အေမရိကန္မွာ ကို႐ုိနာဗိုင္းရပ္စ္ေၾကာင့္ ပထမဆံုး လူတဦး ေသဆံုး

ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္မႈအေရး သတင္းစာရွင္းလင္းပြဲတြင္ ေျပာဆုိေနသည့္ သမၼတ Donald Trump. (ေဖေဖာ္ဝါရီ ၂၉၊ ၂၀၂၀)
(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရမႈေၾကာင့္ တဦး ေသဆံုးခဲ့ရေၾကာင္း စေနေန႔မွာ ေၾကညာခဲ့ၿပီးေနာက္မွာ သမၼတ Donald Trump က ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ တားဆီးေရးအတြက္ ခရီးသြားလာခြင့္ ကန္႔သတ္ခ်က္ေတြ ထပ္တိုးလိုက္ပါတယ္။ အေမရိကန္ျပည္ေထာင္စု အတြင္းမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ တဦးေသဆံုးခဲ့ရေပမယ့္ ျပည္သူေတြအတြက္ ဗိုင္းရပ္စ္အႏၱရာယ္ သိပ္မရွိေသးဘူးဆိုေပမယ့္ ဒီအေျခအေနက တမုဟုတ္ခ်င္း ေျပာင္းလဲသြားႏုိင္တယ္လို႔လည္း သတိေပးထားပါတယ္။ အျပည့္အစုံကုိ မသိဂႌထိုက္ တင္ျပေပးထားပါတယ္။

ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရမႈေၾကာင့္ အေမရိကန္ျပည္ေထာင္စုအတြင္းမွာ ပထမဆံုး လူနာတဦး ေသဆံုးေၾကာင္း စေနေန႔မွာ အာဏာပိုင္တို႔ ေၾကညာခဲ့ၿပီးေနာက္မွာေတာ့ သမၼတ Donald Trump က အိမ္ျဖဴေတာ္မွာ သတင္းစာရွင္းလင္းခဲ့ပါတယ္။

“အေမရိကန္ျပည္ေထာင္စုမွာ လတ္တေလာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္သူ ၂၂ ေယာက္ ရွိပါတယ္။ စိတ္မေကာင္းစရာအေနနဲ႔ တေယာက္ကေတာ့ ညကပဲ ဆုံးပါးသြားပါတယ္။”

ေသဆံုးသူက က်န္းမာေရး အရ အတိမ္းအေစာင္း အခံတဲ႔ အသက္ ၅၀ ေက်ာ္ အရြယ္ အမ်ိဳးသမီး ျဖစ္တယ္လို႔လည္း သမၼတ Donald Trump က စေနေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ အေမရိကန္ ကူးစက္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရး ဌာန CDC က ျပန္လည္ ရွင္းလင္းတဲ႔ အထဲမွာေတာ့ ေသဆံုးသူက အသက္ ၅၀ ေက်ာ္ အမ်ိဳးသား ျဖစ္တယ္လို႔ ေျပာဆိုထားပါတယ္။

ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ ပ်ံ႕ႏွံ႔မႈေၾကာင့္ တ႐ုတ္ႏိုင္ငံကို သီတင္း ၂ ပတ္အတြင္း သြားေရာက္ခဲ့ဖူးတဲ့ ႏုိင္ငံျခားသားေတြကို အေမရိကန္က ျပည္၀င္ခြင့္ ကန္႔သတ္ထားၿပီးျဖစ္ၿပီး စေနေန႔မွာေတာ့ ေနာက္ထပ္ ခရီးသြားလာခြင့္ ကန္႔သတ္မိန္႔ေတြ ထပ္ၿပီး ထုတ္ျပန္ခဲ့ပါတယ္။ ဒုတိယသမၼတ Mike Pence က သတင္းစာရွင္းလင္းပြဲမွာ အခုလို ေျပာပါတယ္။

“အီရန္ကုိ ခရီးသြားလာခြင့္ ကန္႔သတ္ထားၿပီးသားပါ။ ဒါေပမယ့္လည္း လက္ရွိ ခရီးသြားကန္႔သတ္ခ်က္မွာ လြန္ခဲ့တဲ့ ၁၄ ရက္အတြင္း အီရန္ကုိ သြားခဲ့ဖူးတဲ့ ႏုိင္ငံျခားသားေတြကုိပါ ထပ္မံျဖည့္စြက္လုိက္တာပါ။ အီရန္နဲ႔ ပတ္သက္လုိ႔ ထပ္မံျဖည့္စြက္ခဲ့သလုိ ခရီးသြားေတြအတြက္ အႀကံျပဳခ်က္ကုိလည္း အျမင့္ဆုံးအဆင့္ကုိ တုိးလုိက္ပါတယ္။ အီတလီနဲ႔ ေတာင္ကုိရီးယားႏုိင္ငံေတြက တခ်ဳိ႕ေဒသေတြကုိ အေမရိကန္ေတြ ခရီးမသြားဖုိ႔ အႀကံျပဳထားတာပါ။”

အေမရိကန္ျပည္ေထာင္စုအတြင္းမွာ ကို႐ုိနာဗိုင္းရပ္စ္ေၾကာင့္ တဦးေသဆံုးခဲ့ရေပမယ့္ ျပည္သူေတြအတြက္ေတာ့ ဗိုင္းရပ္စ္အႏၱရာယ္ နည္းပါးေနေသးတယ္လုိ႔ အာဏာပိုင္တို႔က ေျပာဆိုေပမယ့္လည္း ဒီအေျခအေနက ေျပာင္းလဲသြားႏုိင္တယ္လို႔လည္း သတိေပးပါတယ္။ အေမရိကန္ က်န္းမာေရးနဲ႔ လူမႈဖူလံုေရးဌာန၀န္ႀကီး AlexAzar က သတင္းစာရွင္းလင္းပြဲမွာ အခုလို ေျပာပါတယ္။

“သာမန္ အေမရိကန္လူထုအတြက္ ႏုိဘယ္လ္ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္ႏုိင္တဲ့ အႏၱရာယ္က နည္းပါးပါတယ္။ အႏၱရာယ္ရွိတဲ့ အေျခအေန နည္းပါးေနဆဲ ျဖစ္ပါတယ္။ အရင္က မရွိခဲ့ဘူးတဲ့ အစီအမံေတြနဲ႔ ေဆာင္ရြက္ခဲ့တဲ့ သမၼတ Trump ကုိလည္း ေက်းဇူးတင္ရမွာပါ။ သမၼတက ဒီကေန႔ ေၾကညာသြားတဲ့ အစီအစဥ္ေတြနဲ႔အတူ အႏၱရာယ္ရွိတဲ့ အေျခအေနေတြလည္း နည္းပါးေနဆဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီအေျခအေနေတြဟာ ျမန္ျမန္ဆန္ဆန္ ေျပာင္းလဲသြားႏုိင္ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္လုိ႔ စေျပာၾကတဲ့ အခ်ိန္ကတည္းက ကူးစက္မႈေတြ ထပ္ေတြ႔ရႏုိင္တယ္ဆုိၿပီး က်ေနာ္တုိ႔ အၿမဲေျပာခဲ့ပါတယ္။ ေတြ႔႔လည္း ေတြ႔ေနရပါတယ္။ ေနာက္ထပ္လည္း ေတြ႔ရဦးမွာပါ။”

ကို႐ုိနာဗိုင္းရပ္စ္အေရးနဲ႔ ပတ္သက္ၿပီး လာမယ့္ တနလၤာေန႔မွာ အေမရိကန္ ေဆးကုမၸဏီႀကီးေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးမယ္လို႔လည္း သမၼတ Trump က ေျပာပါတယ္။

---------------------------

(Unicode)

အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံး လူတဦးသေဆုံး

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် တဦး သေဆုံးခဲ့ရကြောင်း စနေနေ့မှာ ကြေညာခဲ့ပြီးနောက်မှာ သမ္မတ Donald Trump က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တားဆီးရေးအတွက် ခရီးသွားလာခွင့် ကန့်သတ်ချက်တွေ ထပ်တိုးလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် တဦးသေဆုံးခဲ့ရပေမယ့် ပြည်သူတွေအတွက် ဗိုင်းရပ်စ်အန္တရာယ် သိပ်မရှိသေးဘူးဆိုပေမယ့် ဒီအခြေအနေက တမုဟုတ်ချင်း ပြောင်းလဲသွားနိုင်တယ်လို့လည်း သတိပေးထားပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက် တင်ပြပေးထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် အမေရိကန်ပြည်ထောင်စုအတွင်းမှာ ပထမဆုံး လူနာတဦး သေဆုံးကြောင်း စနေနေ့မှာ အာဏာပိုင်တို့ ကြေညာခဲ့ပြီးနောက်မှာတော့ သမ္မတ Donald Trump က အိမ်ဖြူတော်မှာ သတင်းစာရှင်းလင်းခဲ့ပါတယ်။

“အမေရိကန်ပြည်ထောင်စုမှာ လတ်တလော ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၂၂ ယောက် ရှိပါတယ်။ စိတ်မကောင်းစရာအနေနဲ့ တယောက်ကတော့ ညကပဲ ဆုံးပါးသွားပါတယ်။”

သေဆုံးသူက ကျန်းမာရေး အရ အတိမ်းအစောင်း အခံတဲ့ အသက် ၅၀ ကျော် အရွယ် အမျိုးသမီး ဖြစ်တယ်လို့လည်း သမ္မတ Donald Trump က စနေနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အမေရိကန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဌာန CDC က ပြန်လည် ရှင်းလင်းတဲ့ အထဲမှာတော့ သေဆုံးသူက အသက် ၅၀ ကျော် အမျိုးသား ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကြောင့် တရုတ်နိုင်ငံကို သီတင်း ၂ ပတ်အတွင်း သွားရောက်ခဲ့ဖူးတဲ့ နိုင်ငံခြားသားတွေကို အမေရိကန်က ပြည်ဝင်ခွင့် ကန့်သတ်ထားပြီးဖြစ်ပြီး စနေနေ့မှာတော့ နောက်ထပ် ခရီးသွားလာခွင့် ကန့်သတ်မိန့်တွေ ထပ်ပြီး ထုတ်ပြန်ခဲ့ပါတယ်။ ဒုတိယသမ္မတ Mike Pence က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

“အီရန်ကို ခရီးသွားလာခွင့် ကန့်သတ်ထားပြီးသားပါ။ ဒါပေမယ့်လည်း လက်ရှိ ခရီးသွားကန့်သတ်ချက်မှာ လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း အီရန်ကို သွားခဲ့ဖူးတဲ့ နိုင်ငံခြားသားတွေကိုပါ ထပ်မံဖြည့်စွက်လိုက်တာပါ။ အီရန်နဲ့ ပတ်သက်လို့ ထပ်မံဖြည့်စွက်ခဲ့သလို ခရီးသွားတွေအတွက် အကြံပြုချက်ကိုလည်း အမြင့်ဆုံးအဆင့်ကို တိုးလိုက်ပါတယ်။ အီတလီနဲ့ တောင်ကိုရီးယားနိုင်ငံတွေက တချို့ဒေသတွေကို အမေရိကန်တွေ ခရီးမသွားဖို့ အကြံပြုထားတာပါ။”

အမေရိကန်ပြည်ထောင်စုအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တဦးသေဆုံးခဲ့ရပေမယ့် ပြည်သူတွေအတွက်တော့ ဗိုင်းရပ်စ်အန္တရာယ် နည်းပါးနေသေးတယ်လို့ အာဏာပိုင်တို့က ပြောဆိုပေမယ့်လည်း ဒီအခြေအနေက ပြောင်းလဲသွားနိုင်တယ်လို့လည်း သတိပေးပါတယ်။ အမေရိကန် ကျန်းမာရေးနဲ့ လူမှုဖူလုံရေးဌာနဝန်ကြီး AlexAzar က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

“သာမန် အမေရိကန်လူထုအတွက် နိုဘယ်လ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်တဲ့ အန္တရာယ်က နည်းပါးပါတယ်။ အန္တရာယ်ရှိတဲ့ အခြေအနေ နည်းပါးနေဆဲ ဖြစ်ပါတယ်။ အရင်က မရှိခဲ့ဘူးတဲ့ အစီအမံတွေနဲ့ ဆောင်ရွက်ခဲ့တဲ့ သမ္မတ Trump ကိုလည်း ကျေးဇူးတင်ရမှာပါ။ သမ္မတက ဒီကနေ့ ကြေညာသွားတဲ့ အစီအစဉ်တွေနဲ့အတူ အန္တရာယ်ရှိတဲ့ အခြေအနေတွေလည်း နည်းပါးနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီအခြေအနေတွေဟာ မြန်မြန်ဆန်ဆန် ပြောင်းလဲသွားနိုင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ စပြောကြတဲ့ အချိန်ကတည်းက ကူးစက်မှုတွေ ထပ်တွေ့ရနိုင်တယ်ဆိုပြီး ကျနော်တို့ အမြဲပြောခဲ့ပါတယ်။ တွေ့လည်း တွေ့နေရပါတယ်။ နောက်ထပ်လည်း တွေ့ရဦးမှာပါ။”

ကိုရိုနာဗိုင်းရပ်စ်အရေးနဲ့ ပတ်သက်ပြီး လာမယ့် တနင်္လာနေ့မှာ အမေရိကန် ဆေးကုမ္ပဏီကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့လည်း သမ္မတ Trump က ပြောပါတယ်။

မသိဂႌထုိက္/VOA (Burmese)
https://burmese.voanews.com
အေမရိကန္မွာ ကို႐ုိနာဗိုင္းရပ္စ္ေၾကာင့္ ပထမဆံုး လူတဦး ေသဆံုး အေမရိကန္မွာ ကို႐ုိနာဗိုင္းရပ္စ္ေၾကာင့္ ပထမဆံုး လူတဦး ေသဆံုး Reviewed by THITHTOOLWIN on 18:55 Rating: 5
Powered by Blogger.