ဒုဗိုလ္မႉးႀကီးေနထိုင္တဲ့ ဟာဝိုင္အီမွာေတာ့ လူတစ္ရာေက်ာ္ ဗိုင္းရပ္စ္ ကူးစက္ခံထားရပါတယ္။ |
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈႏႈန္းအမ်ားဆုံးျဖစ္လာတဲ့အေမရိကန္ျပည္ေထာင္စုနဲ႔ ဒီဗိုင္းရပ္စ္ စတင္ျဖစ္ပြားခဲ့တဲ့ တ႐ုတ္ႏိုင္ငံတို႔ၾကား ဗိုင္းရပ္စ္ ဘယ္ကစျဖစ္လဲဆိုတဲ့ အျငင္းပြားမႈတခ်ိဳ႕ ရွိလာခဲ့ပါတယ္။ အျပန္အလွန္စြပ္စြဲခ်က္ေတြကိုလည္း ကမာၻ႔မီဒီယာတခ်ိဳ႕က ေဖာ္ျပလာၾကပါတယ္။
တ႐ုတ္က အေမရိကန္ေကာင္စစ္ဝန္႐ုံးကိုလာေရာက္တဲ့ အေမရိကန္စစ္တပ္က ဒီဗိုင္းရပ္စ္ကို ယူေဆာင္လာတာလို႔ တ႐ုတ္ဘက္က ေျပာၾကားတာ ေတြရွိသလို တ႐ုတ္ႏိုင္ငံျခားေရးဌာနဘက္ကို ဒီကိစၥကို အလ်င္အျမန္ေျဖရွင္းဖို႔ အေမရိကန္ကို ေတာင္းဆိုတာေတြရွိခဲ့ပါတယ္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကလည္း ကို႐ိုနာဗိုင္းရပ္စ္ကို တ႐ုတ္ဗိုင္းရပ္စ္ကို သုံးႏႈန္းခဲ့ပါတယ္။
အခုေတာ့ဒီဗိုင္းရပ္စ္ ကူးစက္မႈကို တ႐ုတ္က အတန္အသင့္ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီျဖစ္ေပမယ့္ အေမရိကန္ကေတာ့ ကူးစက္သူတစ္သိန္းေက်ာ္နဲ႔ မတ္လကုန္ပိုင္းမွာ ကမာၻ႔နံပါတ္တစ္ေနရာကို ေရာက္သြားပါၿပီ။
ဗိုင္းရပ္စ္ ဘယ္ကစ
တ႐ုတ္ႏိုင္ငံ၊ ဟူေဘျပည္နယ္က ဝူဟန္ၿမိဳ႕မွာ ၿပီးခဲ့တဲ့ ႏွစ္ကုန္ပိုင္း ဒီဇင္ဘာ လမွာ ထူးဆန္းတဲ့အဆုတ္ေရာင္ေရာဂါတစ္မ်ိဳးစတင္ပ်ံ႕ႏွံ႔ခဲ့တယ္လို႔ သတင္းေတြထြက္လာပါတယ္။ ဇန္နဝါရီဆန္းပိုင္းမွာေတာ့ ဝူဟန္က သားစိမ္းငါးစိမ္းေတြေရာင္းတဲ့ Wet market လို႔ေခၚတဲ့ ပင္လယ္စာအစုံေရာင္း ခ်တဲ့ေဈးကေန ဒီဗိုင္းရပ္စ္စတင္ျပန႔္ပြားတယ္လို႔ ေျပာလာၾကပါတယ္။
အေၾကာင္းက ဖ်ားနာကိုယ္ပူေခ်ာင္းဆိုးၿပီး လာျပတဲ့ သူေတြ သုံးဆယ္ေက်ာ္ေလာက္က ဝူဟန္ေဈးနဲ႔ ဆက္စပ္သူေတြျဖစ္ေနလို႔ပါ။
အဲဒီေနာက္ပိုင္းမွာ ဟူေပတစ္ျပည္နယ္လုံးကို တ႐ုတ္အစိုးရက ပိတ္ဆို႔ကန႔္သတ္လိုက္ေတာ့တာျဖစ္ပါတယ္။
သင္းေခြခ်ပ္ေတြဟာ မ်ိဳးသုဥ္းမယ့္အႏၲရာယ္နဲ႔ႀကဳံေနရတဲ့ ရွားပါးမ်ိဳးစိတ္ပါ။ |
မတ္လလယ္ကစလို႔ ဒီဗိုင္းရပ္စ္က အေမရိကန္က သယ္လာတာလို႔ တ႐ုတ္က စြပ္စြဲလာခဲ့တာပါ။
ဒါနဲ႔ပတ္သက္လို႔ အေမရိကန္စစ္တပ္မွာ အၿငိမ္းစားဒုတိယဗိုလ္မႉးႀကီးအျဖစ္တာဝန္ထမ္းေဆာင္ခဲ့ၿပီး လက္ရွိမွာ အေမရိကန္စစ္တပ္နဲ႔ တြဲၿပီး စစ္ဘက္အရပ္ဖက္သင္တန္းေတြပို႔ခ်ေနတဲ့ ဟာအိုင္အီမွာေနထိုင္တဲ့ ေဒၚမီမီဝင္းဘတ္ကို ဘီဘီစီက ဆက္သြယ္ေမးျမန္းခဲ့ပါတယ္။
ဒီဗိုင္းရပ္စ္ဘယ္ကစျဖစ္တာလဲ ဘယ္လိုကူးစက္တာလဲဆိုတာကို အေမရကန္ေရတပ္က သိပၸံပညာရွင္ဆရာဝန္ေတြနဲ႔ ကူးစက္ေရာဂါပ်ံ႕ပြားမႈကာကြယ္ေရးသိပၸံပညာရွင္ေတြရဲ႕ လတ္တေလာေတြ႕ရွိထားမႈနဲ႔ပတ္သက္ၿပီး ေဒၚမီမီဝင္းဘတ္က ခုလိုေျပာပါတယ္။
""တစ္ေန႔က ကြၽန္မတို႔ဆီကို အေမရိကန္ ေရတပ္က ကူးစက္ေရာဂါပ်ံ႕ပြားမႈနဲ႔ ကာကြယ္ေရးဆိုင္ရာပညာရွင္ေတြလာၿပီး briefing (စစ္ေရးဆိုင္ရာၫႊန္ၾကးာပို႔ခ်ခ်က္) ေပးတဲ့အခါမွာ သူတို ေျပာသြားတယ္။ ဝူဟန္ေဈးမွာေရာင္းတဲ့ ပင္ဂလန္(Pingolin) ဆိုတဲ့အေကာင္ေလး သူက အေၾကးခြံေတြ ပါတယ္။ အဲဒီအေကာင္ကေန ဗိုင္းရပ္စ္က ထြက္လာတာ။ ဖြတ္လိုအေကာင္မ်ိဳးပါ။ endangered species(မ်ိဳးသုဥ္းမယ့္အႏၲရာယ္ရွိေနတဲ့ မ်ိဳးစိတ္) ေပါ့။ ဒီအေကာင္ကို ေဈးထဲမွာေရာင္းတယ္။ က်က္ေအာင္မခ်က္ဘဲ စားလိုက္တဲ့အခါမွာ အဲဒီဗိုင္းရပ္စ္က လူကို ကူးလိုက္တာကို သြားေတြ႕တယ္လို႔ ေျပာပါတယ္" လို႔ ေဒၚမီမီဝင္းဘတ္က ရွင္းျပပါတယ္။
သင္းေခြခ်ပ္ကို တ႐ုတ္အျပင္ အင္ဒိုနီးရွား၊ ဂါဘြန္လို ႏိုင္ငံေတြမွာလည္း ခ်က္ျပဳတ္စားသုံးမႈေတြရွိပါတယ္။ |
ဒါနဲ႔ပတ္သက္လို႔ အေမရိကန္သိပၸံပညာရွင္ေတြ ရဲ႕မွတ္ခ်က္က ဘယ္လိုရွိလဲဆိုတာကို ေဒၚမီမီဝင္းဘတ္က
"ဒီ ကိုဗစ္၁၉ က ပင္ဂလန္ကေန လာတာ။ ကို႐ိုနာဗိုင္းရပ္စ္က အမ်ားႀကီးပဲ။ အဲဒီေအာက္မွာ ကိုဗစ္ ၁၉ က တစ္ခုေပါ့။ လင္းႏို႔က လာတဲ့ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ခပ္ဆင္ဆင္တူတယ္လို႔ ေျပာပါတယ္" လို႔ ဆိုပါတယ္။
အခုေတြ႕ရွိခ်က္နဲ႔ပတ္သက္လို႔ တ႐ုတ္အာဏာပိုင္ေတြရဲ႕ တုံ႔ျပန္ခ်က္ကိုေတာ့ မသိရေသးဘူးလို႔ ေဒၚမီမီဝင္းဘတ္က ဆိုပါတယ္။
