(Zawgyi)⤵⤵⤵
မန္တလေး၊ မတ် ၃၀
https://www.facebook.com/GoldenTriangleRegionalNews/
--------------
(Unicode)⤵⤵⤵
COVID- 19 ရောဂါပိုးရှိသူ အမေရိကန်နိုင်ငံသား၏ ဇနီးဖြစ်သူကို လဝကဥပဒေဖြင့် အရေးယူမည်
မန္တလေး၊ မတ် ၃၀
Covid - 19 ရောဂါပိုးရှိသူ အမေရိကန်နိုင်ငံသား လာရောက် နေထိုင်ကြောင်း သတင်းပို့ရန် ပျက်ကွက်တဲ့ ၎င်းရဲ့ ဇနီးဖြစ်သူကို လဝကဥပဒေဖြင့် အရေးယူသွားမယ်လို့ ချမ်းမြသာစည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ဆိုပါတယ်။
၎င်းCOVID - 19 ရောဂါပိုးရှိသူ အမေရိကန်နိုင်ငံသားမှာ မြန်မာလူမျိုးဖြစ်ပြီး ၎င်းနေအိမ်ကိုရောက်ရှိနေထိုင်ကြောင်းကို အကြောင်းကြားဖို့ ပျက်ကွက်ခဲ့တဲ့ တွက်၎င်းရဲ့ နီးဖြစ်သူအိမ်ရှင်အမျိုးသမီးကို အရေးယူမည်ဖြစ်သော်လည်း ၊ လက်ရှိ အဆိုပါအမျိုးသမီးမှာ စောင့်ကြည့်လူနာဖြစ်နေတယ်လို့ သိရပါတယ်။
" တရားစွဲဖို့စီစဉ်ပြီးပါပြီ ခုအခြေအနေအရ စစ်ဆေးချက်ယူလို့ မရသေးဘူး ကျနော်တို့လည်း သွားလို့မရသေးဘူး အခုစမ်းသပ်ကာလကျော်လို့ အပြင်ကိုထွက်ခွင့်ရရင် အရေးယူမယ်" လို့ ဌာနဦးစီးမှုး ဦးကျော်ဌေးမင်းက ပြောပါတယ်။
လက်ရှိ အဆိုပါအမျိုးသမီးကို ကန်တော်နဒီဆေးရုံမှာ စောင့်ကြည့်လူနာအနေဖြင့်ထားရှိကာ စောင့်ကြည့်ကာလကျော်လွန်၍ အပြင်ကိုရောက်ရှိလာချိန်မှာ တရားစွဲဆိုမှုကို ဆက်လက်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
သို့သော်လည်း ရောဂါပိုးတွေ့ရှိခဲ့သူ အမျိုးသားမှာ အမေရိကန်နိုင်ငံသား ခံယူထားတဲ့အပြင် မြန်မာနိုင်ငံသို့ တရားဝင် ဝင်ရောက်လာတာဖြစ်တာက်ကြောင့် အရေးယူဖို့ မရှိဘူးလို့ ဆိုပါတယ်။
လက်ရှိမှာတော့ ၎င်းရဲ့မိသားစုဝင် ၇ ယောက်ကိုစောင့်ကြည့်အနေဖြင့်ထားရှိပြီး ၎င်းးနေထိုင်တဲ့ အခန်း ၁၆ လန်းပါ တိုက်တန်းကို ၁၄ ရက် အဝင်အထွက်ကန့်သတ်ထားတယ်လို့ သိရပါတယ်။
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

Reviewed by THITHTOOLWIN
on
20:56
Rating:
![COVID- 19 ရောဂါပိုးရှိသူ အမေရိကန်နိုင်ငံသား၏ ဇနီးဖြစ်သူကို လဝကဥပဒေဖြင့် အရေးယူမည်](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZdOCDD1EIJ1h9c3pd4PRAM69SCRSV4vkKAGz0z0RaNOsrtwEo8tpE6xtOZQidaJkfgxTPV9c68wiDpBcKfeCBb5A8fDfuo0bZXO3yLjAXXhWlFOHy8QvWiWpqEl447gML0HTabTvlCrE/s72-c/2.jpg)