တိုက္ပြဲအတြင္း ႏွစ္ဖက္ အထိအခိုက္ အက်အဆုံးရွိလို႔ အထိအခိုက္မရွိေအာင္ ယာယီေ႐ႊ႕ေျပာင္းတာလို႔ေအေအေျပာ |
ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္မွာ တိုက္ပြဲေတြ ဆက္လက္ျပင္းထန္ေနၿပီး ေအေအ ရကၡိဳင့္တပ္ေတာ္က ပြိဳင့္ကုန္း တစ္ခုကေန ဆုတ္ခြာေပးလိုက္ရတယ္လို႔ ႏွစ္ဖက္ေျပာခြင့္ရသူေတြက ဘီဘီစီကို အတည္ျပဳပါတယ္။
ပလက္ဝၿမိဳ႕နယ္ အတြင္း ေအေအ ေနရာယူထားတဲ့ ပြိဳင့္ ၉၆၉ ေတာင္ကုန္းကို တပ္မေတာ္ကေန ဇန္နဝါရီ ၃၁ ရက္မွာ ဂ်က္တိုက္ေလယာဥ္၊ ရဟတ္ယာဥ္ေတြ အပါအဝင္ ေျမျပင္ကပါ ထိုးစစ္ဆင္ခဲ့တဲ့ အတြက္ အဲဒီေတာင္ကုန္းကေန ဆုတ္ခြာေပးလိုက္ရတယ္လို႔ ေအေအရဲ႕ ေျပာခြင့္ရသူ ခိုင္သုခက ေျပာပါတယ္။
အဲဒီတိုက္ပြဲျဖစ္တဲ့ေနရာကို ဇန္နဝါရီ ၂၄ ရက္ေလာက္က စၿပီး ေဝဟင္ေရာ ေျမျပင္ပါ ထိုးစစ္ဆင္ခဲ့တာ ျဖစ္တယ္၊ ၃၁ ရက္ေန႔မွာေတာ့ ပြိဳင့္ ၉၆၉ ကုန္းကေန မလွမ္းမကမ္းေနရာကို ေအေအတပ္က ယာယီ ေ႐ႊ႕ေျပာင္းထားခဲ့တယ္လို႔ သူက ေျပာပါတယ္။
ဒီလို ဆုတ္ခြာခဲ့တာဟာ အဲဒီတိုက္ပြဲအတြင္း ႏွစ္ဖက္စလုံးက အထိအခိုက္အက်အဆုံးရွိလို႔ အထိအခိုက္မရွိေအာင္ ယာယီေ႐ႊ႕ေျပာင္းတာလို႔ သူက ေျပာပါတယ္။
ေအေအကို ထိုးစစ္ဆင္ဖို႔ အတြက္ ေနာက္ထပ္ တပ္ရင္းေတြကို လက္နက္ အင္အားနဲ႔ လူအင္အားနဲ႔ တပ္မေတာ္က ရခိုင္မွာ တိုးခ်ဲ႕ေနတယ္လို႔ ခိုင္သုခက ေျပာထားေပမယ့္ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ဒီအေပၚမွာ ျငင္းဆိုပါတယ္။
ပလက္ဝၿမိဳ႕နယ္ အတြင္း တိုက္ပြဲေတြ ျဖစ္ပြားေနတာကိုေတာ့ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရး အဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက အတည္ျပဳသလို ယာယီစခန္းကုန္းကို တစ္ခုကို ရရွိတယ္လို႔လည္း ေျပာပါတယ္။
၃၀ ရက္နဲ႔ ၃၁ ရက္မွာ တိုက္ပြဲ ျဖစ္ခဲ့ၿပီး ေအေအဘက္က ယာယီေနရာတစ္ခု တပ္မေတာ္ဘက္က ရထားတာရွိတယ္လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။
ပလက္ဝၿမိဳ႕နယ္မွာ တိုက္ပြဲေတြျဖစ္ပြားေနသလို ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ အမွ်က္ေတာင္ေက်း႐ြာအနီးမွာလည္း ေဖေဖာ္ဝါရီ ၁ ရက္ မနက္က ၁၀ နာရီ ကေန မြန္းလြဲ ၂ နာရီထိ တိုက္ပြဲ အျပင္းအထန္ျဖစ္ပြားခဲ့ၿပီး ရေသ့ေတာင္ၿမိဳ႕ေပၚက အေျမာက္ႀကီးေတြနဲ႔ပါ လွမ္းပစ္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵
ပလက်ဝမှာ တိုက်ပွဲပြင်းထန်၊ အေအေ ပွိုင့်ကုန်းတစ်ခုက ဆုတ်ခွာ
ဓာတ်ပုံ မူပိုင် narinjara
Image caption တိုက်ပွဲအတွင်း နှစ်ဖက် အထိအခိုက် အကျအဆုံးရှိလို့ အထိအခိုက်မရှိအောင် ယာယီရွှေ့ပြောင်းတာလို့အေအေပြော
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အေအေ ရက္ခိုင့်တပ်တော်က ပွိုင့်ကုန်း တစ်ခုကနေ ဆုတ်ခွာပေးလိုက်ရတယ်လို့ နှစ်ဖက်ပြောခွင့်ရသူတွေက ဘီဘီစီကို အတည်ပြုပါတယ်။
ပလက်ဝမြို့နယ် အတွင်း အေအေ နေရာယူထားတဲ့ ပွိုင့် ၉၆၉ တောင်ကုန်းကို တပ်မတော်ကနေ ဇန်နဝါရီ ၃၁ ရက်မှာ ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေ အပါအဝင် မြေပြင်ကပါ ထိုးစစ်ဆင်ခဲ့တဲ့ အတွက် အဲဒီတောင်ကုန်းကနေ ဆုတ်ခွာပေးလိုက်ရတယ်လို့ အေအေရဲ့ ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။
အဲဒီတိုက်ပွဲဖြစ်တဲ့နေရာကို ဇန်နဝါရီ ၂၄ ရက်လောက်က စပြီး ဝေဟင်ရော မြေပြင်ပါ ထိုးစစ်ဆင်ခဲ့တာ ဖြစ်တယ်၊ ၃၁ ရက်နေ့မှာတော့ ပွိုင့် ၉၆၉ ကုန်းကနေ မလှမ်းမကမ်းနေရာကို အေအေတပ်က ယာယီ ရွှေ့ပြောင်းထားခဲ့တယ်လို့ သူက ပြောပါတယ်။
ဒီလို ဆုတ်ခွာခဲ့တာဟာ အဲဒီတိုက်ပွဲအတွင်း နှစ်ဖက်စလုံးက အထိအခိုက်အကျအဆုံးရှိလို့ အထိအခိုက်မရှိအောင် ယာယီရွှေ့ပြောင်းတာလို့ သူက ပြောပါတယ်။
အေအေကို ထိုးစစ်ဆင်ဖို့ အတွက် နောက်ထပ် တပ်ရင်းတွေကို လက်နက် အင်အားနဲ့ လူအင်အားနဲ့ တပ်မတော်က ရခိုင်မှာ တိုးချဲ့နေတယ်လို့ ခိုင်သုခက ပြောထားပေမယ့် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီအပေါ်မှာ ငြင်းဆိုပါတယ်။
ပလက်ဝမြို့နယ် အတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကိုတော့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အတည်ပြုသလို ယာယီစခန်းကုန်းကို တစ်ခုကို ရရှိတယ်လို့လည်း ပြောပါတယ်။
၃၀ ရက်နဲ့ ၃၁ ရက်မှာ တိုက်ပွဲ ဖြစ်ခဲ့ပြီး အေအေဘက်က ယာယီနေရာတစ်ခု တပ်မတော်ဘက်က ရထားတာရှိတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ပလက်ဝမြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေသလို ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အမျှက်တောင်ကျေးရွာအနီးမှာလည်း ဖေဖော်ဝါရီ ၁ ရက် မနက်က ၁၀ နာရီ ကနေ မွန်းလွဲ ၂ နာရီထိ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ရသေ့တောင်မြို့ပေါ်က အမြောက်ကြီးတွေနဲ့ပါ လှမ်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
BBC Burmese
https://www.bbc.com
ပလက္ဝမွာ တိုက္ပြဲျပင္းထန္၊ ေအေအ ပြိဳင့္ကုန္းတစ္ခုက ဆုတ္ခြာ
Reviewed by THITHTOOLWIN
on
21:06
Rating: