တပ္ကိုေဝဖန္လို႔ တရားစြဲခံထားရတဲ့ ျမဝတီမင္းႀကီးဆရာေတာ္အမႈ တရားလိုဘက္က လာေရာက္အစစ္ခံ

ပုဒ္မ ၅၀၀၊ ၅၀၅ (ခ)တို႔နဲ႔ အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္က ဒုဗိုလ္မႉးႀကီး ေသာ္တာေထြးက တရားလိုျပဳလုပ္ၿပီး အမႈဖြင့္ခဲ့
(Zawgyi)⤵⤵⤵
မႏၲေလး ျမဝတီမင္းႀကီးေက်ာင္းတိုက္ ဆရာေတာ္အမႈရဲ႕ဇန္နဝါရီ ၁၇ ရက္ေန႔ ႐ုံးခ်ိန္းမွာ တရားလိုျဖစ္တဲ့ တပ္ဘက္က ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ တရား႐ုံးမွာ လာေရာက္စစ္ေဆးခံခဲ့တယ္လို႔သိရပါတယ္။

မဘသ အမည္ေျပာင္း ဗုဒၶ ဓမၼ ပရဟိတေဖာင္ေဒးရွင္းကို ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္က က်ပ္ သိန္း ၃၀၀ လႉဒါန္းလိုက္တဲ့အေပၚ ေဝဖန္ခဲ့တဲ့အတြက္ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမူ ပုဒ္မ ၅၀၀၊ ၅၀၅ (ခ)တို႔နဲ႔ အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္က ဒုဗိုလ္မႉးႀကီး ေသာ္တာေထြးက တရားလိုျပဳလုပ္ၿပီး ျမဝတီမင္းႀကီး ေက်ာင္းတိုက္ ဆရာေတာ္ အရွင္အရိယဝံသာဘိဝံသကို အမႈဖြင့္ခဲ့တာျဖစ္ပါတယ္။

"ဆရာက်င့္ဝတ္မွာ မေတာ္ရင္ ေျပာရမွာပဲ။ ျမန္မာျပည္မွာ တေယာက္မေကာင္း တစ္ေယာက္ထိခိုက္တယ္။ ျပည္သူျပည္သားေတြ အရမ္းထိခိုက္တယ္။ ေသနတ္လဲကိုင္ထားတယ္။ အာဏာလဲ ယူထားတယ္။ ႏိုင္ငံေရးလဲ စြက္ဖက္တယ္။ စီးပြားေရးလဲ စြက္ဖက္တယ္။ ဒီလိုလူေတြ လုပ္ခ်င္ရာ လုပ္ေနေတာ့ ဘုန္းႀကီး တို႔က မေျပာလို႔ဘယ္ျဖစ္မလဲ။ မခံတာ သူတို႔အပိုင္း။ ေျပာရမွာ ဘုန္းႀကီးတို႔တာဝန္ပဲ"လို႔ ဆရာေတာ္ အရွင္အရိယဝံသာဘိဝံသက တရား႐ုံး တရားခြင္အၿပီးမွာ မိန႔္ၾကားခဲ့ပါတယ္။

ဒီအမႈကို ၂၀၁၉ ေအာက္တိုဘာလကုန္ပိုင္းက တပ္မေတာ္ရဲ႕ ေလွ်ာက္ထားခ်က္အတိုင္း ဆရာေတာ္ကို တရားစြဲဖို႔ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ တရား႐ုံးက လက္ခံခဲ့တာပါ။

ဆရာေတာ္ကို စြဲဆိုထားတဲ့ ႏိုင္ငံေတာ္ အၾကည္ညိဳ ပ်က္ေစမူ ပုဒ္မ ၅၀၀ နဲ႔ ပုဒ္မ ၅၀၅ အရ အျပစ္ရွိ ေၾကာင္း တရား႐ုံးက ဆုံးျဖတ္ခဲ့ပါက အမ်ားဆုံး ေထာင္ဒဏ္ ႏွစ္ႏွစ္ထိ က်ခံရမွာျဖစ္ပါတယ္။

ဇန္နဝါရီ ၁၇ ရက္ေန႔က ႐ုံးခ်ိန္းမွာ အမႈျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ဒုဗိုလ္မႉးႀကီး ေသာ္တာေထြးကို မီဒီယာေတြက ေမးျမန္းရာမွာေတာ့ တစ္စုံတစ္ရာမွတ္ခ်က္ေပးေျဖဆိုတာမ်ိဳးမရွိခဲ့ပါဘူး။

ေနာက္ထပ္႐ုံးခ်ိန္းအျဖစ္ ဇန္နဝါရီ ၃၁ရက္ကို ေခၚယူထားတယ္လို႔သိရပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
တပ်ကိုဝေဖန်လို့ တရားစွဲခံထားရတဲ့ မြဝတီမင်းကြီးဆရာတော်အမှု တရားလိုဘက်က လာရောက်အစစ်ခံ

Image caption ပုဒ်မ ၅၀၀၊ ၅၀၅ (ခ)တို့နဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး သော်တာထွေးက တရားလိုပြုလုပ်ပြီး အမှုဖွင့်ခဲ့

မန္တလေး မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်အမှုရဲ့ဇန်နဝါရီ ၁၇ ရက်နေ့ ရုံးချိန်းမှာ တရားလိုဖြစ်တဲ့ တပ်ဘက်က ပြည်ကြီးတံခွန်မြို့နယ် တရားရုံးမှာ လာရောက်စစ်ဆေးခံခဲ့တယ်လို့သိရပါတယ်။

မဘသ အမည်ပြောင်း ဗုဒ္ဓ ဓမ္မ ပရဟိတဖောင်ဒေးရှင်းကို ရန်ကုန်တိုင်း စစ်ဌာနချုပ်က ကျပ် သိန်း ၃၀၀ လှူဒါန်းလိုက်တဲ့အပေါ် ဝေဖန်ခဲ့တဲ့အတွက် နိုင်ငံတော် အကြည်ညိုပျက်စေမူ ပုဒ်မ ၅၀၀၊ ၅၀၅ (ခ)တို့နဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး သော်တာထွေးက တရားလိုပြုလုပ်ပြီး မြဝတီမင်းကြီး ကျောင်းတိုက် ဆရာတော် အရှင်အရိယဝံသာဘိဝံသကို အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

"ဆရာကျင့်ဝတ်မှာ မတော်ရင် ပြောရမှာပဲ။ မြန်မာပြည်မှာ တယောက်မကောင်း တစ်ယောက်ထိခိုက်တယ်။ ပြည်သူပြည်သားတွေ အရမ်းထိခိုက်တယ်။ သေနတ်လဲကိုင်ထားတယ်။ အာဏာလဲ ယူထားတယ်။ နိုင်ငံရေးလဲ စွက်ဖက်တယ်။ စီးပွားရေးလဲ စွက်ဖက်တယ်။ ဒီလိုလူတွေ လုပ်ချင်ရာ လုပ်နေတော့ ဘုန်းကြီး တို့က မပြောလို့ဘယ်ဖြစ်မလဲ။ မခံတာ သူတို့အပိုင်း။ ပြောရမှာ ဘုန်းကြီးတို့တာဝန်ပဲ"လို့ ဆရာတော် အရှင်အရိယဝံသာဘိဝံသက တရားရုံး တရားခွင်အပြီးမှာ မိန့်ကြားခဲ့ပါတယ်။

ဒီအမှုကို ၂၀၁၉ အောက်တိုဘာလကုန်ပိုင်းက တပ်မတော်ရဲ့ လျှောက်ထားချက်အတိုင်း ဆရာတော်ကို တရားစွဲဖို့ ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက လက်ခံခဲ့တာပါ။

ဆရာတော်ကို စွဲဆိုထားတဲ့ နိုင်ငံတော် အကြည်ညို ပျက်စေမူ ပုဒ်မ ၅၀၀ နဲ့ ပုဒ်မ ၅၀၅ အရ အပြစ်ရှိ ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါက အများဆုံး ထောင်ဒဏ် နှစ်နှစ်ထိ ကျခံရမှာဖြစ်ပါတယ်။

ဇန်နဝါရီ ၁၇ ရက်နေ့က ရုံးချိန်းမှာ အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒုဗိုလ်မှူးကြီး သော်တာထွေးကို မီဒီယာတွေက မေးမြန်းရာမှာတော့ တစ်စုံတစ်ရာမှတ်ချက်ပေးဖြေဆိုတာမျိုးမရှိခဲ့ပါဘူး။

နောက်ထပ်ရုံးချိန်းအဖြစ် ဇန်နဝါရီ ၃၁ရက်ကို ခေါ်ယူထားတယ်လို့သိရပါတယ်။

BBC Burmese
https://www.bbc.com
တပ္ကိုေဝဖန္လို႔ တရားစြဲခံထားရတဲ့ ျမဝတီမင္းႀကီးဆရာေတာ္အမႈ တရားလိုဘက္က လာေရာက္အစစ္ခံ တပ္ကိုေဝဖန္လို႔ တရားစြဲခံထားရတဲ့ ျမဝတီမင္းႀကီးဆရာေတာ္အမႈ တရားလိုဘက္က လာေရာက္အစစ္ခံ Reviewed by THITHTOOLWIN on 02:03 Rating: 5
Powered by Blogger.