တ႐ုတ္ခရီးသြားေတြကို ဆိုက္ေရာက္ဗီဇာ ေခတၱဆိုင္းငံ့ေရး ညႇိႏႈိင္းမယ္

ဝူဟန္က ဆိုက္ေရာက္တဲ့ ေနာက္ဆုံးေလယာဥ္မွာ ျပင္းထန္အဆုတ္ေရာင္ေရာဂါ သံသယလူနာ မေတြ႕ခဲ့ရဘူးလို႔ဆို
(Zawgyi)⤵⤵⤵
တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕က စတင္ျဖစ္ပြားခဲ့တဲ့ ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ျဖစ္တဲ့ အဆုတ္ေရာင္ေရာဂါေၾကာင့္ ေသဆုံးသူ ၁၃၀ ထိရွိလာၿပီး ကူးစက္တဲ့ ႏိုင္ငံ အနည္းဆုံး ၁၆ ႏိုင္ငံအထိ တိုးလာခ်ိန္မွာ ျမန္မာကို လာေရာက္တဲ့ တ႐ုတ္ခရီးသြားေတြကို ဆိုက္ေရာက္ဗီဇာထုတ္ေပးတာ ေခတၱဆိုင္းငံ့ဖို႔ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနနဲ႔ ညႇိႏႈိင္းမယ္လို႔ က်န္းမာေရး ဝန္ႀကီးက ေျပာပါတယ္။

ေနျပည္ေတာ္မွာ ဇန္နဝါရီလ ၂၉ ရက္မွာ လုပ္တဲ့ ကို႐ိုနာ အဆုတ္ေရာင္ ေရာဂါ ကာကြယ္ေရး အစည္းအေဝးမွာ က်န္းမာေရးဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာတာျဖစ္ပါတယ္။

အဆုတ္ေရာင္ေရာဂါ ကာကြယ္ေရးအတြက္ ေလဆိပ္ေတြနဲ႔ နယ္စပ္ဝင္ေပါက္ေတြမွာ က်န္းမာေရး စစ္ေဆးတဲ့ ကိရိယာေတြနဲ႔ စစ္ေဆးေနတယ္လို႔ က်န္းမာေရး ဌာနက ေျပာထားအၿပီး အခုလို ခရီးသည္ေတြ ဝင္ေရာက္တာကို ကန႔္သတ္မႈကို ထပ္မံျပင္ဆင္လာတာျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံ ဝူဟန္က ေလယာဥ္တစ္စင္း ဇန္နဝါရီ ၂၃ရက္ေန႔မွာ ရန္ကုန္ၿမိဳ႕ကို ေနာက္ဆုံး ဆိုက္ေရာက္လာခဲ့ၿပီး အဲဒီမွာပါလာတဲ့ ခရီးသည္ေတြမွာ သံသယလူနာမေတြ႕ရဘူးလို႔ က်န္းမာေရး ဝန္ႀကီးဌာနက ေျပာခြင့္ရသူက ေျပာထားခဲ့ပါတယ္။

တ႐ုတ္ ခရီးသြားေတြ အဝင္အထြက္မ်ားျပားတဲ့ မႏၲေလးေလဆိပ္မွာေတာ့ ေလာေလာဆယ္ ကိုယ္အပူခ်ိန္ စစ္ေဆးတဲ့ စက္တစ္လုံးအျပင္ ေနာက္ထပ္တစ္လုံး ထပ္မံတပ္ဆင္စစ္ေဆးဖို႔ လုပ္ခဲ့တယ္လို႔ တိုင္းေဒသႀကီး အဆုတ္ေရာင္ေရာဂါ ေစာင့္ၾကည့္စစ္ေဆးကုသေရး ႀကီးၾကပ္မႈ ေကာ္မတီ အတြင္းေရးမႉး၊ တိုင္း ျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရး ဦးစီးဌာနမႉး ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာသန္းသန္းျမင့္က ဘီဘီစီကိုေျပာပါတယ္။

သံသယလူနာေတြ႕ရွိမယ္ဆိုရင္လည္း ပုံမွန္ဝင္ထြက္ေပါက္က မဟုတ္ဘဲ သီးသန႔္ထြက္ေပါက္ကေန ထြက္ဖို႔ ႀကိဳတင္ျပင္ဆင္ထားတယ္လို႔လည္း သူက ေျပာပါတယ္။

တ႐ုတ္ခရီးသြားေတြကို တာခ်ီလိတ္ ထိုင္း-ျမန္မာနယ္စပ္မွာ အပူခ်ိန္တိုင္းတာေနစဥ္
တ႐ုတ္ခရီးသြား ၇၃ ေယာက္ကို ဇန္နဝါရီ ၂၈ ရက္မွာ တ႐ုတ္ႏိုင္ငံက သီးျခား ေလယာဥ္နဲ႔ ျပန္လည္ေခၚယူသြားတာဟာ ပုံမွန္အတိုင္း တ႐ုတ္ႏိုင္ငံျပန္ရမယ့္ အခ်ိန္မွာ အဆုတ္ေရာင္ေရာဂါကူးစက္မႈေၾကာင့္ ေလယာဥ္အသြားအလာေတြ ရပ္ဆိုင္းသြားၿပီး မႏၲေလးမွာ က်န္ေနသူေတြကို လာေခၚသြားတာျဖစ္တယ္လို႔လည္း ေဒါက္တာသန္းသန္းျမင့္က ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာ ပညာသင္ၾကားေနတဲ့ ျမန္မာေက်ာင္းသား ၆၀ ေလာက္ကို ျပန္ေခၚျဖစ္ခဲ့မယ္ဆိုရင္လည္း သူတို႔ကို ၆၂ လမ္းက ကန္ေတာ္နဒီ ကူးစက္ေဆး႐ုံမွာ ၁၄ ရက္ သီးသန႔္ ထားရွိ (Quarantine) ၿပီး ေစာင့္ၾကပ္ၾကည့္ရႈဖို႔ ျပင္ဆင္ထားတယ္လို႔ ေျပာပါတယ္။

အဆုတ္ေရာင္ဂါ ကူးစက္မႈေတြ႕ရွိတာ တိုးလာတဲ့ အခ်ိန္မွာ တ႐ုတ္ႏိုင္ငံကို သြားလာတဲ့ ေလေၾကာင္းခရီးစဥ္တခ်ိဳ႕ကို ရပ္နားတယ္လို႔ ေၾကညာတဲ့ႏိုင္ငံေတြလည္း တိုးလာခဲ့ပါတယ္။

ျမန္မာႏိုင္ငံက Air KBZ နဲ႔ MAI ေလေၾကာင္းလိုင္းတို႔ကလည္း တ႐ုတ္ႏိုင္ငံ ပ်ံသန္းမယ့္ စင္းလုံးဌားေလယာဥ္ေတြကို ဇန္နဝါရီလ ၃၁ ရက္ကစၿပီး ေခတၱရပ္ဆိုင္းထားမယ္လို႔ ေၾကညာထားၾကပါတယ္။

ယူေက၊ ဂ်ာမနီ၊ အင္ဒိုနီးရွားနဲ႔ နီေပါႏိုင္ငံတို႔က ေလေၾကာင္းလိုင္း တခ်ိဳ႕ တ႐ုတ္ႏိုင္ငံကို ပ်ံသန္းတာကို ေခတၱရပ္ဆိုင္းမယ္လို႔ AFP သတင္းအရ သိရပါတယ္။

ကာဇက္စတန္ႏိုင္ငံကေတာ့ ေလယာဥ္ခရီးစဥ္ေတြ ရပ္ဆိုင္းထားၿပီး တ႐ုတ္ခရီးသြားေတြကို ဗီဇာထုတ္ေပးထား ဆိုင္းငံ့ထားပါတယ္။

အေမရိကန္၊ ၿဗိတိန္နဲ႔ ဂ်ာမနီ ႏိုင္ငံေတြကလည္း သူတို႔ႏိုင္ငံသားေတြကို တ႐ုတ္ႏိုင္ငံကို မလိုအပ္ဘဲ ခရီးမသြားလာၾကဖို႔ အႀကံေပးထားပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
တရုတ်ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာ ခေတ္တဆိုင်းငံ့ရေး ညှိနှိုင်းမယ်

ဓာတ်ပုံ မူပိုင် ပြည့်သူ့ကျန်းမာရေးဦးစီးဌာန
Image caption ဝူဟန်က ဆိုက်ရောက်တဲ့ နောက်ဆုံးလေယာဉ်မှာ ပြင်းထန်အဆုတ်ရောင်ရောဂါ သံသယလူနာ မတွေ့ခဲ့ရဘူးလို့ဆို

တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကြောင့် သေဆုံးသူ ၁၃၀ ထိရှိလာပြီး ကူးစက်တဲ့ နိုင်ငံ အနည်းဆုံး ၁၆ နိုင်ငံအထိ တိုးလာချိန်မှာ မြန်မာကို လာရောက်တဲ့ တရုတ်ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာထုတ်ပေးတာ ခေတ္တဆိုင်းငံ့ဖို့ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ညှိနှိုင်းမယ်လို့ ကျန်းမာရေး ဝန်ကြီးက ပြောပါတယ်။

နေပြည်တော်မှာ ဇန်နဝါရီလ ၂၉ ရက်မှာ လုပ်တဲ့ ကိုရိုနာ အဆုတ်ရောင် ရောဂါ ကာကွယ်ရေး အစည်းအဝေးမှာ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောတာဖြစ်ပါတယ်။

အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအတွက် လေဆိပ်တွေနဲ့ နယ်စပ်ဝင်ပေါက်တွေမှာ ကျန်းမာရေး စစ်ဆေးတဲ့ ကိရိယာတွေနဲ့ စစ်ဆေးနေတယ်လို့ ကျန်းမာရေး ဌာနက ပြောထားအပြီး အခုလို ခရီးသည်တွေ ဝင်ရောက်တာကို ကန့်သတ်မှုကို ထပ်မံပြင်ဆင်လာတာဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဝူဟန်က လေယာဉ်တစ်စင်း ဇန်နဝါရီ ၂၃ရက်နေ့မှာ ရန်ကုန်မြို့ကို နောက်ဆုံး ဆိုက်ရောက်လာခဲ့ပြီး အဲဒီမှာပါလာတဲ့ ခရီးသည်တွေမှာ သံသယလူနာမတွေ့ရဘူးလို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောခွင့်ရသူက ပြောထားခဲ့ပါတယ်။

တရုတ် ခရီးသွားတွေ အဝင်အထွက်များပြားတဲ့ မန္တလေးလေဆိပ်မှာတော့ လောလောဆယ် ကိုယ်အပူချိန် စစ်ဆေးတဲ့ စက်တစ်လုံးအပြင် နောက်ထပ်တစ်လုံး ထပ်မံတပ်ဆင်စစ်ဆေးဖို့ လုပ်ခဲ့တယ်လို့ တိုင်းဒေသကြီး အဆုတ်ရောင်ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှု ကော်မတီ အတွင်းရေးမှူး၊ တိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်က ဘီဘီစီကိုပြောပါတယ်။

သံသယလူနာတွေ့ရှိမယ်ဆိုရင်လည်း ပုံမှန်ဝင်ထွက်ပေါက်က မဟုတ်ဘဲ သီးသန့်ထွက်ပေါက်ကနေ ထွက်ဖို့ ကြိုတင်ပြင်ဆင်ထားတယ်လို့လည်း သူက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Tachileik News Agency
Image caption တရုတ်ခရီးသွားတွေကို တာချီလိတ် ထိုင်း-မြန်မာနယ်စပ်မှာ အပူချိန်တိုင်းတာနေစဉ်

တရုတ်ခရီးသွား ၇၃ ယောက်ကို ဇန်နဝါရီ ၂၈ ရက်မှာ တရုတ်နိုင်ငံက သီးခြား လေယာဉ်နဲ့ ပြန်လည်ခေါ်ယူသွားတာဟာ ပုံမှန်အတိုင်း တရုတ်နိုင်ငံပြန်ရမယ့် အချိန်မှာ အဆုတ်ရောင်ရောဂါကူးစက်မှုကြောင့် လေယာဉ်အသွားအလာတွေ ရပ်ဆိုင်းသွားပြီး မန္တလေးမှာ ကျန်နေသူတွေကို လာခေါ်သွားတာဖြစ်တယ်လို့လည်း ဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ပညာသင်ကြားနေတဲ့ မြန်မာကျောင်းသား ၆၀ လောက်ကို ပြန်ခေါ်ဖြစ်ခဲ့မယ်ဆိုရင်လည်း သူတို့ကို ၆၂ လမ်းက ကန်တော်နဒီ ကူးစက်ဆေးရုံမှာ ၁၄ ရက် သီးသန့် ထားရှိ (Quarantine) ပြီး စောင့်ကြပ်ကြည့်ရှုဖို့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

အဆုတ်ရောင်ဂါ ကူးစက်မှုတွေ့ရှိတာ တိုးလာတဲ့ အချိန်မှာ တရုတ်နိုင်ငံကို သွားလာတဲ့ လေကြောင်းခရီးစဉ်တချို့ကို ရပ်နားတယ်လို့ ကြေညာတဲ့နိုင်ငံတွေလည်း တိုးလာခဲ့ပါတယ်။

မြန်မာနိုင်ငံက Air KBZ နဲ့ MAI လေကြောင်းလိုင်းတို့ကလည်း တရုတ်နိုင်ငံ ပျံသန်းမယ့် စင်းလုံးဌားလေယာဉ်တွေကို ဇန်နဝါရီလ ၃၁ ရက်ကစပြီး ခေတ္တရပ်ဆိုင်းထားမယ်လို့ ကြေညာထားကြပါတယ်။

ယူကေ၊ ဂျာမနီ၊ အင်ဒိုနီးရှားနဲ့ နီပေါနိုင်ငံတို့က လေကြောင်းလိုင်း တချို့ တရုတ်နိုင်ငံကို ပျံသန်းတာကို ခေတ္တရပ်ဆိုင်းမယ်လို့ AFP သတင်းအရ သိရပါတယ်။

ကာဇက်စတန်နိုင်ငံကတော့ လေယာဉ်ခရီးစဉ်တွေ ရပ်ဆိုင်းထားပြီး တရုတ်ခရီးသွားတွေကို ဗီဇာထုတ်ပေးထား ဆိုင်းငံ့ထားပါတယ်။

အမေရိကန်၊ ဗြိတိန်နဲ့ ဂျာမနီ နိုင်ငံတွေကလည်း သူတို့နိုင်ငံသားတွေကို တရုတ်နိုင်ငံကို မလိုအပ်ဘဲ ခရီးမသွားလာကြဖို့ အကြံပေးထားပါတယ်။

BBC Burmese
https://www.bbc.com
တ႐ုတ္ခရီးသြားေတြကို ဆိုက္ေရာက္ဗီဇာ ေခတၱဆိုင္းငံ့ေရး ညႇိႏႈိင္းမယ္ တ႐ုတ္ခရီးသြားေတြကို ဆိုက္ေရာက္ဗီဇာ ေခတၱဆိုင္းငံ့ေရး ညႇိႏႈိင္းမယ္ Reviewed by THITHTOOLWIN on 02:37 Rating: 5
Powered by Blogger.