မဂၤလာေတာင္ၫႊန႔္ၿမိဳ႕နယ္က လူနာအမွတ္ ၅ ဟာ ဒီေန႔မနက္ ၇နာရီ ၂၅မိန္အခ်ိန္မွာ ကြယ္လြန္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာခြင့္ရသူ ေဒါက္တာခင္ခင္ႀကီးက ဘီဘီစီကိုအတည္ျပဳပါတယ္။
အဲဒီလူနာဟာ ၅ ေယာက္ေျမာက္ ေရာဂါပိုးေတြ႕ရွိသူျဖစ္ၿပီး အသက္ ၆၉ႏွစ္ရွိကာ၊ ကို႐ိုနာဗိုင္းရပ္စ္ မကူးစက္ခံရမီကပင္ လည္ေခ်ာင္းကင္ဆာေရာဂါကို ခံစားေနရသူျဖစ္ပါတယ္။
ကင္ဆာေရဂါေရာ၊ ကို႐ိုနာဗိုင္းရပ္စ္ပါကူးစက္ခံေနရတာေၾကာင့္ ေဝဘာဂီေဆး႐ုံ၊ အထူးၾကပ္မတ္ေဆာင္မွာ ကုသမႈ ေပးေနတာျဖစ္ၿပီး ဒီေန႔မနက္မွာ ကြယ္လြန္ခဲ့တာျဖစ္ပါတယ္။
အခုလူနာအမွတ္ ၅ဟာ ကို႐ိုနာဗိုင္းရပ္ကူးစက္ခံရသူေတြထဲမွာ ပထမဆုံး ေသဆုံးသူ လူနာလည္း ျဖစ္ပါတယ္။
သူနဲ႔ထိေတြ႕ခဲ့တဲ့လူနာအမွတ္ ၁၀ကိုလည္း ေဝဘာဂီေဆး႐ုံမွာဘဲ ဆက္လက္ကုသမႈေပးေနပါတယ္။
ျမန္မာႏိုင္ငံမွာေတာ့ မေန႔ကအထိ ကူးစက္ခံရသူ ၁၄ဦးရွိခဲ့ၿပီး လူနာအမွတ္ ၅ ကပထမဆုံးေသဆုံးခဲ့သူ လည္းျဖစ္ပါတယ္။ အဲဒီအတြက္ ကူးစက္ခံရသူ ၁၃ဦးက်န္ရွိေနပါေသးတယ္။
---------------------------------------------
ကိုဗစ်လူနာ အမှတ် ၅ ဒီမနက်မှာဘဲ ကွယ်လွန်
မင်္ဂလာတောင်ညွှန့်မြို့နယ်က လူနာအမှတ် ၅ ဟာ ဒီနေ့မနက် ၇နာရီ ၂၅မိန်အချိန်မှာ ကွယ်လွန်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာခင်ခင်ကြီးက ဘီဘီစီကိုအတည်ပြုပါတယ်။
အဲဒီလူနာဟာ ၅ ယောက်မြောက် ရောဂါပိုးတွေ့ရှိသူဖြစ်ပြီး အသက် ၆၉နှစ်ရှိကာ၊ ကိုရိုနာဗိုင်းရပ်စ် မကူးစက်ခံရမီကပင် လည်ချောင်းကင်ဆာရောဂါကို ခံစားနေရသူဖြစ်ပါတယ်။
ကင်ဆာရေဂါရော၊ ကိုရိုနာဗိုင်းရပ်စ်ပါကူးစက်ခံနေရတာကြောင့် ဝေဘာဂီဆေးရုံ၊ အထူးကြပ်မတ်ဆောင်မှာ ကုသမှု ပေးနေတာဖြစ်ပြီး ဒီနေ့မနက်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
အခုလူနာအမှတ် ၅ဟာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူတွေထဲမှာ ပထမဆုံး သေဆုံးသူ လူနာလည်း ဖြစ်ပါတယ်။
သူနဲ့ထိတွေ့ခဲ့တဲ့လူနာအမှတ် ၁၀ကိုလည်း ဝေဘာဂီဆေးရုံမှာဘဲ ဆက်လက်ကုသမှုပေးနေပါတယ်။
မြန်မာနိုင်ငံမှာတော့ မနေ့ကအထိ ကူးစက်ခံရသူ ၁၄ဦးရှိခဲ့ပြီး လူနာအမှတ် ၅ ကပထမဆုံးသေဆုံးခဲ့သူ လည်းဖြစ်ပါတယ်။ အဲဒီအတွက် ကူးစက်ခံရသူ ၁၃ဦးကျန်ရှိနေပါသေးတယ်။
BBC Burmese
https://www.bbc.com/burmese/burma-52102111
ကိုဗစ္လူနာ အမွတ္ ၅ ဒီမနက္မွာဘဲ ကြယ္လြန္
Reviewed by THITHTOOLWIN
on
19:19
Rating: