ျမန္မာမွာ COVID 19 ကပ္ေရာဂါႀကီး အသြင္ျဖစ္လာဖို႔ အလားအလာရွိေၾကာင္း ၀န္ႀကီးဌာန ထုတ္ျပန္

ရန္ကုန္က လမ္းေတြကို ပိုးသတ္ေဆးျဖန္း။ (Photo by Sai Aung Main / AFP)

(Zawgyi/ Unicode)

ျမန္မာႏုိင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ ပ်ံ႕ႏွံ႔မႈ ကပ္ေရာဂါႀကီး အသြင္ျဖစ္လာဖို႔ အလားအလာ အလြန္မ်ားေနၿပီလို႔ က်န္းမာေရးနဲ႔ အားကစား ၀န္ႀကီးဌာနက တနဂၤေႏြေန႔ေန႔ ညက ေၾကညာလိုက္ပါတယ္။

ျပည္သူေတြ အေနနဲ႔ မလိုအပ္ရင္ အိမ္ျပင္ မထြက္ၾကဖို႔ကိုလည္း တနဂၤေႏြေန႔ည ေၾကညာခ်က္မွာ အစိုးရက တိုက္တြန္းထားပါတယ္။ တနဂၤေႏြေန႔ညပိုင္းမွာ COVID 19 ကူးစက္ခံ လူနာ ၂ ဦး ထပ္မံ အတည္ျပဳတဲ႔ အထဲမွာ တဦးက ထိုင္းႏုိင္ငံကေန ျပန္လည္ ေရာက္ရွိလာသူ ျဖစ္ပါတယ္။

ျမ၀တီ - မဲေဆာက္ တံတားကေန တဆင့္ မတ္လ ၁၉ ရက္ကေန ၂၈ ရက္ေန႔ အထိ တရား၀င္ ၀င္ေရာက္လာသူက ၂၃,၀၀၀ ေက်ာ္ရွိၿပီး ဒီလူေတြက ႏုိင္ငံ အႏွံ႔အျပားကို ေရာက္ရွိေနၿပီ ျဖစ္ေၾကာင္း၊ ဒီလူေတြမွာ COVID 19 ကူးစက္ခံထားရသူမ်ား ပါ၀င္ႏုိင္ေျခ မ်ားတယ္လို႔ အစိုးရ က်န္းမာေရး ၀န္ႀကီးဌာန ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

ထိုင္းက ျပန္လာသူေတြရဲ႕ စာရင္းေတြကို ေဒသႏၱရ အုပ္ခ်ဳပ္ေရး အဖြဲ႔ေတြထံ ပို႔ၿပီး အသြားအလာ ကန္႔သတ္မႈ၊ ေရာဂါ ေစာင့္ၾကည့္ၾကည့္ရႈမႈေတြ အရွိန္အဟုန္ျဖင့္ ေဆာင္ရြက္ဖို႔ကိုလည္း တိုက္တြန္းထားပါတယ္။ အသြားအလာ ကန္႔သတ္ခံထားရသူေတြ အေနနဲ႔ အေသအခ်ာ လိုက္နာဖို႔၊ အာဏာပိုင္ေတြဘက္က အေသအခ်ာ စည္းၾကပ္ဖို႔လည္း ညႊန္ၾကားထားပါတယ္။

(Unicode)

မြန်မာမှာ COVID 19 ကပ်ရောဂါကြီး အသွင်ဖြစ်လာဖို့ အလားအလာရှိကြောင်း ဝန်ကြီးဌာန ထုတ်ပြန်

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှု ကပ်ရောဂါကြီး အသွင်ဖြစ်လာဖို့ အလားအလာ အလွန်များနေပြီလို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက တနင်္ဂနွေနေ့နေ့ ညက ကြေညာလိုက်ပါတယ်။ ပြည်သူတွေ အနေနဲ့ မလိုအပ်ရင် အိမ်ပြင် မထွက်ကြဖို့ကိုလည်း တနင်္ဂနွေနေ့ည ကြေညာချက်မှာ အစိုးရက တိုက်တွန်းထားပါတယ်။

တနင်္ဂနွေနေ့ညပိုင်းမှာ COVID 19 ကူးစက်ခံ လူနာ ၂ ဦး ထပ်မံ အတည်ပြုတဲ့ အထဲမှာ တဦးက ထိုင်းနိုင်ငံကနေ ပြန်လည် ရောက်ရှိလာသူ ဖြစ်ပါတယ်။ မြဝတီ - မဲဆောက် တံတားကနေ တဆင့် မတ်လ ၁၉ ရက်ကနေ ၂၈ ရက်နေ့ အထိ တရားဝင် ဝင်ရောက်လာသူက ၂၃,၀၀၀ ကျော်ရှိပြီး ဒီလူတွေက နိုင်ငံ အနှံ့အပြားကို ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ဒီလူတွေမှာ COVID 19 ကူးစက်ခံထားရသူများ ပါဝင်နိုင်ခြေ များတယ်လို့ အစိုးရ ကျန်းမာရေး ဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြပါတယ်။

ထိုင်းက ပြန်လာသူတွေရဲ့ စာရင်းတွေကို ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့တွေထံ ပို့ပြီး အသွားအလာ ကန့်သတ်မှု၊ ရောဂါ စောင့်ကြည့်ကြည့်ရှုမှုတွေ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ အသွားအလာ ကန့်သတ်ခံထားရသူတွေ အနေနဲ့ အသေအချာ လိုက်နာဖို့၊ အာဏာပိုင်တွေဘက်က အသေအချာ စည်းကြပ်ဖို့လည်း ညွှန်ကြားထားပါတယ်။

VOA (Burmese)
https://burmese.voanews.com/a/myanmar-covid-19-warn-big-outbreak-ministry-of-health/5350884.htmla
ျမန္မာမွာ COVID 19 ကပ္ေရာဂါႀကီး အသြင္ျဖစ္လာဖို႔ အလားအလာရွိေၾကာင္း ၀န္ႀကီးဌာန ထုတ္ျပန္ ျမန္မာမွာ COVID 19 ကပ္ေရာဂါႀကီး အသြင္ျဖစ္လာဖို႔ အလားအလာရွိေၾကာင္း ၀န္ႀကီးဌာန ထုတ္ျပန္ Reviewed by THITHTOOLWIN on 04:58 Rating: 5
Powered by Blogger.