ဖိလစ်ပိုင်က ဗိုင်းရပ်ကြောင့်လမ်းပိတ်ထားတဲ့ သင်္ကေတ |
---------------------------------------
ဖိလစ်ပိုင်နဲ့ တရုတ်ပစ္စည်း
တရုတ်အစိုးရက ဖိလစ်ပိုင်ကို ထောင်နဲ့ချီတဲ့ ဗိုင်းရပ်ပိုး စစ်တဲ့ ပစ္စည်းအစုတ် တွေကို လှူတယ်ဆိုပြီး ပြောကြားခဲ့တာကို ဖိလစ်ပိုင် ကျန်းမာရေး အရာရှိတွေက ပြန်ရုပ်သိမ်းခဲ့ပါတယ်။
တရုတ်အစိုးရပေးတဲ့ ပစ္စည်းတွေက ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ စံတွေနဲ့ ကိုက်ညီပြီး ပုဂ္ဂလိက ဖောင်ဒေးရှင်းအဖွဲ့တခုက ပေးတဲ့ ပစ္စည်းတွေကသာ မကောင်းတာ ဆိုပြီး ဖိလစ်ပိုင် ကျန်းမာရေး ဝန်ကြီးဌာနက ပြင်ဆင် ပြောကြားခဲ့ပါတယ်။
ဖိလစ်ပိုင်မှာ ဗိုင်းရပ်ပိုး စစ်တဲ့ ပစ္စည်းတွေနဲ့ ကာကွယ်ရေး ဝတ်စုံတွေ အကြီးအကျယ် ပြတ်တောက်နေတယ်လို့လည်း ဖိလစ်ပိုင်အစိုးရက ပြောကြားခဲ့ပါတယ်။
ဖိလစ်ပိုင်မှာ ဗိုင်းရပ်ကူးစက်ခံရသူ ၁၄ဝဝ ကျော် ရှိတဲ့အနက် ဆရာဝန် ၁၂ ယောက် အပါအဝင် လူ ၇၁ ယောက် သေဆုံးတယ်လို့ အတည်ပြုနိုင်ခဲ့ပါတယ်။
BBC Burmese
https://www.bbc.com/burmese/world-52083493
Reviewed by THITHTOOLWIN
on
22:32
Rating: