![]() |
ဝူဟန္ေဆး႐ုံမွာ လူနာေတြ စုၿပဳံေန |
တ႐ုတ္ႏိုင္ငံမွာ လူႏွစ္ေထာင္နီးပါး ကူးစက္ခံေနရတဲ့ ကို႐ိုနာဗိုင္းရပ္ပိုးသစ္ဟာ ေရာဂါလကၡဏာေတြမျပခင္ ေရာဂါပ်ိဳးတဲ့ အဆင့္မွာပဲ တျခားသူေတြကိုကူးစက္ႏိုင္ၿပီး ထိန္းခ်ဳပ္ရ ခက္တယ္လို႔ တ႐ုတ္အာဏာပိုင္ေတြက ေျပာပါတယ္။
ဒီဗိုင္းရပ္ပိုးေၾကာင့္ ေသဆုံးသူ ၅၆ ေယာက္ရွိပါၿပီ။ ဗိုင္းရပ္ရဲ႕ ကူစက္ႏိုင္တဲ့ အစြမ္းက ႀကီးမားပုံရတယ္လို႔လည္း တ႐ုတ္က်န္းမာေရး ဝန္ႀကီး မားဆိုင္ေရာင္ေဝက သတင္းေထာက္ေတြကို ေျပာပါတယ္။
တ႐ုတ္ၿမိဳ႕ႀကီး ေတာ္ေတာ္မ်ားမ်ားကိုလည္း ခရီးသြားခြင့္ေတြ ပိတ္ထားပါတယ္။
ဒီေရာဂါစျဖစ္တဲ့ ဟူေဘျပည္နယ္က ဝူဟန္ၿမိဳ႕မွာေတာ့ သိသိသာသာကို အသြားအလာေတြ ျဖတ္ေတာက္ထားပါတယ္။
ေရာဂါကူးစက္မႈက ထိန္းခ်ဳပ္ဖို႔ အေရးႀကီးတဲ့အဆင့္ကို ေရာက္ေနၿပီလို႔ မားဆိုင္ေရာင္ေဝက ေျပာပါတယ္။
တ႐ုတ္ျပည္မွာ သားရဲတိရစာၦန္ ေရာင္းဝယ္မႈကို လုံးဝပိတ္ပင္လိုက္ၿပီလို႔လည္း အာဏာပိုင္ေတြက ေၾကညာခဲ့ပါတယ္။ ဒီဗိုင္းရပ္ပိုးဟာ တိရစာၦန္ေတြက စၿပီး ျပန္႔ပြားလာတယ္လို႔ ယူဆေနၾကေပမယ့္ ဒါကို တရားဝင္ အတည္ျပဳႏိုင္တာေတာ့ မရွိေသးပါဘူး။
လူမွာ ေရာဂါဝင္ၿပီး လကၡဏာေတြ ျပတဲ့အထိ တရက္ကေန ႏွစ္ပတ္ၾကာႏိုင္ၿပီး အဲဒီအခ်ိန္မွာ ဘာမွမသိသာဘူးလို႔လည္း အာဏာပိုင္ေတြက ေျပာပါတယ္။
ဒီလိုေရာဂါလကၡဏာ မျပတဲ့အတြက္ လူတေယာက္မွာ ဒီဗိုင္းရပ္ပိုးဝင္ေနတာကို မသိဘဲ တျခားသူေတြကို ကူးစက္ႏိုင္တာ ျဖစ္ပါတယ္။
![]() |
အနည္းဆုံးေသသူ ၅၆ ေယာက္ရွိ |
ဒီေရာဂါထိန္းခ်ဳပ္ေရးအတြက္ ဒီအဆင့္က အေရးႀကီးတဲ့အခ်က္ျဖစ္ပါတယ္။
တ႐ုတ္ျပည္မွာ ေနာက္ဆုံးျဖစ္ခဲ့တဲ့ ဆားစ္ဗိုင္းရပ္ေရာဂါနဲ႔ အာဖရိကကစတဲ့ အီဘိုလာ ေရာဂါမွာေတာ့ ေရာဂါလကၡဏာေတြျပမွ ကူးစက္ႏိုင္တာပါ။
ဒါေၾကာင့္ အဲဒီေရာဂါေတြ ျဖစ္တဲ့အခါမွာ ေနမေကာင္းတဲ့သူေတြနဲ႔ သူတို႔နဲ႔ ထိေတြ႕မိသူေတြကို သတ္မွတ္ခြဲျခားၿပီး သီးသန္႔ခြဲထားႏိုင္လို႔ ေရာဂါထိန္းခ်ဳပ္ရက ပိုၿပီးလြယ္ကူပါတယ္။
တုပ္ေကြးေရာဂါကေတာ့ ကိုယ့္ကိုယ္ကိုယ္ ဖ်ားမွန္းမသိဘဲ သူမ်ားေတြကို ကူးစက္ႏိုင္တဲ့ ဗိုင္းရပ္ေရာဂါတမ်ိဳး ျဖစ္ပါတယ္။
အခုအခ်ိန္မွာေတာ့ ဒီဗိုင္းရပ္က ဝက္တုပ္ေကြးလို ကမာၻအႏွံ႔ ျဖစ္တဲ့ ကပ္ေရာဂါမ်ိဳး ျဖစ္ႏိုင္တဲ့ အေျခအေနမ်ိဳး မဟုတ္ပါဘူး။
ဒါေပမဲ့ ဒီလို လကၡဏာမျပဘဲ ကူးေနတဲ့သူေတြကို ထိန္းခ်ဳပ္ဖို႔က တ႐ုတ္အစိုးရအတြက္ ပိုၿပီး ခက္ခဲတဲ့ အလုပ္ျဖစ္ပါတယ္။
ဒီလိုေရာဂါပ်ိဳးေနတဲ့အခ်ိန္မွာ ဗိုင္းရပ္ရဲ႕ ကူးစက္ႏိုင္တဲ့ႏႈန္းက ဘယ္လိုရွိသလဲနဲ႔ တ႐ုတ္ျပည္အျပင္ဘက္က လူနာေတြေရာ လကၡဏာမျပခင္မွာ သူမ်ားေတြကို ေရာဂါကူးႏိုင္သလား ဆိုတဲ့ အေရးႀကီးတဲ့ ေမးခြန္းေတြ ေမးစရာ ရွိေနပါတယ္။
ေနာက္ ဒီဗိုင္းရပ္ရဲ႕ ကူးစက္ႏိုင္စြမ္းက ပိုၿပီး ျပင္းထန္လာတယ္လို႔ တ႐ုတ္ အမ်ိဳးသား က်န္းမာေရး ေကာ္မရွင္က ေျပာတာကလည္း ဘာေၾကာင့္လဲ။
ဝူဟန္မွာ ဘယ္လိုရွိသလဲ
ၿဗိတိန္က ဆိုဖီဟာ ဝူဟန္မွာ ပိတ္မိေနသူ တေယာက္ပါ။ အိမ္ထဲမွာ ပိတ္မိေနတာ ေလးရက္ေလာက္ ရွိၿပီလို႔လည္း သူက ဘီဘီစီကို ေျပာပါတယ္။
ဗိုင္းရပ္အေၾကာင္းကို ဒီဇင္ဘာလ ၃၁ ရက္ကမွ သိၿပီး အေျခအေနက ပိုပိုဆိုးလာတယ္လို႔ သူက ေျပာပါတယ္။
![]() |
@StephenMcDonell @StephenMcDonell |
ဝူဟန္ၿမိဳ႕လမ္းေတြေပၚမွာလည္း တကၠစီေတြ မရွိတဲ့အတြက္ ေစတနာ့ဝန္ထမ္းေတြက လူနာေတြကို ေဆး႐ုံေတြဆီ ကားေမာင္း ပို႔ေပးေနရသလို ေဆး႐ုံေတြမွာလည္း လူေတြ ျပည့္က်ပ္ေနပါတယ္။
ကားနဲ႔ လူေတြကို ေဆး႐ုံအသြားအျပန္ ပို႔ေပးေနရပါတယ္၊ ျပန္လာရင္ ေဆးဖ်န္းသန္႔ရွင္းတာေတြ လုပ္ေပးပါတယ္၊ အားလုံး အခမဲ့ပါလို႔ ရင္ယုက ေအအက္ဖ္ပီ သတင္းဌာနကို ေျပာပါတယ္။
ေနာက္ကားဆရာတေယာက္ကလည္း သူတို႔အေျခအေနေကာင္းတယ္လို႔ ေျပာပါတယ္။ ဒါကြၽန္ေတာ္တို႔ ၿမိဳ႕သားေတြ လုပ္ရမယ့္အလုပ္ပဲ၊ သတင္းေထာက္ေတြေတာင္ အေဝးက လာကူေနၾကတာလို႔လည္း ဆိုပါတယ္။
![]() |
ေစ်းကျပန္လာတဲ့ ဝူဟန္သူ |
ဒီဗိုင္းရပ္က ဘာလဲ
ဒီဗိုင္းရပ္က တိရစာၦန္ေတြမွာ ျဖစ္တတ္တဲ့ ကို႐ိုနာဗိုင္းရပ္ေတြထဲမွာ အသစ္ေပၚတဲ့ ဗိုင္းရပ္ပါ။
လူမွာျဖစ္တဲ့ ဒီလိုဗိုင္းရပ္တမ်ိဳးေၾကာင့္ ႐ိုး႐ိုး အေအးမိတာမ်ိဳး ျဖစ္တတ္ေပမယ့္ ၂ဝဝ၃ မွာ ျဖစ္တဲ့ ဆားစ္ေရာဂါေၾကာင့္ လူ ရာနဲ႔ခ်ီ ေသဆုံးခဲ့ပါတယ္။
တ႐ုတ္ ဗိုင္းရပ္စ္ပိုးသစ္ လူအခ်င္းခ်င္း ကူးစက္ႏိုင္
အခု ဒီဗိုင္းရပ္သစ္ေၾကာင့္လည္း ဆိုး႐ြားတဲ့ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ လကၡဏာေတြ လူနာေတြမွာ ခံစားရပါတယ္။
ဖ်ားတာကေနစၿပီး ေခ်ာင္းေျခာက္ဆိုးတာ၊ ျဖစ္ၿပီး တပတ္ေလာက္အၾကာမွာ အသက္ရႉက်ပ္တာေတြ ခံစားရလို႔ လူနာေတြကို ေဆး႐ုံတင္ဖို႔ လိုပါတယ္။
ဒီေရာဂါအတြက္ ေဆးဝါး၊ ကာကြယ္ေဆးဆိုတာေတြလည္း မရွိေသးပါဘူး။
စေနေန႔အထိ တ႐ုတ္ျပည္မွာ ေရာဂါကူးစက္ခံရသူ ႏွစ္ေထာင္ေလာက္ရွိၿပီး ေနာက္ထပ္ မသကၤာဖြယ္ လူနာ ၂၆ဝဝ ေက်ာ္ ေတြ႕ရတယ္လို႔ တ႐ုတ္အမ်ိဳးသား က်န္းမာေရး ေကာ္မရွင္က ေျပာပါတယ္။
![]() |
သတင္းေထာက္ေတြကိုလည္း စစ္ေဆးေပး |
ဘယ္လိုကူးစက္သလဲ
တ႐ုတ္ႂကြက္ႏွစ္သစ္ကူးမွာ ဒီေရာဂါကူးစက္မႈ ႐ုတ္တရက္တိုးလာတာကလည္း တိုက္ဆိုင္မႈ ျဖစ္ပါတယ္။ ဒီအခ်ိန္ဟာ တ႐ုတ္ျပည္မွာ ခရီးသြားလာမႈ အမ်ားဆုံးအခ်ိန္ပါ။
လူ ၁၁ သန္းရွိတဲ့ ဝူဟန္ကေန အနားက ၿမိဳ႕႐ြာ နယ္ပယ္ေတြကို ကူးစက္မႈလည္း နည္းနည္းစီရွိၿပီး တ႐ုတ္ႏိုင္ငံ အႏွံ႔ကို ျပန္႔ႏွံ႔ပါၿပီ။
ဒါေပမဲ့ ဒီေရာဂါက ေလေၾကာင္းကလည္း ျပန္႔ႏွံ႔ကုန္လို႔ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ဒီေရာဂါကူးစက္ခံရသူေတြ ရွိေနပါၿပီ။
တ႐ုတ္ျပည္ရဲ႕ အိမ္နီးခ်င္း အာရွ ႏိုင္ငံေတြမွာလည္း ဒီေရာဂါကူးစက္မႈ တခ်ိဳ႕တေလ ရွိေနၿပီဆိုတဲ့ သတင္းေတြ ထြက္ေနပါၿပီ။
ဂ်ပန္၊ တိုင္ဝမ္၊ နီေပါ၊ ထိုင္း၊ ဗီယက္နမ္၊ စကၤာပူ ကေန ၾသစေၾတးလ်၊ အေမရိကန္နဲ႔ ျပင္သစ္အထိပါ ဒီေရာဂါကူးစက္ခံရမႈေတြကို အတည္ျပဳႏိုင္ခဲ့ပါတယ္။
တျခားႏိုင္ငံေတြမွာလည္း ဒီလိုမသကၤာတဲ့ လူနာေတြကို စမ္းသပ္ခဲ့ပါတယ္။ ၿဗိတိန္မွာ လူ ၃၁ ေယာက္ကို စစ္ေဆးရာမွာေတာ့ အကုန္လုံးမွာ မရွိပါဘူး။
အေမရိကန္က ဝူဟန္က သူတို႔ေကာင္စစ္ဝန္႐ုံးအဖြဲ႕ကို ျပန္ေခၚေနသလို ဂ်ပန္နဲ႔ ၿဗိတိန္ကလည္း သူတို႔ႏိုင္ငံသားေတြကို ေခၚထုတ္ဖို႔ စဥ္းစားေနတယ္လို႔ ဆိုပါတယ္။
BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
တရုတ်ပြည်က ကိုရိုနာဗိုင်းရပ် လက္ခဏာတွေမပြဘဲ ကူးစက်နိုင်တယ်
Image caption ဝူဟန်ဆေးရုံမှာ လူနာတွေ စုပြုံနေ
တရုတ်နိုင်ငံမှာ လူနှစ်ထောင်နီးပါး ကူးစက်ခံနေရတဲ့ ကိုရိုနာဗိုင်းရပ်ပိုးသစ်ဟာ ရောဂါလက္ခဏာတွေမပြခင် ရောဂါပျိုးတဲ့ အဆင့်မှာပဲ တခြားသူတွေကိုကူးစက်နိုင်ပြီး ထိန်းချုပ်ရ ခက်တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။
ဒီဗိုင်းရပ်ပိုးကြောင့် သေဆုံးသူ ၅၆ ယောက်ရှိပါပြီ။ ဗိုင်းရပ်ရဲ့ ကူစက်နိုင်တဲ့ အစွမ်းက ကြီးမားပုံရတယ်လို့လည်း တရုတ်ကျန်းမာရေး ဝန်ကြီး မားဆိုင်ရောင်ဝေက သတင်းထောက်တွေကို ပြောပါတယ်။
တရုတ်မြို့ကြီး တော်တော်များများကိုလည်း ခရီးသွားခွင့်တွေ ပိတ်ထားပါတယ်။
ဒီရောဂါစဖြစ်တဲ့ ဟူဘေပြည်နယ်က ဝူဟန်မြို့မှာတော့ သိသိသာသာကို အသွားအလာတွေ ဖြတ်တောက်ထားပါတယ်။
ရောဂါကူးစက်မှုက ထိန်းချုပ်ဖို့ အရေးကြီးတဲ့အဆင့်ကို ရောက်နေပြီလို့ မားဆိုင်ရောင်ဝေက ပြောပါတယ်။
တရုတ်ပြည်မှာ သားရဲတိရစ္ဆာန် ရောင်းဝယ်မှုကို လုံးဝပိတ်ပင်လိုက်ပြီလို့လည်း အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။ ဒီဗိုင်းရပ်ပိုးဟာ တိရစ္ဆာန်တွေက စပြီး ပြန့်ပွားလာတယ်လို့ ယူဆနေကြပေမယ့် ဒါကို တရားဝင် အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
လူမှာ ရောဂါဝင်ပြီး လက္ခဏာတွေ ပြတဲ့အထိ တရက်ကနေ နှစ်ပတ်ကြာနိုင်ပြီး အဲဒီအချိန်မှာ ဘာမှမသိသာဘူးလို့လည်း အာဏာပိုင်တွေက ပြောပါတယ်။
ဒီလိုရောဂါလက္ခဏာ မပြတဲ့အတွက် လူတယောက်မှာ ဒီဗိုင်းရပ်ပိုးဝင်နေတာကို မသိဘဲ တခြားသူတွေကို ကူးစက်နိုင်တာ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption အနည်းဆုံးသေသူ ၅၆ ယောက်ရှိ
ဒီရောဂါထိန်းချုပ်ရေးအတွက် ဒီအဆင့်က အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။
တရုတ်ပြည်မှာ နောက်ဆုံးဖြစ်ခဲ့တဲ့ ဆားစ်ဗိုင်းရပ်ရောဂါနဲ့ အာဖရိကကစတဲ့ အီဘိုလာ ရောဂါမှာတော့ ရောဂါလက္ခဏာတွေပြမှ ကူးစက်နိုင်တာပါ။
ဒါကြောင့် အဲဒီရောဂါတွေ ဖြစ်တဲ့အခါမှာ နေမကောင်းတဲ့သူတွေနဲ့ သူတို့နဲ့ ထိတွေ့မိသူတွေကို သတ်မှတ်ခွဲခြားပြီး သီးသန့်ခွဲထားနိုင်လို့ ရောဂါထိန်းချုပ်ရက ပိုပြီးလွယ်ကူပါတယ်။
တုပ်ကွေးရောဂါကတော့ ကိုယ့်ကိုယ်ကိုယ် ဖျားမှန်းမသိဘဲ သူများတွေကို ကူးစက်နိုင်တဲ့ ဗိုင်းရပ်ရောဂါတမျိုး ဖြစ်ပါတယ်။
အခုအချိန်မှာတော့ ဒီဗိုင်းရပ်က ဝက်တုပ်ကွေးလို ကမ္ဘာအနှံ့ ဖြစ်တဲ့ ကပ်ရောဂါမျိုး ဖြစ်နိုင်တဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။
ဒါပေမဲ့ ဒီလို လက္ခဏာမပြဘဲ ကူးနေတဲ့သူတွေကို ထိန်းချုပ်ဖို့က တရုတ်အစိုးရအတွက် ပိုပြီး ခက်ခဲတဲ့ အလုပ်ဖြစ်ပါတယ်။
ဒီလိုရောဂါပျိုးနေတဲ့အချိန်မှာ ဗိုင်းရပ်ရဲ့ ကူးစက်နိုင်တဲ့နှုန်းက ဘယ်လိုရှိသလဲနဲ့ တရုတ်ပြည်အပြင်ဘက်က လူနာတွေရော လက္ခဏာမပြခင်မှာ သူများတွေကို ရောဂါကူးနိုင်သလား ဆိုတဲ့ အရေးကြီးတဲ့ မေးခွန်းတွေ မေးစရာ ရှိနေပါတယ်။
နောက် ဒီဗိုင်းရပ်ရဲ့ ကူးစက်နိုင်စွမ်းက ပိုပြီး ပြင်းထန်လာတယ်လို့ တရုတ် အမျိုးသား ကျန်းမာရေး ကော်မရှင်က ပြောတာကလည်း ဘာကြောင့်လဲ။
ဝူဟန်မှာ ဘယ်လိုရှိသလဲ
ဗြိတိန်က ဆိုဖီဟာ ဝူဟန်မှာ ပိတ်မိနေသူ တယောက်ပါ။ အိမ်ထဲမှာ ပိတ်မိနေတာ လေးရက်လောက် ရှိပြီလို့လည်း သူက ဘီဘီစီကို ပြောပါတယ်။
ဗိုင်းရပ်အကြောင်းကို ဒီဇင်ဘာလ ၃၁ ရက်ကမှ သိပြီး အခြေအနေက ပိုပိုဆိုးလာတယ်လို့ သူက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် @StephenMcDonell @StephenMcDonell
ဝူဟန်မြို့လမ်းတွေပေါ်မှာလည်း တက္ကစီတွေ မရှိတဲ့အတွက် စေတနာ့ဝန်ထမ်းတွေက လူနာတွေကို ဆေးရုံတွေဆီ ကားမောင်း ပို့ပေးနေရသလို ဆေးရုံတွေမှာလည်း လူတွေ ပြည့်ကျပ်နေပါတယ်။
ကားနဲ့ လူတွေကို ဆေးရုံအသွားအပြန် ပို့ပေးနေရပါတယ်၊ ပြန်လာရင် ဆေးဖျန်းသန့်ရှင်းတာတွေ လုပ်ပေးပါတယ်၊ အားလုံး အခမဲ့ပါလို့ ရင်ယုက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။
နောက်ကားဆရာတယောက်ကလည်း သူတို့အခြေအနေကောင်းတယ်လို့ ပြောပါတယ်။ ဒါကျွန်တော်တို့ မြို့သားတွေ လုပ်ရမယ့်အလုပ်ပဲ၊ သတင်းထောက်တွေတောင် အဝေးက လာကူနေကြတာလို့လည်း ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption ဈေးကပြန်လာတဲ့ ဝူဟန်သူ
ဒီဗိုင်းရပ်က ဘာလဲ
ဒီဗိုင်းရပ်က တိရစ္ဆာန်တွေမှာ ဖြစ်တတ်တဲ့ ကိုရိုနာဗိုင်းရပ်တွေထဲမှာ အသစ်ပေါ်တဲ့ ဗိုင်းရပ်ပါ။
လူမှာဖြစ်တဲ့ ဒီလိုဗိုင်းရပ်တမျိုးကြောင့် ရိုးရိုး အအေးမိတာမျိုး ဖြစ်တတ်ပေမယ့် ၂ဝဝ၃ မှာ ဖြစ်တဲ့ ဆားစ်ရောဂါကြောင့် လူ ရာနဲ့ချီ သေဆုံးခဲ့ပါတယ်။
အခု ဒီဗိုင်းရပ်သစ်ကြောင့်လည်း ဆိုးရွားတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ လူနာတွေမှာ ခံစားရပါတယ်။
ဖျားတာကနေစပြီး ချောင်းခြောက်ဆိုးတာ၊ ဖြစ်ပြီး တပတ်လောက်အကြာမှာ အသက်ရှူကျပ်တာတွေ ခံစားရလို့ လူနာတွေကို ဆေးရုံတင်ဖို့ လိုပါတယ်။
ဒီရောဂါအတွက် ဆေးဝါး၊ ကာကွယ်ဆေးဆိုတာတွေလည်း မရှိသေးပါဘူး။
စနေနေ့အထိ တရုတ်ပြည်မှာ ရောဂါကူးစက်ခံရသူ နှစ်ထောင်လောက်ရှိပြီး နောက်ထပ် မသင်္ကာဖွယ် လူနာ ၂၆ဝဝ ကျော် တွေ့ရတယ်လို့ တရုတ်အမျိုးသား ကျန်းမာရေး ကော်မရှင်က ပြောပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption သတင်းထောက်တွေကိုလည်း စစ်ဆေးပေး
ဘယ်လိုကူးစက်သလဲ
တရုတ်ကြွက်နှစ်သစ်ကူးမှာ ဒီရောဂါကူးစက်မှု ရုတ်တရက်တိုးလာတာကလည်း တိုက်ဆိုင်မှု ဖြစ်ပါတယ်။ ဒီအချိန်ဟာ တရုတ်ပြည်မှာ ခရီးသွားလာမှု အများဆုံးအချိန်ပါ။
လူ ၁၁ သန်းရှိတဲ့ ဝူဟန်ကနေ အနားက မြို့ရွာ နယ်ပယ်တွေကို ကူးစက်မှုလည်း နည်းနည်းစီရှိပြီး တရုတ်နိုင်ငံ အနှံ့ကို ပြန့်နှံ့ပါပြီ။
ဒါပေမဲ့ ဒီရောဂါက လေကြောင်းကလည်း ပြန့်နှံ့ကုန်လို့ နိုင်ငံတော်တော်များများမှာ ဒီရောဂါကူးစက်ခံရသူတွေ ရှိနေပါပြီ။
တရုတ်ပြည်ရဲ့ အိမ်နီးချင်း အာရှ နိုင်ငံတွေမှာလည်း ဒီရောဂါကူးစက်မှု တချို့တလေ ရှိနေပြီဆိုတဲ့ သတင်းတွေ ထွက်နေပါပြီ။
ဂျပန်၊ တိုင်ဝမ်၊ နီပေါ၊ ထိုင်း၊ ဗီယက်နမ်၊ စင်္ကာပူ ကနေ သြစတြေးလျ၊ အမေရိကန်နဲ့ ပြင်သစ်အထိပါ ဒီရောဂါကူးစက်ခံရမှုတွေကို အတည်ပြုနိုင်ခဲ့ပါတယ်။
တခြားနိုင်ငံတွေမှာလည်း ဒီလိုမသင်္ကာတဲ့ လူနာတွေကို စမ်းသပ်ခဲ့ပါတယ်။ ဗြိတိန်မှာ လူ ၃၁ ယောက်ကို စစ်ဆေးရာမှာတော့ အကုန်လုံးမှာ မရှိပါဘူး။
အမေရိကန်က ဝူဟန်က သူတို့ကောင်စစ်ဝန်ရုံးအဖွဲ့ကို ပြန်ခေါ်နေသလို ဂျပန်နဲ့ ဗြိတိန်ကလည်း သူတို့နိုင်ငံသားတွေကို ခေါ်ထုတ်ဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။
BBC Burmese
https://www.bbc.com
တ႐ုတ္ျပည္က ကို႐ိုနာဗိုင္းရပ္ လကၡဏာေတြမျပဘဲ ကူးစက္ႏိုင္တယ္
Reviewed by THITHTOOLWIN
on
01:01
Rating:
