![]() |
တ႐ုတ္ - ျမန္မာနယ္စပ္ မူဆယ္ဂိတ္ကေန ႏွာေခါင္းစည္းဝင္လာသူကို ၂ဝ၂ဝ ဇန္နဝါရီ ၂၈ ရက္ေန႔က ေတြ႕ရစဥ္ |
တ႐ုတ္ႏိုင္ငံထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈနဲ႔ ေသဆုံးမႈႏႈန္း ျမင့္တက္လာေနပါတယ္။ ဇန္နဝါရီ ၂၈ ရက္မွာ ေသဆုံးသူ ၁၀၆ ဦးရွိခဲ့ရာကေန ဇန္နဝါရီ ၂၉ ရက္ေန႔မွာေတာ့ ေနာက္ထပ္ ၂၆ ဦး ထပ္မံေသဆုံးခဲ့တယ္လို႔ တ႐ုတ္အစိုးရက ထုတ္ျပန္ထားပါတယ္။ တစ္ေန႔တည္းမွာပဲ တစ္နာရီပ်မ္းမွ် တစ္ဦးႏႈန္းေသဆုံးခဲ့ၿပီး၊ စုစုေပါင္း ေသဆုံးတာ ၁၃၂ ဦး ရွိလာပါၿပီ။
ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈအေျခအေနနဲ႔ ႏိုင္ငံအလိုက္ ကူးစက္ခံရမႈ၊ ေသဆုံးမႈအေရအတြက္ေတြကို RFA က infographic နဲ႔ ရွင္းျပထားပါတယ္။
ဇန္နဝါရီ ၂၈ ရက္ေန႔မွာ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ရဲ႕ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ Tedros Adhanom နဲ႔ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္တို႔ကို ႐ိုနာဗိုင္းရပ္စ္ အေရးေတြ႕ဆုံေဆြးေႏြးခဲ့တယ္လို႔ WHOက ထုတ္ျပန္ထားပါတယ္။ တကမာၻလုံးကို အလ်င္အျမန္ ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ ဝူဟန္ဗိုင္းရပ္စ္တိုက္ဖ်က္ေရးအတြက္ တ႐ုတ္နဲ႔ WHO လက္တြဲသြားၾကဖို႔ ကတိျပဳခဲ့ၾကတယ္လို႔ သိရပါတယ္။
WHO ဘက္ကလည္း ႏိုင္ငံတကာပညာရွင္ေတြ ေစလႊတ္သြားဖို႔ရွိတယ္လို႔ ေဒါက္တာ Tedros Adhanom က ေျပာဆိုခဲ့ပါတယ္။
ကို႐ိုနာဗိုင္းရပ္စ္ဟာ ၂၀၁၉ ဒီဇင္ဘာ ၃၁ တ႐ုတ္ႏိုင္ငံ၊ ဝူဟမ္ၿမိဳ႕မွာ စတင္ျဖစ္ပြားတာလို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ကထုတ္ျပန္ပါတယ္။ ဇန္နဝါရီ ၂၈ ရက္ေန႔ WHO ရဲ႕ထုတ္ျပန္ခ်က္အရ ကူးစက္ခံရသူ တ႐ုတ္ႏိုင္ငံ တစ္ခုတည္းမွာ ၄၅၃၇ ဦး (အတည္ျပဳ) ရွိၿပီး၊ ကူးစက္ခံရတယ္လို႔ သံသယရွိတဲ့သူ ၆၇၉၃ ဦး ရွိတယ္လို႔ ေဖာ္ျပပါတယ္။
![]() |
ဗိုင္းရပ္စ္ကူးစက္မခံရေရး ေဆာင္ရန္ ေရွာင္ရန္ |
WHO နဲ႔ ႏိုင္ငံတကာသတင္းဌာနေတြရဲ႕ ေဖာ္ျပခ်က္ေတြအရ ကို႐ိုနာဗိုင္းရပ္စ္ဟာ မိုင္ေပါင္းေထာင္ခ်ီေဝးတဲ့ အေမရိကန္နဲ႔ ၾသစေၾတးလ်ႏိုင္ငံတို႔ကိုလည္း ပ်ံ႕ႏွံ႔သြားၿပီျဖစ္ပါတယ္။ အိမ္နီးနားခ်င္းျဖစ္တဲ့ ျမန္မာႏိုင္ငံမွာေတာ့ ေရာဂါပိုးကူးစက္ခံထားရသူကို မေတြ႕ရေသးဘူးလို႔ က်န္းမာေရးဝန္ႀကီးဌာနက ဆိုပါတယ္။ နယ္စပ္ခ်င္းကပ္လ်က္ရွိတဲ့ မူဆယ္တစ္ဖက္ကမ္း ေ႐ႊလီမွာေတာ့ ကူးစက္ခံရတယ္လို႔ သံသယရွိသူ ၂၆ ဦးရွိတယ္လို႔ သတင္းမီဒီယာက ေဖာ္ျပခဲ့ပါတယ္။
ျမန္မာႏိုင္ငံမွာ ဝူဟန္ဗိုင္းရပ္စ္ကူးစက္ခံရသူလို႔ သံသယရွိသူကို စစ္ေဆးႏိုင္ျခင္းမရွိေသးပါ။ ဒါေၾကာင့္ က်န္းမာေရးႏွင့္ အားကစား ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးကေတာ့ သံသယရွိသူရွိရင္ ေရာဂါပိုး ကူးစက္ခံရျခင္းဟုတ္၊ မဟုတ္နမူနာယူၿပီး ထိုင္းႏိုင္ငံမွာစစ္ေဆးမယ္လို႔ သတင္းမီဒီယာေတြကို ေျပာထားပါတယ္။
RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု မြေပုံနှင့် သေဆုံးမှု ကိန်းဂဏန်း
တရုတ် - မြန်မာနယ်စပ် မူဆယ်ဂိတ်ကနေ နှာခေါင်းစည်းဝင်လာသူကို ၂ဝ၂ဝ ဇန်နဝါရီ ၂၈ ရက်နေ့က တွေ့ရစဉ်
Photo: Kanthar / RFA
တရုတ်နိုင်ငံထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနဲ့ သေဆုံးမှုနှုန်း မြင့်တက်လာနေပါတယ်။ ဇန်နဝါရီ ၂၈ ရက်မှာ သေဆုံးသူ ၁၀၆ ဦးရှိခဲ့ရာကနေ ဇန်နဝါရီ ၂၉ ရက်နေ့မှာတော့ နောက်ထပ် ၂၆ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ တရုတ်အစိုးရက ထုတ်ပြန်ထားပါတယ်။ တစ်နေ့တည်းမှာပဲ တစ်နာရီပျမ်းမျှ တစ်ဦးနှုန်းသေဆုံးခဲ့ပြီး၊ စုစုပေါင်း သေဆုံးတာ ၁၃၂ ဦး ရှိလာပါပြီ။
ဇန်နဝါရီ ၂၈ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ Tedros Adhanom နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ကို ရိုနာဗိုင်းရပ်စ် အရေးတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ WHOက ထုတ်ပြန်ထားပါတယ်။ တကမ္ဘာလုံးကို အလျင်အမြန် ကူးစက်ပျံ့နှံ့နေတဲ့ ဝူဟန်ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် တရုတ်နဲ့ WHO လက်တွဲသွားကြဖို့ ကတိပြုခဲ့ကြတယ်လို့ သိရပါတယ်။
WHO ဘက်ကလည်း နိုင်ငံတကာပညာရှင်တွေ စေလွှတ်သွားဖို့ရှိတယ်လို့ ဒေါက်တာ Tedros Adhanom က ပြောဆိုခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ ၂၀၁၉ ဒီဇင်ဘာ ၃၁ တရုတ်နိုင်ငံ၊ ဝူဟမ်မြို့မှာ စတင်ဖြစ်ပွားတာလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၂၈ ရက်နေ့ WHO ရဲ့ထုတ်ပြန်ချက်အရ ကူးစက်ခံရသူ တရုတ်နိုင်ငံ တစ်ခုတည်းမှာ ၄၅၃၇ ဦး (အတည်ပြု) ရှိပြီး၊ ကူးစက်ခံရတယ်လို့ သံသယရှိတဲ့သူ ၆၇၉၃ ဦး ရှိတယ်လို့ ဖော်ပြပါတယ်။
ဗိုင်းရပ်စ်ကူးစက်မခံရရေး ဆောင်ရန် ရှောင်ရန်
wuhan-virus-precaution-622.jpg
Ref : WHO
WHO နဲ့ နိုင်ငံတကာသတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ ကိုရိုနာဗိုင်းရပ်စ်ဟာ မိုင်ပေါင်းထောင်ချီဝေးတဲ့ အမေရိကန်နဲ့ သြစတြေးလျနိုင်ငံတို့ကိုလည်း ပျံ့နှံ့သွားပြီဖြစ်ပါတယ်။ အိမ်နီးနားချင်းဖြစ်တဲ့ မြန်မာနိုင်ငံမှာတော့ ရောဂါပိုးကူးစက်ခံထားရသူကို မတွေ့ရသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။ နယ်စပ်ချင်းကပ်လျက်ရှိတဲ့ မူဆယ်တစ်ဖက်ကမ်း ရွှေလီမှာတော့ ကူးစက်ခံရတယ်လို့ သံသယရှိသူ ၂၆ ဦးရှိတယ်လို့ သတင်းမီဒီယာက ဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရသူလို့ သံသယရှိသူကို စစ်ဆေးနိုင်ခြင်းမရှိသေးပါ။ ဒါကြောင့် ကျန်းမာရေးနှင့် အားကစား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကတော့ သံသယရှိသူရှိရင် ရောဂါပိုး ကူးစက်ခံရခြင်းဟုတ်၊ မဟုတ်နမူနာယူပြီး ထိုင်းနိုင်ငံမှာစစ်ဆေးမယ်လို့ သတင်းမီဒီယာတွေကို ပြောထားပါတယ်။
RFA Burmese
https://www.rfa.org
ကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈ ေျမပုံႏွင့္ ေသဆုံးမႈ ကိန္းဂဏန္း
Reviewed by THITHTOOLWIN
on
02:52
Rating:
