နယူးေယာက္ၿမိဳ႕ အမ်ားျပည္သူသံုးဘတ္စ္ကားယာဥ္လိုင္းစီမံေရးမွဴး ဦးေဇာ္လင္းေက်ာ္ (ဓာတ္ပံု - Zaw Lin Kyaw's Facebook) |
(Zawgyi/Unicode)
COVID-19 ကို ကာကြယ္ဖို႔ အေမရိကန္ႏို္င္ငံတဝန္းက ဝန္ထမ္း အလုပ္သမား အမ်ားအျပား ကိုယ့္ ေနအိမ္ေတြကေနပဲ ေန႔စဥ္အလုပ္ေတြကို လုပ္ကိုင္ေနၾကပါတယ္။ ဒါေပမဲ့ အဲဒီလို လုပ္လို႔မရၾကသူေတြထဲ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးက႑မွာ လုပ္ကိုင္သူေတြ၊ ယာဥ္စည္းကမ္းထိန္းသိမ္းေရး ရဲအရာ ရွိေတြလည္း ပါဝင္ပါတယ္။ ဒီထဲကမွ နယူးေယာက္ၿမိဳ႕ေတာ္ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးနဲ႔ ယာဥ္စည္းကမ္းထိန္းသိမ္းေရး ပိုင္းမွာ လုပ္ကိုင္ေနၾကသူေတြ ဘယ္လို လုပ္ေနၾကရသလဲဆိုတာ က်မ ဆုမြန္က ဆက္သြယ္ေမးျမန္းထားတာ ေျပာျပပါမယ္။
ကမာၻ႔ကပ္ေရာဂါ COVID-19 အေမရိကန္ျပည္ေထာင္စုတဝွမ္း ကူးစက္ပ်ံ႕ႏွံ႔သူေပါင္း ၆၉,၀၀၀ ေက်ာ္အထိျဖစ္လာၿပီး ေသဆံုးသူေပါင္း ၉၀၀ ေက်ာ္ရွိသြားၿပီျဖစ္ပါတယ္။ နယူးေယာက္ၿမိဳ႕ေတာ္မွာ ကူးစက္သူနဲ႔ ေသဆံုးသူကလည္း ပိုျမင့္တက္လာေနခ်ိန္မွာေတာ့ အသြားအလာမရွိေတာ့သေလာက္ ေျခာက္ကပ္သြားၿပီျဖစ္တဲ့ ၿမိဳ႕ေတာ္ၾကီးထဲ ယာဥ္ေၾကာယာဥ္လိုင္း ဆက္သြယ္ေရးတာဝန္ခံေတြနဲ႔ ယာဥ္စည္းကမ္းထိန္းသိမ္းေရး တာဝန္ယူ ထားသူေတြကေတာ့ ျပင္ပ လမ္းမေတြထက္မွာ မျဖစ္မေန တာဝန္ထမ္းေဆာင္ရသူဝန္ထမ္း Essential Worker ေတြအျဖစ္ အလုပ္လုပ္ကိုင္ေနရဆဲ အေနအထားျဖစ္ပါတယ္။
နယူးေယာက္ၿမိဳ႕ေတာ္က Metropolitan Transportation Authority (MTA)- Department of Buses အမ်ားျပည္သူသံုးဘတ္စ္ကားယာဥ္လိုင္းစီမံေရးမွဴး ဦးေဇာ္လင္းေက်ာ္က အခုလက္ရွိ နယူးေယာက္ၿမိဳ႕ေတာ္တြင္း စီမံေဆာင္ရြက္ထားရွိမႈေတြကို အခုလိုရွင္းျပပါတယ္။
နယူးေယာက္ၿမိဳ႕ အမ်ားျပည္သူသံုးဘတ္စ္ကားယာဥ္လိုင္းစီမံေရးမွဴး ဦးေဇာ္လင္းေက်ာ္ (ဓာတ္ပံု - Zaw Lin Kyaw's Facebook) |
အခု ၿမိဳ႕တြင္းေျပးဆြဲတဲ့ ဘတ္စ္ကားလိုင္းေတြမွာ ယာဥ္စီးခေတြက Bus fare အကုန္လံုး ဖရီးျဖစ္သြားၿပီ။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တို႔က ပံုမွန္ဆိုရင္ ယာဥ္ေရွ႕ေပါက္ကေန တက္တယ္ Bus fare box ဘတ္စ္ကားဖိုးေပးတယ္။ ကဒ္ျပားေတြ ေနာက္ အေၾကြေစ့ေတြ ေငြေတြနဲ႔ ေပးတယ္ေပါ့။ ၿပီးရင္ ေနာက္ေပါက္ကေန ဆင္းတယ္။ အခုက်ေတာ့ ေရွ႕ေပါက္ကို လံုးဝကို ေပးမသံုးေတာ့ဘူး။ သေဘာကေတာ့ ေရွ႕ေပါက္ကို လံုးဝ ေပးမသံုးေတာ့ပဲနဲ႔ တက္တာေရာ ဆင္းတာေရာ လုပ္တယ္။ ဒါကေတာ့ Operator Safety ယာဥ္ေမာင္းရဲ႕ က်န္းမာေရးလံုျခံဳေရးအရေပါ့ၿမိဳ႕ေတာ္ဝန္ Governor ေနာက္ ေျပာတဲ့အတိုင္း Social Distance ကို ယာဥ္ေမာင္းရဲ႕ ေနာက္ခံုကေန စၿပီး သံုးလိုင္းကို ပိတ္ပစ္လိုက္တယ္။ သံၾကိဳးနဲ႔ ခတ္ထားလိုက္ၿပီးေတာ့ ေနာက္ေပါက္တခုတည္းပဲ အတင္အခ် လုပ္တယ္။ ေနာက္ က်န္းမာေရးပညာေပးအေနနဲ႔ ခရီးသည္နဲ႔ အကြာအေဝး ခြာေနဖို႔ ပံုမွန္လက္ေဆးဖို႔ ညႊန္ၾကားထားတယ္။
နယူးေယာက္မွာေတာ့ Stay home လုပ္ခုိင္းတာအရမ္းထိေရာက္ပါတယ္။ ေနအိမ္ေတြမွာပဲ ေနခိုင္းလိုက္တာက ေတာ္ေတာ္ေကာင္းတယ္။ ဌာနဆိုင္ရာေတာ္ေတာ္မ်ားမ်ားကို ေနအိိမ္ကေနပဲ အလုပ္လုပ္ခိုင္းလိုက္ေတာ့ ၿမိဳ႕တြင္းမွာက ပံုမွန္သြားလာေနတဲ့ သူရာခိုင္နႈန္းက ေတာ္ေတာ္ေလးကို မရွိသေလာက္ကိုနည္းသြားတယ္။ မျဖစ္မေန တာဝန္ထမ္းေဆာင္ရသူဝန္ထမ္း Essential Worker ေတြေလာက္ပဲ ရွိေတာ့တယ္ လူေတြကို ေတာ္ေတာ္ကို စစ္ထုတ္ပစ္လိုက္သလိုပါပဲ။”
နယူးေယာက္ၿမိဳ႕ေတာ္မွာ ယာဥ္စည္းကမ္းထိန္းသိမ္းေရး ရဲဝန္ထမ္းအျဖစ္ တာဝန္ယူေဆာင္ရြက္ေနသူ ျမန္မာအမ်ိဳးသမီး မလွလွစံကလည္း သူမတို႔ ယာဥ္ရဲအရာရွိေတြအေနနဲ႔ မရွိမျဖစ္ဝန္ထမ္းေတြအျဖစ္ မနက္မလင္းခင္ကတည္းက တာဝန္ခ်ိန္ေတြ အျပည့္ တာဝန္ယူေဆာင္ရြက္ေပးေနရတဲ့အေနအထားကို ေျပာျပပါတယ္။
မလွလွစံ (သတင္းဓာတ္ပံု - Hla Hla San's Facebook) |
အမ်ားျပည္သူ ေရာဂါမကူးစက္ရေအာင္ ေနအိမ္တြင္းမွာပဲ အတတ္နုိင္ဆံုးေနပါလို႔ ေဆာ္ၾသေနခ်ိန္ သူမတို႔အေနနဲ႔ ျပင္ပမွာ ထြက္ အလုပ္လုပ္ရခ်ိန္ က်န္းမာေ ရးအထူးသတိထားေဆာင္ရြက္ေနရတဲ့အေနအထားကိုလည္း မလွလွစံကေျပာပါတယ္။
ယာဥ္ထိန္းရဲ မလွလွစံလိုပဲ နယူးေယာက္ၿမိဳ႕ထဲ အခုအခ်ိန္အထိ ျပင္ပမွာ အလုပ္လုပ္ကိုင္ေနရဆဲ အမ်ားျပည္သူသံုးဘတ္စ္ကားယာဥ္လိုင္းစီမံေရးမွဴး ဦးေဇာ္လင္းေက်ာ္ကေရာဂါကူးစက္ျခင္းမခံရေအာင္အထူးသတိထားၿပီး သူ႔အေနနဲ႔ က်န္းမာေရးေကာင္းေအာင္ေနထိုင္သလို အိပ္ေရးဝဝအိပ္တာ။လက္ေဆးတာလိုမ်ိဳး တကိုယ္ေရသန္႔ရွင္းအထူးအေရးထားေဆာင္ရြက္သလို မ်က္ႏွာဖံုးတပ္ဆင္ျခင္း ဝန္ထမ္ းအခ်င္းခ်င္း ဆက္သြယ္ဆက္ဆံခ်ိန္ေတြမွာလည္း Social Distance ခပ္ခြာခြာေနထိုင္တာေတြကို အထူးဂရုျပဳေဆာင္ရြက္ပါတယ္လို႔ေျပာပါတယ္။
