အေမရိကန္ႏိုင္ငံ အမိေျမလုံၿခဳံေရးဝန္ႀကီးဌာန ယာယီဝန္ႀကီး Chad Wolf။ |
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ျမန္မာအပါအဝင္ ႏိုင္ငံေျခာက္ႏိုင္ငံကို ေ႐ႊ႕ေျပာင္းေနထိုင္ခြင့္ ဗီဇာေတြ ပိတ္ပင္ေတာ့မယ္လို႔ အေမရိကန္ႏိုင္ငံ အမိေျမလုံၿခဳံေရးဝန္ႀကီးဌာန ယာယီဝန္ႀကီး Chad Wolf က ေသာၾကာေန႔က ေျပာလိုက္ပါတယ္။
ေ႐ႊ႕ေျပာင္းေနထိုင္ခြင့္ ဗီဇာ (Immigrant Visa) ပိတ္ပင္ခံရတဲ့ ႏိုင္ငံေတြကေတာ့.. အီရီထရီးယား၊ ကာဂ်စၥတန္၊ ျမန္မာနဲ႔ ႏိုင္ဂ်ီးရီးယားႏိုင္ငံေတြ ျဖစ္ပါတယ္။ Diversity visa လို႔ ေခၚတဲ့ အၿမဲတမ္းေနထိုင္ခြင့္ Green card ကံစမ္းမဲ ပိတ္ပင္ခံရတဲ့ ႏိုင္ငံေတြကေတာ့… ဆူဒန္နဲ႔ တန္ဇန္းနီးယား ႏိုင္ငံေတြ ျဖစ္ပါတယ္။ ဒီႏိုင္ငံေတြကို ေ႐ြ႕ေျပာင္းေနထိုင္ခြင့္ ဗီဇာအတြက္ ပိတ္လိုက္ေပမယ့္၊ အလည္အပတ္နဲ႔ ေဆးကုသခြင့္ ဆိုင္ရာ ဗီဇာေတြကေတာ့ ပိတ္ပင္ထားတာ မရွိပါဘူး။
ဒီႏိုင္ငံ ေျခာက္ႏိုင္ငံဟာ အေမရိကန္ႏိုင္ငံကို အၾကမ္းဖက္မႈနဲ႔ လုံၿခဳံေရးကိစၥေတြအတြက္ သူတို႔ ႏိုင္ငံသားေတြနဲ႔ဆိုင္တဲ့ သတင္းအခ်က္အလက္ေတြကို ေပးအပ္ဖို႔ ပ်က္ကြက္ခဲ့တယ္လို႔ ဝန္ႀကီး Chad Wolf က ေျပာပါတယ္။
ျမန္မာႏိုင္ငံဟာ အၾကမ္းဖက္မႈနဲ႔ ရာဇဝတ္မႈ က်ဴးလြန္တယ္လို႔ သံသယရွိခံရတဲ့ ျမန္မာႏိုင္ငံသားေတြရဲ႕ သတင္းအခ်က္အလက္ေတြကို အေမရိကန္ႏိုင္ငံကို ေပးအပ္ဖို႔ ပ်က္ကြယ္ခဲ့တယ္လို႔လည္း ဝန္ႀကီး Chad Wolf က ေျပာပါတယ္။ ဒီႏိုင္ငံေတြဟာ သူတို႔ တတ္ႏိုင္သေလာက္ ကူညီဖို႔ႀကိဳးစားခဲ့ၾကေပမယ့္ အေၾကာင္းအေၾကာင္းေၾကာင့္ အေမရိကန္ႏိုင္ငံက ခ်မွတ္ထားတဲ့ အနိမ့္ဆုံး စံႏႈန္းေတြနဲ႔ မကိုက္ညီဘူးလို႔လည္း ေျပာခဲ့ပါတယ္။
RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
မြန်မာအပါအဝင် ခြောက်နိုင်ငံကို အမေရိကန်နိုင်ငံ ဗီဇာပိတ်ပင်မည်
အမေရိကန်နိုင်ငံ အမိမြေလုံခြုံရေးဝန်ကြီးဌာန ယာယီဝန်ကြီး Chad Wolf။
Photo: Reuters
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာအပါအဝင် နိုင်ငံခြောက်နိုင်ငံကို ရွှေ့ပြောင်းနေထိုင်ခွင့် ဗီဇာတွေ ပိတ်ပင်တော့မယ်လို့ အမေရိကန်နိုင်ငံ အမိမြေလုံခြုံရေးဝန်ကြီးဌာန ယာယီဝန်ကြီး Chad Wolf က သောကြာနေ့က ပြောလိုက်ပါတယ်။
ရွှေ့ပြောင်းနေထိုင်ခွင့် ဗီဇာ (Immigrant Visa) ပိတ်ပင်ခံရတဲ့ နိုင်ငံတွေကတော့.. အီရီထရီးယား၊ ကာဂျစ္စတန်၊ မြန်မာနဲ့ နိုင်ဂျီးရီးယားနိုင်ငံတွေ ဖြစ်ပါတယ်။ Diversity visa လို့ ခေါ်တဲ့ အမြဲတမ်းနေထိုင်ခွင့် Green card ကံစမ်းမဲ ပိတ်ပင်ခံရတဲ့ နိုင်ငံတွေကတော့… ဆူဒန်နဲ့ တန်ဇန်းနီးယား နိုင်ငံတွေ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေကို ရွေ့ပြောင်းနေထိုင်ခွင့် ဗီဇာအတွက် ပိတ်လိုက်ပေမယ့်၊ အလည်အပတ်နဲ့ ဆေးကုသခွင့် ဆိုင်ရာ ဗီဇာတွေကတော့ ပိတ်ပင်ထားတာ မရှိပါဘူး။
ဒီနိုင်ငံ ခြောက်နိုင်ငံဟာ အမေရိကန်နိုင်ငံကို အကြမ်းဖက်မှုနဲ့ လုံခြုံရေးကိစ္စတွေအတွက် သူတို့ နိုင်ငံသားတွေနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ပေးအပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဝန်ကြီး Chad Wolf က ပြောပါတယ်။
မြန်မာနိုင်ငံဟာ အကြမ်းဖက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်တယ်လို့ သံသယရှိခံရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ သတင်းအချက်အလက်တွေကို အမေရိကန်နိုင်ငံကို ပေးအပ်ဖို့ ပျက်ကွယ်ခဲ့တယ်လို့လည်း ဝန်ကြီး Chad Wolf က ပြောပါတယ်။ ဒီနိုင်ငံတွေဟာ သူတို့ တတ်နိုင်သလောက် ကူညီဖို့ကြိုးစားခဲ့ကြပေမယ့် အကြောင်းအကြောင်းကြောင့် အမေရိကန်နိုင်ငံက ချမှတ်ထားတဲ့ အနိမ့်ဆုံး စံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့လည်း ပြောခဲ့ပါတယ်။
RFA Burmese
https://www.rfa.org
ျမန္မာအပါအဝင္ ေျခာက္ႏိုင္ငံကို အေမရိကန္ႏိုင္ငံ ဗီဇာပိတ္ပင္မည္
Reviewed by THITHTOOLWIN
on
08:49
Rating: