ျပည္ေတာ္ျပန္ေတြ ကိုဗစ္လကၡဏာခံစားရမႈရွိမရွိ သတင္းပို႔ႏိုင္မယ့္ အပလီေကးရွင္

App မွာအေရးေပၚေခၚဆိုလို႔ရမယ့္ Hot Line ဖုန္းနံပါတ္ေတြပါမွာျဖစ္ၿပီး၊ သီးသန႔္ထားရွိသူေတြ က ျဖည့္သြင္းထားမယ့္သတင္းအခ်က္အလက္ေတြကို သက္ဆိုင္ရာက်န္းမာေရးဝန္ထမ္းမ်ားက ေန႔ရက္ အပိုင္းအျခားအလိုက္ သိရွိႏိုင္မွာျဖစ္

ျပည္ေတာ္ျပန္ေတြအပါအဝင္ ကြာရန္တင္း၊ ေရာဂါမကူးစက္ေစေရး သီးသန႔္ထားရွိသူေတြအတြက္ ေရာဂါလကၡဏာေတြခံစားရတာ၊ သူတို႔ကို ဆက္သြယ္ႏိုင္မယ့္အခ်က္အလက္ေတြျဖည့္သြင္းႏိုင္တာ၊ က်န္းမာေရးဌာနကို အလိုေလ်ာက္အကူအညီေတာင္းခံႏိုင္တာအစရွိတဲ့ ဝန္ေဆာင္မႈေတြကို ရရွိမယ့္ 'ေစာေစာေျပာ' App (အပလီေကးရွင္း) ကို အစိုးရကစတင္ေရးဆြဲလိုက္ပါၿပီ။

အဲဒီ App က ေတာင္းကိုရီးအပါအဝင္ အျခားႏိုင္ငံအမ်ားစုမွာ ကိုဗစ္ကုသ ကာကြယ္ေရးနဲ႔ ပက္သက္ၿပီး ေရးဆြဲအသုံးျပဳေနတဲ့အတိုင္း ျမန္မာႏိုင္ငံမွာလည္းအဲဒီပုံစံေတြကို နမူနာယူၿပီး စတင္အသုံးျပဳဖို႔ ပို႔ေဆာင္၊ ဆက္သြယ္ေရးဝန္ႀကီးဌာနနဲ႔ နည္းပညာရွင္ ကိုထူးျမင့္ေနာင္တို႔က ပူးေပါင္းေရးဆြဲခဲ့တာျဖစ္ပါတယ္။

အဲဒီ မိုဘိုင္း App မွာအေရးေပၚေခၚဆိုလို႔ရမယ့္ Hot Line ဖုန္းနံပါတ္ေတြပါမွာျဖစ္ၿပီး၊ သီးသန႔္ထားရွိသူေတြ က ျဖည့္သြင္းထားမယ့္သတင္းအခ်က္အလက္ေတြကို သက္ဆိုင္ရာက်န္းမာေရးဝန္ထမ္းမ်ားက ေန႔ရက္ အပိုင္းအျခားအလိုက္ သိရွိႏိုင္မွာျဖစ္ပါတယ္။

ျပည္ေတာ္ျပန္ေတြအေနနဲ႔ ကိုယ္ျပန္လာတဲ့ေနရာကို ျဖည့္တင္းႏိုင္သလို၊ ကိုယ္တိုင္လည္း ဘယ္မွာေနထိုင္ ေနၿပီး၊ သီးသန႔္ခြဲျခားေနထိုင္ေနမႈအေျခအေနကို အဲဒီ App မွာျဖည့္႐ုံနဲ႔ က်န္းမာေရးဌာနကို အခ်က္ အလက္ေပးပို႔သကဲ့သို႔ အသုံးျပဳႏိုင္မွာျဖစ္တယ္လို႔ က်န္မားေရးဝန္ႀကီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒၚေအးေအးစိန္က ႏိုင္ငံပိုင္သတင္းစာမွာ ရွင္းျပထားပါတယ္။

အခုလိုအသုံးျပဳႏိုင္မယ့္ App ကို သီးသန႔္ထားရွိထားတဲ့ေနရာေတြကို သြားေရာက္ထည့္ေပးမယ့္အျပင္၊ ေလဆိပ္၊ ျမဝတီနယ္စပ္စစ္ေဆးေရးဂိတ္၊ အျခားတိုင္းေဒသႀကီးနဲ႔ ျပည္နယ္ဂိတ္ေတြမွာလည္း ထည့္ေပးမွာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္ထိေတာ့ ျမန္မာႏိုင္ငံအတြင္း ျမဝတီနယ္စပ္ဂိတ္က ျပန္ဝင္လာသူက ေလးေသာင္းေက်ာ္အထိ ရွိေနၿပီး သက္ဆိုင္ရာတိုင္းနဲ႔ ျပည္နယ္ေတြမွာ သီးသန႔္ထားေစာင့္ၾကည့္မႈေတြကိုလည္း ျပဳလုပ္ေနၾက ပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူက မတ္လ ၂၃ရက္ေန႔ကေန မတ္လ ၃၀ရက္ညပိုင္း အထိ တစ္ပတ္အတြင္းမွာဘဲ ၁၄ဦးအထိရွိေနပါၿပီ။
--------------------------------------

ပြည်တော်ပြန်တွေ ကိုဗစ်လက္ခဏာခံစားရမှုရှိမရှိ သတင်းပို့နိုင်မယ့် အပလီကေးရှင်း

ပြည်တော်ပြန်တွေအပါအဝင် ကွာရန်တင်း၊ ရောဂါမကူးစက်စေရေး သီးသန့်ထားရှိသူတွေအတွက် ရောဂါလက္ခဏာတွေခံစားရတာ၊ သူတို့ကို ဆက်သွယ်နိုင်မယ့်အချက်အလက်တွေဖြည့်သွင်းနိုင်တာ၊ ကျန်းမာရေးဌာနကို အလိုလျောက်အကူအညီတောင်းခံနိုင်တာအစရှိတဲ့ ဝန်ဆောင်မှုတွေကို ရရှိမယ့် 'စောစောပြော' App (အပလီကေးရှင်း) ကို အစိုးရကစတင်ရေးဆွဲလိုက်ပါပြီ။

အဲဒီ App က တောင်းကိုရီးအပါအဝင် အခြားနိုင်ငံအများစုမှာ ကိုဗစ်ကုသ ကာကွယ်ရေးနဲ့ ပက်သက်ပြီး ရေးဆွဲအသုံးပြုနေတဲ့အတိုင်း မြန်မာနိုင်ငံမှာလည်းအဲဒီပုံစံတွေကို နမူနာယူပြီး စတင်အသုံးပြုဖို့ ပို့ဆောင်၊ ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ နည်းပညာရှင် ကိုထူးမြင့်နောင်တို့က ပူးပေါင်းရေးဆွဲခဲ့တာဖြစ်ပါတယ်။

အဲဒီ မိုဘိုင်း App မှာအရေးပေါ်ခေါ်ဆိုလို့ရမယ့် Hot Line ဖုန်းနံပါတ်တွေပါမှာဖြစ်ပြီး၊ သီးသန့်ထားရှိသူတွေ က ဖြည့်သွင်းထားမယ့်သတင်းအချက်အလက်တွေကို သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများက နေ့ရက် အပိုင်းအခြားအလိုက် သိရှိနိုင်မှာဖြစ်ပါတယ်။

ပြည်တော်ပြန်တွေအနေနဲ့ ကိုယ်ပြန်လာတဲ့နေရာကို ဖြည့်တင်းနိုင်သလို၊ ကိုယ်တိုင်လည်း ဘယ်မှာနေထိုင် နေပြီး၊ သီးသန့်ခွဲခြားနေထိုင်နေမှုအခြေအနေကို အဲဒီ App မှာဖြည့်ရုံနဲ့ ကျန်းမာရေးဌာနကို အချက် အလက်ပေးပို့သကဲ့သို့ အသုံးပြုနိုင်မှာဖြစ်တယ်လို့ ကျန်မားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိန်က နိုင်ငံပိုင်သတင်းစာမှာ ရှင်းပြထားပါတယ်။

အခုလိုအသုံးပြုနိုင်မယ့် App ကို သီးသန့်ထားရှိထားတဲ့နေရာတွေကို သွားရောက်ထည့်ပေးမယ့်အပြင်၊ လေဆိပ်၊ မြဝတီနယ်စပ်စစ်ဆေးရေးဂိတ်၊ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်ဂိတ်တွေမှာလည်း ထည့်ပေးမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိတော့ မြန်မာနိုင်ငံအတွင်း မြဝတီနယ်စပ်ဂိတ်က ပြန်ဝင်လာသူက လေးသောင်းကျော်အထိ ရှိနေပြီး သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်တွေမှာ သီးသန့်ထားစောင့်ကြည့်မှုတွေကိုလည်း ပြုလုပ်နေကြ ပါတယ်။

မြန်မာနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူက မတ်လ ၂၃ရက်နေ့ကနေ မတ်လ ၃၀ရက်ညပိုင်း အထိ တစ်ပတ်အတွင်းမှာဘဲ ၁၄ဦးအထိရှိနေပါပြီ။

BBC Burmese
https://www.bbc.com/burmese/burma-52102111
ျပည္ေတာ္ျပန္ေတြ ကိုဗစ္လကၡဏာခံစားရမႈရွိမရွိ သတင္းပို႔ႏိုင္မယ့္ အပလီေကးရွင္ ျပည္ေတာ္ျပန္ေတြ ကိုဗစ္လကၡဏာခံစားရမႈရွိမရွိ သတင္းပို႔ႏိုင္မယ့္ အပလီေကးရွင္ Reviewed by THITHTOOLWIN on 19:17 Rating: 5
Powered by Blogger.