အခုခ်ိန္အထိကေတာ့ အေမရိကန္ျပည္ေထာင္စုထဲ နယူးေယာက္ၿမိဳ႕ကေတာ့ ေရာဂါကူးစက္မႈ ျပန္႔ပြားမႈနႈန္း အျမန္ဆံုးျဖစ္ေနသလို ေသဆံုးသူဦးေရကလည္း နာရီနဲ႔အလိုက္ျမင့္တက္လာေနခ်ိန္လည္းျဖစ္ပါတယ္။
[Unicode Version]
COVID-19 အန္တရာယ်ကြား နယူးယောက်မှာ အပြင်ထွက် အလုပ်လုပ်နေကြရ
COVID-19 ကို ကာကွယ်ဖို့ အမေရိကန်နိုင်ငံတဝန်းက ဝန်ထမ်း အလုပ်သမား အများအပြား ကိုယ့် နေအိမ်တွေကနေပဲ နေ့စဉ်အလုပ်တွေကို လုပ်ကိုင်နေကြပါတယ်။ ဒါပေမဲ့ အဲဒီလို လုပ်လို့မရကြသူတွေထဲ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ လုပ်ကိုင်သူတွေ၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲအရာ ရှိတွေလည်း ပါဝင်ပါတယ်။ ဒီထဲကမှ နယူးယောက်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေးနဲ့ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ပိုင်းမှာ လုပ်ကိုင်နေကြသူတွေ ဘယ်လို လုပ်နေကြရသလဲဆိုတာ ကျမ ဆုမွန်က ဆက်သွယ်မေးမြန်းထားတာ ပြောပြပါမယ်။
ကမ္ဘာ့ကပ်ရောဂါ COVID-19 အမေရိကန်ပြည်ထောင်စုတဝှမ်း ကူးစက်ပျံ့နှံ့သူပေါင်း ၆၉,၀၀၀ ကျော်အထိဖြစ်လာပြီး သေဆုံးသူပေါင်း ၉၀၀ ကျော်ရှိသွားပြီဖြစ်ပါတယ်။ နယူးယောက်မြို့တော်မှာ ကူးစက်သူနဲ့ သေဆုံးသူကလည်း ပိုမြင့်တက်လာနေချိန်မှာတော့ အသွားအလာမရှိတော့သလောက် ခြောက်ကပ်သွားပြီဖြစ်တဲ့ မြို့တော်ကြီးထဲ ယာဉ်ကြောယာဉ်လိုင်း ဆက်သွယ်ရေးတာဝန်ခံတွေနဲ့ ယာဉ်စည်းကမ်းထိန်းသိမ်းရေး တာဝန်ယူ ထားသူတွေကတော့ ပြင်ပ လမ်းမတွေထက်မှာ မဖြစ်မနေ တာဝန်ထမ်းဆောင်ရသူဝန်ထမ်း Essential Worker တွေအဖြစ် အလုပ်လုပ်ကိုင်နေရဆဲ အနေအထားဖြစ်ပါတယ်။
နယူးယောက်မြို့တော်က Metropolitan Transportation Authority (MTA)- Department of Buses အများပြည်သူသုံးဘတ်စ်ကားယာဉ်လိုင်းစီမံရေးမှူး ဦးဇော်လင်းကျော်က အခုလက်ရှိ နယူးယောက်မြို့တော်တွင်း စီမံဆောင်ရွက်ထားရှိမှုတွေကို အခုလိုရှင်းပြပါတယ်။