အခု ဒီဗိုင္းရပ္စ္ ဇာစ္ျမစ္ကို ရွာေဖြေနတဲ့ အေမရိကန္ေရတပ္က သိပၸံပညာရွင္ေတြဟာ ဆရာဝန္ေတြျဖစ္ၿပီး လူကိုကုတဲ့ဆရာဝန္မဟုတ္ဘဲ ကူးစက္ေရာဂါပ်ံ႕ပြားမႈနဲ႔ ကာကြယ္ေရးကို အဓိက ေလ့လာသုေတသနျပဳတဲ့ ပညာရွင္ေတြျဖစ္တယ္လို႔ ေဒၚမီမီဝင္းဘတ္က ရွင္းျပပါတယ္။
ဒီပညာရွင္ေတြဟာ ႏိုင္ငံေရးအရ ပါဝင္ပတ္သက္မႈမရွိဘဲ ဗိုင္းရပ္စ္ ကာကြယ္ေဆးေဖာ္ထုတ္ႏိုင္ဖို႔အတြက္ ေရာဂါပ်ံ႕ပြားမႈဇာစ္ျမစ္ကို ရွာေဖြေလ့လာေနတာ ျဖစ္တယ္လို႔ သူက ဆက္ေျပာပါတယ္။
"ကြၽန္မတို႔က ဒီကိစၥကို focus(အဓိကအာ႐ုံစိုက္) ေနတာက ဘယ္ကလာလဲ။ ဘယ္လို စကူးသြားလဲ။ ဒါကို ဘယ္လို vaccine (ကာကြယ္ေဆး) ေတြနဲ႔ ကုလို႔ရမလဲ ဒါေတြကိုအဓိကထားတာပါ" လို႔ အေမရိကန္စစ္တပ္အၿငိမ္းစားဒုဗိုလ္မႉႀကီးက ေျပာပါတယ္။
တ႐ုတ္သုေတသန ပညာရွင္တခ်ိဳ႕ကလည္း ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလတုန္းက လင္းႏို႔ကေန လူကို တိုက္႐ိုက္ကူးစက္တာမဟုတ္ဘဲ သင္းေခြခ်ပ္ကေနတစ္ဆင့္ ကူးစက္ခဲ့တာျဖစ္တယ္လို႔ ေျပာထားပါတယ္။
သင္းေခြခ်ပ္ရဲ႕အေၾကးခြံက ေဆးဘက္ဝင္ၿပီးေဈးလည္း ႀကီးပါတယ္။ |
တ႐ုတ္ႏိုင္ငံမွာ သင္းေခြခ်ပ္ကို က်န္းမာေရးေကာင္းေအာင္ စားၾကသလို သင္းေခြခ်ပ္ရဲ႕ အေၾကးခြံေတြကိုလည္း ေဆးဘက္ဝင္တယ္ဆိုၿပီး တိုင္းရင္းေဆးေဖာ္စပ္ရာ မွာလည္း အသုံးျပဳၿပီး ဒီအေၾကးခြံကအစ ေဈးအရမ္းႀကီးတယ္လို႔လည္း ဆိုပါတယ္။
ဟာဝိုင္အီက ဗိုင္းရပ္စ္ကူးသူေတြကုဖို႔ အသက္ရႉစက္ေတြမလုံေလာက္
ေဒၚမီမီဝင္းဘတ္ဟာ အေမရိကန္ျပည္ေထာင္စု ဟာဝိုင္အီကြၽန္းမွာ ေနထိုင္တာပါ။ ကြၽန္းေလးေပၚက ၿမိဳ႕ေလးျဖစ္လို႔ သဘာဝေဘးနဲ႔ပတ္သက္ရင္ ၿမိဳ႕ေန လူထုက အၿမဲသတိထားတတ္ေလ့ရွိၿပီး အခု ကပ္ေရာဂါေဘးမွာလည္း ေဒသအာဏာပိုင္ေတြၫႊန္ၾကားတာကို အတိအက်လိုက္နာတယ္လို႔ ဆိုပါတယ္။
အိမ္ရာမဲ့ေတြအတြက္ ကိုဗစ္ကာကြယ္ေရး ယာယီနားခိုရာေဆာင္မွာ လိုအပ္တဲ့ပစၥည္းေတြေဝငွေပးေနပါတယ္။ |
အစားအစာဝယ္ဖို႔ စားေသာက္ကုန္ဆိုင္ေလာက္ပဲ ဖြင့္ခြင့္ျပဳထားၿပီး ဆိုင္တိုင္းမွာ လက္ေဆးဖို႔၊ ဝယ္သူတစ္ေယာက္နဲ႔တစ္ေယာက္ ၆ ေပခြာေနဖို႔ ၊ တြန္းလွည္းေတြကို အၿမဲ ပိုးသတ္ေဆးနဲ႔ ပိုးသတ္ဖို႔ စီစဥ္ေပးထားတယ္လို႔ ဆိုပါတယ္။
ဟာဝိုင္အီတစ္ကြၽန္းလုံးမွာ ေဆး႐ုံခုတင္ ၃၀၀၀ မွာ ခုတင္ ၂၀၀၀ ေလာက္က လက္ရွိအျခားေရာဂါနဲ႔နားမက်န္းသူေတြကို ကုသေပးေနရတယ္လို႔ ဆိုပါတယ္။
အိမ္ရာမဲ့ေတြကို က်န္းမာေရးစစ္ေဆးမႈေတြျပဳလုပ္ထားပါတယ္။ |
အေမရိကန္စစ္တပ္က စစ္သေဘၤာႏွစ္စီးကို အခု ခုတင္တစ္ေထာင္ဆံ့ ေဆး႐ုံအျဖစ္ အသြင္ေျပာင္းၿပီးကိုဗစ္လူနာေတြကုဖို႔ ျပင္ဆင္ေပးေနၿပီလို႔ ဆိုပါတယ္။
အေမရိကန္ျပည္ေထာင္စုမွာ မတ္လ ၂၉ ရက္အထိ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူေပါင္း တစ္သိန္းေက်ာ္၊ ေသဆုံးသူ ၁၇၀၀ ေက်ာ္ရွိေနပါတယ္။
-----------------------------------------------------
(Unicode)⤵⤵⤵
ကိုဗစ်၁၉-ကိုရိုနာဗိုင်းရပ်စ် ဘယ်ကစတာလဲနဲ့ပတ်သက်ပြီး အမေရိကန်အငြိမ်းစားဒုဗိုလ်မှူးကြီး ဘာပြောလဲ
(Unicode)⤵⤵⤵
Image caption ဒုဗိုလ်မှူးကြီးနေထိုင်တဲ့ ဟာဝိုင်အီမှာတော့ လူတစ်ရာကျော် ဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းအများဆုံးဖြစ်လာတဲ့အမေရိကန်ပြည်ထောင်စုနဲ့ ဒီဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံတို့ကြား ဗိုင်းရပ်စ် ဘယ်ကစဖြစ်လဲဆိုတဲ့ အငြင်းပွားမှုတချို့ ရှိလာခဲ့ပါတယ်။ အပြန်အလှန်စွပ်စွဲချက်တွေကိုလည်း ကမ္ဘာ့မီဒီယာတချို့က ဖော်ပြလာကြပါတယ်။
တရုတ်က အမေရိကန်ကောင်စစ်ဝန်ရုံးကိုလာရောက်တဲ့ အမေရိကန်စစ်တပ်က ဒီဗိုင်းရပ်စ်ကို ယူဆောင်လာတာလို့ တရုတ်ဘက်က ပြောကြားတာ တွေရှိသလို တရုတ်နိုင်ငံခြားရေးဌာနဘက်ကို ဒီကိစ္စကို အလျင်အမြန်ဖြေရှင်းဖို့ အမေရိကန်ကို တောင်းဆိုတာတွေရှိခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ကိုရိုနာဗိုင်းရပ်စ်ကို တရုတ်ဗိုင်းရပ်စ်ကို သုံးနှုန်းခဲ့ပါတယ်။
အခုတော့ဒီဗိုင်းရပ်စ် ကူးစက်မှုကို တရုတ်က အတန်အသင့်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပေမယ့် အမေရိကန်ကတော့ ကူးစက်သူတစ်သိန်းကျော်နဲ့ မတ်လကုန်ပိုင်းမှာ ကမ္ဘာ့နံပါတ်တစ်နေရာကို ရောက်သွားပါပြီ။
ဗိုင်းရပ်စ် ဘယ်ကစ
တရုတ်နိုင်ငံ၊ ဟူဘေပြည်နယ်က ဝူဟန်မြို့မှာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ဒီဇင်ဘာ လမှာ ထူးဆန်းတဲ့အဆုတ်ရောင်ရောဂါတစ်မျိုးစတင်ပျံ့နှံ့ခဲ့တယ်လို့ သတင်းတွေထွက်လာပါတယ်။ ဇန်နဝါရီဆန်းပိုင်းမှာတော့ ဝူဟန်က သားစိမ်းငါးစိမ်းတွေရောင်းတဲ့ Wet market လို့ခေါ်တဲ့ ပင်လယ်စာအစုံရောင်း ချတဲ့ဈေးကနေ ဒီဗိုင်းရပ်စ်စတင်ပြန့်ပွားတယ်လို့ ပြောလာကြပါတယ်။
အကြောင်းက ဖျားနာကိုယ်ပူချောင်းဆိုးပြီး လာပြတဲ့ သူတွေ သုံးဆယ်ကျော်လောက်က ဝူဟန်ဈေးနဲ့ ဆက်စပ်သူတွေဖြစ်နေလို့ပါ။
အဲဒီနောက်ပိုင်းမှာ ဟူပေတစ်ပြည်နယ်လုံးကို တရုတ်အစိုးရက ပိတ်ဆို့ကန့်သတ်လိုက်တော့တာဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် STEEVE JORDAN
Image caption သင်းခွေချပ်တွေဟာ မျိုးသုဉ်းမယ့်အန္တရာယ်နဲ့ကြုံနေရတဲ့ ရှားပါးမျိုးစိတ်ပါ။
ဖေဖော်ဝါရီလဆန်းလောက်မှာတော့ တရုတ်တင်မက တောင်ကိုရီးယား၊ အီရန်အပါအဝင် ကမ္ဘာ့နိုင်ငံတွေကို စတင်ကူးစက်ရာကနေ ခုတော့ နိုင်ငံပေါင်း ရာကျော်ဒီဗိုင်းရပ်စ် ကူးစက်ရောက်ရှိနေတာဖြစ်ပါတယ်။
မတ်လလယ်ကစလို့ ဒီဗိုင်းရပ်စ်က အမေရိကန်က သယ်လာတာလို့ တရုတ်က စွပ်စွဲလာခဲ့တာပါ။
ဒါနဲ့ပတ်သက်လို့ အမေရိကန်စစ်တပ်မှာ အငြိမ်းစားဒုတိယဗိုလ်မှူးကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာ အမေရိကန်စစ်တပ်နဲ့ တွဲပြီး စစ်ဘက်အရပ်ဖက်သင်တန်းတွေပို့ချနေတဲ့ ဟာအိုင်အီမှာနေထိုင်တဲ့ ဒေါ်မီမီဝင်းဘတ်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
ဒီဗိုင်းရပ်စ်ဘယ်ကစဖြစ်တာလဲ ဘယ်လိုကူးစက်တာလဲဆိုတာကို အမေရကန်ရေတပ်က သိပ္ပံပညာရှင်ဆရာဝန်တွေနဲ့ ကူးစက်ရောဂါပျံ့ပွားမှုကာကွယ်ရေးသိပ္ပံပညာရှင်တွေရဲ့ လတ်တလောတွေ့ရှိထားမှုနဲ့ပတ်သက်ပြီး ဒေါ်မီမီဝင်းဘတ်က ခုလိုပြောပါတယ်။
""တစ်နေ့က ကျွန်မတို့ဆီကို အမေရိကန် ရေတပ်က ကူးစက်ရောဂါပျံ့ပွားမှုနဲ့ ကာကွယ်ရေးဆိုင်ရာပညာရှင်တွေလာပြီး briefing (စစ်ရေးဆိုင်ရာညွှန်ကြးာပို့ချချက်) ပေးတဲ့အခါမှာ သူတို ပြောသွားတယ်။ ဝူဟန်ဈေးမှာရောင်းတဲ့ ပင်ဂလန်(Pingolin) ဆိုတဲ့အကောင်လေး သူက အကြေးခွံတွေ ပါတယ်။ အဲဒီအကောင်ကနေ ဗိုင်းရပ်စ်က ထွက်လာတာ။ ဖွတ်လိုအကောင်မျိုးပါ။ endangered species(မျိုးသုဉ်းမယ့်အန္တရာယ်ရှိနေတဲ့ မျိုးစိတ်) ပေါ့။ ဒီအကောင်ကို ဈေးထဲမှာရောင်းတယ်။ ကျက်အောင်မချက်ဘဲ စားလိုက်တဲ့အခါမှာ အဲဒီဗိုင်းရပ်စ်က လူကို ကူးလိုက်တာကို သွားတွေ့တယ်လို့ ပြောပါတယ်" လို့ ဒေါ်မီမီဝင်းဘတ်က ရှင်းပြပါတယ်။
ဓာတ်ပုံ မူပိုင် STEEVE JORDAN
Image caption သင်းခွေချပ်ကို တရုတ်အပြင် အင်ဒိုနီးရှား၊ ဂါဘွန်လို နိုင်ငံတွေမှာလည်း ချက်ပြုတ်စားသုံးမှုတွေရှိပါတယ်။
ကမ္ဘာတဝန်း ဆေးပညာရှင်တွေသိပ္ပံပညာရှင်တွေကလည်း ကိုဗစ်၁၉ ဗိုင်းရပ်စ် ဟာ တရိစ္ဆာန်ကနေ လူကို ကူးစက်တယ်လို့ မှတ်ချက်ချထားပါတယ်။ ဒီဗိုင်းရပ်စ်စပြန့်တော့ လင်းနို့တွေကနေ လူကို ကူးစက်တယ်လို့လည်း ယူဆချက်တွေရှိထားပါတယ်။
ဒါနဲ့ပတ်သက်လို့ အမေရိကန်သိပ္ပံပညာရှင်တွေ ရဲ့မှတ်ချက်က ဘယ်လိုရှိလဲဆိုတာကို ဒေါ်မီမီဝင်းဘတ်က
"ဒီ ကိုဗစ်၁၉ က ပင်ဂလန်ကနေ လာတာ။ ကိုရိုနာဗိုင်းရပ်စ်က အများကြီးပဲ။ အဲဒီအောက်မှာ ကိုဗစ် ၁၉ က တစ်ခုပေါ့။ လင်းနို့က လာတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ခပ်ဆင်ဆင်တူတယ်လို့ ပြောပါတယ်" လို့ ဆိုပါတယ်။
အခုတွေ့ရှိချက်နဲ့ပတ်သက်လို့ တရုတ်အာဏာပိုင်တွေရဲ့ တုံ့ပြန်ချက်ကိုတော့ မသိရသေးဘူးလို့ ဒေါ်မီမီဝင်းဘတ်က ဆိုပါတယ်။
အခု ဒီဗိုင်းရပ်စ် ဇာစ်မြစ်ကို ရှာဖွေနေတဲ့ အမေရိကန်ရေတပ်က သိပ္ပံပညာရှင်တွေဟာ ဆရာဝန်တွေဖြစ်ပြီး လူကိုကုတဲ့ဆရာဝန်မဟုတ်ဘဲ ကူးစက်ရောဂါပျံ့ပွားမှုနဲ့ ကာကွယ်ရေးကို အဓိက လေ့လာသုတေသနပြုတဲ့ ပညာရှင်တွေဖြစ်တယ်လို့ ဒေါ်မီမီဝင်းဘတ်က ရှင်းပြပါတယ်။
ဒီပညာရှင်တွေဟာ နိုင်ငံရေးအရ ပါဝင်ပတ်သက်မှုမရှိဘဲ ဗိုင်းရပ်စ် ကာကွယ်ဆေးဖော်ထုတ်နိုင်ဖို့အတွက် ရောဂါပျံ့ပွားမှုဇာစ်မြစ်ကို ရှာဖွေလေ့လာနေတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
"ကျွန်မတို့က ဒီကိစ္စကို focus(အဓိကအာရုံစိုက်) နေတာက ဘယ်ကလာလဲ။ ဘယ်လို စကူးသွားလဲ။ ဒါကို ဘယ်လို vaccine (ကာကွယ်ဆေး) တွေနဲ့ ကုလို့ရမလဲ ဒါတွေကိုအဓိကထားတာပါ" လို့ အမေရိကန်စစ်တပ်အငြိမ်းစားဒုဗိုလ်မှူကြီးက ပြောပါတယ်။
တရုတ်သုတေသန ပညာရှင်တချို့ကလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက လင်းနို့ကနေ လူကို တိုက်ရိုက်ကူးစက်တာမဟုတ်ဘဲ သင်းခွေချပ်ကနေတစ်ဆင့် ကူးစက်ခဲ့တာဖြစ်တယ်လို့ ပြောထားပါတယ်။
ဓာတ်ပုံ မူပိုင် CHAIDEER MAHYUDDIN
Image caption သင်းခွေချပ်ရဲ့အကြေးခွံက ဆေးဘက်ဝင်ပြီးဈေးလည်း ကြီးပါတယ်။
တရုတ်နိုင်ငံက South China Agricultural University က သပ္ပံပညာရှင်တွေက ဖေဖော်ဝါရီ ၇ ရက်က ပြောကြားထားတာဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ သင်းခွေချပ်ကို ကျန်းမာရေးကောင်းအောင် စားကြသလို သင်းခွေချပ်ရဲ့ အကြေးခွံတွေကိုလည်း ဆေးဘက်ဝင်တယ်ဆိုပြီး တိုင်းရင်းဆေးဖော်စပ်ရာ မှာလည်း အသုံးပြုပြီး ဒီအကြေးခွံကအစ ဈေးအရမ်းကြီးတယ်လို့လည်း ဆိုပါတယ်။
ဟာဝိုင်အီက ဗိုင်းရပ်စ်ကူးသူတွေကုဖို့ အသက်ရှူစက်တွေမလုံလောက်
ဒေါ်မီမီဝင်းဘတ်ဟာ အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီကျွန်းမှာ နေထိုင်တာပါ။ ကျွန်းလေးပေါ်က မြို့လေးဖြစ်လို့ သဘာဝဘေးနဲ့ပတ်သက်ရင် မြို့နေ လူထုက အမြဲသတိထားတတ်လေ့ရှိပြီး အခု ကပ်ရောဂါဘေးမှာလည်း ဒေသအာဏာပိုင်တွေညွှန်ကြားတာကို အတိအကျလိုက်နာတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် Ethan Miller
Image caption အိမ်ရာမဲ့တွေအတွက် ကိုဗစ်ကာကွယ်ရေး ယာယီနားခိုရာဆောင်မှာ လိုအပ်တဲ့ပစ္စည်းတွေဝေငှပေးနေပါတယ်။
"ဒီကျွန်းမှာက အမြဲလိုလို သဘာဝဘေးပေါ့။ ဆူနာမီလို မုန်တိုင်းလို အမြဲ သတိပေးချက်တွေရှိတော့ လူထုက အသားကျနေတာပေါ့နော်။ အစိုးရကပြောလိုက်တာနဲ့ လူထုက လိုက်နာတဲ့အကျင့်ရှိနေပြီ။ အခု social distancing တစ်ဦးနဲ့တစ်ဦး ၆ ပေအကွာမှာနေဆိုလည်း နေကြတယ်။ နောက် မဖြစ်မနေ ကိစ္စကလွဲလို့အပြင်မထွက်ဖို့၊ လူမစုဖို့ ဒါတော်တော်လေးလိုက်နာကြပါတယ်။ ဒီမှာ လူတစ်သန်းလောက်ရှိတယ်။ အခု ရောဂါဖြစ်ပွားတာက တစ်ရာကျော်။ အဲဒီတစ်ရာကျော်က နှစ်ပတ်အတွင်း ခုန်တက်သွားတာဆိုတော့ ဟာဝိုင်အီအာဏာပိုင်တွေက ကူးစက်သူ ဆယ်ယောက်မပြည့်ခင်မှာပဲ မြို့ကို ဝင်ထွက်ကန့်သတ်တာတွေလုပ်ထားတာပါ" လို့ ဒေါ်မီမီဝင်းဘတ်က ပြောပါတယ်။
အစားအစာဝယ်ဖို့ စားသောက်ကုန်ဆိုင်လောက်ပဲ ဖွင့်ခွင့်ပြုထားပြီး ဆိုင်တိုင်းမှာ လက်ဆေးဖို့၊ ဝယ်သူတစ်ယောက်နဲ့တစ်ယောက် ၆ ပေခွာနေဖို့ ၊ တွန်းလှည်းတွေကို အမြဲ ပိုးသတ်ဆေးနဲ့ ပိုးသတ်ဖို့ စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။
ဟာဝိုင်အီတစ်ကျွန်းလုံးမှာ ဆေးရုံခုတင် ၃၀၀၀ မှာ ခုတင် ၂၀၀၀ လောက်က လက်ရှိအခြားရောဂါနဲ့နားမကျန်းသူတွေကို ကုသပေးနေရတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် Ethan Miller
Image caption အိမ်ရာမဲ့တွေကို ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ထားပါတယ်။
"ဒါကြောင့် တကယ်လို့ ကိုဗစ်၁၉ ကူးစက်မှုနှုန်းမြင့်တက်လာရင် ကုသမှုပေးဖို့ ခုတင်မလုံလောက်တာ၊ နောက်ပြီး အသက်ရှူစက်ကလည်း အလုံးရေ ၆၅၀ ပဲရှိတယ်။ တကယ်လို့ အသဲအသန်ဖြစ်လာရင် မနိုင်မနင်းဖြစ်မှာ ပြည်နယ်အစိုးရက အရမ်းကြောက်တယ်လေ။ အဲဒါကြောင့် ကူးစက်သူ ၁၀ ယောက်တောင်မပြည့်သေးဘူး။ ဒီပိတ်ပင်ကန့်သတ်မှုတွေကို စလိုက်တာ" လို့ ဒေါ်မီမီဝင်းဘတ်က ပြောပါတယ်။
အမေရိကန်စစ်တပ်က စစ်သင်္ဘောနှစ်စီးကို အခု ခုတင်တစ်ထောင်ဆံ့ ဆေးရုံအဖြစ် အသွင်ပြောင်းပြီးကိုဗစ်လူနာတွေကုဖို့ ပြင်ဆင်ပေးနေပြီလို့ ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ မတ်လ ၂၉ ရက်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း တစ်သိန်းကျော်၊ သေဆုံးသူ ၁၇၀၀ ကျော်ရှိနေပါတယ်။
BBC Burmese
https://www.bbc.com/burmese/burma-52080676
ကိုဗစ္၁၉-ကို႐ိုနာဗိုင္းရပ္စ္ ဘယ္ကစတာလဲနဲ႔ပတ္သက္ၿပီး အေမရိကန္အၿငိမ္းစားဒုဗိုလ္မႉးႀကီး ဘာေျပာလဲ
Reviewed by THITHTOOLWIN
on
18:47
Rating: