![]() |
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အေျခအေနဆိုးလာသူေတြ အေနနဲ႔ အဆုတ္မွာ အဓိကထိခိုက္လာတဲ့အတြက္ အသက္ရႉရ ခက္ခဲလာေလ့ရွိတယ္ |
ကို႐ိုနာဗိုင္းရပ္စ္ ကိုဗစ္ ၁၉ ကူးစက္ခံရၿပီး အသက္အႏၲရာယ္ စိုးရိမ္ရတဲ့အထိ အသက္ရႉရ ခက္ခဲတဲ့ ေရာဂါလကၡဏ ျပလာသူေတြကို ကုသရာမွာ ေအာက္စီဂ်င္ေပး အသက္ရႉစက္ေတြက အဓိက က်ေနပါတယ္။
ဒါ့ေၾကာင့္ ႏိုင္ငံအသီးသီးက ဒီစက္ေတြ မ်ားမ်ားသိုေလွာင္ထားၾကဖို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ၿပီးခဲ့တဲ့ မတ္လ ၂ ရက္ေန႔မွာ ထုတ္ျပန္ထားခဲ့ပါတယ္။
အဲဒီေနာက္ပိုင္းမွာ ယူေကဝန္ႀကီးခ်ဳပ္ ေဘာရစ္ ဂြၽန္ဆင္က ကားကုမၸဏီေတြ အပါအဝင္ အင္ဂ်င္နီယာပိုင္းဆိုင္ရာ ကုမၸဏီေတြက ဒီစက္ေတြ အေျမာက္အမ်ား ထုတ္လုပ္ရာမွာ ကူညီေပးၾကဖို႔ တိုက္တြန္းခဲ့ပါတယ္။
လက္ရွိ မတ္လကုန္ ေရာက္လာတဲ့အခ်ိန္မွာေတာ့ တ႐ုတ္ႏိုင္ငံျပင္ပ ကို႐ိုနာဗိုင္းရပ္စ္ ျပန္႔ပြားမႈက WHO က အဲဒီလို ထုတ္ျပန္ခဲ့တဲ့ အခ်ိန္ကထက္ သိသိသာသာ ပိုဆိုးလာၿပီး ေရာဂါကူးသူ ေတြ႕ရွိရမႈမွာ အေမရိကန္ေကာ အီတလီပါ တ႐ုတ္ထက္ မ်ားသြားၿပီ ျဖစ္ပါတယ္။
ဒါ့အျပင္ မတ္လ ၂၉ ရက္ေန႔ စာရင္းဇယားအရ ဒီေရာဂါေၾကာင့္ေသဆုံးသူ အေရအတြက္မွာ ဆိုရင္ အီတလီက တ႐ုတ္ထက္ သုံးဆနီးပါး မ်ားသြားၿပီ ျဖစ္ပါတယ္။
မတ္လ ၂၉ ရက္ စာရင္းဇယားအရ အေမရိကန္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေနသူ ၁၂၀ဝ၀ဝ ေက်ာ္နဲ႔ ေသဆုံးသူ ၂၀ဝ၀ ေက်ာ္ ရွိၿပီး အီတလီမွာေတာ့ ကူးစက္ေၾကာင္းေတြ႕ရွိသူ ၉ဝ၀ဝ၀ ေက်ာ္နဲ႔ ေသဆုံးသူကေတာ့ တေသာင္းေက်ာ္ အထိ ေရာက္လာတာ ျဖစ္ပါတယ္။
အခုလို အေျခအေနေတြ ျဖစ္လာတဲ့အခ်ိန္မွာ ယူေကအစိုးရက ဥေရာပသမဂၢရဲ႕ ေအာက္စီဂ်င္ေပး အသက္ရႉစက္ စုေဆာင္းရဲ႕ စီမံခ်က္ထဲမွာ ပါဝင္ဖို႔ ေနာက္ဆုံးရက္ကို မမီလိုက္ဘူး ဆိုတာေၾကာင့္ အတိုက္အခံ ပါတီေတြက အျပင္းအထန္ ေဝဖန္ခဲ့ပါတယ္။
အေစာပိုင္းမွာ အီးယူအဖြဲ႕ဝင္ မဟုတ္ေတာ့တာေၾကာင့္ မပါတာလို႔ ယူေကအစိုးရက ေျပာေပမယ့္ အီးယူဘက္ကေတာ့ ယူေကလည္း ပါလို႔ရတယ္ ဆိုတာေၾကာင့္ ပိုမို ေဝဖန္ခံခဲ့ရၿပီး ဒီစီမံခ်က္ထဲ ပါဝင္ဖို႔ အီးေမးမရခဲ့ဘူးလို႔ မတ္လ ၂၆ ရက္ေန႔မွာ ယူေကအစိုးရက ကာကြယ္ေျပာဆိုခဲ့ရပါတယ္။
ဒါေပမယ့္ ေနာက္ပိုင္း အီးယူရဲ႕ အလားတူ စီမံခ်က္ေတြမွာေတာ့ ပါဝင္ႏိုင္တယ္လို႔လည္း ယူေကအစိုးရက ေျပာပါတယ္။
![]() |
လူနာရဲ႕ အဆုတ္တြင္း ေလစီးဆင္းမႈ၊ အပူခ်ိန္၊ စိုထိုင္းဆနဲ႔ ဖိအားေတြကိုလည္း တိတိက်က် ေစာင့္ၾကည့္ ေဖာ္ျပႏိုင္တဲ့ စက္ေတြ လိုအပ္ေန |
ကို႐ိုနာဗိုင္းရပ္စ္ေရာဂါသည္ေတြအတြက္ ဒီစက္ေတြက ဘယ္ေလာက္ အေရးႀကီးသလဲ
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အေျခအေနဆိုးလာသူေတြ အေနနဲ႔ အဆုတ္မွာ အဓိကထိခိုက္လာတဲ့အတြက္ အသက္ရႉရ ခက္ခဲလာေလ့ ရွိတာေၾကာင့္အခုလို စက္ေတြ မ်ားမ်ားရွိထားဖို႔ အေရးႀကီးေနတာ ျဖစ္ပါတယ္။
အခုလို အဆုတ္ထိခိုက္လာတဲ့အခ်ိန္မွာ ကိုယ္ခံအားစနစ္က ေသြးေၾကာေတြကို က်ယ္ေစၿပီး ကိုယ္ခံအား ဆဲလ္ေတြ မ်ားမ်ားဝင္ေရာက္ေအာင္ ႀကိဳးစားတဲ့အတြက္ ေဘးထြက္ဆိုးက်ိဳး အေနနဲ႔ အဆုတ္ထဲကို အရည္ဝင္လို႔ အသက္ရႉရ ခက္ခဲလာေစၿပီး တကိုယ္လုံးအတြက္ လိုအပ္တဲ့ ေအာက္စီဂ်င္လည္း မလုံေလာက္တာေတြ ျဖစ္လာႏိုင္ပါတယ္။
အဲဒီစက္ေတြဟာ ေအာက္စီဂ်င္ေပး႐ုံ သက္သက္သာ မဟုတ္ပဲ ရႈလိုက္တဲ့ ေလနဲ႔အတူပါလာတဲ့ ကာဘြန္ဒိုင္ေအာက္ဆိုဒ္ကိုလည္း စြန္႔ထုတ္ေပးႏိုင္ပါတယ္။
ဒီစက္ေတြနဲ႔ ခ်ိတ္ဆက္ထားတဲ့ ပိုက္ကို ႏွာေခါင္း ဒါမွမဟုတ္ ပါးစပ္နဲ႔ ဆက္သြယ္ အသုံးျပဳရၿပီး ဒီလိုလုပ္ဖို႔ပါ အခက္အခဲရွိလာတဲ့ လူနာေတြမွာေတာ့ လည္ပင္းမွာ အေပါက္ေဖာက္ၿပီး ေအာက္စီဂ်င္ေပးရပါတယ္။
အခုလို ေအာက္စီဂ်င္ေပးရာမွာ မ်ားသြားရင္လည္း က်န္းမာေရး ထိခိုက္ႏိုင္ၿပီး လူနာရဲ႕ အဆုတ္တြင္း ေလစီးဆင္းမႈ၊ အပူခ်ိန္၊ စိုထိုင္းဆနဲ႔ ဖိအားေတြကိုလည္း တိတိက်က် ေစာင့္ၾကည့္ ေဖာ္ျပႏိုင္တဲ့ စက္ေတြ လိုအပ္ေနတာ ျဖစ္ပါတယ္။
![]() |
ယူေက တိရိစာၦန္ ေဆးကုဆရာဝန္ေတြမွာ ရွိတဲ့ တိရိစာၦန္သုံး ေအာက္စီဂ်င္ေပး အသက္ရႉစက္တခ်ိဳ႕ကို အသုံးျပဳခြင့္ေပးဖို႔ NHS က ေမတၱာရပ္ခံထား |
ယူေက အစိုးရအေနနဲ႔ကေတာ့ ေလာေလာဆယ္မွာ ရွိၿပီးသား ေအာက္စီဂ်င္ေပး အသက္ရႉစက္ ပုံစံမ်ိဳးစုံကို လိုက္ဝယ္ေနတယ္လို႔ ဘီဘီစီကို ေျပာပါတယ္။
မတ္လ ၂၆ ရက္ေန႔ စာရင္းအရ ယူေကႏိုင္ငံရဲ႕ ႏိုင္ငံေတာ္က်န္းမာေရးစနစ္ NHS မွာ အဲဒီစက္ ၈၀ဝ၀ ေက်ာ္သာ ရွိၿပီး ေလာေလာဆယ္မွာ ျပည္တြင္းျပည္ပ ကုမၸဏီေတြဆီကေန ေနာက္ထပ္ ၈၀ဝ၀ ေက်ာ္ ထပ္မံ ျဖည့္တင္းႏိုင္တယ္လို႔ ယူဆထားပါတယ္။
လက္ရွိ ခန္႔မွန္းတြက္ခ်က္ထားခ်က္အရ တကယ္တမ္း ေရာဂါလကၡဏာျပင္းထန္သူေတြ မ်ားလာရင္ NHS မွာ အနည္းဆုံး အဲဒီ အသက္ရႉစက္ ၃၀ဝ၀ဝ ရွိထားဖို႔ လိုတယ္လို႔ ဆိုပါတယ္။
ဒါ့ေၾကာင့္ေလာေလာဆယ္မွာ ယူေက တိရိစာၦန္ ေဆးကုဆရာဝန္ေတြမွာ ရွိတဲ့ တိရိစာၦန္သုံး ေအာက္စီဂ်င္ေပး အသက္ရႉစက္တခ်ိဳ႕ကို အသုံးျပဳခြင့္ေပးဖို႔ NHS က ေမတၱာရပ္ခံထားပါတယ္။
ယူေကႏိုင္ငံမွာ တိရိစာၦန္သုံး ေအာက္စီဂ်င္ေပး အသက္ရႉစက္ စုစုေပါင္း ၄၀ဝ ေလာက္ရွိတယ္လို႔ ခန္႔မွန္းထားၿပီး ေခြးထက္ႀကီးၿပီး ျမင္းအ႐ြယ္ေလာက္အထိလည္း မႀကီးတဲ့ သတၱဝါေတြအတြက္ ထုတ္လုပ္ထားတဲ့ စက္ေတြဆိုရင္ လူေတြအတြက္ အသုံးျပဳလို႔ရႏိုင္တယ္လို႔ ကြၽမ္းက်င္သူေတြက ေျပာဆိုထားတာ ျဖစ္ပါတယ္။
တိရစာၦန္ငယ္ေတြအတြက္ ဒီစက္ေတြ ထုတ္လုပ္တဲ့ ဗက္ထ႐ြန္းနစ္ ကုမၸဏီကလည္း ရွိေနတဲ့ စက္ေတြကို လူေတြမွာ အသုံးျပဳႏိုင္ဖို႔ ျပင္ဆင္ေပးေနတယ္လို႔ ဆိုပါတယ္။
![]() |
ဒိုင္ဆင္ကုမၸဏီရဲ႕ အသက္ရႉစက္ ဖန္တီးထုတ္လုပ္မႈကို စည္းကမ္းနဲ႔အညီ ဓါတ္ခြဲခန္းမွာ စမ္းသပ္မႈနဲ႔လူေတြမွာ စမ္းသပ္မႈေတြလည္း လုပ္ရမယ္ |
ဒိုင္ဆင္ကုမၸဏီရဲ႕ေအာက္စီဂ်င္ေပး အသက္ရႉစက္ ပုံစံထုတ္မႈအသစ္
ယူေကႏိုင္ငံမွာ ျဖစ္ပြားေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္အေျခအေနကို ကူညီေျဖရွင္းေပးဖို႔အတြက္ ဒိုင္ဆင္ လွ်ပ္စစ္ပစၥည္းကုမၸဏီက ေဆးဘက္ဆိုင္ရာသုံး ေအာက္စီဂ်င္ေပး အသက္ရႉစက္ ပုံစံအသစ္ကို ထုတ္လုပ္ေတာ့မယ္လို႔ မတ္လ ၂၄ ရက္ေန႔က ေၾကညာခဲ့ပါတယ္။
အခုလို ေၾကညာအၿပီး ေနာက္ ၂ ရက္မွာပဲ ႏိုင္ငံေတာ္က်န္းမာေရးစနစ္ NHS အတြက္ အဲဒီစက္အလုံးတေသာင္း ဝယ္ယူမယ္လို႔ အစိုးရက ေၾကညာခဲ့ပါတယ္။
ဒိုင္ဆင္ကုမၸဏီဟာ ယူေကႏိုင္ငံ ကိန္းဘရစ္ဂ်္ၿမိဳ႕ အေျခစိုက္ ေဆးပစၥည္း ကုမၸဏီတခုျဖစ္တဲ့ The Technology Partnership နဲ႔ ပူးေပါင္းၿပီး တိတိက်က် အခ်ိန္မီ ဖန္တီး ထုတ္လုပ္ႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔ ဆိုပါတယ္။
အခုလို ဖန္တီး ထုတ္လုပ္မႈကို ေဆးဘက္ဆိုင္ရာ စက္ပစၥည္း ထုတ္လုပ္မႈ စည္းကမ္းနဲ႔အညီ ဓါတ္ခြဲခန္းမွာ စမ္းသပ္မႈနဲ႔လူေတြမွာ စမ္းသပ္မႈေတြလည္း လုပ္ရမွာ ျဖစ္ၿပီး မ်ားမ်ားထုတ္လုပ္ႏိုင္ဖို႔လည္း ရည္မွန္းထားတယ္လို႔လည္း ဒိုင္ဆင္ကုမၸဏီ ဥကၠဌ ျဖစ္တဲ့ ယူေကႏိုင္ငံသား တီထြင္ပညာရွင္ ဂ်ိမ္းစ္ ဒိုင္ဆင္က ေျပာပါတယ္။
အခုလို ထုတ္လုပ္မယ့္ စီမံကိန္းအတြက္ ရာနဲ႔ခ်ီတဲ့ ဒိုင္ဆင္ကုမၸဏီရဲ႕ အင္ဂ်င္နီယာေတြက ေန႔မအား ညမအား ပုံစံထုတ္ေနတယ္လို႔ ဆိုပါတယ္။
ဒီစီမံကိန္းအတြက္ ကုမၸဏီရဲ႕ ယူေက အေျခစိုက္႐ုံးရွိရာ ဝစ္(လ္တ္)ရွား ေဒသက ေလယာဥ္ဂိုေထာင္ေတြမွာ အလုံးအရင္း ထုတ္လုပ္ဖို႔ စီစဥ္ထားၿပီး ေနာက္ဆုံး ထုတ္မယ့္ ပုံစံရရင္ စၿပီး ထုတ္လုပ္ဖို႔အထိကေတာ့ ရက္သတၱပတ္နဲ႔ခ်ီၿပီး ၾကာႏိုင္တယ္လို႔ ဆိုပါတယ္။
စေကာ့တလန္ ဂလာစကို တကၠသိုလ္က ဇီဝနဲ႔ေဆး အင္ဂ်င္နီယာပညာ ေဒါက္တာ မာရီယြန္ ဟာ့ရွ္ကေတာ့ ရွိၿပီးသား ေအာက္ဆီဂ်င္ေပး အသက္ရႉစက္ ပုံစံေတြကို မ်ားမ်ား ထုတ္လုပ္တာက အေရးတႀကီး လိုအပ္ေနတဲ့ အေျခအေနနဲ႔ ပိုၿပီး ကိုက္ညီတယ္လို႔ ဘီဘီစီကို ေျပာပါတယ္။
ဒိုင္ဆင္အေနနဲ႔ ပုံမွန္ကာလမွာ ေနာက္ဆုံး ထုတ္လုပ္ေရာင္းခ်တဲ့ အခ်ိန္အထိ အဆင့္ဆင့္ လိုက္နာရေလ့ရွိတဲ့ စည္းကမ္းေတြ အားလုံးကို အခုလို အေရးႀကီးေနတဲ့အခ်ိန္မွာ လိုက္နာစရာ မလိုေလာက္ဘူး ဆိုေပမယ့္ ေသေသခ်ာခ်ာ မလိုက္နာပဲ ထုတ္လုပ္လိုက္တာမ်ိဳးလည္း မျဖစ္သင့္ဘူးလို႔ သူက ေျပာပါတယ္။
ပုံမွန္အားျဖင့္ဆိုရင္ ကုမၸဏီတခုအတြက္ ေအာက္စီဂ်င္ေပး အသက္ရႉစက္ ပုံစံတခု ထုတ္လုပ္ေရာင္းခ်ဖို႔အတြက္ ၂ ႏွစ္ ၃ႏွစ္ေလာက္ အခ်ိန္ေပးရတာ ျဖစ္ပါတယ္။
ဘာပဲေျပာေျပာ ေရရွည္မွာေတာ့ ေအာက္ဆီဂ်င္ေပး အသက္ရႉစက္ ပုံစံ တမ်ိဳးမက ရွိတာက တန္ဖိုးရွိႏိုင္ပါတယ္လို႔ ေဒါက္တာဟာ့ရွ္က ဆိုပါတယ္။
![]() |
စမစ္စ္ကုမၸဏီက သယ္ေဆာင္ရလြယ္ကူတဲ့ ေအာက္စီဂ်င္ေပး အသက္ရႉစက္ေတြ အဓိက ထုတ္လုပ္ |
ေအာက္စဖို႔တကၠသိုလ္နဲ႔ လန္ဒန္ဘုရင့္ေကာလိပ္တို႔က အင္ဂ်င္နီယာေတြ၊ ေမ့ေဆးဆရာဝန္ေတြနဲ႔ ခြဲစိတ္ဆရာဝန္ေတြကလည္း ေအာက္စီဂ်င္ေပး အသက္ရႉစက္ ပုံစံသစ္ တမ်ိဳးထုတ္ဖို႔ the OxVent အဖြဲ႕အေနနဲ႔ ပူးေပါင္းၿပီး ႀကိဳးစား ေနၾကပါတယ္။
သူတို႔ထုတ္လုပ္မယ့္စက္ပုံစံသစ္က လက္ရွိထုတ္လုပ္ေရာင္းခ်ေနတဲ့ ပုံစံေတြေလာက္ မရႈပ္ေထြးေအာင္ ႀကိဳးစားေနၾကတဲ့အတြက္ ရလာရင္ ျမန္ျမန္ထုတ္လုပ္ႏိုင္မယ္လို႔ ဆိုပါတယ္။
ဒိုင္ဆင္ကထုတ္မယ့္ စက္ေတြကို အစိုးရက မွာယူထားၿပီးတဲ့ အဆင့္ေရာက္ေနေပမယ့္ the OxVent ရဲ႕ စီမံကိန္းကိုေတာ့ အစိုးရဘက္က တခုခု အတည္ျပဳခ်က္ မေပးေသးပါဘူး။
အိစ္အန္းဂလီးယား တကၠသိုလ္က သုေတသီေတြကေတာ့ 3D ပရင္တာေတြ အသုံးျပဳၿပီး ေအာက္စီဂ်င္ေပး အသက္ရႉစက္ေတြအတြက္ အစိတ္အပိုင္းေတြသာမက ႏွာေခါင္းစည္းနဲ႔တကြ တျခားအေရးေပၚလိုအပ္တဲ့ ေဆးဘက္ဆိုင္ရာ ပစၥည္းေတြကို လ်င္လ်င္ျမန္ျမန္ ထုတ္လုပ္ႏိုင္ေရး စီမံခ်က္ တခုကို စတင္လိုက္ၿပီလို႔ ေၾကညာထားပါတယ္။
![]() |
ပန္လြန္ ကုမၸဏီဟာ ေမ့ေဆးေပးထားသူေတြအတြက္ ေအာက္စီဂ်င္ေပး အသက္ရႉစက္ေတြထုတ္တဲ့ ကုမၸဏီျဖစ္ |
ပန္လြန္ ကုမၸဏီဟာ ေမ့ေဆးေပးထားသူေတြအတြက္ ေအာက္စီဂ်င္ေပး အသက္ရႉစက္ေတြထုတ္တဲ့ ကုမၸဏီျဖစ္ၿပီး စမစ္စ္ကေတာ့ သယ္ေဆာင္ရလြယ္ကူတဲ့ အလားတူ စက္ေတြ အဓိက ထုတ္လုပ္တဲ့ ကုမၸဏီ ျဖစ္ပါတယ္။
စမစ္စ္ကုမၸဏီအေနနဲ႔ ေလာေလာဆယ္ လာမယ့္ ၂ ပတ္ အတြင္းမွာ ေအာက္စီဂ်င္ေပး အသက္ရႉစက္ ၅၀ဝ၀ ထုတ္လုပ္ဖို႔နဲ႔ လပိုင္းအတြင္းမွာ ေသာင္းနဲ႔ခ်ီၿပီး တကမာၻလုံးကို ျဖန႔္ခ်ီေပးဖို႔ စီစဥ္ထားတယ္လို႔ မတ္လ ၂၄ ရက္ေန႔က ေၾကညာခ်က္ ထုတ္ထားၿပီးသား ျဖစ္ပါတယ္။
ကို႐ိုနာဗိုင္းရပ္စ္အတြက္ ကာကြယ္ေဆး ရွာေဖြေနၾက
ႏိုင္ငံတကာမွာေတာ့ ေအာက္စီဂ်င္ေပး အသက္ရႉစက္ေတြ ေဈးတက္ေန
မတ္လ ၂၈ ရက္ေန႔ ေပါက္ေဈးအရဆိုရင္ ဒီစက္တလုံးကို အေမရိကန္ ေဒၚလာ တသိန္းနီးပါး ျဖစ္ေနၿပီး ၿပီးခဲ့တဲ့ တပတ္ကဆိုရင္ အဲဒီစက္အမ်ိဳးအစားမ်ိဳးပဲ အေမရိကန္ေဒၚလာ သုံးေသာင္းနီးပါးသာ ေဈးေပါက္ခဲ့တာ ျဖစ္ပါတယ္။
ဒီအသက္ရႉစက္ေဈးေတြဟာ နာရီနဲ႔ အမွ်ကို တက္ေနတဲ့ အတြက္ ယူေကအစိုးရအေနနဲ႔ ၾကားခံကုမၸဏီေတြက ေရာင္းခ်ဖို႔ ကမ္းလွမ္းမႈေတြကို ေရွာင္ရွားၿပီး ကုမၸဏီေတြဆီက တိုက္႐ိုက္ဝယ္ဖို႔ပဲ ႀကိဳးစားေနတယ္လို႔ ဆိုပါတယ္။
အခုလို ၾကားခံကုမၸဏီေတြဆီက ဝယ္ယူမႈေၾကာင့္ေစ်းႀကီးတဲ့ ျပႆနာအျပင္ အဆင့္အတန္းလည္း မမီတဲ့ ျပႆနာလည္း ႀကဳံရႏိုင္ၿပီး စပိန္မွာ ျပည္ပက ဝယ္ယူလိုက္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ စမ္းသပ္ပစၥည္းတခ်ိဳ႕ဆိုရင္ တိက်မႈ နည္းတဲ့အတြက္ သုံးလို႔မရပဲ ျဖစ္သြားခဲ့တယ္လို႔ ဆိုပါတယ္။
BBC Burmese
https://www.bbc.com/burmese/world-52083667
--------------
(Unicode)⤵⤵⤵
ယူကေမှာ ကိုဗစ်၁၉ ရောဂါဆိုးလာသူတွေအတွက် အောက်စီဂျင်ပေး အသက်ရှူစက် လောက်ရဲ့လား
ဓာတ်ပုံ မူပိုင် Getty Images
Image caption ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခြေအနေဆိုးလာသူတွေ အနေနဲ့ အဆုတ်မှာ အဓိကထိခိုက်လာတဲ့အတွက် အသက်ရှူရ ခက်ခဲလာလေ့ရှိတယ်
ကိုရိုနာဗိုင်းရပ်စ် ကိုဗစ် ၁၉ ကူးစက်ခံရပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ အသက်ရှူရ ခက်ခဲတဲ့ ရောဂါလက္ခဏ ပြလာသူတွေကို ကုသရာမှာ အောက်စီဂျင်ပေး အသက်ရှူစက်တွေက အဓိက ကျနေပါတယ်။
ဒါ့ကြောင့် နိုင်ငံအသီးသီးက ဒီစက်တွေ များများသိုလှောင်ထားကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ထားခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ ယူကေဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ကားကုမ္ပဏီတွေ အပါအဝင် အင်ဂျင်နီယာပိုင်းဆိုင်ရာ ကုမ္ပဏီတွေက ဒီစက်တွေ အမြောက်အများ ထုတ်လုပ်ရာမှာ ကူညီပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။
လက်ရှိ မတ်လကုန် ရောက်လာတဲ့အချိန်မှာတော့ တရုတ်နိုင်ငံပြင်ပ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုက WHO က အဲဒီလို ထုတ်ပြန်ခဲ့တဲ့ အချိန်ကထက် သိသိသာသာ ပိုဆိုးလာပြီး ရောဂါကူးသူ တွေ့ရှိရမှုမှာ အမေရိကန်ကော အီတလီပါ တရုတ်ထက် များသွားပြီ ဖြစ်ပါတယ်။
ဒါ့အပြင် မတ်လ ၂၉ ရက်နေ့ စာရင်းဇယားအရ ဒီရောဂါကြောင့်သေဆုံးသူ အရေအတွက်မှာ ဆိုရင် အီတလီက တရုတ်ထက် သုံးဆနီးပါး များသွားပြီ ဖြစ်ပါတယ်။
မတ်လ ၂၉ ရက် စာရင်းဇယားအရ အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေသူ ၁၂၀ဝဝဝ ကျော်နဲ့ သေဆုံးသူ ၂၀ဝ၀ ကျော် ရှိပြီး အီတလီမှာတော့ ကူးစက်ကြောင်းတွေ့ရှိသူ ၉ဝဝဝ၀ ကျော်နဲ့ သေဆုံးသူကတော့ တသောင်းကျော် အထိ ရောက်လာတာ ဖြစ်ပါတယ်။
အခုလို အခြေအနေတွေ ဖြစ်လာတဲ့အချိန်မှာ ယူကေအစိုးရက ဥရောပသမဂ္ဂရဲ့ အောက်စီဂျင်ပေး အသက်ရှူစက် စုဆောင်းရဲ့ စီမံချက်ထဲမှာ ပါဝင်ဖို့ နောက်ဆုံးရက်ကို မမီလိုက်ဘူး ဆိုတာကြောင့် အတိုက်အခံ ပါတီတွေက အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။
အစောပိုင်းမှာ အီးယူအဖွဲ့ဝင် မဟုတ်တော့တာကြောင့် မပါတာလို့ ယူကေအစိုးရက ပြောပေမယ့် အီးယူဘက်ကတော့ ယူကေလည်း ပါလို့ရတယ် ဆိုတာကြောင့် ပိုမို ဝေဖန်ခံခဲ့ရပြီး ဒီစီမံချက်ထဲ ပါဝင်ဖို့ အီးမေးမရခဲ့ဘူးလို့ မတ်လ ၂၆ ရက်နေ့မှာ ယူကေအစိုးရက ကာကွယ်ပြောဆိုခဲ့ရပါတယ်။
ဒါပေမယ့် နောက်ပိုင်း အီးယူရဲ့ အလားတူ စီမံချက်တွေမှာတော့ ပါဝင်နိုင်တယ်လို့လည်း ယူကေအစိုးရက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption လူနာရဲ့ အဆုတ်တွင်း လေစီးဆင်းမှု၊ အပူချိန်၊ စိုထိုင်းဆနဲ့ ဖိအားတွေကိုလည်း တိတိကျကျ စောင့်ကြည့် ဖော်ပြနိုင်တဲ့ စက်တွေ လိုအပ်နေ
ကိုရိုနာဗိုင်းရပ်စ်ရောဂါသည်တွေအတွက် ဒီစက်တွေက ဘယ်လောက် အရေးကြီးသလဲ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခြေအနေဆိုးလာသူတွေ အနေနဲ့ အဆုတ်မှာ အဓိကထိခိုက်လာတဲ့အတွက် အသက်ရှူရ ခက်ခဲလာလေ့ ရှိတာကြောင့်အခုလို စက်တွေ များများရှိထားဖို့ အရေးကြီးနေတာ ဖြစ်ပါတယ်။
အခုလို အဆုတ်ထိခိုက်လာတဲ့အချိန်မှာ ကိုယ်ခံအားစနစ်က သွေးကြောတွေကို ကျယ်စေပြီး ကိုယ်ခံအား ဆဲလ်တွေ များများဝင်ရောက်အောင် ကြိုးစားတဲ့အတွက် ဘေးထွက်ဆိုးကျိုး အနေနဲ့ အဆုတ်ထဲကို အရည်ဝင်လို့ အသက်ရှူရ ခက်ခဲလာစေပြီး တကိုယ်လုံးအတွက် လိုအပ်တဲ့ အောက်စီဂျင်လည်း မလုံလောက်တာတွေ ဖြစ်လာနိုင်ပါတယ်။
အဲဒီစက်တွေဟာ အောက်စီဂျင်ပေးရုံ သက်သက်သာ မဟုတ်ပဲ ရှုလိုက်တဲ့ လေနဲ့အတူပါလာတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ကိုလည်း စွန့်ထုတ်ပေးနိုင်ပါတယ်။
ဒီစက်တွေနဲ့ ချိတ်ဆက်ထားတဲ့ ပိုက်ကို နှာခေါင်း ဒါမှမဟုတ် ပါးစပ်နဲ့ ဆက်သွယ် အသုံးပြုရပြီး ဒီလိုလုပ်ဖို့ပါ အခက်အခဲရှိလာတဲ့ လူနာတွေမှာတော့ လည်ပင်းမှာ အပေါက်ဖောက်ပြီး အောက်စီဂျင်ပေးရပါတယ်။
အခုလို အောက်စီဂျင်ပေးရာမှာ များသွားရင်လည်း ကျန်းမာရေး ထိခိုက်နိုင်ပြီး လူနာရဲ့ အဆုတ်တွင်း လေစီးဆင်းမှု၊ အပူချိန်၊ စိုထိုင်းဆနဲ့ ဖိအားတွေကိုလည်း တိတိကျကျ စောင့်ကြည့် ဖော်ပြနိုင်တဲ့ စက်တွေ လိုအပ်နေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ယူကေ တိရိစ္ဆာန် ဆေးကုဆရာဝန်တွေမှာ ရှိတဲ့ တိရိစ္ဆာန်သုံး အောက်စီဂျင်ပေး အသက်ရှူစက်တချို့ကို အသုံးပြုခွင့်ပေးဖို့ NHS က မေတ္တာရပ်ခံထား
ယူကေမှာရှိပြီးသား အောက်စီဂျင်ပေး အသက်ရှူစက်တွေနဲ့ လောက်ပါ့မလား
ယူကေ အစိုးရအနေနဲ့ကတော့ လောလောဆယ်မှာ ရှိပြီးသား အောက်စီဂျင်ပေး အသက်ရှူစက် ပုံစံမျိုးစုံကို လိုက်ဝယ်နေတယ်လို့ ဘီဘီစီကို ပြောပါတယ်။
မတ်လ ၂၆ ရက်နေ့ စာရင်းအရ ယူကေနိုင်ငံရဲ့ နိုင်ငံတော်ကျန်းမာရေးစနစ် NHS မှာ အဲဒီစက် ၈၀ဝ၀ ကျော်သာ ရှိပြီး လောလောဆယ်မှာ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေဆီကနေ နောက်ထပ် ၈၀ဝ၀ ကျော် ထပ်မံ ဖြည့်တင်းနိုင်တယ်လို့ ယူဆထားပါတယ်။
လက်ရှိ ခန့်မှန်းတွက်ချက်ထားချက်အရ တကယ်တမ်း ရောဂါလက္ခဏာပြင်းထန်သူတွေ များလာရင် NHS မှာ အနည်းဆုံး အဲဒီ အသက်ရှူစက် ၃၀ဝဝဝ ရှိထားဖို့ လိုတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့်လောလောဆယ်မှာ ယူကေ တိရိစ္ဆာန် ဆေးကုဆရာဝန်တွေမှာ ရှိတဲ့ တိရိစ္ဆာန်သုံး အောက်စီဂျင်ပေး အသက်ရှူစက်တချို့ကို အသုံးပြုခွင့်ပေးဖို့ NHS က မေတ္တာရပ်ခံထားပါတယ်။
ယူကေနိုင်ငံမှာ တိရိစ္ဆာန်သုံး အောက်စီဂျင်ပေး အသက်ရှူစက် စုစုပေါင်း ၄၀ဝ လောက်ရှိတယ်လို့ ခန့်မှန်းထားပြီး ခွေးထက်ကြီးပြီး မြင်းအရွယ်လောက်အထိလည်း မကြီးတဲ့ သတ္တဝါတွေအတွက် ထုတ်လုပ်ထားတဲ့ စက်တွေဆိုရင် လူတွေအတွက် အသုံးပြုလို့ရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောဆိုထားတာ ဖြစ်ပါတယ်။
တိရစ္ဆာန်ငယ်တွေအတွက် ဒီစက်တွေ ထုတ်လုပ်တဲ့ ဗက်ထရွန်းနစ် ကုမ္ပဏီကလည်း ရှိနေတဲ့ စက်တွေကို လူတွေမှာ အသုံးပြုနိုင်ဖို့ ပြင်ဆင်ပေးနေတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် Dyson/PA Media
Image caption ဒိုင်ဆင်ကုမ္ပဏီရဲ့ အသက်ရှူစက် ဖန်တီးထုတ်လုပ်မှုကို စည်းကမ်းနဲ့အညီ ဓါတ်ခွဲခန်းမှာ စမ်းသပ်မှုနဲ့လူတွေမှာ စမ်းသပ်မှုတွေလည်း လုပ်ရမယ်
ဒိုင်ဆင်ကုမ္ပဏီရဲ့အောက်စီဂျင်ပေး အသက်ရှူစက် ပုံစံထုတ်မှုအသစ်
ယူကေနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်အခြေအနေကို ကူညီဖြေရှင်းပေးဖို့အတွက် ဒိုင်ဆင် လျှပ်စစ်ပစ္စည်းကုမ္ပဏီက ဆေးဘက်ဆိုင်ရာသုံး အောက်စီဂျင်ပေး အသက်ရှူစက် ပုံစံအသစ်ကို ထုတ်လုပ်တော့မယ်လို့ မတ်လ ၂၄ ရက်နေ့က ကြေညာခဲ့ပါတယ်။
အခုလို ကြေညာအပြီး နောက် ၂ ရက်မှာပဲ နိုင်ငံတော်ကျန်းမာရေးစနစ် NHS အတွက် အဲဒီစက်အလုံးတသောင်း ဝယ်ယူမယ်လို့ အစိုးရက ကြေညာခဲ့ပါတယ်။
ဒိုင်ဆင်ကုမ္ပဏီဟာ ယူကေနိုင်ငံ ကိန်းဘရစ်ဂျ်မြို့ အခြေစိုက် ဆေးပစ္စည်း ကုမ္ပဏီတခုဖြစ်တဲ့ The Technology Partnership နဲ့ ပူးပေါင်းပြီး တိတိကျကျ အချိန်မီ ဖန်တီး ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
အခုလို ဖန်တီး ထုတ်လုပ်မှုကို ဆေးဘက်ဆိုင်ရာ စက်ပစ္စည်း ထုတ်လုပ်မှု စည်းကမ်းနဲ့အညီ ဓါတ်ခွဲခန်းမှာ စမ်းသပ်မှုနဲ့လူတွေမှာ စမ်းသပ်မှုတွေလည်း လုပ်ရမှာ ဖြစ်ပြီး များများထုတ်လုပ်နိုင်ဖို့လည်း ရည်မှန်းထားတယ်လို့လည်း ဒိုင်ဆင်ကုမ္ပဏီ ဥက္ကဌ ဖြစ်တဲ့ ယူကေနိုင်ငံသား တီထွင်ပညာရှင် ဂျိမ်းစ် ဒိုင်ဆင်က ပြောပါတယ်။
အခုလို ထုတ်လုပ်မယ့် စီမံကိန်းအတွက် ရာနဲ့ချီတဲ့ ဒိုင်ဆင်ကုမ္ပဏီရဲ့ အင်ဂျင်နီယာတွေက နေ့မအား ညမအား ပုံစံထုတ်နေတယ်လို့ ဆိုပါတယ်။
ဒီစီမံကိန်းအတွက် ကုမ္ပဏီရဲ့ ယူကေ အခြေစိုက်ရုံးရှိရာ ဝစ်(လ်တ်)ရှား ဒေသက လေယာဉ်ဂိုထောင်တွေမှာ အလုံးအရင်း ထုတ်လုပ်ဖို့ စီစဉ်ထားပြီး နောက်ဆုံး ထုတ်မယ့် ပုံစံရရင် စပြီး ထုတ်လုပ်ဖို့အထိကတော့ ရက်သတ္တပတ်နဲ့ချီပြီး ကြာနိုင်တယ်လို့ ဆိုပါတယ်။
စကော့တလန် ဂလာစကို တက္ကသိုလ်က ဇီဝနဲ့ဆေး အင်ဂျင်နီယာပညာ ဒေါက်တာ မာရီယွန် ဟာ့ရှ်ကတော့ ရှိပြီးသား အောက်ဆီဂျင်ပေး အသက်ရှူစက် ပုံစံတွေကို များများ ထုတ်လုပ်တာက အရေးတကြီး လိုအပ်နေတဲ့ အခြေအနေနဲ့ ပိုပြီး ကိုက်ညီတယ်လို့ ဘီဘီစီကို ပြောပါတယ်။
ဒိုင်ဆင်အနေနဲ့ ပုံမှန်ကာလမှာ နောက်ဆုံး ထုတ်လုပ်ရောင်းချတဲ့ အချိန်အထိ အဆင့်ဆင့် လိုက်နာရလေ့ရှိတဲ့ စည်းကမ်းတွေ အားလုံးကို အခုလို အရေးကြီးနေတဲ့အချိန်မှာ လိုက်နာစရာ မလိုလောက်ဘူး ဆိုပေမယ့် သေသေချာချာ မလိုက်နာပဲ ထုတ်လုပ်လိုက်တာမျိုးလည်း မဖြစ်သင့်ဘူးလို့ သူက ပြောပါတယ်။
ပုံမှန်အားဖြင့်ဆိုရင် ကုမ္ပဏီတခုအတွက် အောက်စီဂျင်ပေး အသက်ရှူစက် ပုံစံတခု ထုတ်လုပ်ရောင်းချဖို့အတွက် ၂ နှစ် ၃နှစ်လောက် အချိန်ပေးရတာ ဖြစ်ပါတယ်။
ဘာပဲပြောပြော ရေရှည်မှာတော့ အောက်ဆီဂျင်ပေး အသက်ရှူစက် ပုံစံ တမျိုးမက ရှိတာက တန်ဖိုးရှိနိုင်ပါတယ်လို့ ဒေါက်တာဟာ့ရှ်က ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် Smiths Group
Image caption စမစ်စ်ကုမ္ပဏီက သယ်ဆောင်ရလွယ်ကူတဲ့ အောက်စီဂျင်ပေး အသက်ရှူစက်တွေ အဓိက ထုတ်လုပ်
အခြား အောက်စီဂျင်ပေး အသက်ရှူစက် ပုံစံသစ် ထုတ်မှုများ
အောက်စဖို့တက္ကသိုလ်နဲ့ လန်ဒန်ဘုရင့်ကောလိပ်တို့က အင်ဂျင်နီယာတွေ၊ မေ့ဆေးဆရာဝန်တွေနဲ့ ခွဲစိတ်ဆရာဝန်တွေကလည်း အောက်စီဂျင်ပေး အသက်ရှူစက် ပုံစံသစ် တမျိုးထုတ်ဖို့ the OxVent အဖွဲ့အနေနဲ့ ပူးပေါင်းပြီး ကြိုးစား နေကြပါတယ်။
သူတို့ထုတ်လုပ်မယ့်စက်ပုံစံသစ်က လက်ရှိထုတ်လုပ်ရောင်းချနေတဲ့ ပုံစံတွေလောက် မရှုပ်ထွေးအောင် ကြိုးစားနေကြတဲ့အတွက် ရလာရင် မြန်မြန်ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။
ဒိုင်ဆင်ကထုတ်မယ့် စက်တွေကို အစိုးရက မှာယူထားပြီးတဲ့ အဆင့်ရောက်နေပေမယ့် the OxVent ရဲ့ စီမံကိန်းကိုတော့ အစိုးရဘက်က တခုခု အတည်ပြုချက် မပေးသေးပါဘူး။
အိစ်အန်းဂလီးယား တက္ကသိုလ်က သုတေသီတွေကတော့ 3D ပရင်တာတွေ အသုံးပြုပြီး အောက်စီဂျင်ပေး အသက်ရှူစက်တွေအတွက် အစိတ်အပိုင်းတွေသာမက နှာခေါင်းစည်းနဲ့တကွ တခြားအရေးပေါ်လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေကို လျင်လျင်မြန်မြန် ထုတ်လုပ်နိုင်ရေး စီမံချက် တခုကို စတင်လိုက်ပြီလို့ ကြေညာထားပါတယ်။
ဓာတ်ပုံ မူပိုင် Penlon
Image caption ပန်လွန် ကုမ္ပဏီဟာ မေ့ဆေးပေးထားသူတွေအတွက် အောက်စီဂျင်ပေး အသက်ရှူစက်တွေထုတ်တဲ့ ကုမ္ပဏီဖြစ်
အောက်စီဂျင်ပေး အသက်ရှူစက် သီးသန့်ထုတ်တဲ့ ကုမ္ပဏီတွေ ဖြစ်တဲ့ ပန်လွန်နဲ့ စမစ်စ်၊ လေကြောင်းပစ္စည်း ကုမ္ပဏီ အဲဘတ်စ်နဲ့ ကားကုမ္ပဏီတွေ အဖြစ် လူသိများတဲ့ ဖို့ဒ်၊ မက်ကလာရင်နဲ့ ရိုးရွိုက်စ်တို့ စုပေါင်း ဖွဲ့စည်းထားတဲ့ The Ventilator Challenge UK ကတော့ ပန်လွန်နဲ့စမစ်စ် တို့ရဲ့ လက်ရှိထုတ်လုပ်ရောင်းချနေတဲ့ ပုံစံ နှစ်ခုကို အခြေခံမှာ ဖြစ်ပါတယ်။
ပန်လွန် ကုမ္ပဏီဟာ မေ့ဆေးပေးထားသူတွေအတွက် အောက်စီဂျင်ပေး အသက်ရှူစက်တွေထုတ်တဲ့ ကုမ္ပဏီဖြစ်ပြီး စမစ်စ်ကတော့ သယ်ဆောင်ရလွယ်ကူတဲ့ အလားတူ စက်တွေ အဓိက ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။
စမစ်စ်ကုမ္ပဏီအနေနဲ့ လောလောဆယ် လာမယ့် ၂ ပတ် အတွင်းမှာ အောက်စီဂျင်ပေး အသက်ရှူစက် ၅၀ဝ၀ ထုတ်လုပ်ဖို့နဲ့ လပိုင်းအတွင်းမှာ သောင်းနဲ့ချီပြီး တကမ္ဘာလုံးကို ဖြန့်ချီပေးဖို့ စီစဉ်ထားတယ်လို့ မတ်လ ၂၄ ရက်နေ့က ကြေညာချက် ထုတ်ထားပြီးသား ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး ရှာဖွေနေကြ
နိုင်ငံတကာမှာတော့ အောက်စီဂျင်ပေး အသက်ရှူစက်တွေ ဈေးတက်နေ
မတ်လ ၂၈ ရက်နေ့ ပေါက်ဈေးအရဆိုရင် ဒီစက်တလုံးကို အမေရိကန် ဒေါ်လာ တသိန်းနီးပါး ဖြစ်နေပြီး ပြီးခဲ့တဲ့ တပတ်ကဆိုရင် အဲဒီစက်အမျိုးအစားမျိုးပဲ အမေရိကန်ဒေါ်လာ သုံးသောင်းနီးပါးသာ ဈေးပေါက်ခဲ့တာ ဖြစ်ပါတယ်။
ဒီအသက်ရှူစက်ဈေးတွေဟာ နာရီနဲ့ အမျှကို တက်နေတဲ့ အတွက် ယူကေအစိုးရအနေနဲ့ ကြားခံကုမ္ပဏီတွေက ရောင်းချဖို့ ကမ်းလှမ်းမှုတွေကို ရှောင်ရှားပြီး ကုမ္ပဏီတွေဆီက တိုက်ရိုက်ဝယ်ဖို့ပဲ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
အခုလို ကြားခံကုမ္ပဏီတွေဆီက ဝယ်ယူမှုကြောင့်ဈေးကြီးတဲ့ ပြဿနာအပြင် အဆင့်အတန်းလည်း မမီတဲ့ ပြဿနာလည်း ကြုံရနိုင်ပြီး စပိန်မှာ ပြည်ပက ဝယ်ယူလိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ပစ္စည်းတချို့ဆိုရင် တိကျမှု နည်းတဲ့အတွက် သုံးလို့မရပဲ ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။
BBC Burmese
https://www.bbc.com/burmese/world-52083667
ယူေကမွာ ကိုဗစ္၁၉ ေရာဂါဆိုးလာသူေတြအတြက္ ေအာက္စီဂ်င္ေပး အသက္ရႉစက္ ေလာက္ရဲ႕လား
Reviewed by THITHTOOLWIN
on
05:11
Rating:
![ယူေကမွာ ကိုဗစ္၁၉ ေရာဂါဆိုးလာသူေတြအတြက္ ေအာက္စီဂ်င္ေပး အသက္ရႉစက္ ေလာက္ရဲ႕လား](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFgqZqCAPLMakQATSdEdrLUuc2y2kyNRsfJCu4d4VeRBQviIyqvmlM8ZITr9PaOtomSk3c9uhXVRtHGiKxx_D6W2AxudJs1wZyRvqI9Ic7HdmZpwP07QXKd3orFtKWblWZ5UZZ2NFmP9s/s72-c/5.jpg)