“ကျနော့်တာဝန်ကတော့ Dispatcher- Supervisor ပါ။ ယာဉ်သွားလာရေးက နှစ်ပိုင်းရှိပါတယ်။ နယူးယောက်စီးတီး Transit ရဲ့ မြို့တွင်း အောက်မှာ Five Boroughsမှာပေါ့ Subway ရှိတယ်။ Staten Island နဲ့ Manhattan ဖယ်ရီရှိတယ်။ နယူးယောက်စီးတီးထဲ Five Boroughs မှာဆိုရင် မက်ဟမ်တန် ကွင်းစ် ဘရုကလင်မ်မှာ ဘတ်စ်ကားလိုင်းတွေရှိတယ်။ ပြီးတော့ EXPRESS လိုင်းတွေလည်း ရှိတာပေါ့။ Subway မှာဆိုရင် ဒီနေ့အထိရှိရင် သုံးလိုင်းကို suspended လုပ်ထားတယ် ယာယီရပ်ထားတာပေါ့။ ဘတ်စ်ကားတွေကတော့ Fully Schedule ၂၄ နာရီအပြည့် နေ့စဉ်ပြေးဆွဲပေးနေပါတယ်။"
အခု မြို့တွင်းပြေးဆွဲတဲ့ ဘတ်စ်ကားလိုင်းတွေမှာ ယာဉ်စီးခတွေက Bus fare အကုန်လုံး ဖရီးဖြစ်သွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ပုံမှန်ဆိုရင် ယာဉ်ရှေ့ပေါက်ကနေ တက်တယ် Bus fare box ဘတ်စ်ကားဖိုးပေးတယ်။ ကဒ်ပြားတွေ နောက် အကြွေစေ့တွေ ငွေတွေနဲ့ ပေးတယ်ပေါ့။ ပြီးရင် နောက်ပေါက်ကနေ ဆင်းတယ်။ အခုကျတော့ ရှေ့ပေါက်ကို လုံးဝကို ပေးမသုံးတော့ဘူး။ သဘောကတော့ ရှေ့ပေါက်ကို လုံးဝ ပေးမသုံးတော့ပဲနဲ့ တက်တာရော ဆင်းတာရော လုပ်တယ်။ ဒါကတော့ Operator Safety ယာဉ်မောင်းရဲ့ ကျန်းမာရေးလုံခြုံရေးအရပေါ့မြို့တော်ဝန် Governor နောက် ပြောတဲ့အတိုင်း Social Distance ကို ယာဉ်မောင်းရဲ့ နောက်ခုံကနေ စပြီး သုံးလိုင်းကို ပိတ်ပစ်လိုက်တယ်။ သံကြိုးနဲ့ ခတ်ထားလိုက်ပြီးတော့ နောက်ပေါက်တခုတည်းပဲ အတင်အချ လုပ်တယ်။ နောက် ကျန်းမာရေးပညာပေးအနေနဲ့ ခရီးသည်နဲ့ အကွာအဝေး ခွာနေဖို့ ပုံမှန်လက်ဆေးဖို့ ညွှန်ကြားထားတယ်။
နယူးယောက်မှာတော့ Stay home လုပ်ခိုင်းတာအရမ်းထိရောက်ပါတယ်။ နေအိမ်တွေမှာပဲ နေခိုင်းလိုက်တာက တော်တော်ကောင်းတယ်။ ဌာနဆိုင်ရာတော်တော်များများကို နေအိမ်ကနေပဲ အလုပ်လုပ်ခိုင်းလိုက်တော့ မြို့တွင်းမှာက ပုံမှန်သွားလာနေတဲ့ သူရာခိုင်နှုန်းက တော်တော်လေးကို မရှိသလောက်ကိုနည်းသွားတယ်။ မဖြစ်မနေ တာဝန်ထမ်းဆောင်ရသူဝန်ထမ်း Essential Worker တွေလောက်ပဲ ရှိတော့တယ် လူတွေကို တော်တော်ကို စစ်ထုတ်ပစ်လိုက်သလိုပါပဲ။”
နယူးယောက်မြို့တော်မှာ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲဝန်ထမ်းအဖြစ် တာဝန်ယူဆောင်ရွက်နေသူ မြန်မာအမျိုးသမီး မလှလှစံကလည်း သူမတို့ ယာဉ်ရဲအရာရှိတွေအနေနဲ့ မရှိမဖြစ်ဝန်ထမ်းတွေအဖြစ် မနက်မလင်းခင်ကတည်းက တာဝန်ချိန်တွေ အပြည့် တာဝန်ယူဆောင်ရွက်ပေးနေရတဲ့အနေအထားကို ပြောပြပါတယ်။
“အခုကတော့ အမတို့က Patrol လုပ်ရတယ်။ လမ်းပေါ်မှာ ယာဉ်အသွားအလာက လုံးဝ မရှိတော့ဘူး။ ယာဉ်အသွားအလာလုံးဝ မရှိတော့ violation မရှိဘူး။ လျော့နည်းသွားတယ်။ အမတို့ Police Department က ရဲနဲ့လည်း အချိတ်အဆက်ကရှိတယ်။ Fire Department မိးသတ်ဌာနနဲ့လည်း အချိတ်အဆက်လုပ်ထားတယ် EMS - Emergency Medical Service အရေးပေါ်ဌာနနဲ့လည်း အချိတ်အဆက်ရှိတယ်ဆိုတော့ လမ်းမှာ အကူအညီတခုခုလိုလို့ လူနာတွေ အရေးပေါ် ပို့ဖို့ အရေးကြီးလာရင် အမတို့ရဲတွေရဲ့လင့်တွေနဲ့ သူတို့ကိုလမ်းကြောင်းပေါ်ခေါ်ပြီးတော့ ကူညီပေးရတာပေါ့နော်။ အဲ့ဒီ့အတွက်ကို အင်အားဖြည့်ပြီးတော့ ကူညီပေးနေရတာ။”
အများပြည်သူ ရောဂါမကူးစက်ရအောင် နေအိမ်တွင်းမှာပဲ အတတ်နိုင်ဆုံးနေပါလို့ ဆော်သြနေချိန် သူမတို့အနေနဲ့ ပြင်ပမှာ ထွက် အလုပ်လုပ်ရချိန် ကျန်းမာေ ရးအထူးသတိထားဆောင်ရွက်နေရတဲ့အနေအထားကိုလည်း မလှလှစံကပြောပါတယ်။
ယာဉ်ထိန်းရဲ မလှလှစံလိုပဲ နယူးယောက်မြို့ထဲ အခုအချိန်အထိ ပြင်ပမှာ အလုပ်လုပ်ကိုင်နေရဆဲ အများပြည်သူသုံးဘတ်စ်ကားယာဉ်လိုင်းစီမံရေးမှူး ဦးဇော်လင်းကျော်ကရောဂါကူးစက်ခြင်းမခံရအောင်အထူးသတိထားပြီး သူ့အနေနဲ့ ကျန်းမာရေးကောင်းအောင်နေထိုင်သလို အိပ်ရေးဝဝအိပ်တာ။လက်ဆေးတာလိုမျိုး တကိုယ်ရေသန့်ရှင်းအထူးအရေးထားဆောင်ရွက်သလို မျက်နှာဖုံးတပ်ဆင်ခြင်း ဝန်ထမ် းအချင်းချင်း ဆက်သွယ်ဆက်ဆံချိန်တွေမှာလည်း Social Distance ခပ်ခွာခွာနေထိုင်တာတွေကို အထူးဂရုပြုဆောင်ရွက်ပါတယ်လို့ပြောပါတယ်။
အခုချိန်အထိကတော့ အမေရိကန်ပြည်ထောင်စုထဲ နယူးယောက်မြို့ကတော့ ရောဂါကူးစက်မှု ပြန့်ပွားမှုနှုန်း အမြန်ဆုံးဖြစ်နေသလို သေဆုံးသူဦးရေကလည်း နာရီနဲ့အလိုက်မြင့်တက်လာနေချိန်လည်းဖြစ်ပါတယ်။
မဆုမြန္/VOA (Burmese)
https://burmese.voanews.com
COVID-19 အႏၲရာယ္ၾကား နယူးေယာက္မွာ အျပင္ထြက္ အလုပ္လုပ္ေနၾကရ
Reviewed by THITHTOOLWIN
on
01:16
Rating: