---------------------------------------------------
(Unicode)⤵⤵⤵
ဗြိတိသျှ လေကြောင်းလိုင်း BA ရဲ့ ဝန်ထမ်းသုံးသောင်းကျော်ကို အလုပ်ခေတ္တရပ်ဆိုင်းမယ်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေမြင့်မားနေသလို၊ သေဆုံးမှုနှုန်းတွေလည်း မြင့်နေတဲ့ ဗြိတိန်နိုင်ငံရဲ့ ဗြိတိသျှ လေကြောင်းလိုင်း BA က သူတို့ရဲ့ ဝန်ထမ်းတွေထဲက သုံးသောင်းခြောက်ထောင်လောက်ကို အလုပ်ကနေ ခေတ္တရပ်ဆိုင်းရဖို့ရှိနေပါတယ်။
ဗိုင်းရပ်စ်ပြဿနာကြောင့် လုပ်သားတွေလျော့ချဖို့အတွက် Unite the Union ဆိုတဲ့အလုပ်သမားကိစ္စတွေ ဖြေရှင်းပေးတဲ့ အဖွဲ့နဲ့ ဗြိတိသျှ လေကြောင်းလိုင်းတို့ ၂ ပတ်ကြာ ဆွေးနွေးခဲ့ရပါတယ်။
နှစ်ဖက်စလုံးကကျယ်ပြန့်သောသဘောတူညီမှုရရှိပြီးပေမယ့် အသေးစိတ်အချက်အလက်အချို့ ကိုတော့လက်မှတ်မထိုးရသေးပါဘူး။
သဘောတူချက်အရ BA လေယာဉ်အမှုထမ်း ၈၀ ရာခိုင်နှုန်းခန့်၊ မြေပြင် ၀ န်ထမ်းတွေ အင်ဂျင်နီယာနဲ့ ရုံးချုပ်ကအလုပ်သမားတွေကို အလုပ် ဆိုင်းငံ့ထားမှာဖြစ်ပေမယ့်လည်း အခြားနောက်ထပ် ဝန်ထမ်းတွေ ကိုထပ်လျော့ဖို့ မမျှော်လင့်ထားပါဘူး။
လေကြောင်းလိုင်းအကျပ်အတည်းမပြီးမချင်း Gatwick နှင့် London City လေဆိပ် တည်နေရာ နှစ်ခုလုံးကိုရပ်နားပြီး အဲဒီကဝန်ထမ်းတွေအပေါ်အကျိုးသက်ရောက်မှာပါ။
ထိခိုက်နစ်နာသူတွေကတော့ အစိုးရက ထောက်ပံ့တဲ့အစီအစဉ်အောက်ကနေ သူတို့ရဲ့ လစာရဲ့ ၈၀ ရာခိုင်နှုန်း တလကိုပေါင် ၂၅၀၀ေ လာက်အထိပြန်လည်ရရှိမှာလည်းဖြစ်ပါတယ်။
BBC Burmese
https://www.bbc.com/burmese/burma-52131149
Reviewed by THITHTOOLWIN
on
19:32
Rating: