![]() |
လန္ဒန္ၿမိဳ႕လယ္ရွိ Huawei အေရာင္းဆုိင္တခု။ (ဧၿပီ ၂၉၊ ၂၀၂၀) |
(Zawgyi / Unicode)
ၿဗိတိန္ရဲ႕ 5G တယ္လီဖုန္း ဆက္သြယ္ေရးကြန္ရက္မွာ တ႐ုတ္နည္းပညာ လုပ္ငန္းႀကီး Huawei ကို လုပ္ကိုင္ခြင့္ျပဳမယ္ဆိုရင္ ျဖစ္လာမယ့္ ျပင္းထန္တဲ့ အက်ိဳးဆက္ေတြနဲ႔ ပတ္သက္လို႔ အေမရိကန္သမၼတ Donald Trump က ၿဗိတိန္၀န္ႀကီးခ်ဳပ္ Boris Johnson ကို သတိေပးထားတယ္ဆိုၿပီး ႏွစ္ႏုိင္ငံအစိုးရ တာ၀န္ရွိသူေတြက ေျပာဆိုထားပါတယ္။
လံုၿခံဳေရးဆိုင္ရာအရ ၿဗိတိန္အစိုးရအေနနဲ႔ တ႐ုတ္ကုမၸဏီကို ပိတ္ပင္ေရး စည္း႐ုံးႏုိင္ဖို႔ အေမရိကန္ ထိပ္တန္းတာ၀န္ရွိသူေတြ လနဲ႔ခ်ီ ႀကိဳးစားခဲ့ၿပီးေနာက္မွာပဲ အခုလို သတိေပးခ်က္ ထြက္ေပၚလာတာပါ။
တ႐ုတ္ ေထာက္လွမ္းေရးဌာနေတြနဲ႔ ဆက္ႏႊယ္ေနတဲ့ Huawei နဲ႔ ၿဗိတိန္ဘက္က ဆက္လက္ေဆာင္ရြက္ခြင့္ ျပဳမယ္ဆိုရင္ေတာ့ ႏွစ္ႏုိင္ငံ ဆက္ဆံေရးမွာ အႀကီးအက်ယ္ ကြဲျပားမႈနဲ႔ အေမရိကန္နဲ႔ ၿဗိတိန္အစိုးရၾကား ေထာက္လွမ္းေရး အခ်က္အလက္ မွ်ေ၀မႈကိုလည္း ထိခုိက္ေစမယ္လို႔ သမၼတ Trump က ၀န္ႀကီးခ်ဳပ္ Johnson ကို ၿပီးခဲ့တဲ့ ေသာၾကာေန႔က ေျပာၾကားခဲ့ေၾကာင္း အေမရိကန္အစိုးရ တာ၀န္ရွိသူေတြက ေျပာပါတယ္။
Huawei သေဘာတူညီခ်က္ဟာဆိုရင္ အတိမ္းအေစာင္းမခံတဲ့ အေျခခံ အေဆာက္အဦဆိုင္ရာ ၿခိမ္းေျခာက္မႈ ျဖစ္တယ္လို႔လည္း အေမရိကန္ ဘ႑ာေရး၀န္ႀကီး Steve Mnuchin က စေနေန႔မွာ ေျပာပါတယ္။
Huawei လုပ္ငန္းႀကီးနဲ႔ ပတ္သက္တဲ့ ဆံုးျဖတ္ခ်က္အေပၚ အေမရိကန္ လႊတ္ေတာ္ကလည္း သတိထား ေစာင့္ၾကည့္ေနပါတယ္။
--------------------------------------
(Unicode)
Huawei ဆက်သွယ်ရေး ခွင့်မပြုဖို့ ဗြိတိန်ကို ကန်သတိပေး
ဗြိတိန်ရဲ့ 5G တယ်လီဖုန်း ဆက်သွယ်ရေးကွန်ရက်မှာ တရုတ်နည်းပညာ လုပ်ငန်းကြီး Huawei ကို လုပ်ကိုင်ခွင့်ပြုမယ်ဆိုရင် ဖြစ်လာမယ့် ပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ Donald Trump က ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ကို သတိပေးထားတယ်ဆိုပြီး နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။
လုံခြုံရေးဆိုင်ရာအရ ဗြိတိန်အစိုးရအနေနဲ့ တရုတ်ကုမ္ပဏီကို ပိတ်ပင်ရေး စည်းရုံးနိုင်ဖို့ အမေရိကန် ထိပ်တန်းတာဝန်ရှိသူတွေ လနဲ့ချီ ကြိုးစားခဲ့ပြီးနောက်မှာပဲ အခုလို သတိပေးချက် ထွက်ပေါ်လာတာပါ။
တရုတ် ထောက်လှမ်းရေးဌာနတွေနဲ့ ဆက်နွှယ်နေတဲ့ Huawei နဲ့ ဗြိတိန်ဘက်က ဆက်လက်ဆောင်ရွက်ခွင့် ပြုမယ်ဆိုရင်တော့ နှစ်နိုင်ငံ ဆက်ဆံရေးမှာ အကြီးအကျယ် ကွဲပြားမှုနဲ့ အမေရိကန်နဲ့ ဗြိတိန်အစိုးရကြား ထောက်လှမ်းရေး အချက်အလက် မျှဝေမှုကိုလည်း ထိခိုက်စေမယ်လို့ သမ္မတ Trump က ဝန်ကြီးချုပ် Johnson ကို ပြီးခဲ့တဲ့ သောကြာနေ့က ပြောကြားခဲ့ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
Huawei သဘောတူညီချက်ဟာဆိုရင် အတိမ်းအစောင်းမခံတဲ့ အခြေခံ အဆောက်အဦဆိုင်ရာ ခြိမ်းခြောက်မှု ဖြစ်တယ်လို့လည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Steve Mnuchin က စနေနေ့မှာ ပြောပါတယ်။
Huawei လုပ်ငန်းကြီးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်အပေါ် အမေရိကန် လွှတ်တော်ကလည်း သတိထား စောင့်ကြည့်နေပါတယ်။
VOA (Burmese)
https://burmese.voanews.com
Huawei ဆက္သြယ္ေရး ခြင့္မျပဳဖို႔ ၿဗိတိန္ကို ကန္သတိေပး
Reviewed by THITHTOOLWIN
on
01:14
Rating:
