-----------------------------------
ကမ္ဘောဒီးယားနဲ့ အင်တာနက်က ဗိုင်းရပ်စစ်တဲ့ပစ္စည်း
Image caption တရုတ်ကူညီရေး အဖွဲ့ ကမ္ဘောဒီးယားကို ရောက်လာ
ကမ္ဘောဒီးယား နိုင်ငံမှာ ကိုဗစ် ၁၉ ဗိုင်းရပ်ကို စစ်နိုင်တယ်ဆိုတဲ့ ဆေးပစ္စည်းတွေကို အင်တာနက်က ဝယ်တာတွေ မလုပ်ကြဖို့ အာဏာပိုင်တွေက ပြည်သူတွေကို သတိပေးနေပါတယ်။
ဒီလို ဆေးစစ်တဲ့ပစ္စည်းတွေက ရလဒ် မမှန်တတ်လို့ မယုံကြည်ရဘူးလို့လည်း ကမ္ဘောဒီးယား ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ဒီလို အိမ်မှာ ဗိုင်းရပ်ကို အမြန်စစ်တဲ့ပစ္စည်းတွေကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထောက်ခံချက် မပေးသေးဘူးလို့လည်း ကမ္ဘောဒီးယား အစိုးရ အရာရှိတွေက ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ ကိုဗစ် ၁၉ ဗိုင်းရပ်ကူးစက်သူ ၁ဝ၃ ယောက်ပဲ အတည်ပြု ထားပေမယ့် နောက်ထပ် စစ်ဆေးမှုတွေ လုပ်ပြီးရင် လူနာ အရေအတွက် ပိုတိုးလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ယူဆနေကြပါတယ်။
BBC Burmese
https://www.bbc.com/burmese/world-52083493
Reviewed by THITHTOOLWIN
on
22:34
Rating: