က်ိဳက္ထီး႐ိုးဆံေတာ္ရွင္ ပြဲေတာ္အစီအစဥ္အားလုံးကို မတ္ ၂၁ ရက္ကစၿပီး ပိတ္သိမ္းမယ္

ဘုရားပြဲေတာ္အစီအစဥ္အားလုံးကို မတ္ ၂၁ ရက္ကစၿပီး ပိတ္သိမ္းသြားမယ္
(Zawgyi)⤵⤵⤵
မြန္ျပည္နယ္က်ိဳက္ထိုၿမိဳ႕က အထင္ကရ က်ိဳက္ထီး႐ိုးဆံေတာ္ရွင္ေစတီ ဘုရားပြဲေတာ္အစီအစဥ္အားလုံးကို မတ္ ၂၁ ရက္ကစၿပီး ပိတ္သိမ္းသြားမယ္လို႔ မြန္ျပည္နယ္ အစိုးရအဖြဲ႕ ၫႊန္ၾကားေရးမႉး ျဖစ္သူ ဦးျမင့္သန္းဝင္းက ဘီဘီစီကို အတည္ျပဳေျပာဆိုပါတယ္။

'' ေတာင္တက္ကားေတြေရာ အဆင္းအတက္အားလုံး မတ္ ၂၁ ရက္ေန႔မွာ ရွိေတာ့မွာမဟုတ္ဘူး။ ပုံမွန္ ဘုရားပြဲေတာ္အစီအစဥ္ထက္ တစ္လခြဲေလာက္ေစာပိတ္လိုက္တဲ့သေဘာပါ။ ေဈးဆိုင္ခန္းေတြေရာ ဒါေတြ အားလုံးရပ္မွာပါ။ ဒါေပမယ့္ ေျခလ်င္တက္ၿပီး ဖူးခ်င္တဲ့သူေတြအေနနဲ႔ေတာ့ သြားလို႔ရပါတယ္''လို႔ သူကေျပာပါတယ္။

က်ိဳက္ထီး႐ိုးဆံေတာ္ရွင္ေစတီေတာ္ကိုသြားေရာက္ ဖူးေျမာ္သူ မ်ားျပားလြန္းတာေၾကာင့္ ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရးလမ္းစဥ္ေတြနဲ႔ ေသြဖီေနတဲ့အတြက္ ယာယီဆိုင္းငံ့ထားဖို႔ အေၾကာင္းၾကားစာကို ျပည္နယ္ လႊတ္ေတာ္ကေန အစိုးရအဖြဲ႕ကို မတ္ ၁၆ ရက္ေန႔မွာ ေပးပို႔ခဲ့ၿပီးေနာက္ ျပည္နယ္အစိုးရကေန အခုလို ပိတ္သိမ္းေၾကာင္း ေၾကညာလာခဲ့တာျဖစ္ပါတယ္။
 ျပည္တြင္းဘုရားဖူးေတြအျပင္ ထိုင္း၊ တ႐ုတ္စတဲ့ ျပည္ပႏိုင္ငံသားေတြ အမ်ားအျပားလည္း လာေရာက္ဖူးေျမာ္ေလ့ရွိ

ကိုဗစ္ -၁၉ ဟာလက္ရွိမွာ ကမာၻ႔ကပ္ေရာဂါအျဖစ္ ေၾကညာ ထားတဲ့အေျခအေနလည္းျဖစ္ ၿပီး က်ိဳက္ထီး႐ိုးဆံေတာ္ရွင္ေစတီကို လာေရာက္ဖူးေျမာ္သူမ်ားျပားလြန္းတာေၾကာင့္ ဒီအေျခအေနဟာ က်န္းမာေရးအတြက္ စိုးရိမ္စရာျဖစ္ေနလို႔ လႊတ္ေတာ္ကေန တားျမစ္ရတာျဖစ္တယ္ ၊လို႔ ျပည္နယ္ လႊတ္ေတာ္ ဥကၠ႒ေဒၚတင္အိက ဘီဘီစီကို ေျပာပါတယ္။

'' ျပည္နယ္အစိုးရအေနနဲ႔ ကက္ဘိနက္ အထူးညႇိႏႈိင္းအစည္းအေဝးကို မတ္ ၁၇ရက္မွာ ေခၚယူၿပီးတဲ့ ေနာက္ အခုလိုဆုံးျဖတ္ခဲ့တာပါ။ အရင္ကေတာ့ ဘုရားဖူးခရီးစဥ္ေတြကို လတ္တေလာမပိတ္ဘဲ အပူခ်ိန္တိုင္းတဲ့ ေရာဂါကာကြယ္ေရး အစီအစဥ္ေတြလုပ္ခဲ့ေပမယ့္ အေျခအေနအရပ္ရပ္က ထိန္းခ်ဳပ္ ဖို႔လိုအပ္လာတဲ့အတြက္ မတ္ ၂၁ ရက္ကစၿပီးပိတ္ဖို႔ ဆုံးျဖတ္ခဲ့တာပါ'' လို႔ မြန္ျပည္နယ္ အစိုးရအဖြဲ႕ ၫႊန္ၾကားေရးမႉး ျဖစ္သူ ဦးျမင့္သန္းဝင္းကေျပာျပပါတယ္။

က်ိဳက္ထီး႐ိုးေတာင္ေပၚရွိ ေဈးဆိုင္ခန္းေတြအားလုံးပိတ္သိမ္းရမယ့္အျပင္ ေတာင္တက္ကား အဆင္း၊ အတက္ ၂ခုစလုံးကို မတ္ ၂၁ ရက္မွာ ရွိေတာ့မဟုတ္တဲ့အတြက္ ေတာင္ေပၚေရာက္ရွိေနတဲ့ဘုရားဖူး ေတြအေနနဲ႔ မတ္ ၂၀ ရက္ေန႔ ေတာင္ေအာက္ျပန္ဆင္းဖို႔ လိုအပ္မွာျဖစ္တယ္လို႔ လည္းသိရပါတယ္။

' ' ဒီကေန႔ ပဲ ေတာင္တက္ကားေတြေရာ၊ ဘုရားေဂါပကအဖြဲ႕ေရာ ေဈးဆိုင္ေတြ ဟိုတယ္ေတြ အားလုံးကို အေၾကာင္းၾကားစာပို႔ၿပီးပါၿပီ။ တစ္လခြဲေလာက္ ေစာပိတ္လိုက္တာျဖစ္တဲ့အတြက္ သူတို႔ရဲ႕နစ္နာမႈေတြကို အခြန္ေျဖေလွ်ာ့တာမ်ိဳးလို မ်ိဳး ေျဖေလွ်ာ့တာေတြ အစိုးရအဖြဲ႕အေနနဲ႔ လုပ္ေပးသြားဖို႔ရွိပါတယ္'' လို႔လည္း ျပည္နယ္အစိုးရအဖြဲ႕ ၫႊန္ၾကားေရးမႉးျဖစ္သူ ဦးျမင့္သန္းဝင္းက ဘီဘီစီကိုေျပာပါတယ္။

မြန္ျပည္နယ္ က်ိဳက္ထိုၿမိဳ႕မွာတည္ရွိတဲ့ က်ိဳက္ထီး႐ိုးဆံေတာ္ရွင္ ေစတီေတာ္ ဘုရားပြဲေတာ္ကို ႏွစ္စဥ္ သီတင္းကြၽတ္လျပည့္ကေန ကဆုန္လျပည့္ေန႔အထိ (၇)လတာက်င္းပေလ့ရွိၿပီး ဒီႏွစ္ပြဲေတာ္ရာသီကို ကိုဗစ္ -၁၉ ေၾကာင့္ တစ္လခြဲခန႔္ေစာပိတ္လိုက္တာျဖစ္ပါတယ္။

က်ိဳက္ထီး႐ိုးဆံေတာ္ရွင္ကို စေနတနဂၤေႏြ ပိတ္ရက္မ်ိဳး မွာ တစ္ရက္ကို လူေထာင္နဲ႔ခ်ီ သြားေရာက္ဖူးေျမာ္ေလ့ရွိၾကၿပီး ျပည္တြင္းက ဘုရားဖူးေတြအျပင္ ထိုင္း၊ တ႐ုတ္စတဲ့ ျပည္ပႏိုင္ငံသားေတြ အမ်ားအျပားလည္း လာေရာက္ဖူးေျမာ္ေလ့ ရွိတယ္လို႔ သိရပါတယ္။

BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵
ကျိုက်ထီးရိုးဆံတော်ရှင် ပွဲတော်အစီအစဉ်အားလုံးကို မတ် ၂၁ ရက်ကစပြီး ပိတ်သိမ်းမယ်

ဓာတ်ပုံ မူပိုင် SHWEINNTHAR KHINMGWIN
Image caption ဘုရားပွဲတော်အစီအစဉ်အားလုံးကို မတ် ၂၁ ရက်ကစပြီး ပိတ်သိမ်းသွားမယ်

မွန်ပြည်နယ်ကျိုက်ထိုမြို့က အထင်ကရ ကျိုက်ထီးရိုးဆံတော်ရှင်စေတီ ဘုရားပွဲတော်အစီအစဉ်အားလုံးကို မတ် ၂၁ ရက်ကစပြီး ပိတ်သိမ်းသွားမယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဖြစ်သူ ဦးမြင့်သန်းဝင်းက ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။

'' တောင်တက်ကားတွေရော အဆင်းအတက်အားလုံး မတ် ၂၁ ရက်နေ့မှာ ရှိတော့မှာမဟုတ်ဘူး။ ပုံမှန် ဘုရားပွဲတော်အစီအစဉ်ထက် တစ်လခွဲလောက်စောပိတ်လိုက်တဲ့သဘောပါ။ ဈေးဆိုင်ခန်းတွေရော ဒါတွေ အားလုံးရပ်မှာပါ။ ဒါပေမယ့် ခြေလျင်တက်ပြီး ဖူးချင်တဲ့သူတွေအနေနဲ့တော့ သွားလို့ရပါတယ်''လို့ သူကပြောပါတယ်။

ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်ကိုသွားရောက် ဖူးမြော်သူ များပြားလွန်းတာကြောင့် ရောဂါကာကွယ် ထိန်းချုပ်ရေးလမ်းစဉ်တွေနဲ့ သွေဖီနေတဲ့အတွက် ယာယီဆိုင်းငံ့ထားဖို့ အကြောင်းကြားစာကို ပြည်နယ် လွှတ်တော်ကနေ အစိုးရအဖွဲ့ကို မတ် ၁၆ ရက်နေ့မှာ ပေးပို့ခဲ့ပြီးနောက် ပြည်နယ်အစိုးရကနေ အခုလို ပိတ်သိမ်းကြောင်း ကြေညာလာခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် SHWEINNTHAR KHINMGWIN
Image caption ပြည်တွင်းဘုရားဖူးတွေအပြင် ထိုင်း၊ တရုတ်စတဲ့ ပြည်ပနိုင်ငံသားတွေ အများအပြားလည်း လာရောက်ဖူးမြော်လေ့ရှိ

ကိုဗစ် -၁၉ ဟာလက်ရှိမှာ ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာ ထားတဲ့အခြေအနေလည်းဖြစ် ပြီး ကျိုက်ထီးရိုးဆံတော်ရှင်စေတီကို လာရောက်ဖူးမြော်သူများပြားလွန်းတာကြောင့် ဒီအခြေအနေဟာ ကျန်းမာရေးအတွက် စိုးရိမ်စရာဖြစ်နေလို့ လွှတ်တော်ကနေ တားမြစ်ရတာဖြစ်တယ် ၊လို့ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌဒေါ်တင်အိက ဘီဘီစီကို ပြောပါတယ်။

'' ပြည်နယ်အစိုးရအနေနဲ့ ကက်ဘိနက် အထူးညှိနှိုင်းအစည်းအဝေးကို မတ် ၁၇ရက်မှာ ခေါ်ယူပြီးတဲ့ နောက် အခုလိုဆုံးဖြတ်ခဲ့တာပါ။ အရင်ကတော့ ဘုရားဖူးခရီးစဉ်တွေကို လတ်တလောမပိတ်ဘဲ အပူချိန်တိုင်းတဲ့ ရောဂါကာကွယ်ရေး အစီအစဉ်တွေလုပ်ခဲ့ပေမယ့် အခြေအနေအရပ်ရပ်က ထိန်းချုပ် ဖို့လိုအပ်လာတဲ့အတွက် မတ် ၂၁ ရက်ကစပြီးပိတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ'' လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဖြစ်သူ ဦးမြင့်သန်းဝင်းကပြောပြပါတယ်။

ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဈေးဆိုင်ခန်းတွေအားလုံးပိတ်သိမ်းရမယ့်အပြင် တောင်တက်ကား အဆင်း၊ အတက် ၂ခုစလုံးကို မတ် ၂၁ ရက်မှာ ရှိတော့မဟုတ်တဲ့အတွက် တောင်ပေါ်ရောက်ရှိနေတဲ့ဘုရားဖူး တွေအနေနဲ့ မတ် ၂၀ ရက်နေ့ တောင်အောက်ပြန်ဆင်းဖို့ လိုအပ်မှာဖြစ်တယ်လို့ လည်းသိရပါတယ်။

' ' ဒီကနေ့ ပဲ တောင်တက်ကားတွေရော၊ ဘုရားဂေါပကအဖွဲ့ရော ဈေးဆိုင်တွေ ဟိုတယ်တွေ အားလုံးကို အကြောင်းကြားစာပို့ပြီးပါပြီ။ တစ်လခွဲလောက် စောပိတ်လိုက်တာဖြစ်တဲ့အတွက် သူတို့ရဲ့နစ်နာမှုတွေကို အခွန်ဖြေလျှော့တာမျိုးလို မျိုး ဖြေလျှော့တာတွေ အစိုးရအဖွဲ့အနေနဲ့ လုပ်ပေးသွားဖို့ရှိပါတယ်'' လို့လည်း ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးဖြစ်သူ ဦးမြင့်သန်းဝင်းက ဘီဘီစီကိုပြောပါတယ်။

မွန်ပြည်နယ် ကျိုက်ထိုမြို့မှာတည်ရှိတဲ့ ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော် ဘုရားပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လပြည့်ကနေ ကဆုန်လပြည့်နေ့အထိ (၇)လတာကျင်းပလေ့ရှိပြီး ဒီနှစ်ပွဲတော်ရာသီကို ကိုဗစ် -၁၉ ကြောင့် တစ်လခွဲခန့်စောပိတ်လိုက်တာဖြစ်ပါတယ်။

ကျိုက်ထီးရိုးဆံတော်ရှင်ကို စနေတနင်္ဂနွေ ပိတ်ရက်မျိုး မှာ တစ်ရက်ကို လူထောင်နဲ့ချီ သွားရောက်ဖူးမြော်လေ့ရှိကြပြီး ပြည်တွင်းက ဘုရားဖူးတွေအပြင် ထိုင်း၊ တရုတ်စတဲ့ ပြည်ပနိုင်ငံသားတွေ အများအပြားလည်း လာရောက်ဖူးမြော်လေ့ ရှိတယ်လို့ သိရပါတယ်။

BBC Burmese
https://www.bbc.com
က်ိဳက္ထီး႐ိုးဆံေတာ္ရွင္ ပြဲေတာ္အစီအစဥ္အားလုံးကို မတ္ ၂၁ ရက္ကစၿပီး ပိတ္သိမ္းမယ္ က်ိဳက္ထီး႐ိုးဆံေတာ္ရွင္ ပြဲေတာ္အစီအစဥ္အားလုံးကို မတ္ ၂၁ ရက္ကစၿပီး ပိတ္သိမ္းမယ္ Reviewed by THITHTOOLWIN on 00:47 Rating: 5
Powered by Blogger.