ရဲတပ္ဖြဲ႔ဝင္မ်ား၏ လစာ ေငြက်ပ္သိန္း ၄၀ ေက်ာ္ကို AA သိမ္းဆည္းဟုဆုိ

(Zawgyi)⤵⤵⤵
စစ္ေတြ၊ ေဖေဖာ္ဝါရီ ၆/၂၀၂၀

ခ်င္းျပည္နယ္၊ ပလက္ဝျမိဳ႕နယ္အတြင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႔ဝင္မ်ား၏ လစာေငြ က်ပ္သိန္း ၄၀ ေက်ာ္အား ရကၡိဳင့္တပ္ေတာ္ (AA) က သိမ္းဆည္းလိုက္သည္ဟု သတင္းရရွိသည္။

ေဖေဖာ္၀ါရီ ၅ ရက္ နံနက္ပိုင္း ၁၀ နာရီဝန္းက်င္က ပလက္ဝျမိဳ႕မွ ဒရြန္အိုင္ေက်းရြာသို႔ ထြက္ခြာ လာသည့္ စက္ေလွတစ္စီးအား ရကၡိဳင့္တပ္ေတာ္(AA) တပ္ဖြဲ႔ဝင္မ်ားက ထားဆီး စစ္ေဆးစဥ္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႔ဝင္မ်ားပိုင္သည့္ ေငြက်ပ္သိန္း ၄၀ ေက်ာ္ပါလာသည္ကို ေတြ႔ရွိရသျဖင့္ သိမ္းဆည္း လိုက္ေၾကာင္း AA ေျပာခြင့္ရ ခိုင္သုခက နိရဥၥရာသို႔ အတည္ျပဳ ေျပာၾကားသည္။

“မေန႔က ဒီက်ီးလယ္ရြာဘက္မွာ စက္ေလွတစ္ခ်ိဳ႕ကို က်ေနာ္တို႔ လံုၿခံဳေရးအရ ရကၡိဳင့္တပ္ေတာ္ တပ္ဖြဲ႔ေတြက ရပ္တန္႔စစ္ေဆးခဲ့တာရွိတယ္။ အဲလိုစစ္ေဆးတဲ့အခ်ိန္မွာ ဒီျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႔ ပိုင္တဲ့ ပိုက္ဆံ ၄၃၄၉၀၀၀ ေပါ့ေနာ္။ အဲဒီေလာက္ေတြ႔တာရွိတယ္။ အဲဒါေၾကာင့္မို႔လို႔ စစ္ေဆး ေနတဲ့ေနရာမွာ ရန္သူလက္နက္ကိုင္ အဖြဲ႔ေတြပိုင္တဲ့ ပိုက္ဆံျဖစ္တဲ့ အတြက္ေၾကာင့္မို႔လို႔ က်ေနာ္တို႔ဖက္က သိမ္းဆည္းလိုက္တာရွိတယ္” ဟု ခိုင္သုခက ေျပာသည္။

စက္ေလွေပၚတြင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ဝင္မ်ားပိုင္သည့္ ေငြအျပင္ အစိုးရဝန္ထမ္း ေက်ာင္းဆရာ/ ဆရာမမ်ား၏ လက္စာေငြလည္း ပါရွိေၾကာင္းရာ ရဲတပ္ဖြဲ႔ဝင္းမ်ား၏ ေငြကိုသာ သိမ္းဆည္း လိုက္ျပီး ေက်ာင္းဆရာ/ဆရာမမ်ား၏ လစာေငြအားျပန္လည္ ေပးအပ္လိုက္ေၾကာင္း ခုိင္သုခက ဆက္ေျပာသည္။

“ေက်ာင္းဆရာ/ဆရာမေတြရဲ႕ လစာေငြ သိန္း ၂၀ ကိုေတာ့ က်ေနာ္တို႔ ျပန္ေပးလိုက္တယ္။ က်ေနာ္တို႔ အဲဒီကိစၥဘာမွ လုပ္စရာမရွိဘူး။ ဒါေပမဲ့ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ပိုက္ဆံ အဲဒီဥစၥာကိုေတာ့ က်ေနာ္တို႔သိမ္းဆည္းလိုက္တယ္။ ဒါစစ္ျဖစ္ေနတဲ့ေနရာမွာ ရန္သူလက္နက္ကိုင္အဖြဲ႔နဲ႔ ပတ္သက္တဲ့ ဟာေတြဟူသမွ်ကို ဒါက်ေနာ္တို႔ဘက္က သိမ္းသင့္ရင္ သိမ္းရမွာဘဲ။ ဖ်က္ဆီး သင့္ရင္ ဖ်က္ဆီးရမွာဘဲ။ ဒါစစ္ရဲ႕သေဘာသဘာဝ” ဟု ၄င္းက ေျပာသည္။

ယင္းကိစၥႏွင့္ပတ္သက္ၿပီး သေဘာထားအားေမးျမန္းတင္ျပရန္ ရခိုင္ျပည္နယ္ ဒုျပည္နယ္ရဲမွဴး ေမာင္ေမာင္စိုးထံသို႔ နိရဥၥရာသတင္းမွ ယေန႔ ေန႔လယ္ ၂ နာရီ မိနစ္ ၅၀ ခန္႔က ဖုန္းျဖင့္ ဆက္သြယ္ခဲ့ရာ ဖုန္းလက္ခံေသာ္ တစ္စံုတစ္ရာ ျပန္လည္ေျဖဆိုျခင္းမရွိခဲ့ပါ။

ပလက္၀ျမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးသုိ႕ ဆက္သြယ္ရာ အဆိုပါ ကိစၥကို သူ႕အေနႏွင့္ မသိပါေၾကာင္း၊ တစ္ျခား ဌာနမ်ား၏ ေငြေၾကး အလႊဲအေျပာင္းႏွင့္ ပတ္သက္ျပီး သူႏွင့္ သက္ဆိုင္ျခင္း မရွိေၾကာင္း ေျပာၾကားသည္။

ဆက္လက္ျပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္း ႏွင့္ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွ ေျပာေရးဆိုခြင့္ရွိသူ စစ္ဦးစီး ပထမတန္း ဗုိလ္မွဴးႀကီး ဝင္းေဇာ္ဦးထံသို႔ နိရဥၥရာသတင္းဌာနမွ ဖုန္းျဖင့္ အၾကိမ္ၾကိမ္ ဆက္သြယ္ ခဲ့ေသာ္လည္း ဖုန္းလက္ခံေျဖဆိုျခင္းမရွိသည့္အတြက္ တပ္ဘက္က သေဘာထားကိုလည္း တင္ျပေပးႏုိုင္ျခင္း မရွိေသးပါ။

---------------------

Unicode:

ရဲတပ်ဖွဲ့ဝင်များ၏ လစာ ငွေကျပ်သိန်း ၄၀ ကျော်ကို AA သိမ်းဆည်းဟုဆို

သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၆/၂၀၂၀

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ လစာငွေ ကျပ်သိန်း ၄၀ ကျော်အား ရက္ခိုင့်တပ်တော် (AA) က သိမ်းဆည်းလိုက်သည်ဟု သတင်းရရှိသည်။

ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်း ၁၀ နာရီဝန်းကျင်က ပလက်ဝမြို့မှ ဒရွန်အိုင်ကျေးရွာသို့ ထွက်ခွာ လာသည့် စက်လှေတစ်စီးအား ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်များက ထားဆီး စစ်ဆေးစဉ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များပိုင်သည့် ငွေကျပ်သိန်း ၄၀ ကျော်ပါလာသည်ကို တွေ့ရှိရသဖြင့် သိမ်းဆည်း လိုက်ကြောင်း AA ပြောခွင့်ရ ခိုင်သုခက နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

“မနေ့က ဒီကျီးလယ်ရွာဘက်မှာ စက်လှေတစ်ချို့ကို ကျနော်တို့ လုံခြုံရေးအရ ရက္ခိုင့်တပ်တော် တပ်ဖွဲ့တွေက ရပ်တန့်စစ်ဆေးခဲ့တာရှိတယ်။ အဲလိုစစ်ဆေးတဲ့အချိန်မှာ ဒီမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပိုင်တဲ့ ပိုက်ဆံ ၄၃၄၉၀၀၀ ပေါ့နော်။ အဲဒီလောက်တွေ့တာရှိတယ်။ အဲဒါကြောင့်မို့လို့ စစ်ဆေး နေတဲ့နေရာမှာ ရန်သူလက်နက်ကိုင် အဖွဲ့တွေပိုင်တဲ့ ပိုက်ဆံဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့ဖက်က သိမ်းဆည်းလိုက်တာရှိတယ်” ဟု ခိုင်သုခက ပြောသည်။

စက်လှေပေါ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပိုင်သည့် ငွေအပြင် အစိုးရဝန်ထမ်း ကျောင်းဆရာ/ ဆရာမများ၏ လက်စာငွေလည်း ပါရှိကြောင်းရာ ရဲတပ်ဖွဲ့ဝင်းများ၏ ငွေကိုသာ သိမ်းဆည်း လိုက်ပြီး ကျောင်းဆရာ/ဆရာမများ၏ လစာငွေအားပြန်လည် ပေးအပ်လိုက်ကြောင်း ခိုင်သုခက ဆက်ပြောသည်။

“ကျောင်းဆရာ/ဆရာမတွေရဲ့ လစာငွေ သိန်း ၂၀ ကိုတော့ ကျနော်တို့ ပြန်ပေးလိုက်တယ်။ ကျနော်တို့ အဲဒီကိစ္စဘာမှ လုပ်စရာမရှိဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပိုက်ဆံ အဲဒီဥစ္စာကိုတော့ ကျနော်တို့သိမ်းဆည်းလိုက်တယ်။ ဒါစစ်ဖြစ်နေတဲ့နေရာမှာ ရန်သူလက်နက်ကိုင်အဖွဲ့နဲ့ ပတ်သက်တဲ့ ဟာတွေဟူသမျှကို ဒါကျနော်တို့ဘက်က သိမ်းသင့်ရင် သိမ်းရမှာဘဲ။ ဖျက်ဆီး သင့်ရင် ဖျက်ဆီးရမှာဘဲ။ ဒါစစ်ရဲ့သဘောသဘာဝ” ဟု ၄င်းက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး သဘောထားအားမေးမြန်းတင်ပြရန် ရခိုင်ပြည်နယ် ဒုပြည်နယ်ရဲမှူး မောင်မောင်စိုးထံသို့ နိရဥ္စရာသတင်းမှ ယနေ့ နေ့လယ် ၂ နာရီ မိနစ် ၅၀ ခန့်က ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံသော် တစ်စုံတစ်ရာ ပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပါ။

ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ အဆိုပါ ကိစ္စကို သူ့အနေနှင့် မသိပါကြောင်း၊ တစ်ခြား ဌာနများ၏ ငွေကြေး အလွှဲအပြောင်းနှင့် ပတ်သက်ပြီး သူနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးထံသို့ နိရဥ္စရာသတင်းဌာနမှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ် ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိသည့်အတွက် တပ်ဘက်က သဘောထားကိုလည်း တင်ပြပေးနိုုင်ခြင်း မရှိသေးပါ။

သန္႔ျမတ္ခိုင္
Narinjara
https://www.facebook.com/narinjara.info
ရဲတပ္ဖြဲ႔ဝင္မ်ား၏ လစာ ေငြက်ပ္သိန္း ၄၀ ေက်ာ္ကို AA သိမ္းဆည္းဟုဆုိ ရဲတပ္ဖြဲ႔ဝင္မ်ား၏ လစာ ေငြက်ပ္သိန္း ၄၀ ေက်ာ္ကို AA သိမ္းဆည္းဟုဆုိ Reviewed by THITHTOOLWIN on 00:29 Rating: 5
Powered by Blogger.