![]() |
ၿဗိတိန္မွာ ဗိုင္းရပ္စ္နဲ႔ေသဆုံးသူ ၁,၂၀၀ ေက်ာ္ရွိလာပါတယ္။ |
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈကို ခံေနရတဲ့ ၿဗိတိန္မွာ ပုံမွန္အေျခအေနကို ျပန္ေရာက္ဖို႔ ေျခာက္လေလာက္ၾကာႏိုင္တယ္လို႔ ၿဗိတိန္ေဆးဘက္ဆိုင္ရာဒုတိယအႀကီးအကဲ ေဒါက္တာ ဟားရစ္စ္က ေျပာပါတယ္။
မေန႔က ျပဳလုပ္တဲ့ ကိုဗစ္၁၉ ဆိုင္ရာေန႔စဥ္ရွင္းလင္းပြဲမွာ သူက ေျပာခဲ့တာျဖစ္ပါတယ္။
ဒါဟာ ၿဗိတိန္ကိုေနာက္ထပ္ ၆ လလုံးလုံး ကန႔္သတ္ပိတ္ပင္မႈေတြလုပ္မယ္ဆိုတဲ့ သေဘာေတာ့မဟုတ္ဘူးလို႔လည္း သူက ဆိုပါတယ္။
ဒါေပမဲ့ ၿဗိတိန္လူထုအေနနဲ႔ ထုတ္ျပန္ထားတဲ့စည္းကမ္းေဆာင္႐ြက္ခ်က္ေတြကို တာဝန္ယူမႈရွိရွိ လုပ္ေဆာင္ၾကဖို႔နဲ႔ အဲဒီေနာက္မွာ လူစုလူေဝးကိုေရွာင္ဖို႔ ကန႔္သတ္ခ်က္ေတြကို တျဖည္းျဖည္း ေလွ်ာ့ခ်သြားမယ္လို႔ သူက ဆက္ေျပာပါတယ္။
ၿဗိတိန္မွာကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၁၂၂၈ ဦးရွိသြားပါၿပီ။
ဒီထဲမွာ အသက္ ၅၅ ႏွစ္အ႐ြယ္ နားႏွာေခါင္းလည္ေခ်ာင္းဆိုင္ရာ ဆရာဝန္ႀကီးတစ္ဦးလည္း ဗိုင္းရပ္စ္ေၾကာင့္ အသက္ဆုံးခဲ့ရပါတယ္။
ေဒါက္တာဟားရစ္စ္က အစိုးရအေနနဲ႔ ဗိုင္းရပ္စ္ေၾကာင့္္ ကန႔္သတ္ပိတ္ပင္မႈေတြကို လာမယ့္ သုံးပတ္အတြင္း ပထမဆုံးအႀကိမ္ ျပန္လည္သုံးသပ္သြားမယ္လို႔ေျပာပါတယ္။ ဒါေပမဲ့ ပုံမွန္လူေနမႈဘဝကို ခ်က္ခ်င္း ျပန္သြားဖို႔မသင့္ဘဲ အဲဒီလိုလုပ္ရပ္က အေတာ္ေလးအႏၲရာယ္မ်ားမယ္လို႔ သူက လူထုကို သတိေပးပါတယ္။
တကယ္လို႔ အစိုးရအားထုတ္ႀကိဳးပမ္းထားတာမွန္သမွ် ရပ္တန႔္လိုက္မယ္ဆိုရင္ လုပ္ထားသမွ် အလဟႆျဖစ္သြားမွာျဖစ္ၿပီး ဗိုင္းရပ္စ္ ျဖစ္ပြားမႈ ဒုတိယလႈိင္းကို ႀကဳံရႏိုင္တယ္လို႔ ေဒါက္တာဟားရစ္က ဆက္ေျပာပါတယ္။
BBC Burmese
https://www.bbc.com/burmese/burma-52080681
--------------
(Unicode)⤵⤵⤵
ဗြိတိန်မှာ ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့ ခြောက်လလောက် ကြာနိုင်
ဓာတ်ပုံ မူပိုင် Alex Davidson
Image caption ဗြိတိန်မှာ ဗိုင်းရပ်စ်နဲ့သေဆုံးသူ ၁,၂၀၀ ကျော်ရှိလာပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ခံနေရတဲ့ ဗြိတိန်မှာ ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့ ခြောက်လလောက်ကြာနိုင်တယ်လို့ ဗြိတိန်ဆေးဘက်ဆိုင်ရာဒုတိယအကြီးအကဲ ဒေါက်တာ ဟားရစ်စ်က ပြောပါတယ်။
မနေ့က ပြုလုပ်တဲ့ ကိုဗစ်၁၉ ဆိုင်ရာနေ့စဉ်ရှင်းလင်းပွဲမှာ သူက ပြောခဲ့တာဖြစ်ပါတယ်။
ဒါဟာ ဗြိတိန်ကိုနောက်ထပ် ၆ လလုံးလုံး ကန့်သတ်ပိတ်ပင်မှုတွေလုပ်မယ်ဆိုတဲ့ သဘောတော့မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။
ဒါပေမဲ့ ဗြိတိန်လူထုအနေနဲ့ ထုတ်ပြန်ထားတဲ့စည်းကမ်းဆောင်ရွက်ချက်တွေကို တာဝန်ယူမှုရှိရှိ လုပ်ဆောင်ကြဖို့နဲ့ အဲဒီနောက်မှာ လူစုလူဝေးကိုရှောင်ဖို့ ကန့်သတ်ချက်တွေကို တဖြည်းဖြည်း လျှော့ချသွားမယ်လို့ သူက ဆက်ပြောပါတယ်။
ဗြိတိန်မှာကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၂၂၈ ဦးရှိသွားပါပြီ။
ဒီထဲမှာ အသက် ၅၅ နှစ်အရွယ် နားနှာခေါင်းလည်ချောင်းဆိုင်ရာ ဆရာဝန်ကြီးတစ်ဦးလည်း ဗိုင်းရပ်စ်ကြောင့် အသက်ဆုံးခဲ့ရပါတယ်။
ဒေါက်တာဟားရစ်စ်က အစိုးရအနေနဲ့ ဗိုင်းရပ်စ်ကြောင့် ကန့်သတ်ပိတ်ပင်မှုတွေကို လာမယ့် သုံးပတ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်သုံးသပ်သွားမယ်လို့ပြောပါတယ်။ ဒါပေမဲ့ ပုံမှန်လူနေမှုဘဝကို ချက်ချင်း ပြန်သွားဖို့မသင့်ဘဲ အဲဒီလိုလုပ်ရပ်က အတော်လေးအန္တရာယ်များမယ်လို့ သူက လူထုကို သတိပေးပါတယ်။
တကယ်လို့ အစိုးရအားထုတ်ကြိုးပမ်းထားတာမှန်သမျှ ရပ်တန့်လိုက်မယ်ဆိုရင် လုပ်ထားသမျှ အလဟဿဖြစ်သွားမှာဖြစ်ပြီး ဗိုင်းရပ်စ် ဖြစ်ပွားမှု ဒုတိယလှိုင်းကို ကြုံရနိုင်တယ်လို့ ဒေါက်တာဟားရစ်က ဆက်ပြောပါတယ်။
BBC Burmese
https://www.bbc.com/burmese/burma-52080681
ၿဗိတိန္မွာ ပုံမွန္အေျခအေနကို ျပန္ေရာက္ဖို႔ ေျခာက္လေလာက္ ၾကာႏိုင္
Reviewed by THITHTOOLWIN
on
21:07
Rating:
![ၿဗိတိန္မွာ ပုံမွန္အေျခအေနကို ျပန္ေရာက္ဖို႔ ေျခာက္လေလာက္ ၾကာႏိုင္](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB01qXTTV9HEPllnFxzlzP_NDtFYGCB8fmwC-D7Bc3PocxARPTgYVdvolI22SJAdfSd0a-YN-BjfSj4PwFSizKaCViRQCBNwxBPQIwfwIrj6XPO-PQdPX9-U1b31mWJdC0i015KJgD_RM/s72-c/6.jpg)