိ ကျန်းမာရေးနဲ့အားကာစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ ကိုဗစ် -၁၉ ပိုးတွေ့ လူနာ ၁၅ဦးရှိလာပြီဖြစ်ပါတယ်။ အဆိုပါပိုးတွေ့လူနာတွေထဲမှာ မြဝတီနယ်စပ်ဂိတ်ကတဆင့် ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသားတစ်ဦးလည်းပါဝင်ပါတယ်။
' ' အစိုးရအနေနဲ့က ပန်ကြားတာဖြစ်လို့ ပြန်မလာနဲ့တော့လို့တော့ တားလို့မရဘူး။ အမိန့် ညွှန်ကြားချက် မဟုတ်တော့။ ဒီလူတွေ လတ်တလောပြန်လာရင်တော့ နေရာအခက်အခဲရှိမယ်။ လတ်တလောမှာ မြဝတီ ဘားအံ၊ ကော့ကရိတ် တွေမှာ ထားဖို့တော့ နေရာတွေပြင်ဆင်ထားတယ်။ ကျွန်တော်တို့ပြည်နယ်အနေနဲ့ အများဆုံး လက်ခံနိုင် လူ ၂၀၀၀ စာပေါ့။ ဒါကြောင့် အစိုးရက နေရာတွေပြင်ဆင်ပြီးမှ ပြန်ဝင်လာဖို့ ပန်ကြားတာကို ထိုင်းရောက်မြန်မာတွေလည်း နားလည်ကြမယ်လို့ မျှော်လင့်တယ်''လို့ ပြည်တော်ပြန်မြန်မာ အလုပ်သမားတွေ စောင့်ကြည့်မယ့် နေရာအခြေအနေနဲ့ပတ်သက်ပြီး ဦးသန့်ဇင်အောင်ကရှင်းပြပါတယ်။
ဓာတ်ပုံ မူပိုင် ThntZinAung
Image caption ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သား သန်းနဲ့ချီရှိ
ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကာလအတွင်း ထိုင်း-မြန်မာချစ်ကြည်ရေး တံတားအမှတ် ၂တစ်ခုတည်းကနေ ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာလုပ်သားအရေအတွက်ဟာ သုံးသောင်း ခုနှစ်ထောင်ကျော်ထိရှိခဲ့ပြီး မတ် ၃၁ ရက်နေ့မတိုင်ခင်ထိ ပြန်ဝင်လာသူတွေဟာ မိမိတို့ရဲ့ နေအိမ်မှာပဲ ၁၄ ရက်တာစောင့်ကြည့်ဖို့ ညွှန်ကြားထားခဲ့တာဖြစ်ပါတယ်။
နေအိမ်မှာ ၁၄ ရက်တာစောင့်ကြည့်ပြီးသီးသန့်နေထိုင်ဖို့ ညွှန်ကြားခဲ့ပေမယ့်လည်း မလိုက်နာသူတွေ လည်းရှိခဲ့တာကြောင့် ရပ်ရွာနေထိုင်သူတွေနဲ့ နေရပ်ပြန်လာသူတွေကြား အချင်းများတာ တွေလည်းရှိခဲ့ပါတယ်။
' ' အခုက ပြန်လာသူတွေကိုလည်း အဖျားတိုင်းတာလောက်ပဲလုပ်နိုင်တာ။ ကိုဗစ်-၁၉ လက္ခဏာကလည်း ချက်ခြင်းပြတာမဟုတ်တော့ သူတို့မှာ ရောဂါကူးစက်ခံထားရတာရှိမရှိကလည်း မသေချာဘူး။ ဒါကြောင့် ပြည်သူတွေမှာလည်း စိုးရိမ်မှုတွေကပိုပိုများလာတယ်။ ဒါကြောင့် ဒီဝင်လာတဲ့သူတွေကို ၁၄ ရက်စောင့်ကြည့်ဖို့ လုပ်နေပြီ။ လတ်တလော နေရာအခက်အခဲရှိနိုင်လို့ အစိုးရက ပြန်မလာကြသေးဖို့ပန်ကြားရတာဖြစ်ပါတယ်''လို့လည်း မြဝတီမြို့လွှတ်တော်ကိုယ်စားလှယ်ဦးသန့်ဇင်အောင်ကရှင်းပြပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်နေတဲ့မြန်မာလုပ်သားဦးရေဟာ သန်းနဲ့ချီရှိပြီး လတ်တလောထိုင်းနိုင်ငံမှာလည်း ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုအခြေအနေကြောင့် နေထိုင်ခွင့်တင်းကျပ်တာတွေရှိနေတဲ့အတွက် ထိုင်းရောက်မြန်မာလုပ်သားအများအပြားဟာ ပြည်တွင်းကို ပြန်လည်ဝင်ရောက်တာတွေရှိနေပါတယ်။
BBC Burmese
https://www.bbc.com/burmese/burma-52116459
ဧၿပီ ၁၅ရက္ေနာက္ပိုင္းမွျပန္လာဖို႔ အစိုးရပန္ၾကားေပမယ့္ နယ္စပ္ဂိတ္ေတြကတဆင့္ထိုင္းကျပန္လာသူေတြရွိေနဆဲ
Reviewed by THITHTOOLWIN
on
20:12
Rating: