ႀကိဳတင္ ကာကြယ္တဲ့ အေနနဲ႔ လူ ထူထပ္တဲ့ ေနရာမွာ ႏွာေခါင္းစည္း ေတြ တပ္ဆင္ သြားလာမႈေတြ ျမန္မာျပည္မွာလည္း က်ယ္က်ယ္ျပန႔္ျပန႔္ ေတြ႕ျမင္ရ |
တ႐ုတ္ႏိုင္ငံထဲမွာ ၂၀၁၉ ႏွစ္ကုန္ ဒီဇင္ဘာလေလာက္မွာ စေပၚလာခဲ့တဲ့ ျပင္းထန္တဲ့ အဆုတ္ေရာင္ ႏိုဗယ္ ကို႐ိုနာ ဗိုင္းရပ္စ္ ေရာဂါပိုးသစ္တစ္မ်ိဳး ေၾကာင့္ ကမာၻတစ္ဝန္းမွာ စိုးရိမ္မႈေတြ ျမင့္တက္လာေနပါတယ္။
ကို႐ိုနာ ဗိုင္းရပ္စ္ အသစ္ ကူးစက္ ပ်ံ႕ႏွံ႔မႈ ဟာ တ႐ုတ္ႏိုင္ငံ ျပင္ပမွာလည္း ဆက္လက္ျဖစ္ေပၚေနလို႔ ဒီ အေျခအေနကို က်န္းမာေရးဆိုင္ရာ ကမာၻ႔ အေရးေပၚအေျခအေန အျဖစ္ ဇန္နဝါရီလ ၃၀ ရက္ (ၾကာသပေတးေန႔) မွာ ကမာၻ႔က်န္းမာေရး အဖြဲ႕ (WHO) က ေၾကညာလိုက္ပါတယ္။
၁) ေရာဂါျဖစ္ပြားေနမႈ အေျခအေန
လက္ရွိမွာ ေရာဂါကူးစက္ခံထားရသူ ေသာင္းဂဏန္း နီးပါး အထိ ရွိလာေနၿပီး အမ်ားစုကေတာ့ တ႐ုတ္ႏိုင္ငံထဲမွာ ျဖစ္ပါတယ္။
တ႐ုတ္ႏိုင္ငံထဲက ေရာဂါ ကူးစက္ခံရသူေတြထဲမွာ ေသဆုံးသူကလည္း ဇန္နဝါရီ ၃၁ ရက္အထိ ၂၁၃ ေယာက္ရွိၿပီး ေသဆုံးသူ အေရအတြက္ဟာ ေန႔စဥ္လည္း တိုးလာေနပါတယ္။ အျခား ကမာၻ႔ႏိုင္ငံေပါင္း ၂၀ ထက္ မနည္းကိုလည္း ဒီဗိုင္းရပ္စ္ ကူးစက္ေရာက္ရွိေနၿပီး လက္ရွိအခ်ိန္အထိေတာ့ ကာကြယ္ေဆး မရွိေသးပါဘူး။ ဒါေပမဲ့ ဗိုင္းရပ္စ္ကူးစက္ခံရသူ တခ်ိဳ႕ ျပန္ေနေကာင္း သက္သာလာတာေတြလည္း ရွိေနပါတယ္။
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ အျဖစ္ သံသယ ျဖစ္ဖြယ္ ရွိတဲ့ တ႐ုတ္ႏိုင္ငံသား သံသယ လူနာ တစ္ဦးကို လည္း ဇန္နဝါရီလ ၃၁ရက္ မနက္ပိုင္းက ရန္ကုန္ေလဆိပ္မွာ ေတြ႕ခဲ့ရလို႔ ေျမာက္ဥကၠလာ ေဝဘာဂီေဆး႐ုံကို ပို႔ေဆာင္ ၿပီး ၾကပ္မတ္ ေစာင့္ၾကည့္ စစ္ေဆးေနတယ္လို႔ က်န္းမာေရး ဆိုင္ရာ တာဝန္ရွိသူေတြက အတည္ျပဳ ထားပါတယ္။
တ႐ုတ္ႏိုင္ငံ ျပင္ပမွာလည္း ေရာဂါပိုး ကူးစက္မႈ ျဖစ္ေပၚေနလို႔ အေရးေပၚ အေျခအေန ျဖစ္လာ |
၂) ဝူဟန္ဗိုင္းရပ္စ္ဆိုတာဘာလဲ
တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕ ပင္လယ္စာေရာင္းခ်တဲ့ေဈးကေန စတင္ပ်ံ႕ႏွံ႔တာကို အစြဲျပဳလို႔ ႏိုဗယ္ကို႐ိုနာ ဗိုင္းရပ္စ္ ေရာဂါပိုးသစ္ကို ဝူဟန္ဗိုင္းရပ္စ္လို႔ လူအမ်ားၾကား ေခၚတြင္လာၾကပါတယ္။
ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ရဲ႕ ေလ့လာေတြ႕ရွိခ်က္အရ ဗိုင္းရပ္စ္ပိုးဟာ တိရိစာၦန္ကစၿပီး ကူးစက္တာ ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။ ဒီဗိုင္းရပ္စ္ စတင္ကူးစက္ခံရသူေတြဟာ ဝူဟန္ၿမိဳ႕ကဟြားနန္ ပင္လယ္စာ ေရာင္းဝယ္ေရးေဈးႀကီးနဲ႔ တနည္းနည္း ဆက္စပ္ခဲ့သူေတြ ျဖစ္ေနပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ပိုးမွာ ပိုးမ်ိဳးကြဲေတြ အမ်ားႀကီး ပါဝင္ၿပီး အဲဒီအထဲက ၆ မ်ိဳးကပဲ လူကို ကူးစက္ႏိုင္ေၾကာင္း အရင္က ေတြ႕ထားခဲ့ပါတယ္။
အခုေနာက္ဆုံး ဗိုင္းရပ္စ္ပိုးသစ္ကိုပါ ထည့္သြင္းရင္ လူကို ကူးစက္ႏိုင္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ပိုးမ်ိဳး ၇ ခု အထိ ရွိေနၿပီး ျပင္းထန္တဲ့အဆုတ္ေရာင္ ေဝဒနာျဖစ္ေစၿပီး ေနာက္ဆုံး ေက်ာက္ကပ္ပ်က္စီးကာ အသက္ဆုံးရႈံး ႏိုင္တဲ့အထိ ျဖစ္ေစပါတယ္။
အသက္ရႈလမ္းေၾကာင္း နဲ႔ ဆက္စပ္တဲ့ ေရာဂါ လကၡဏာ ေတြ ျဖစ္ေပၚ |
၃) ဝူဟန္ဗိုင္းရပ္စ္ရဲ႕ အဓိက လကၡဏာေတြက ဘာေတြလဲ
ေရာဂါကူးစက္ခံရၿပီဆိုရင္ အသက္ရႈလမ္းေၾကာင္းကို ထိခိုက္မႈေတြကို စေတြ႕ရပါတယ္။ အဖ်ားရွိလာတာ၊ ေခ်ာင္းဆိုးတာ၊ အသက္ရႉမဝတာနဲ႔ အသက္ရႉရခက္ခဲတာ၊ အားအင္ကုန္ခန္းတာေတြ ျဖစ္လာတတ္ပါတယ္။ ကနဦးမွာ ကိုယ္အပူခ်ိန္ ျမင့္တက္ၿပီး ေခ်ာင္းေျခာက္ေတြ ဆိုးပါမယ္။ တစ္ပတ္အၾကာမွာ အားအင္ကုန္ခမ္း အသက္ရႈက်ပ္တဲ့အထိ ျဖစ္လာပါမယ္။ လူနာတခ်ိဳ႕ အတြက္ ေဆး႐ုံမွာ ေဆးကုသမႈ ခံယူရဖို႔ လိုအပ္ပါမယ္။
ေရာဂါပိုး စတင္ ပ်ံ႕ႏွံရာ ဝူဟန္ ၿမိဳ႕နဲ႔ တ႐ုတ္ ႏိုင္ငံ အျခား ေဒသ ခ်ိတ္ဆက္ေနမႈ ျပ ေျမပုံ |
၄) ဘယ္လိုကူးစက္ႏိုင္သလဲ
အခု လက္ရွိ အခ်ိန္မွာေတာ့ တ႐ုတ္ႏိုင္ငံ အထူးသျဖင့္ ဝူဟန္ ၿမိဳ႕ ကို ခရီးသြားလာခဲ့မႈ ရာဇဝင္ ရွိသူေတြက ဗိုင္းရပ္စ္ ကူးစက္ခံရႏိုင္မႈ ျဖစ္ႏိုင္ေျခ ပိုရွိတယ္လို႔ ေဆးပညာရွင္ေတြက ယူဆထားၾကပါတယ္။ ဝူဟန္ဗိုင္းရပ္စ္ျဖစ္တယ္လို႔ သံသယရွိသူနဲ႔အတူ အနီးကပ္ ေနထိုင္ခဲ့သူေတြ ကူးစက္ႏိုင္မႈ ပိုမ်ားပါတယ္။
တိရစာၦန္ကေန လူကို ကူးစက္တာကေန လူကေန လူခ်င္းလည္း ကူးစက္ႏိုင္တယ္ ဆိုၿပီး ဂ်ပန္၊ ဗီယက္နမ္နဲ႔ ဂ်ာမနီက ကူးစက္ခဲ့မႈ ပုံစံေတြကို ၾကည့္ၿပီး ကမာၻ႔က်န္းမာေရးအဖြဲ႕က ေကာက္ခ်က္ခ်ထားပါတယ္။
အရင္ ကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ ကူးစက္ပုံအရေတာ့ ေခ်ာင္းဆို၊ ႏွာေခ်တာက တစ္ဆင့္ တုပ္ေကြးဗိုင္းရပ္စ္ပိုးအပါအဝင္ တျခားေရာဂါပိုးေတြ ေလထဲေရာက္ရွိ အသက္ရႉလမ္းေၾကာင္းကတစ္ဆင့္ တိုက္႐ိုက္ကူးစက္ႏိုင္ပါတယ္။ ဒါ့အျပင္ အရာဝတၳဳေတြမွာ ကပ္ေနတဲ့ ေရာဂါပိုးေတြကို လက္နဲ႔ ကိုင္တြယ္ထိေတြ႕တာက တစ္ဆင့္ ကူးႏိုင္ပါတယ္။
ေရာဂါ ကာကြယ္ေရး အႀကံျပဳခ်က္မ်ား |
၅) ဘယ္လို ကာကြယ္ၾကမလဲ
ကမာၻ႔က်န္းမာေရး အဖြဲ႕ (WHO) နဲ႔ ျမန္မာႏိုင္ငံက က်န္းမာေရး ဝန္ႀကီးဌာနက ထုတ္ျပန္ လမ္းၫႊန္ခ်က္ေတြ အရ ေအာက္ပါ အခ်က္ေတြကို ေဆာင္႐ြက္ရင္ ေရာဂါ ပိုး ကူးစက္ခံရမႈ ျဖစ္ႏိုင္ေျခ ကို ေလွ်ာ့ခ်ႏိုင္ပါမယ္။
ဖ်ားနာေနသူ၊ ေခ်ာင္းဆိုး၊ ႏွာေခ် စတဲ့ အသက္ရႉလမ္းေၾကာင္း ေရာဂါလကၡဏာေတြ ခံစားေနရသူေတြနဲ႔ အနီးကပ္ ေနထိုင္တာကို ေရွာင္ၾကဥ္ ရပါမယ္။
တတ္ႏိုင္သမွ် လူထူထပ္တဲ့ ေနရာကို သြားလာျခင္း မျပဳရပါဘူး။
လက္ကို ဆပ္ျပာနဲ႔ ေရ သို႔မဟုတ္ အရက္ျပန္ပါတဲ့ လက္ေဆးရည္ ကို အသုံးျပဳၿပီး သန႔္စင္ေအာင္ လိုအပ္ရင္ လိုအပ္သလို မၾကာခဏ ေဆးေၾကာေပးဖို႔ လိုပါမယ္။
ႏွာေခ် ေခ်ာင္းဆိုးရင္ ႏွာေခါင္းနဲ႔ပါးစပ္ကို လုံၿခဳံေအာင္ဖုံးအပ္ပါ။ ႏွာေခါင္းစည္း Mask ေတြကို သုံးပါ။ အထူးသျဖင့္ အမ်ားျပည္သူသုံး ယာဥ္ေတြ၊ ဘတ္စ္ကားစီးခ်ိန္ ေတြမွာ တျခားသူေတြထံ ေရာဂါမကူးစက္ေစဖို႔ သတိျပဳပါ။
ႏွာေခ် ေခ်ာင္းဆိုးတဲ့အခါ တစ္ရႉးအသုံးျပဳရင္ အမႈိက္ပုံးထဲ ေသခ်ာပစ္ပါ။ လက္ကို စင္ၾကယ္ေအာင္ ဆပ္ျပာနဲ႔ ေသေသခ်ာခ်ာ ျပန္ေဆးပါ။
တိရစာၦန္ေတြကို အကာအကြယ္မရွိဘဲ တိုက္႐ိုက္ထိေတြ႕ကိုင္တြယ္တာ၊ ပြတ္သပ္တာ ၊ နမ္းရႈံ႕တာေတြမလုပ္ဖို႔ သတိျပဳရပါမယ္။
အသား၊ ငါး နဲ႔ ဥေတြကို ေသခ်ာစြာ ခ်က္ျပဳတ္ စားေသာက္ပါ။
တစ္ကိုယ္ေရသန႔္ရွင္းေရး ဂ႐ုစိုက္ဖို႔နဲ႔ အိပ္ေရး၀၀အိပ္ဖို႔လည္း လိုပါတယ္။
အာဟာရျပည့္တဲ့ အစားအေသာက္ေတြ မ်ားမ်ားစားဖို႔နဲ႔ ကိုယ္လက္လႈပ္ရွားမႈ မွန္မွန္ လုပ္ဖို႔လည္း အႀကံျပဳပါတယ္။
က်န္းမာေရး ဝန္ထမ္းေတြအေနနဲ႔ လူနာနဲ႔ ထိေတြ႕ကိုင္တြယ္ရခ်ိန္ ကိုယ့္ကို မကူးစက္ေအာင္ အထူးဂ႐ုျပဳလိုက္နာဖို႔နဲ႔ လူနာကို စမ္းသပ္ကိုင္တြယ္ၿပီးတိုင္း လက္ကို နည္းလမ္းတက် ဆပ္ျပာနဲ႔ စင္ၾကယ္စြာေဆးဖို႔ လိုပါတယ္။
BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် အကြောင်း သိသင့်တဲ့ ၅ ချက်
ဓာတ်ပုံ မူပိုင် YE AUNG THU / AFP / Getty Images
Image caption ကြိုတင် ကာကွယ်တဲ့ အနေနဲ့ လူ ထူထပ်တဲ့ နေရာမှာ နှာခေါင်းစည်း တွေ တပ်ဆင် သွားလာမှုတွေ မြန်မာပြည်မှာလည်း ကျယ်ကျယ်ပြန့်ပြန့် တွေ့မြင်ရ
တရုတ်နိုင်ငံထဲမှာ ၂၀၁၉ နှစ်ကုန် ဒီဇင်ဘာလလောက်မှာ စပေါ်လာခဲ့တဲ့ ပြင်းထန်တဲ့ အဆုတ်ရောင် နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးသစ်တစ်မျိုး ကြောင့် ကမ္ဘာတစ်ဝန်းမှာ စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ် အသစ် ကူးစက် ပျံ့နှံ့မှု ဟာ တရုတ်နိုင်ငံ ပြင်ပမှာလည်း ဆက်လက်ဖြစ်ပေါ်နေလို့ ဒီ အခြေအနေကို ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့ အရေးပေါ်အခြေအနေ အဖြစ် ဇန်နဝါရီလ ၃၀ ရက် (ကြာသပတေးနေ့) မှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က ကြေညာလိုက်ပါတယ်။
၁) ရောဂါဖြစ်ပွားနေမှု အခြေအနေ
လက်ရှိမှာ ရောဂါကူးစက်ခံထားရသူ သောင်းဂဏန်း နီးပါး အထိ ရှိလာနေပြီး အများစုကတော့ တရုတ်နိုင်ငံထဲမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံထဲက ရောဂါ ကူးစက်ခံရသူတွေထဲမှာ သေဆုံးသူကလည်း ဇန်နဝါရီ ၃၁ ရက်အထိ ၂၁၃ ယောက်ရှိပြီး သေဆုံးသူ အရေအတွက်ဟာ နေ့စဉ်လည်း တိုးလာနေပါတယ်။ အခြား ကမ္ဘာ့နိုင်ငံပေါင်း ၂၀ ထက် မနည်းကိုလည်း ဒီဗိုင်းရပ်စ် ကူးစက်ရောက်ရှိနေပြီး လက်ရှိအချိန်အထိတော့ ကာကွယ်ဆေး မရှိသေးပါဘူး။ ဒါပေမဲ့ ဗိုင်းရပ်စ်ကူးစက်ခံရသူ တချို့ ပြန်နေကောင်း သက်သာလာတာတွေလည်း ရှိနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အဖြစ် သံသယ ဖြစ်ဖွယ် ရှိတဲ့ တရုတ်နိုင်ငံသား သံသယ လူနာ တစ်ဦးကို လည်း ဇန်နဝါရီလ ၃၁ရက် မနက်ပိုင်းက ရန်ကုန်လေဆိပ်မှာ တွေ့ခဲ့ရလို့ မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံကို ပို့ဆောင် ပြီး ကြပ်မတ် စောင့်ကြည့် စစ်ဆေးနေတယ်လို့ ကျန်းမာရေး ဆိုင်ရာ တာဝန်ရှိသူတွေက အတည်ပြု ထားပါတယ်။
Image caption တရုတ်နိုင်ငံ ပြင်ပမှာလည်း ရောဂါပိုး ကူးစက်မှု ဖြစ်ပေါ်နေလို့ အရေးပေါ် အခြေအနေ ဖြစ်လာ
၂) ဝူဟန်ဗိုင်းရပ်စ်ဆိုတာဘာလဲ
တရုတ်နိုင်ငံ၊ ဝူဟန်မြို့ ပင်လယ်စာရောင်းချတဲ့ဈေးကနေ စတင်ပျံ့နှံ့တာကို အစွဲပြုလို့ နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးသစ်ကို ဝူဟန်ဗိုင်းရပ်စ်လို့ လူအများကြား ခေါ်တွင်လာကြပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ လေ့လာတွေ့ရှိချက်အရ ဗိုင်းရပ်စ်ပိုးဟာ တိရိစ္ဆာန်ကစပြီး ကူးစက်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီဗိုင်းရပ်စ် စတင်ကူးစက်ခံရသူတွေဟာ ဝူဟန်မြို့ကဟွားနန် ပင်လယ်စာ ရောင်းဝယ်ရေးဈေးကြီးနဲ့ တနည်းနည်း ဆက်စပ်ခဲ့သူတွေ ဖြစ်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုးမှာ ပိုးမျိုးကွဲတွေ အများကြီး ပါဝင်ပြီး အဲဒီအထဲက ၆ မျိုးကပဲ လူကို ကူးစက်နိုင်ကြောင်း အရင်က တွေ့ထားခဲ့ပါတယ်။
အခုနောက်ဆုံး ဗိုင်းရပ်စ်ပိုးသစ်ကိုပါ ထည့်သွင်းရင် လူကို ကူးစက်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးမျိုး ၇ ခု အထိ ရှိနေပြီး ပြင်းထန်တဲ့အဆုတ်ရောင် ဝေဒနာဖြစ်စေပြီး နောက်ဆုံး ကျောက်ကပ်ပျက်စီးကာ အသက်ဆုံးရှုံး နိုင်တဲ့အထိ ဖြစ်စေပါတယ်။
Image caption အသက်ရှုလမ်းကြောင်း နဲ့ ဆက်စပ်တဲ့ ရောဂါ လက္ခဏာ တွေ ဖြစ်ပေါ်
၃) ဝူဟန်ဗိုင်းရပ်စ်ရဲ့ အဓိက လက္ခဏာတွေက ဘာတွေလဲ
ရောဂါကူးစက်ခံရပြီဆိုရင် အသက်ရှုလမ်းကြောင်းကို ထိခိုက်မှုတွေကို စတွေ့ရပါတယ်။ အဖျားရှိလာတာ၊ ချောင်းဆိုးတာ၊ အသက်ရှူမဝတာနဲ့ အသက်ရှူရခက်ခဲတာ၊ အားအင်ကုန်ခန်းတာတွေ ဖြစ်လာတတ်ပါတယ်။ ကနဦးမှာ ကိုယ်အပူချိန် မြင့်တက်ပြီး ချောင်းခြောက်တွေ ဆိုးပါမယ်။ တစ်ပတ်အကြာမှာ အားအင်ကုန်ခမ်း အသက်ရှုကျပ်တဲ့အထိ ဖြစ်လာပါမယ်။ လူနာတချို့ အတွက် ဆေးရုံမှာ ဆေးကုသမှု ခံယူရဖို့ လိုအပ်ပါမယ်။
Image caption ရောဂါပိုး စတင် ပျံ့နှံရာ ဝူဟန် မြို့နဲ့ တရုတ် နိုင်ငံ အခြား ဒေသ ချိတ်ဆက်နေမှု ပြ မြေပုံ
၄) ဘယ်လိုကူးစက်နိုင်သလဲ
အခု လက်ရှိ အချိန်မှာတော့ တရုတ်နိုင်ငံ အထူးသဖြင့် ဝူဟန် မြို့ ကို ခရီးသွားလာခဲ့မှု ရာဇဝင် ရှိသူတွေက ဗိုင်းရပ်စ် ကူးစက်ခံရနိုင်မှု ဖြစ်နိုင်ခြေ ပိုရှိတယ်လို့ ဆေးပညာရှင်တွေက ယူဆထားကြပါတယ်။ ဝူဟန်ဗိုင်းရပ်စ်ဖြစ်တယ်လို့ သံသယရှိသူနဲ့အတူ အနီးကပ် နေထိုင်ခဲ့သူတွေ ကူးစက်နိုင်မှု ပိုများပါတယ်။
တိရစ္ဆာန်ကနေ လူကို ကူးစက်တာကနေ လူကနေ လူချင်းလည်း ကူးစက်နိုင်တယ် ဆိုပြီး ဂျပန်၊ ဗီယက်နမ်နဲ့ ဂျာမနီက ကူးစက်ခဲ့မှု ပုံစံတွေကို ကြည့်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကောက်ချက်ချထားပါတယ်။
အရင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ ကူးစက်ပုံအရတော့ ချောင်းဆို၊ နှာချေတာက တစ်ဆင့် တုပ်ကွေးဗိုင်းရပ်စ်ပိုးအပါအဝင် တခြားရောဂါပိုးတွေ လေထဲရောက်ရှိ အသက်ရှူလမ်းကြောင်းကတစ်ဆင့် တိုက်ရိုက်ကူးစက်နိုင်ပါတယ်။ ဒါ့အပြင် အရာဝတ္ထုတွေမှာ ကပ်နေတဲ့ ရောဂါပိုးတွေကို လက်နဲ့ ကိုင်တွယ်ထိတွေ့တာက တစ်ဆင့် ကူးနိုင်ပါတယ်။
Image caption ရောဂါ ကာကွယ်ရေး အကြံပြုချက်များ
၅) ဘယ်လို ကာကွယ်ကြမလဲ
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) နဲ့ မြန်မာနိုင်ငံက ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန် လမ်းညွှန်ချက်တွေ အရ အောက်ပါ အချက်တွေကို ဆောင်ရွက်ရင် ရောဂါ ပိုး ကူးစက်ခံရမှု ဖြစ်နိုင်ခြေ ကို လျှော့ချနိုင်ပါမယ်။
ဖျားနာနေသူ၊ ချောင်းဆိုး၊ နှာချေ စတဲ့ အသက်ရှူလမ်းကြောင်း ရောဂါလက္ခဏာတွေ ခံစားနေရသူတွေနဲ့ အနီးကပ် နေထိုင်တာကို ရှောင်ကြဉ် ရပါမယ်။
တတ်နိုင်သမျှ လူထူထပ်တဲ့ နေရာကို သွားလာခြင်း မပြုရပါဘူး။
လက်ကို ဆပ်ပြာနဲ့ ရေ သို့မဟုတ် အရက်ပြန်ပါတဲ့ လက်ဆေးရည် ကို အသုံးပြုပြီး သန့်စင်အောင် လိုအပ်ရင် လိုအပ်သလို မကြာခဏ ဆေးကြောပေးဖို့ လိုပါမယ်။
နှာချေ ချောင်းဆိုးရင် နှာခေါင်းနဲ့ပါးစပ်ကို လုံခြုံအောင်ဖုံးအပ်ပါ။ နှာခေါင်းစည်း Mask တွေကို သုံးပါ။ အထူးသဖြင့် အများပြည်သူသုံး ယာဉ်တွေ၊ ဘတ်စ်ကားစီးချိန် တွေမှာ တခြားသူတွေထံ ရောဂါမကူးစက်စေဖို့ သတိပြုပါ။
နှာချေ ချောင်းဆိုးတဲ့အခါ တစ်ရှူးအသုံးပြုရင် အမှိုက်ပုံးထဲ သေချာပစ်ပါ။ လက်ကို စင်ကြယ်အောင် ဆပ်ပြာနဲ့ သေသေချာချာ ပြန်ဆေးပါ။
တိရစ္ဆာန်တွေကို အကာအကွယ်မရှိဘဲ တိုက်ရိုက်ထိတွေ့ကိုင်တွယ်တာ၊ ပွတ်သပ်တာ ၊ နမ်းရှုံ့တာတွေမလုပ်ဖို့ သတိပြုရပါမယ်။
အသား၊ ငါး နဲ့ ဥတွေကို သေချာစွာ ချက်ပြုတ် စားသောက်ပါ။
တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ဖို့နဲ့ အိပ်ရေး၀၀အိပ်ဖို့လည်း လိုပါတယ်။
အာဟာရပြည့်တဲ့ အစားအသောက်တွေ များများစားဖို့နဲ့ ကိုယ်လက်လှုပ်ရှားမှု မှန်မှန် လုပ်ဖို့လည်း အကြံပြုပါတယ်။
ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ လူနာနဲ့ ထိတွေ့ကိုင်တွယ်ရချိန် ကိုယ့်ကို မကူးစက်အောင် အထူးဂရုပြုလိုက်နာဖို့နဲ့ လူနာကို စမ်းသပ်ကိုင်တွယ်ပြီးတိုင်း လက်ကို နည်းလမ်းတကျ ဆပ်ပြာနဲ့ စင်ကြယ်စွာဆေးဖို့ လိုပါတယ်။
BBC Burmese
https://www.bbc.com
ကို႐ိုနာဗိုင္းရပ္စ္ အေၾကာင္း သိသင့္တဲ့ ၅ ခ်က္
Reviewed by THITHTOOLWIN
on
00:27
Rating: