COVID-19 ဒဏ္ အဆုိးရြားဆုံးခံရႏုိင္တဲ့ သက္ႀကီးရြယ္အုိေတြအတြက္ ႀကိဳတင္ျပင္မႈ

(မွတ္တမ္းဓါတ္ပံု -ဇြန္လ ၁၃ ရက္ ၂၀၁၂)

(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါဟာ အေတာ္ေလး ကူးစက္ပ်ံႏွံလြယ္တယ္ဆိုေပမယ့္ သက္ႀကီး႐ြယ္အိုေတြနဲ႔ ေရာဂါအခံရွိသူေတြအတြက္ ပိုၿပီး အသက္အႏၲရာယ္ႀကီးပါတယ္။ ဒါေၾကာင့္ ကို႐ိုနာဗိုင္းရပ္ပိုး စတင္ေတြ႕ေနတဲ့ ျမန္မာႏိုင္ငံမွာ ဒီလို သက္ႀကီး႐ြယ္အိုေတြနဲ႔ ကိုယ္ခံအားနည္းသူေတြကို ကူးစက္မႈမရွိေအာင္ ဘာေတြ ျပင္ဆင္ေနၾကပါသလဲ ဆိုတာ မေမခက စုံစမ္းေမးျမန္းထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ပိုးက ကမာၻအႏွံ႔ကူးစက္ပ်ံႏွံမႈ အေျခအေနေတြကိုၾကည့္ရင ္ဒီပိုးေၾကာင့္ေသဆုံးသူအမ်ားဆုံးက ေရာဂါအခံရွိသူေတြ၊ လူမမာသက္ႀကီး႐ြယ္အိုေတြျဖစ္ပါ တယ္။ လက္ရွိမွာေတာ့ဘိုးဘြားရိပ္သာေတြနဲ႔ HIV/AIDS ေဝဒနာရွင္ေတြေရာဂါရွင္ ေတြရဲ႕ ေဂဟာေတြကို ဝင္ထြက္ခြင့္အခ်ိန္ကန႔္သတ္ဖို႔ အစိုးရဘက္ ကၫႊန္ၾကားထားတယ္လို႔ (NAC) HIV/AIDS ေဂဟာကို ထူေထာင္ထားတဲ့ ေဒၚျဖဴျဖဴသင္းကေျပာပါတယ္။

“လိုက္နာရမယ့္စည္းကမ္းခ်က္ေတြကလည္း ရွိေနတဲ့ သူေတြအကုန္လံုးကို ေပးထားၿပီးသား။ ဖတ္လည္းဖတ္ထားေပး ၿပီးသား။ အခုလက္ရွိကေတာ့ အလွဴရွင္ေတြကိုလည္း ေပးမဝင္ေတာ့ဘူး။ ဘယ္ျပင္ပကလူေတြကိုမွ အဝင္မခံဘူး။ ေနာက္တခုကေတာ့ အဲထဲကိုေရာက္သြားရင္ေတာ့ ပိုကူးစက္မႈ ႏႈန္းမ်ားမယ္။ ဘာေတြလုပ္သင့္တယ္ဆိုတာကေတာ့ သတ္မွတ္စည္းကမ္းေတြကို တင္းတင္း က်ပ္က်ပ္ထုတ္သင့္တယ္။ အခုလက္ရွိ ဘယ္အခ်ိန္အထိ ျဖစ္မလဲဆိုတာ မသိႏိုင္ေသးဘူး လက္တေလာေတာ့ ျမန္မာျပည္မွာ စိတ္ခ်ရတဲ့ အေနအထားေရာက္သြားတဲ့အခ်ိန္အထိ ခ်မွတ္ထားတဲ့ စည္းမ်ဥ္းေတြကိုလည္းေသခ်ာ ေလးစားလိုက္နာေအာင္ ၾကပ္မတ္သင့္တယ္။ ဒါေတြကို ေစာင့္ၾကည့္ ကြပ္ကဲတည့္မတ္သင့္တယ္လို႔ ျမင္တယ္”

အခ်ိန္နဲ႔ ေဆးထိုးေသာက္ရတဲ့ ေဝဒနာရွင္ေတြအတြက္ ဒီထပ္ပိုေကာင္းတဲ့ အစီအစဥ္ေတြႀကိဳတင္ ျပင္ဆင္သင့္တယ္လို႔သူမက ယူဆပါတယ္။ HIV/AIDS ေဝဒနာရွင္ေတြေရာဂါမကူးဖို႔ ေဆာင္႐ြက္ေပးတာ ၊ ေဆးျပတ္လတ္တာမရွိေအာင္လုပ္ေပးတာမ်ိဳး မရွိေသးဘူးလို႔ေျပာပါတယ္။ ကိုယ္တိုင္ရပ္တည္ဖို႔ခက္ခဲေနတဲ့ သက္ႀကီး႐ြယ္အိုေဂဟာ ေတြနဲ႔ပတ္သတ္ၿပီးလည္း အစိုးရဘက္က ေသခ်ာျပင္ဆင္ေပးႏိုင္တာမရွိေသးပါဘူး။ မိသားစု မရွိတဲ့ သက္ႀကီး႐ြယ္အိုေတြ စုေနရတဲ့ ဘိုးဘြားရိပ္သာေတြမွာခုခ်ိန္ထိ ဒီေရာဂါနဲ႔ ပတ္သတ္တဲ့ ကာကြယ္မႈပိုင္းကိုလည္းေသခ်ာမသိၾကပါဘူး။ ျမင္းမႈၿမိဳ႕မွာ ကိုယ္ပိုင္ ဘိုးဘြားရိပ္သာတခု ထူေထာင္ထားတဲ့ ေဒၚယူဇနခိုင္ကေတာ့ ကိုဗစ္ေရာဂါပိုးမကူးဖို႔ပိုးသတ္တာကအစ က်န္းမာေရးဌာနဘက္က စီစဥ္ေပးတာမရွိဘဲ ကိုယ္တိုင္ ကာကြယ္မႈပိုင္းကိုတတ္သေလာက္လုပ္တယ္လို႔ဆိုပါတယ္။

“ခုခ်ိန္ထိကေတာ့ဘာမွမရွိဘူး။ က်မတို႔ကဘဲဒီမွာက်န္တဲ့ ဧည့္ဝင္ထြက္ေတြပိတ္လိုက္တယ္။ အစိုးရဘက္ကေတာ့ ဘာမွလုပ္ေပးတာမရွိဘူး။ တေန႔ကက်န္းမာေရးဌာနဘက္က လာတယ္။ ဒီေရာဂါနဲ႔ပတ္သတ္တာက်မတို႔ ၀န္ထမ္းေတြကိုေတာ့ေျပာတယ္။ ဘိုးဘြားေတြကိုေတာ့ဘာမွ မေျပာသြားပါဘူးဒီမွာကေတာ့ သူနာျပဳသီးသန႔္ထားတယ္။ သီးသန႔္လုပ္ထားတာ အၿမဲလာၾကည့္ေပးပါတယ္။ အေရးေပၚကေတာ့ေဆး႐ုံ ေဆးခန္းျပပါတယ္။”

ေနာက္ထပ္ကူးနိင္တဲ့ေနရာတခုကေတာ့ အက်ဥ္းေထာင္ေတြပါဘဲ။ အက်ဥ္းသားဦးေရ ထူထပ္ေနၿပီး သင့္တင့္တဲ့ အာဟာရ မျပည့္ဝတာ၊တကိုယ္ေရ သန႔္ရွင္းမႈအတြက္ လုံေလာက္ ေအာင္မထားေပးႏိုင္တာ ေတြရွိတာမို႔ ျမန္မာႏိုင္ငံ အက်ဥ္းေထာင္ေတြမွာ COVID-19 ကူးစက္ဖို႔ လြယ္ကူေနတဲ့ အေျခအေန ျဖစ္ေနပါတယ္။ ဒါနဲ႔ပတ္သတ္လို႔ အက်ဥ္းဦးစီးကိုဆက္သြယ္ေပမယ့္ ေျဖၾကားတာမရွိပါဘူး။

ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း ကတြဲဖက္တြင္းမႈး ကိုဘိုၾကည္က ခုခ်ိန္ ထိ လူဦးေရ ေပါက္ကြဲေနတဲ့အက်ဥ္းေထာင္ေတြထဲကအေျခအေနနဲ႔ပတ္သတ္လို႔ အျမန္ဆုံး ေျဖရွင္းဖို႔လိုေနတယ္ လို႔ေျပာပါတယ္။

“ဝန္ထမ္းေတြက ေထာင္ဝင္စာလာေတြ႕ရင္ အပူခ်ိန္စစ္တယ္။ ေနာက္ၿပီး စားစရာေတြကို ပိုးသတ္ေဆးျဖန္းတာ လုပ္ၿပီးမွ ေပးတာေတြခုလုပ္ေနတယ္လို႔ေျပာတယ္။ စိတ္ပူတာက ဝန္ထမ္းအင္အားက နည္းတယ္။ အဲဒီအေပၚမွာ ဘယ္ေလာက္ထိ ယုံၾကည္ရမလဲဆိုတာ ေျပာရခက္တယ္။ က်ေနာ္တို႔အျမင္ကေတာ့ အားနည္းတယ္ လို႔ သံုးသပ္ရပါတယ္။ ပိုၿပီးေတာ့ စိုးရိမ္တယ္ ဒီဟာက အက်ဥ္းေထာင္မွာ ျဖစ္တယ္ဆိုေပမယ့္အဲထဲမွာတင္ၿပီးသြားမွာ မဟုတ္ဘူး ျပင္ပလူ႔အဖြဲ႔အစည္းကိုပါ႐ိုက္ခတ္လာမယ္။ အဲဒီဟာကို အေလးထားၿပီးေတာ့ စဥ္းစားေစခ်င္တယ္ ျပင္ဆင္သင့္ပါတယ္။”

အခုေရာဂါပိုးစေတြ႕သူေတြဟာ ေရာဂါကူးစက္မႈ ျဖစ္ေနတဲ့အျခားႏိုင္ငံေတြဆီကေန ျပန္လာသူေတြျဖစ္ေပမယ့္ ၊ႏိုင္ငံတြင္း လူအ သိုင္း အဝိုင္းၾကား ထပ္မံကူးစက္မႈေတြ မႀကဳံလာေအာင္စီမံခန႔္ခြဲမႈ ေတြနဲ႔ပတ္သက္လို႔ ေမးခြန္းေတြက ရွိေနပါတယ္။

လက္ရွိအားျဖင့္ေတာ့ ျမန္မာႏိုင္ငံမွာ COVID 19 ေရာဂါပိုး ေတြ႕ရွိသူ ၃ ဦးနဲ႔ ေစာင့္ၾကည့္နဲ႔ သံသယလူနာ အေရအတြက္က ၃၀၀နီးပါးရွိေနပါတယ္။

.........................

COVID-19 ဒဏ် အဆိုးရွားဆုံးခံရနိုင်တဲ့ သက်ကြီးရွယ်အိုတွေအတွက် ကြိုတင်ပြင်မှု

(Unicode)

COVID-19 ကပ်ရောဂါဟာ အတော်လေး ကူးစက်ပျံနှံလွယ်တယ်ဆိုပေမယ့် သက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံရှိသူတွေအတွက် ပိုပြီး အသက်အန္တရာယ်ကြီးပါတယ်။ ဒါကြောင့် ကိုရိုနာဗိုင်းရပ်ပိုး စတင်တွေ့နေတဲ့ မြန်မာနိုင်ငံမှာ ဒီလို သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအားနည်းသူတွေကို ကူးစက်မှုမရှိအောင် ဘာတွေ ပြင်ဆင်နေကြပါသလဲ ဆိုတာ မမေခက စုံစမ်းမေးမြန်းထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုးက ကမ္ဘာအနှံ့ကူးစက်ပျံနှံမှု အခြေအနေတွေကိုကြည့်ရင ်ဒီပိုးကြောင့်သေဆုံးသူအများဆုံးက ရောဂါအခံရှိသူတွေ၊ လူမမာသက်ကြီးရွယ်အိုတွေဖြစ်ပါ တယ်။ လက်ရှိမှာတော့ဘိုးဘွားရိပ်သာတွေနဲ့ HIV/AIDS ဝေဒနာရှင်တွေရောဂါရှင် တွေရဲ့ ဂေဟာတွေကို ဝင်ထွက်ခွင့်အချိန်ကန့်သတ်ဖို့ အစိုးရဘက် ကညွှန်ကြားထားတယ်လို့ (NAC) HIV/AIDS ဂေဟာကို ထူထောင်ထားတဲ့ ဒေါ်ဖြူဖြူသင်းကပြောပါတယ်။

“လိုက်နာရမယ့်စည်းကမ်းချက်တွေကလည်း ရှိနေတဲ့ သူတွေအကုန်လုံးကို ပေးထားပြီးသား။ ဖတ်လည်းဖတ်ထားပေး ပြီးသား။ အခုလက်ရှိကတော့ အလှူရှင်တွေကိုလည်း ပေးမဝင်တော့ဘူး။ ဘယ်ပြင်ပကလူတွေကိုမှ အဝင်မခံဘူး။ နောက်တခုကတော့ အဲထဲကိုရောက်သွားရင်တော့ ပိုကူးစက်မှု နှုန်းများမယ်။ ဘာတွေလုပ်သင့်တယ်ဆိုတာကတော့ သတ်မှတ်စည်းကမ်းတွေကို တင်းတင်း ကျပ်ကျပ်ထုတ်သင့်တယ်။ အခုလက်ရှိ ဘယ်အချိန်အထိ ဖြစ်မလဲဆိုတာ မသိနိုင်သေးဘူး လက်တလောတော့ မြန်မာပြည်မှာ စိတ်ချရတဲ့ အနေအထားရောက်သွားတဲ့အချိန်အထိ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကိုလည်းသေချာ လေးစားလိုက်နာအောင် ကြပ်မတ်သင့်တယ်။ ဒါတွေကို စောင့်ကြည့် ကွပ်ကဲတည့်မတ်သင့်တယ်လို့ မြင်တယ်”

အချိန်နဲ့ ဆေးထိုးသောက်ရတဲ့ ဝေဒနာရှင်တွေအတွက် ဒီထပ်ပိုကောင်းတဲ့ အစီအစဉ်တွေကြိုတင် ပြင်ဆင်သင့်တယ်လို့သူမက ယူဆပါတယ်။ HIV/AIDS ဝေဒနာရှင်တွေရောဂါမကူးဖို့ ဆောင်ရွက်ပေးတာ ၊ ဆေးပြတ်လတ်တာမရှိအောင်လုပ်ပေးတာမျိုး မရှိသေးဘူးလို့ပြောပါတယ်။ ကိုယ်တိုင်ရပ်တည်ဖို့ခက်ခဲနေတဲ့ သက်ကြီးရွယ်အိုဂေဟာ တွေနဲ့ပတ်သတ်ပြီးလည်း အစိုးရဘက်က သေချာပြင်ဆင်ပေးနိုင်တာမရှိသေးပါဘူး။ မိသားစု မရှိတဲ့ သက်ကြီးရွယ်အိုတွေ စုနေရတဲ့ ဘိုးဘွားရိပ်သာတွေမှာခုချိန်ထိ ဒီရောဂါနဲ့ ပတ်သတ်တဲ့ ကာကွယ်မှုပိုင်းကိုလည်းသေချာမသိကြပါဘူး။ မြင်းမှုမြို့မှာ ကိုယ်ပိုင် ဘိုးဘွားရိပ်သာတခု ထူထောင်ထားတဲ့ ဒေါ်ယူဇနခိုင်ကတော့ ကိုဗစ်ရောဂါပိုးမကူးဖို့ပိုးသတ်တာကအစ ကျန်းမာရေးဌာနဘက်က စီစဉ်ပေးတာမရှိဘဲ ကိုယ်တိုင် ကာကွယ်မှုပိုင်းကိုတတ်သလောက်လုပ်တယ်လို့ဆိုပါတယ်။

“ခုချိန်ထိကတော့ဘာမှမရှိဘူး။ ကျမတို့ကဘဲဒီမှာကျန်တဲ့ ဧည့်ဝင်ထွက်တွေပိတ်လိုက်တယ်။ အစိုးရဘက်ကတော့ ဘာမှလုပ်ပေးတာမရှိဘူး။ တနေ့ကကျန်းမာရေးဌာနဘက်က လာတယ်။ ဒီရောဂါနဲ့ပတ်သတ်တာကျမတို့ ဝန်ထမ်းတွေကိုတော့ပြောတယ်။ ဘိုးဘွားတွေကိုတော့ဘာမှ မပြောသွားပါဘူးဒီမှာကတော့ သူနာပြုသီးသန့်ထားတယ်။ သီးသန့်လုပ်ထားတာ အမြဲလာကြည့်ပေးပါတယ်။ အရေးပေါ်ကတော့ဆေးရုံ ဆေးခန်းပြပါတယ်။”

နောက်ထပ်ကူးနိင်တဲ့နေရာတခုကတော့ အကျဉ်းထောင်တွေပါဘဲ။ အကျဉ်းသားဦးရေ ထူထပ်နေပြီး သင့်တင့်တဲ့ အာဟာရ မပြည့်ဝတာ၊တကိုယ်ရေ သန့်ရှင်းမှုအတွက် လုံလောက် အောင်မထားပေးနိုင်တာ တွေရှိတာမို့ မြန်မာနိုင်ငံ အကျဉ်းထောင်တွေမှာ COVID-19 ကူးစက်ဖို့ လွယ်ကူနေတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ဒါနဲ့ပတ်သတ်လို့ အကျဉ်းဦးစီးကိုဆက်သွယ်ပေမယ့် ဖြေကြားတာမရှိပါဘူး။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ကတွဲဖက်တွင်းမှုး ကိုဘိုကြည်က ခုချိန် ထိ လူဦးရေ ပေါက်ကွဲနေတဲ့အကျဉ်းထောင်တွေထဲကအခြေအနေနဲ့ပတ်သတ်လို့ အမြန်ဆုံး ဖြေရှင်းဖို့လိုနေတယ် လို့ပြောပါတယ်။

“ဝန်ထမ်းတွေက ထောင်ဝင်စာလာတွေ့ရင် အပူချိန်စစ်တယ်။ နောက်ပြီး စားစရာတွေကို ပိုးသတ်ဆေးဖြန်းတာ လုပ်ပြီးမှ ပေးတာတွေခုလုပ်နေတယ်လို့ပြောတယ်။ စိတ်ပူတာက ဝန်ထမ်းအင်အားက နည်းတယ်။ အဲဒီအပေါ်မှာ ဘယ်လောက်ထိ ယုံကြည်ရမလဲဆိုတာ ပြောရခက်တယ်။ ကျနော်တို့အမြင်ကတော့ အားနည်းတယ် လို့ သုံးသပ်ရပါတယ်။ ပိုပြီးတော့ စိုးရိမ်တယ် ဒီဟာက အကျဉ်းထောင်မှာ ဖြစ်တယ်ဆိုပေမယ့်အဲထဲမှာတင်ပြီးသွားမှာ မဟုတ်ဘူး ပြင်ပလူ့အဖွဲ့အစည်းကိုပါရိုက်ခတ်လာမယ်။ အဲဒီဟာကို အလေးထားပြီးတော့ စဉ်းစားစေချင်တယ် ပြင်ဆင်သင့်ပါတယ်။”

အခုရောဂါပိုးစတွေ့သူတွေဟာ ရောဂါကူးစက်မှု ဖြစ်နေတဲ့အခြားနိုင်ငံတွေဆီကနေ ပြန်လာသူတွေဖြစ်ပေမယ့် ၊နိုင်ငံတွင်း လူအ သိုင်း အဝိုင်းကြား ထပ်မံကူးစက်မှုတွေ မကြုံလာအောင်စီမံခန့်ခွဲမှု တွေနဲ့ပတ်သက်လို့ မေးခွန်းတွေက ရှိနေပါတယ်။

လက်ရှိအားဖြင့်တော့ မြန်မာနိုင်ငံမှာ COVID 19 ရောဂါပိုး တွေ့ရှိသူ ၃ ဦးနဲ့ စောင့်ကြည့်နဲ့ သံသယလူနာ အရေအတွက်က ၃၀၀နီးပါးရှိနေပါတယ်။

ေမခ/VOA (Burmese)
https://burmese.voanews.com
COVID-19 ဒဏ္ အဆုိးရြားဆုံးခံရႏုိင္တဲ့ သက္ႀကီးရြယ္အုိေတြအတြက္ ႀကိဳတင္ျပင္မႈ COVID-19 ဒဏ္ အဆုိးရြားဆုံးခံရႏုိင္တဲ့ သက္ႀကီးရြယ္အုိေတြအတြက္ ႀကိဳတင္ျပင္မႈ Reviewed by THITHTOOLWIN on 01:13 Rating: 5
Powered by Blogger.