![]() |
ေပါင္း၁၄ ဦးရွိၿပီ |
အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) ကမတ္လ ၃၀ ရက္ေန႔၊ ညေန (၅:၁၅) နာရီထုတ္ျပန္တဲ့ဓာတ္ခြဲစစ္ေဆးမႈအေျဖမ်ားအရ ေစာင့္ၾကည့္လူနာနဲ႔ လူနာ(၅၅)ဦး ဓာတ္ခြဲနမူနာေတြကိူ စစ္ေဆးခဲ့ရာ လူနာ (၄) ဦး ဓာတ္ခြဲအေျဖမွာ COVID-19 ေရာဂါပိုး ေတြ႕ရွိ ရေၾကာင္းထုတ္ျပန္ပါတယ္။
သူတို႔ထဲက (၄)ဦး အနက္ (၃)ဦး ဟာျပင္သစ္ႏိုင္ငံ သားေတြျဖစ္ၿပီး COVID-19 ေရာဂါပိုး စစ္ေဆးေတြ႕ရွိ ခဲ့လို႔သူတို႔ (၃)ဦးကို ေဝဘာဂီအထူးကုေဆး႐ုံသို႔ လႊဲေျပာင္းကုသမႈခံယူေစမယ္လို႔ သိရပါ တယ္။
ဓာတ္ခြဲအတည္ျပဳလူနာ ၁၄ ကေတာ့ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕နယ္ မွာ ေနထိုင္ တဲ့ အသက္ (၂၄) ႏွစ္အ႐ြယ္ ျမန္မာႏိုင္ငံသား အမ်ိဳးသားတစ္ဦးျဖစ္ ပါတယ္။
သူဟာ မတ္လ ၂၅ ရက္ေန႔က ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ကေနျမန္မာႏိုင္ငံ တာခ်ီလိတ္ၿမိဳ႕ကို ဝင္လာသူျဖစ္တယ္လို႔ထုတ္ျပန္ခ်က္က ဆိုပါတယ္။
အဲဒီျမန္မာႏိုင္ငံသားဟာ တာခ်ီလိတ္က တည္းခိုခန္းတစ္ခုမွာ ၂ ည တည္းခိုခဲ့ၿပီးေတာ့ မႏၲေလးကို ေလယာဥ္နဲ႔ သြားခဲ့ၿပီး မႏၲေလးကေနမွ ေက်ာက္မဲကိုေတာ့ ကိုယ္ပိုင္ကားနဲ႔ ျပန္ခဲ့တာလို႔ ထုတ္ျပန္ခ်က္ကေရးပါတယ္။
ေလာေလာဆယ္ ေက်ာက္မဲျပည္သူ႔ေဆး႐ုံႀကီးမွာ ထားရွိၿပီး က်န္းမာေရးအေျခအေနလည္း ေကာင္းမြန္တယ္လို႔သိရပါတယ္။
အသြားအလာကန႔္သတ္ၿပီးေစာင့္ၾကည့္ေနတဲ့ လူနာ ၅၅ ဦးရဲ႕ ဓာတ္ခြဲအေျဖေတြကို မတ္လ ၃၀ ရက္ေန႔ ထုတ္ျပန္ရာမွာ အဲဒီ ျပင္သစ္ႏိုင္ငံသား ၃ ဦးနဲ႔ ထိုင္းက ျပန္လာတဲ့ ျမန္မာႏိုင္ငံသားကလြဲလို႔ က်န္တဲ့လူနာေတြက ပိုးမရွိေၾကာင္း ဓာတ္ခြဲအေျဖထြက္တယ္လို႔ ထုတ္ျပန္ခ်က္မွာပါရွိပါတယ္။
BBC Burmese
https://www.bbc.com/burmese/burma-52092144
-----------
(Unicode)⤵⤵⤵
ပြင်သစ် ၃ ဦးနဲ့ ထိုင်း ကပြန်လာသူမှာ ပိုးထပ်တွေ့ ပေါင်း၁၄ ဦးရှိပြီ
ဓာတ်ပုံ မူပိုင် MIHS
Image caption ပေါင်း၁၄ ဦးရှိပြီ
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ကမတ်လ ၃၀ ရက်နေ့၊ ညနေ (၅:၁၅) နာရီထုတ်ပြန်တဲ့ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနဲ့ လူနာ(၅၅)ဦး ဓာတ်ခွဲနမူနာတွေကိူ စစ်ဆေးခဲ့ရာ လူနာ (၄) ဦး ဓာတ်ခွဲအဖြေမှာ COVID-19 ရောဂါပိုး တွေ့ရှိ ရကြောင်းထုတ်ပြန်ပါတယ်။
သူတို့ထဲက (၄)ဦး အနက် (၃)ဦး ဟာပြင်သစ်နိုင်ငံ သားတွေဖြစ်ပြီး COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိ ခဲ့လို့သူတို့ (၃)ဦးကို ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူစေမယ်လို့ သိရပါ တယ်။
ဓာတ်ခွဲအတည်ပြုလူနာ ၁၄ ကတော့ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် မှာ နေထိုင် တဲ့ အသက် (၂၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ် ပါတယ်။
သူဟာ မတ်လ ၂၅ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကနေမြန်မာနိုင်ငံ တာချီလိတ်မြို့ကို ဝင်လာသူဖြစ်တယ်လို့ထုတ်ပြန်ချက်က ဆိုပါတယ်။
အဲဒီမြန်မာနိုင်ငံသားဟာ တာချီလိတ်က တည်းခိုခန်းတစ်ခုမှာ ၂ ည တည်းခိုခဲ့ပြီးတော့ မန္တလေးကို လေယာဉ်နဲ့ သွားခဲ့ပြီး မန္တလေးကနေမှ ကျောက်မဲကိုတော့ ကိုယ်ပိုင်ကားနဲ့ ပြန်ခဲ့တာလို့ ထုတ်ပြန်ချက်ကရေးပါတယ်။
လောလောဆယ် ကျောက်မဲပြည်သူ့ဆေးရုံကြီးမှာ ထားရှိပြီး ကျန်းမာရေးအခြေအနေလည်း ကောင်းမွန်တယ်လို့သိရပါတယ်။
အသွားအလာကန့်သတ်ပြီးစောင့်ကြည့်နေတဲ့ လူနာ ၅၅ ဦးရဲ့ ဓာတ်ခွဲအဖြေတွေကို မတ်လ ၃၀ ရက်နေ့ ထုတ်ပြန်ရာမှာ အဲဒီ ပြင်သစ်နိုင်ငံသား ၃ ဦးနဲ့ ထိုင်းက ပြန်လာတဲ့ မြန်မာနိုင်ငံသားကလွဲလို့ ကျန်တဲ့လူနာတွေက ပိုးမရှိကြောင်း ဓာတ်ခွဲအဖြေထွက်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
BBC Burmese
https://www.bbc.com/burmese/burma-52092144
ျပင္သစ္ ၃ ဦးနဲ႔ ထိုင္း ကျပန္လာသူမွာ ပိုးထပ္ေတြ႕ ေပါင္း၁၄ ဦးရွိၿပီ
Reviewed by THITHTOOLWIN
on
20:36
Rating:
![ျပင္သစ္ ၃ ဦးနဲ႔ ထိုင္း ကျပန္လာသူမွာ ပိုးထပ္ေတြ႕ ေပါင္း၁၄ ဦးရွိၿပီ](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6pLj9TyC691zlpXm7bYTT8jodsg9iHC8GUK3XzIUuvhVQ2j8pxv-qTnBDgmAAxVNlGQn3GrF4xIjQ-VUOr6lq0K4lTZpDVIgYw2LJf8xGzHWFGPx_OtulFxeTlusrwO9vxTJiwIZ_Pvg/s72-c/7.jpg)