(Zawgyi)⤵⤵⤵
ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ႏိုင္ငံေတာ္ သမၼတ ဦးဝင္းျမင့္တို႔ က်န္းမာေရးေကာင္းမြန္ေၾကာင္းနဲ႔ မည္သည့္ ေစာင့္ၾကပ္ၾကည့္ရႈတာမ်ိဳးမွ လုပ္ေဆာင္ျခင္းမရွိေၾကာင္း သမၼတ႐ုံး ေျပာခြင့္ရပုဂၢိဳလ္ ဦးေဇာ္ေဌးက ေျပာပါတယ္။
Selft Quarantine ေရာ၊ Home Quarantine ပါ လုပ္ေဆာင္တာမ်ိဳးမရွိဘဲ က်န္းမာေရးေကာင္းမြန္ေၾကာင္း ဦးေဇာ္ေဌးက ေျပာပါတယ္။
ႏိုင္ငံေတာ္ သမၼတနဲ႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္တို႔ဟာ ႏိုင္ငံ့တာဝန္ေတြကို ပုံမွန္ေဆာင္႐ြက္ေနေၾကာင္း၊ သို႔ေသာ္လည္း လက္ရွိအခ်ိန္က COVID-19 ကူးစက္ေရာဂါ ျပန႔္ပြားေနတဲ့အခ်ိန္ျဖစ္လို႔ ဧည့္သည္လက္ခံ ေတြ႕ဆုံမႈကိုေတာ့ အထူးသတိထားေဆာင္႐ြက္ေနေၾကာင္း ဦးေဇာ္ေဌးက ေျပာပါတယ္။
ေနျပည္ေတာ္မွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ေတြ႕ ခဲ့တဲ့ ႏိုင္ငံျခားသူက ႏိုင္ငံအႀကီးအကဲေတြနဲ႔ ေတြ႕ဆုံခဲ့ေၾကာင္းနဲ႔ အဲဒီလို ေတြ႕ဆုံခဲ့တဲ့အတြက္ ႏိုင္ငံ့အႀကီးအကဲေတြကို Self Quarantine၊ Home Quarantine ေဆာင္႐ြက္ေနရတယ္ဆိုတဲ့ ေကာလဟာလ သတင္းေတြ ထြက္ေပၚေနတဲ့အေပၚ သမၼတ႐ုံး ေျပာခြင့္ရသူက ျပန္လည္ရွင္းလင္းခဲ့တာပါ။
ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ဟာ မတ္လ ၂၃ ရက္က ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ ဌာေနညႇိႏႈိင္းေရးမႉးနဲ႔ ေတြ႕ဆုံခဲ့တာျဖစ္ၿပီး ေနျပည္ေတာ္၌ COVID-19 ေရာဂါပိုးေတြ႕သူႏွင့္ ေတြ႕ဆုံခဲ့ျခင္းမရွိေၾကာင္း ေရာဂါပိုးေတြ႕သည့္ ဆြစ္ဇာလန္ႏိုင္ငံသူမွာ ျမန္မာႏိုင္ငံဆိုင္ရာ ကုလအထူး ကိုယ္စားလွယ္၏ ႐ုံးဝန္ထမ္းျဖစ္တယ္လို႔ ဦးေဇာ္ေဌး က ေျပာပါတယ္။
---------------------------------------
(Unicode)⤵⤵⤵
နိုင်ငံတော် သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ကျန်းမာရေးကောင်းမွန်ကြောင်း သမ္မတရုံးပြော
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်တို့ ကျန်းမာရေးကောင်းမွန်ကြောင်းနဲ့ မည်သည့် စောင့်ကြပ်ကြည့်ရှုတာမျိုးမှ လုပ်ဆောင်ခြင်းမရှိကြောင်း သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောပါတယ်။
Selft Quarantine ရော၊ Home Quarantine ပါ လုပ်ဆောင်တာမျိုးမရှိဘဲ ကျန်းမာရေးကောင်းမွန်ကြောင်း ဦးဇော်ဌေးက ပြောပါတယ်။
နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဟာ နိုင်ငံ့တာဝန်တွေကို ပုံမှန်ဆောင်ရွက်နေကြောင်း၊ သို့သော်လည်း လက်ရှိအချိန်က COVID-19 ကူးစက်ရောဂါ ပြန့်ပွားနေတဲ့အချိန်ဖြစ်လို့ ဧည့်သည်လက်ခံ တွေ့ဆုံမှုကိုတော့ အထူးသတိထားဆောင်ရွက်နေကြောင်း ဦးဇော်ဌေးက ပြောပါတယ်။
နေပြည်တော်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ ခဲ့တဲ့ နိုင်ငံခြားသူက နိုင်ငံအကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့ကြောင်းနဲ့ အဲဒီလို တွေ့ဆုံခဲ့တဲ့အတွက် နိုင်ငံ့အကြီးအကဲတွေကို Self Quarantine၊ Home Quarantine ဆောင်ရွက်နေရတယ်ဆိုတဲ့ ကောလဟာလ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် သမ္မတရုံး ပြောခွင့်ရသူက ပြန်လည်ရှင်းလင်းခဲ့တာပါ။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ မတ်လ ၂၃ ရက်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး နေပြည်တော်၌ COVID-19 ရောဂါပိုးတွေ့သူနှင့် တွေ့ဆုံခဲ့ခြင်းမရှိကြောင်း ရောဂါပိုးတွေ့သည့် ဆွစ်ဇာလန်နိုင်ငံသူမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူး ကိုယ်စားလှယ်၏ ရုံးဝန်ထမ်းဖြစ်တယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
ႏိုင္ငံေတာ္ သမၼတနဲ႔ အတိုင္ပင္ခံပုဂၢိဳလ္တို႔ က်န္းမာေရးေကာင္းမြန္ေၾကာင္း သမၼတ႐ုံးေျပာ
Reviewed by THITHTOOLWIN
on
19:21
Rating: