က်ပ္ ၁၆၀၀ ထိ စံခ်ိန္တင္ျမင့္တက္ခဲ့တဲ့ အေမရိကန္ေဒၚလာေဈး အက်ဘက္ျပန္ေရာက္

အေမရိကန္တစ္ေဒၚလာ က်ပ္ ၁၆၀၀ ထိ စံခ်ိန္တင္ျမင့္တက္ခဲ့တဲ့ ေဒၚလာေဈး အက်ဘက္ျပန္ေရာက္
(Zawgyi)⤵⤵⤵
တစ္ႏွစ္ေက်ာ္အတြင္း အတက္ဘက္မွာပဲ ရွိခဲ့တဲ့ အေမရိကန္ေဒၚလာေဈးဟာ ဒီရက္ပိုင္းအတြင္း က်ပ္ ၁၄၀၀ ေအာက္ကို ပထမဆုံးအႀကိမ္ ျပန္လည္က်ဆင္းသြားပါတယ္။

၂၀၁၈ ခုႏွစ္ ႏွစ္လယ္ပိုင္းကစလို႔ အေမရိကန္ေဒၚလာဟာ က်ပ္ ၁၄၀၀ ေက်ာ္ကေန စတင္ျမင့္တက္ခဲ့ၿပီး ႏွစ္ကုန္ပိုင္းမွာ တစ္ေဒၚလာက်ပ္ ၁၆၀၀ ေက်ာ္ ထိ စံခ်ိန္တင္ျမင့္တက္သြားခဲ့ပါတယ္။

၂၀၁၉ မွာေတာ့ က်ပ္ ၁၅၀၀ ေက်ာ္နဲ႔ အတက္အက် ျဖစ္ခဲ့ၿပီး အရင္လို ၁၄၀၀ ဝန္းက်င္ကို ျပန္မေရာက္တာ လနဲ႔ခ်ီရွိေနတာပါ။

ခုေတာ့ အေမရိကန္ျပည္ေထာင္စုမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လူေသဆုံးမႈေတြရွိလာသလို ဒီေရာဂါေၾကာင့္ စီးပြားေရးတိုးတက္မႈမထိခိုက္ေစဖို႔ အေမရိကန္ ဗဟိုဘဏ္က အတိုးႏႈန္းေတြကို ေလွ်ာ့ခ်လိုက္ပါတယ္။

ဒါေၾကာင့္ အခုလို ေဒၚလာေဈးေတြက်ဆင္းလာတာလို႔ ခန႔္မွန္းမႈေတြရွိေနပါတယ္။

မတ္လ ၅ ရက္ေန႔မနက္ပိုင္း ပုဂၢလိကဘဏ္ေတြရဲ႕ ထုတ္ျပန္ခ်က္အရအေမရိကန္တစ္ေဒၚလာ ၁၃၉၅ က်ပ္ ျဖစ္ေနပါတယ္။

 ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ကလည္း ေဒၚလာေဈးကို ထိန္းညႇိႏႈိင္ဖို႔ ျပည္တြင္းကေန ေဒၚလာေတြဝယ္ယူထားတာလည္းရွိပါတယ္။
အခုလိုေဒၚလာေဈးက်တာက ေဒၚလာဝယ္လိုအားက က်ဆင္းတဲ့အတြက္ျဖစ္တယ္လို႔ ဗဟိုဘဏ္ ဒုဥကၠ႒ၿငိမ္း ဦးသန္းလြင္ကေျပာပါတယ္။ ဒါ့အျပင္ တစ္ကမာၻလုံးမွာ ကို႐ိုနာဗိုင္းရပ္စ္ ဒုကၡေပးေနတဲ့အတြက္ ကမာၻ႔စီးပြားေရးမက်ေအာင္ ႏိုင္ငံေတြက က်ားကန္ေနရတဲ့အခ်ိန္လို႔လည္း သူက ဆက္ေျပာပါတယ္။

"ဒီေရာဂါေၾကာင့္ပဲ တစ္ကမာၻလုံးမွာ ရွယ္ယာေဈးေတြက်တယ္။ ကုန္သြယ္ေရးေတြ ကေသာင္းကနင္းေတြျဖစ္ေနတယ္။ ဒီၾကားထဲမွာေတာ့ ျမန္မာလည္း မလြတ္ပါဘူး။ ဒီအက်ိဳးဆက္ေတြက။ ျမန္မာရဲ႕စီးပြားေရးကလည္း တ႐ုတ္ျပည္ကိုေတာ္ေတာ္ေလးမွီခိုေနရတဲ့အေနအထားရွိတာကိုး။ တ႐ုတ္ျပည္ကပစၥည္းေတြလည္းမလာ ဒီမွာလည္း ကုန္ၾကမ္းေတြျပတ္နဲ႔ အထည္ခ်ဳပ္ေတြဆို ပိတ္ရမယ့္ကိန္းဆိုက္ေနၿပီ" လို႔ သူက ဆိုပါတယ္။

ျမန္မာမွာေတာ့ခုထိ ဒီကို႐ိုနာဗိုင္းရပ္စ္က ထူးထူးျခားျခား က်ယ္က်ယ္ျပန႔္ျပန႔္မျဖစ္ေသးေပမယ့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈပိုင္းကေတာ့ စိတ္ပူစရာရွိတယ္လို႔ ဦးသန္းလြင္ကဆိုပါတယ္။

ျပည္တြင္းမွာ ဒၚလာေဈးက်သလို ျပည္တြင္းစက္သုံးဆီေဈးႏႈန္းေတြလည္းအနည္းငယ္က်ဆင္းေနပါတယ္။

BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵
ကျပ် ၁၆၀၀ ထိ စံချိန်တင်မြင့်တက်ခဲ့တဲ့ အမေရိကန်ဒေါ်လာဈေး အကျဘက်ပြန်ရောက်

ဓာတ်ပုံ မူပိုင် ROMEO GACAD
Image caption အမေရိကန်တစ်ဒေါ်လာ ကျပ် ၁၆၀၀ ထိ စံချိန်တင်မြင့်တက်ခဲ့တဲ့ ဒေါ်လာဈေး အကျဘက်ပြန်ရောက်

တစ်နှစ်ကျော်အတွင်း အတက်ဘက်မှာပဲ ရှိခဲ့တဲ့ အမေရိကန်ဒေါ်လာဈေးဟာ ဒီရက်ပိုင်းအတွင်း ကျပ် ၁၄၀၀ အောက်ကို ပထမဆုံးအကြိမ် ပြန်လည်ကျဆင်းသွားပါတယ်။

၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းကစလို့ အမေရိကန်ဒေါ်လာဟာ ကျပ် ၁၄၀၀ ကျော်ကနေ စတင်မြင့်တက်ခဲ့ပြီး နှစ်ကုန်ပိုင်းမှာ တစ်ဒေါ်လာကျပ် ၁၆၀၀ ကျော် ထိ စံချိန်တင်မြင့်တက်သွားခဲ့ပါတယ်။

၂၀၁၉ မှာတော့ ကျပ် ၁၅၀၀ ကျော်နဲ့ အတက်အကျ ဖြစ်ခဲ့ပြီး အရင်လို ၁၄၀၀ ဝန်းကျင်ကို ပြန်မရောက်တာ လနဲ့ချီရှိနေတာပါ။

ခုတော့ အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုတွေရှိလာသလို ဒီရောဂါကြောင့် စီးပွားရေးတိုးတက်မှုမထိခိုက်စေဖို့ အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းတွေကို လျှော့ချလိုက်ပါတယ်။

ဒါကြောင့် အခုလို ဒေါ်လာဈေးတွေကျဆင်းလာတာလို့ ခန့်မှန်းမှုတွေရှိနေပါတယ်။

မတ်လ ၅ ရက်နေ့မနက်ပိုင်း ပုဂ္ဂလိကဘဏ်တွေရဲ့ ထုတ်ပြန်ချက်အရအမေရိကန်တစ်ဒေါ်လာ ၁၃၉၅ ကျပ် ဖြစ်နေပါတယ်။
Image caption မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကလည်း ဒေါ်လာဈေးကို ထိန်းညှိနှိုင်ဖို့ ပြည်တွင်းကနေ ဒေါ်လာတွေဝယ်ယူထားတာလည်းရှိပါတယ်။

အခုလိုဒေါ်လာဈေးကျတာက ဒေါ်လာဝယ်လိုအားက ကျဆင်းတဲ့အတွက်ဖြစ်တယ်လို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌငြိမ်း ဦးသန်းလွင်ကပြောပါတယ်။ ဒါ့အပြင် တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ဒုက္ခပေးနေတဲ့အတွက် ကမ္ဘာ့စီးပွားရေးမကျအောင် နိုင်ငံတွေက ကျားကန်နေရတဲ့အချိန်လို့လည်း သူက ဆက်ပြောပါတယ်။

"ဒီရောဂါကြောင့်ပဲ တစ်ကမ္ဘာလုံးမှာ ရှယ်ယာဈေးတွေကျတယ်။ ကုန်သွယ်ရေးတွေ ကသောင်းကနင်းတွေဖြစ်နေတယ်။ ဒီကြားထဲမှာတော့ မြန်မာလည်း မလွတ်ပါဘူး။ ဒီအကျိုးဆက်တွေက။ မြန်မာရဲ့စီးပွားရေးကလည်း တရုတ်ပြည်ကိုတော်တော်လေးမှီခိုနေရတဲ့အနေအထားရှိတာကိုး။ တရုတ်ပြည်ကပစ္စည်းတွေလည်းမလာ ဒီမှာလည်း ကုန်ကြမ်းတွေပြတ်နဲ့ အထည်ချုပ်တွေဆို ပိတ်ရမယ့်ကိန်းဆိုက်နေပြီ" လို့ သူက ဆိုပါတယ်။

မြန်မာမှာတော့ခုထိ ဒီကိုရိုနာဗိုင်းရပ်စ်က ထူးထူးခြားခြား ကျယ်ကျယ်ပြန့်ပြန့်မဖြစ်သေးပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပိုင်းကတော့ စိတ်ပူစရာရှိတယ်လို့ ဦးသန်းလွင်ကဆိုပါတယ်။

ပြည်တွင်းမှာ ဒါ်လာဈေးကျသလို ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေလည်းအနည်းငယ်ကျဆင်းနေပါတယ်။

BBC Burmese
https://www.bbc.com
က်ပ္ ၁၆၀၀ ထိ စံခ်ိန္တင္ျမင့္တက္ခဲ့တဲ့ အေမရိကန္ေဒၚလာေဈး အက်ဘက္ျပန္ေရာက္ က်ပ္ ၁၆၀၀ ထိ စံခ်ိန္တင္ျမင့္တက္ခဲ့တဲ့ အေမရိကန္ေဒၚလာေဈး အက်ဘက္ျပန္ေရာက္ Reviewed by THITHTOOLWIN on 20:41 Rating: 5
Powered by Blogger.