(Zawgyi/Unicode)
ရန္ကုန္ေလဆိပ္ကေန ဂ်ပန္ႏုိင္ငံ၊ တိုက်ဳိၿမိဳ႕ကို ဒီကေန႔ မတ္လ ၃၁ ရက္ေန႔၊ ဧၿပီလ ၁ ရက္၊ ၄ ရက္၊ ၅ ရက္၊ ၈ ရက္ နဲ႔ ၁၀ ရက္ေန႔ေတြမွာ ထြက္ခြာမယ့္ ANA ဂ်ပန္ေလေၾကာင္းလုိင္းရဲ႕ ေလယာဥ္ခရီးစဥ္ေတြကို ကယ္ဆယ္ေရး ေလယာဥ္ခရီးစဥ္ေတြအျဖစ္ သတ္မွတ္ထားတာေၾကာင့္ ျမန္မာႏုိင္ငံကေန ျပန္ထြက္ခ်င္တဲ့ အေမရိကန္ႏုိင္ငံသားေတြ အဲဒီေလယာဥ္ေတြနဲ႔ လိုက္ပါႏုိင္တဲ့အေၾကာင္း ရန္ကုန္ၿမိဳ႕၊ အေမရိကန္သံ႐ံုး က ဒီကေန႔ရက္စြဲနဲ႔ ထုတ္ျပန္ထားပါတယ္။
ျမန္မာႏုိင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရသူ ၁၄ ဦး ရွိၿပီး အဲဒီထဲက တဦး ဒီကေန႔ ကြယ္လြန္သြားတယ္လုိ႔ က်န္းမာေရးဌာနက ထုတ္ျပန္တဲ့ တရက္ထဲမွာပဲ အေမရိကန္သံ႐ံုးရဲ႕ ထုတ္ျပန္ခ်က္လည္း ထြက္လာတာပါ။
ႏုိင္ငံတကာက ခရီးသည္တင္ေလယာဥ္ေတြကို မတ္လ ၃၀ ရက္ေန႔ ညသန္းေခါင္ကေန ဧၿပီလ ၁၃ ရက္ေန႔ အထိ ျမန္မာႏိုင္ငံတြင္း ဘယ္ေလဆိပ္မွာမွ ဆင္းခြင့္မျပဳေတာ့ဘူးလို႔ အစိုးရက ေၾကညာထားၿပီး ေလယာဥ္ အဝင္အထြက္လုပ္ဖုိ႔ အရင္က ခြင့္ျပဳထားတာေတြအားလံုးကိုလည္း ျပန္႐ုပ္သိမ္းထားတာပါ။
ႁခြင္းခ်က္အေနနဲ႔ ကယ္ဆယ္ေရးေလယာဥ္ေတြ၊ ကုန္တင္ေလယာဥ္အားလံုး၊ က်န္းမာေရးဆိုင္ရာ အေရးေပၚေလယာဥ္ေတြနဲ႔ ေလေၾကာင္းဦးစီးဌာနက ခြင့္ျပဳတဲ့ အထူးေလယာဥ္ေတြကိုပဲ ဝင္ထြက္ခြင့္ျပဳထားပါတယ္။
ျမန္မာနုိင္ငံကေန ျပန္ထြက္ခ်င္တဲ့ အေမရိကန္ႏုိင္ငံသားေတြနဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြကို သံ႐ံုးက စုေဆာင္းေနေပမဲ့ လုပ္ေဆာင္ႏုိင္စြမ္း မရွိဘူးလို႔လည္း သံ႐ံုးထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
အေမရိကန္ႏုိင္ငံသား တဦးအေနနဲ႔ ျမန္မာႏုိင္ငံကေန ျပန္ထြက္ခ်င္ေပမဲ့ ေလယာဥ္မရွိတာေၾကာင့္ ျပန္မရဘူး ျဖစ္ေနတယ္ဆိုရင္ ခရီးသည္ တဦးခ်င္းစီက ျဖည့္စြက္ေပးပို႔ရမယ့္ပံုစံအတြက္ အင္တာနက္လင့္ခ္ကိုလည္း သံ႐ံုးထုတ္ျပန္ခ်က္ထဲမွာ တပါထဲ ထည့္သြင္းေပးထားပါတယ္။
COVID-19 ကို က်န္းမာေရးဆိုင္ရာ အေရးေပၚအေျခအေန အဆင့္ ၄ အျဖစ္ အေမရိကန္ႏုိင္ငံျခားေရးဌာနက မတ္လ ၁၉ ရက္ေန႔မွာ သတ္မွတ္ေၾကညာထားၿပီး အေမရိကန္ႏိုင္ငံသားေတြ ခရီးမသြားၾကဖို႔နဲ႔ တျခားႏုိင္ငံေတြမွာ ေရာက္ေနတဲ့ ႏုိင္ငံသားေတြအေနနဲ႔လည္း ကိုယ္အျမဲေနထိုင္တဲ့ တိုင္းျပည္ေတြဆီ အျမန္ဆံုးျပန္ၾကဖို႔ တိုက္တြန္းထားပါတယ္။
[Unicode Version]
မြန်မာရောက် အမေရိကန်နိုင်ငံသားတွေ လေကြောင်းက အရေးပေါ်ထွက်ခွင့်ရမည်
ရန်ကုန်လေဆိပ်ကနေ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ကို ဒီကနေ့ မတ်လ ၃၁ ရက်နေ့၊ ဧပြီလ ၁ ရက်၊ ၄ ရက်၊ ၅ ရက်၊ ၈ ရက် နဲ့ ၁၀ ရက်နေ့တွေမှာ ထွက်ခွာမယ့် ANA ဂျပန်လေကြောင်းလိုင်းရဲ့ လေယာဉ်ခရီးစဉ်တွေကို ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်တွေအဖြစ် သတ်မှတ်ထားတာကြောင့် မြန်မာနိုင်ငံကနေ ပြန်ထွက်ချင်တဲ့ အမေရိကန်နိုင်ငံသားတွေ အဲဒီလေယာဉ်တွေနဲ့ လိုက်ပါနိုင်တဲ့အကြောင်း ရန်ကုန်မြို့၊ အမေရိကန်သံရုံး က ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ ၁၄ ဦး ရှိပြီး အဲဒီထဲက တဦး ဒီကနေ့ ကွယ်လွန်သွားတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ တရက်ထဲမှာပဲ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်လည်း ထွက်လာတာပါ။
နိုင်ငံတကာက ခရီးသည်တင်လေယာဉ်တွေကို မတ်လ ၃၀ ရက်နေ့ ညသန်းခေါင်ကနေ ဧပြီလ ၁၃ ရက်နေ့ အထိ မြန်မာန ိုင်ငံတွင်း ဘယ်လေဆိပ်မှာမှ ဆင်းခွင့်မပြုတော့ဘူးလို့ အစိုးရက ကြေညာထားပြီး လေယာဉ် အဝင်အထွက်လုပ်ဖို့ အရင်က ခွင့်ပြုထားတာတွေအားလုံးကိုလည်း ပြန်ရုပ်သိမ်းထားတာပါ။
ခြွင်းချက်အနေနဲ့ ကယ်ဆယ်ရေးလေယာဉ်တွေ၊ ကုန်တင်လေယာဉ်အားလုံး၊ ကျန်းမာရေးဆိုင်ရာ အရေးပေါ်လေယာဉ်တွေနဲ့ လေကြောင်းဦးစီးဌာနက ခွင့်ပြုတဲ့ အထူးလေယာဉ်တွေကိုပဲ ဝင်ထွက်ခွင့်ပြုထားပါတယ်။
မြန်မာနိုင်ငံကနေ ပြန်ထွက်ချင်တဲ့ အမေရိကန်နိုင်ငံသားတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို သံရုံးက စုဆောင်းနေပေမဲ့ လုပ်ဆောင်နိုင်စွမ်း မရှိဘူးလို့လည်း သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံသား တဦးအနေနဲ့ မြန်မာနိုင်ငံကနေ ပြန်ထွက်ချင်ပေမဲ့ လေယာဉ်မရှိတာကြောင့် ပြန်မရဘူး ဖြစ်နေတယ်ဆိုရင် ခရီးသည် တဦးချင်းစီက ဖြည့်စွက်ပေးပို့ရမယ့်ပုံစံအတွက် အင်တာနက်လင့်ခ်ကိုလည်း သံရုံးထုတ်ပြန်ချက်ထဲမှာ တပါထဲ ထည့်သွင်းပေးထားပါတယ်။
COVID-19 ကို ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ အဆင့် ၄ အဖြစ် အမေရိကန်နိုင်ငံခြားရေးဌာနက မတ်လ ၁၉ ရက်နေ့မှာ သတ်မှတ်ကြေညာထားပြီး အမေရိကန်နိုင်ငံသားတွေ ခရီးမသွားကြဖို့နဲ့ တခြားနိုင်ငံတွေမှာ ရောက်နေတဲ့ နိုင်ငံသားတွေအနေနဲ့လည်း ကိုယ်အမြဲနေထိုင်တဲ့ တိုင်းပြည်တွေဆီ အမြန်ဆုံးပြန်ကြဖို့ တိုက်တွန်းထားပါတယ်။
VOA Burmese News
https://burmese.voanews.com/a/us-myanmar-yangon-international-airport/5353250.html
ျမန္မာေရာက္ အေမရိကန္ႏုိင္ငံသားေတြ ေလေၾကာင္းက အေရးေပၚထြက္ခြင့္ရမည္
Reviewed by THITHTOOLWIN
on
19:18
Rating:
![ျမန္မာေရာက္ အေမရိကန္ႏုိင္ငံသားေတြ ေလေၾကာင္းက အေရးေပၚထြက္ခြင့္ရမည္](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOUv7zg9kX6skDBibPASjItM_GqbCKRFg0cCBtJDZk_K8gV-c60R677ju8zG_K8IGFQpIIsnGcvxQwg63jsrxjhJ1FZmIztyX43WtPMRV86eEgV-nN0F2N6vhbhXeVvtAudJzGg95OZTQ/s72-c/28.jpg)