ဓာတ္ပုံ မူပိုင္ တာရာ - မႏၲေလး |
မႏၲေလး ရတနာပုံေဈး Skywalk ေဈးဝယ္စင္တာမီးေလာင္မႈဟာ ပထမထပ္မွာသာ ေလာင္ကြၽမ္းမႈ ျဖစ္ခဲ့တယ္လို႔ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီဝင္ ဒုၿမိဳ႕ေတာ္ဝန္ ဦးရဲမြန္က ေျပာပါတယ္။
ေလာင္ကြၽမ္းတဲ့ အပိုင္းနဲ႔ ပ်က္စီးတဲ့အပိုင္းေတြကို အင္ဂ်င္နီယာေတြက ႀကံ့ခိုင္မႈစစ္ေဆးတဲ့အပိုင္း စတင္ေနပါၿပီ။ အေဆာက္အအုံခံႏိုင္မႈကို အင္ဂ်င္နီယာ ပညာရွင္ေတြ စစ္ေဆးဆုံးျဖတ္ၿပီး ဆက္လက္ေဆာင္႐ြက္သြားမယ္လို႔ ဒုၿမိဳ႕ေတာ္ဝန္က ေျပာပါတယ္။
ရတနာပုံေဈးနဲ႔ တြဲလ်က္ တည္ေဆာက္ထားတဲ့ Diamond plaza စစ္ေဆးေဆာင္႐ြက္မႈေတြ ၿပီးစီးသြားပါက ျပန္ဖြင့္ႏိုင္ေအာင္ စီစဥ္ေဆာင္႐ြက္သြားမယ္လို႔ ဦးရဲမြန္က ေျပာပါတယ္။
လက္ရွိမွာေတာ့ မီးေလာင္ရတဲ့ အေၾကာင္းရင္းနဲ႔ ပ်က္စီးဆုံးရႈံးတာေတြကို သက္ဆိုင္ရာက မထုတ္ျပန္ေသးပါဘူး။
အေဆာက္အအုံခံႏိုင္မႈကို အင္ဂ်င္နီယာ ပညာရွင္ေတြ စစ္ေဆးဆုံးျဖတ္မယ္ |
"အုန္းဆိုတဲ့ အသံၾကားလို႔ သြားၾကည့္တဲ့အခါမွာ မီးသတ္ဘူးေတြနဲ႔ မီးျငႇိမ္းေနတယ္။ မီးက ျငႇိမ္းလို႔မရဘူး။ ဝန္ထမ္းေတြ အကုန္ဆင္းေျပးတယ္။ မီးၫြန႔္ေတြ႕တဲ့အခါက်ေတာ့ ကိုယ္ပါဆင္းေျပးလာတယ္။ မီးသတ္ကိုဖုန္းဆက္လိုက္တယ္။ ငါးမိနစ္ ဆယ္မိနစ္အတြင္း ခ်က္ခ်င္းမီးသတ္ကားေရာက္လာလာတယ္"လို႔ မီးစေလာင္တာကို ကိုယ္တိုင္ျမင္ခဲ့သူ တစ္ဦးက ေျပာပါတယ္။
"ဝန္ထမ္းေတြေအာ္သံၾကားလို႔ သြားၾကည့္တဲ့အခါ ပလာဇာက ဝန္ထမ္းေတြ မီးသတ္ဘူးနဲ႔ ျငႇိမ္းေနတယ္။ မီးသတ္ဘူးေတြနဲ႔ ျငႇိမ္းလို႔မရေတာ့ မီးသတ္ေတြပါ ျပန္ေျပးလာတယ္"
"ေလာင္တာ Diamond နဲ႔ Skywalk ၾကား ကြၽန္ေတာ္စေတြ႕တာ အဲဒီေနရာကို စေတြ႕တာ။ ဝန္ထမ္းေတြအုံေနတာ၊ စတိုးဆိုင္က ေကာင္မေလးေတြ အုံေနတာပဲ ျမင္ရတာ" လို႔ သူက ေျပာပါတယ္။
ေျမညီထပ္နဲ႔ ပထမထပ္မွာ အထည္ဆိုင္ေတြရွိ |
မီးျငႇိမ္းသတ္တဲ့ေရတခ်ိဳ႕ ၾကမ္းျပင္ေပၚမွာ ရွိတာကလြဲရင္ ဆိုင္ခန္းေတြ အေျခအေနေကာင္းတယ္လို႔ ဆိုင္ခန္းေတြကို ၾကည့္ခဲ့တဲ့ ေျမညီထပ္ အထည္ဆိုင္ရွင္ တခ်ိဳ႕က ေျပာပါတယ္။
ဒုတိယထပ္ ရတနာေမာက ေက်ာက္မ်က္အေရာင္းဆိုင္ရွင္ေတြကို ေက်ာက္မ်က္ပစၥည္းေတြ သိမ္းဆည္းႏိုင္ဖို႔ ခြင့္ျပဳထားတယ္လို႔ ဆိုင္ခန္းရွင္ေတြက ေျပာပါတယ္။
ခ်မ္းေအးသာစံၿမိဳ႕နယ္က ရတနာပုံေဈး ေျခာက္ထပ္အေဆာက္အအုံ SKY Walk Shopping Center မီးေလာင္မႈဟာ ပထမထပ္မွာ ျဖစ္ပြားခဲ့ၿပီး စေလာင္ခ်ိန္မွာ မီးေလာင္မႈဟာ အေဆာက္အအုံ အတြင္းပိုင္းမွာ လႈိက္ေလာင္ၿပီး အျပင္ပိုင္းကို မီးခိုးေတြ အူထြက္ ေလာင္ကြၽမ္းခဲ့ပါတယ္။
၂၀၀၈ မွာလည္း ရတနာပုံေစ်း မီးအႀကီးအက်ယ္ေလာင္ခဲ့ |
ရတနာပုံေဈးဟာ ၂၀၀၈ ခုႏွစ္မွာ မီးအႀကီးက်ယ္ ေလာင္ခဲ့ၿပီး Diamond Plaza နဲ႔ ရတနာပုံေဈး Skywalk Shopping Center ကို တြဲလ်က္ အသစ္ထပ္မံတည္ေဆာက္ခဲ့ပါတယ္။
Skywalk မီးေလာင္မႈ ျဖစ္ခဲ့တဲ့ ဇန္နဝါရီ ၁၇ရက္မွာ မႏၲေလးၿမိဳ႕တြင္း ဧရာဝတီျမစ္ဆိပ္ မရမ္းၿခံဆိပ္ကမ္းမွာလည္း ညေန ၄နာရီေက်ာ္က ဆီတင္ယာဥ္ မီးေလာင္မႈ ျဖစ္ခဲ့ပါတယ္။
BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ရတနာပုံဈေးမီးလောင်မှု ပထမထပ် လောင်၊Diamond Plaza စစ်ပြီးရင် ပြန်ဖွင့်ဖို့ စီစဉ်မယ်လို့ဆို
ဓာတ်ပုံ မူပိုင် တာရာ - မန္တလေး
မန္တလေး ရတနာပုံဈေး Skywalk ဈေးဝယ်စင်တာမီးလောင်မှုဟာ ပထမထပ်မှာသာ လောင်ကျွမ်းမှု ဖြစ်ခဲ့တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဒုမြို့တော်ဝန် ဦးရဲမွန်က ပြောပါတယ်။
လောင်ကျွမ်းတဲ့ အပိုင်းနဲ့ ပျက်စီးတဲ့အပိုင်းတွေကို အင်ဂျင်နီယာတွေက ကြံ့ခိုင်မှုစစ်ဆေးတဲ့အပိုင်း စတင်နေပါပြီ။ အဆောက်အအုံခံနိုင်မှုကို အင်ဂျင်နီယာ ပညာရှင်တွေ စစ်ဆေးဆုံးဖြတ်ပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဒုမြို့တော်ဝန်က ပြောပါတယ်။
ရတနာပုံဈေးနဲ့ တွဲလျက် တည်ဆောက်ထားတဲ့ Diamond plaza စစ်ဆေးဆောင်ရွက်မှုတွေ ပြီးစီးသွားပါက ပြန်ဖွင့်နိုင်အောင် စီစဉ်ဆောင်ရွက်သွားမယ်လို့ ဦးရဲမွန်က ပြောပါတယ်။
လက်ရှိမှာတော့ မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးတာတွေကို သက်ဆိုင်ရာက မထုတ်ပြန်သေးပါဘူး။
ဓာတ်ပုံ မူပိုင် တာရာ - မန္တလေး
Image caption အဆောက်အအုံခံနိုင်မှုကို အင်ဂျင်နီယာ ပညာရှင်တွေ စစ်ဆေးဆုံးဖြတ်မယ်
ဇန်နဝါရီ ၁၇ရက် ညနေ ၆နာရီ ၁၀ မိနစ်မှာ စတင်လောင်ကျွမ်းတဲ့ ရတနာပုံဈေး Sky Walk shopping center မီးဟာ Level 5 အဆင့်သတ်မှတ် ငြှိမ်းသတ်ခဲ့ပြီး နောက်တစ်နေ့ မနက် ၅နာရီဝန်းကျင်မှာ မီးလောင်မှုအားလုံးကို ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။
"အုန်းဆိုတဲ့ အသံကြားလို့ သွားကြည့်တဲ့အခါမှာ မီးသတ်ဘူးတွေနဲ့ မီးငြှိမ်းနေတယ်။ မီးက ငြှိမ်းလို့မရဘူး။ ဝန်ထမ်းတွေ အကုန်ဆင်းပြေးတယ်။ မီးညွန့်တွေ့တဲ့အခါကျတော့ ကိုယ်ပါဆင်းပြေးလာတယ်။ မီးသတ်ကိုဖုန်းဆက်လိုက်တယ်။ ငါးမိနစ် ဆယ်မိနစ်အတွင်း ချက်ချင်းမီးသတ်ကားရောက်လာလာတယ်"လို့ မီးစလောင်တာကို ကိုယ်တိုင်မြင်ခဲ့သူ တစ်ဦးက ပြောပါတယ်။
"ဝန်ထမ်းတွေအော်သံကြားလို့ သွားကြည့်တဲ့အခါ ပလာဇာက ဝန်ထမ်းတွေ မီးသတ်ဘူးနဲ့ ငြှိမ်းနေတယ်။ မီးသတ်ဘူးတွေနဲ့ ငြှိမ်းလို့မရတော့ မီးသတ်တွေပါ ပြန်ပြေးလာတယ်"
"လောင်တာ Diamond နဲ့ Skywalk ကြား ကျွန်တော်စတွေ့တာ အဲဒီနေရာကို စတွေ့တာ။ ဝန်ထမ်းတွေအုံနေတာ၊ စတိုးဆိုင်က ကောင်မလေးတွေ အုံနေတာပဲ မြင်ရတာ" လို့ သူက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် တာရာ-မန္တလေး
Image caption မြေညီထပ်နဲ့ ပထမထပ်မှာ အထည်ဆိုင်တွေရှိ
မီးငြိမ်းသွားတဲ့ ဇန်နဝါရီ ၁၈ရက် စနေနေ့ နေ့ခင်းပိုင်းမှာတော့ မြေညီထပ်က ဆိုင်ခန်းရှင်တွေကို အဆောက်အအုံအတွင်းပိုင်းက ကိုယ်ပိုင်ဆိုင်ခန်းတွေကို ကြည့်ရှု့ခွင့်ပေးခဲ့ပါတယ်။
မီးငြှိမ်းသတ်တဲ့ရေတချို့ ကြမ်းပြင်ပေါ်မှာ ရှိတာကလွဲရင် ဆိုင်ခန်းတွေ အခြေအနေကောင်းတယ်လို့ ဆိုင်ခန်းတွေကို ကြည့်ခဲ့တဲ့ မြေညီထပ် အထည်ဆိုင်ရှင် တချို့က ပြောပါတယ်။
ဒုတိယထပ် ရတနာမောက ကျောက်မျက်အရောင်းဆိုင်ရှင်တွေကို ကျောက်မျက်ပစ္စည်းတွေ သိမ်းဆည်းနိုင်ဖို့ ခွင့်ပြုထားတယ်လို့ ဆိုင်ခန်းရှင်တွေက ပြောပါတယ်။
ချမ်းအေးသာစံမြို့နယ်က ရတနာပုံဈေး ခြောက်ထပ်အဆောက်အအုံ SKY Walk Shopping Center မီးလောင်မှုဟာ ပထမထပ်မှာ ဖြစ်ပွားခဲ့ပြီး စလောင်ချိန်မှာ မီးလောင်မှုဟာ အဆောက်အအုံ အတွင်းပိုင်းမှာ လှိုက်လောင်ပြီး အပြင်ပိုင်းကို မီးခိုးတွေ အူထွက် လောင်ကျွမ်းခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် တာရာ-မန္တလေး
Image caption ၂၀၀၈ မှာလည်း ရတနာပုံဈေး မီးအကြီးအကျယ်လောင်ခဲ့
ရတနာပုံဈေး Sky Walk Shopping Center အဆောက်အအုံရဲ့ မြေညီထပ်နဲ့ ပထမထပ်မှာ အထည်ဆိုင်၊ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်တွေ ရှိပြီး ဒုတိယထပ်မှာ ရတနာမော ကျောက်မျက်ဈေး၊ တတိယထပ်မှာ သင်တန်းခန်းတွေ၊ လေးထပ်မြောက်မှာ MRCCI အသင်းရှိပါတယ်။
ရတနာပုံဈေးဟာ ၂၀၀၈ ခုနှစ်မှာ မီးအကြီးကျယ် လောင်ခဲ့ပြီး Diamond Plaza နဲ့ ရတနာပုံဈေး Skywalk Shopping Center ကို တွဲလျက် အသစ်ထပ်မံတည်ဆောက်ခဲ့ပါတယ်။
Skywalk မီးလောင်မှု ဖြစ်ခဲ့တဲ့ ဇန်နဝါရီ ၁၇ရက်မှာ မန္တလေးမြို့တွင်း ဧရာဝတီမြစ်ဆိပ် မရမ်းခြံဆိပ်ကမ်းမှာလည်း ညနေ ၄နာရီကျော်က ဆီတင်ယာဉ် မီးလောင်မှု ဖြစ်ခဲ့ပါတယ်။
BBC Burmese
https://www.bbc.com
ရတနာပုံေဈးမီးေလာင္မႈ ပထမထပ္ ေလာင္၊Diamond Plaza စစ္ၿပီးရင္ ျပန္ဖြင့္ဖို႔ စီစဥ္မယ္လို႔ဆို
Reviewed by THITHTOOLWIN
on
02:07
Rating: