စက္႐ုံက စြမ္းအားက်တဲ့အခါ ထုတ္လုပ္ႏိုင္တဲ့ ထုတ္ကုန္ႏႈန္းက် ဆင္းၿပီး ျပန္ဆပ္ရမယ့္ေငြကို ႏိုင္ငံေတာ္ဘ႑ာေငြကေန စိုက္ထုတ္ၿပီး ျပန္ဆပ္ရမယ့္အေန အထားမ်ိဳးကို ေတာ့ စိုးရိမ္တယ္ |
ပိုလန္အစိုးရထံကေန ယူ႐ိုသန္း ၅၀ ေခ်းယူၿပီး ရန္ကုန္မွာ စြန႔္ပစ္အမႈိက္သန႔္စင္တဲ့ စီမံကိန္းကို ရန္ကုန္အစိုးရက လုပ္ေဆာင္ဖို႔ကိစၥ ဇန္နဝါရီ ၂၉ရက္ေန႔က က်င္းပခဲ့တဲ့ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးမွာ လႊတ္ေတာ္အမတ္ေတြက ေထာက္ခံေဆြးေႏြးခဲ့ၾကပါတယ္။
ေထာက္ခံၾကေပမယ့္ လုပ္ငန္းလည္ပတ္ႏိုင္ေရးမွာ စနစ္တက်ရွိဖို႔၊ အလားတူလုပ္ကိုင္ထားတဲ့ လုပ္ငန္းမ်ိဳး ေတြမွာ ျဖစ္ေပၚေနတဲ့ အခက္အခဲေတြ၊ ဒါ့အျပင္စီမံကိန္းလ်ာထားတဲ့ ပမာဏအတိုင္း အမႈိက္သန႔္စင္ကာ ထုတ္ကုန္ေတြ ထုတ္လုပ္ဖို႔ အစရွိတာေတြကိုလည္း အႀကံျပဳခဲ့ၾကပါတယ္။
ပုလဲမဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္အမတ္ ေဒၚခင္စန္းလႈိင္ကေတာ့ စက္႐ုံက စြမ္းအားက်တဲ့အခါ ထုတ္လုပ္ႏိုင္တဲ့ ထုတ္ကုန္ႏႈန္းက် ဆင္းၿပီး ျပန္ဆပ္ရမယ့္ေငြကို ႏိုင္ငံေတာ္ဘ႑ာေငြကေန စိုက္ထုတ္ၿပီး ျပန္ဆပ္ရမယ့္အေန အထားမ်ိဳးကို ေတာ့ စိုးရိမ္တယ္လို႔ ေဆြးေႏြးပါတယ္။
ဒါ့အျပင္ ေခ်းေငြျပန္ဆပ္ရမယ့္ ၆၇ႏွစ္လုံးမွာ စက္႐ုံကလည္ပတ္ႏိုင္ပါ့မလားဆိုတာကိုလည္း ေဒၚခင္စန္း လႈိင္က ေမးခြန္းထုတ္ခဲ့ပါတယ္။ ဒါေၾကာင့္ စက္႐ုံလည္ပတ္ႏိုင္ေရးအတြက္ အတိအက် အျပည့္အစုံကို တင္ျပဖို႔လိုအပ္တယ္လို႔လည္း သူကအႀကဳံျပဳပါတယ္။
ဒါ့အျပင္ အခုေခ်းေငြနဲ႔ လုပ္မယ့္အစား အမႈိက္ကေန စြမ္းအင္ထုတ္တဲ့ လုပ္ငန္းကို လုပ္ကိုင္လိုသူ ကုမၸဏီ ေပါင္း ၁၅၀ ေက်ာ္ကို စနစ္တက် တင္ဒါေခၚယူကာ လုပ္ကိုင္ဖို႔အတြက္လည္း ေဒၚခင္စန္းလႈိင္က အႀကံျပဳခဲ့ပါတယ္။အခုေခ်းမယ့္ ယူ႐ို သန္း ၅၀ကို ၆၇ႏွစ္အတြင္း ပိုလန္ႏိုင္ငံကို ႏွစ္စဥ္အလိုက္ျပန္လည္ေပးဆပ္ရမွာျဖစ္ ပါတယ္။
အခုေခ်းေငြယူမယူနဲ႔ က်န္ရွိတဲ့ အစီအစဥ္ေတြကိုေတာ့ မနက္ျဖန္ ဇန္နဝါရီလ ၃၁ရက္ေန႔မွာ ျပန္လည္ ေဆြးေႏြးကာ ဆုံးျဖတ္မွာျဖစ္ပါတယ္။
၂၀၁၇-၁၈ ဘ႑ာႏွစ္ ရန္ကုန္တိုင္းအတြင္း အေကာင္အထည္ေဖာ္တဲ့လုပ္ငန္းေတြ၊ ေျမေနရာငွားရမ္း မႈေတြအစရွိတဲ့ အစိုးရက အေကာင္အထည္ေဖာ္ကိုင္တြယ္ေနရတဲ့ လုပ္ငန္းေတြမွာ ဆုံးရႈံးနစ္နာမႈေတြက တန္ဖိုးအားျဖင့္ က်ပ္သိန္းေပါင္း သိန္းခ်ီၿပီးရွိေနတာကိုလည္း ရန္ကုန္စာရင္းစစ္ခ်ဳပ္က ေထာက္ျပထား ပါတယ္။
အဲဒီလိုနစ္နာမႈေတြကိုလည္း လႊတ္ေတာ္အတြင္းလာေရာက္ရွင္းလင္းဖို႔ အမတ္ေတြကေတာင္းဆိုၾကေပမယ့္ အခုခ်ိန္ထိ ရွင္းျပတာမ်ိဳးေတာ့မရွိေသးပါဘူး။
BBC Burmese
https://www.bbc.com
-----------
စက်ရုံက စွမ်းအားကျတဲ့အခါ ထုတ်လုပ်နိုင်တဲ့ ထုတ်ကုန်နှုန်းကျ ဆင်းပြီး ပြန်ဆပ်ရမယ့်ငွေကို နိုင်ငံတော်ဘဏ္ဍာငွေကနေ စိုက်ထုတ်ပြီး ပြန်ဆပ်ရမယ့်အနေ အထားမျိုးကို တော့ စိုးရိမ်တယ်
ရန်ကုန်အစိုးရ ချေးမယ့် ယူရိုသန်း ၅၀ ကိစ္စ ထောက်ခံပေမယ့် စနစ်တကျလုပ်ဖို့ အမတ်တွေတိုက်တွန်း
ပိုလန်အစိုးရထံကနေ ယူရိုသန်း ၅၀ ချေးယူပြီး ရန်ကုန်မှာ စွန့်ပစ်အမှိုက်သန့်စင်တဲ့ စီမံကိန်းကို ရန်ကုန်အစိုးရက လုပ်ဆောင်ဖို့ကိစ္စ ဇန်နဝါရီ ၂၉ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်အမတ်တွေက ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။
ထောက်ခံကြပေမယ့် လုပ်ငန်းလည်ပတ်နိုင်ရေးမှာ စနစ်တကျရှိဖို့၊ အလားတူလုပ်ကိုင်ထားတဲ့ လုပ်ငန်းမျိုး တွေမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေ၊ ဒါ့အပြင်စီမံကိန်းလျာထားတဲ့ ပမာဏအတိုင်း အမှိုက်သန့်စင်ကာ ထုတ်ကုန်တွေ ထုတ်လုပ်ဖို့ အစရှိတာတွေကိုလည်း အကြံပြုခဲ့ကြပါတယ်။
ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်ကတော့ စက်ရုံက စွမ်းအားကျတဲ့အခါ ထုတ်လုပ်နိုင်တဲ့ ထုတ်ကုန်နှုန်းကျ ဆင်းပြီး ပြန်ဆပ်ရမယ့်ငွေကို နိုင်ငံတော်ဘဏ္ဍာငွေကနေ စိုက်ထုတ်ပြီး ပြန်ဆပ်ရမယ့်အနေ အထားမျိုးကို တော့ စိုးရိမ်တယ်လို့ ဆွေးနွေးပါတယ်။
ဒါ့အပြင် ချေးငွေပြန်ဆပ်ရမယ့် ၆၇နှစ်လုံးမှာ စက်ရုံကလည်ပတ်နိုင်ပါ့မလားဆိုတာကိုလည်း ဒေါ်ခင်စန်း လှိုင်က မေးခွန်းထုတ်ခဲ့ပါတယ်။ ဒါကြောင့် စက်ရုံလည်ပတ်နိုင်ရေးအတွက် အတိအကျ အပြည့်အစုံကို တင်ပြဖို့လိုအပ်တယ်လို့လည်း သူကအကြုံပြုပါတယ်။
ဒါ့အပြင် အခုချေးငွေနဲ့ လုပ်မယ့်အစား အမှိုက်ကနေ စွမ်းအင်ထုတ်တဲ့ လုပ်ငန်းကို လုပ်ကိုင်လိုသူ ကုမ္ပဏီ ပေါင်း ၁၅၀ ကျော်ကို စနစ်တကျ တင်ဒါခေါ်ယူကာ လုပ်ကိုင်ဖို့အတွက်လည်း ဒေါ်ခင်စန်းလှိုင်က အကြံပြုခဲ့ပါတယ်။အခုချေးမယ့် ယူရို သန်း ၅၀ကို ၆၇နှစ်အတွင်း ပိုလန်နိုင်ငံကို နှစ်စဉ်အလိုက်ပြန်လည်ပေးဆပ်ရမှာဖြစ် ပါတယ်။
အခုချေးငွေယူမယူနဲ့ ကျန်ရှိတဲ့ အစီအစဉ်တွေကိုတော့ မနက်ဖြန် ဇန်နဝါရီလ ၃၁ရက်နေ့မှာ ပြန်လည် ဆွေးနွေးကာ ဆုံးဖြတ်မှာဖြစ်ပါတယ်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းအတွင်း အကောင်အထည်ဖော်တဲ့လုပ်ငန်းတွေ၊ မြေနေရာငှားရမ်း မှုတွေအစရှိတဲ့ အစိုးရက အကောင်အထည်ဖော်ကိုင်တွယ်နေရတဲ့ လုပ်ငန်းတွေမှာ ဆုံးရှုံးနစ်နာမှုတွေက တန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း သိန်းချီပြီးရှိနေတာကိုလည်း ရန်ကုန်စာရင်းစစ်ချုပ်က ထောက်ပြထား ပါတယ်။
အဲဒီလိုနစ်နာမှုတွေကိုလည်း လွှတ်တော်အတွင်းလာရောက်ရှင်းလင်းဖို့ အမတ်တွေကတောင်းဆိုကြပေမယ့် အခုချိန်ထိ ရှင်းပြတာမျိုးတော့မရှိသေးပါဘူး။
BBC Burmese
https://www.bbc.com
ရန္ကုန္အစိုးရ ေခ်းမယ့္ ယူ႐ိုသန္း ၅၀ ကိစၥ ေထာက္ခံေပမယ့္ စနစ္တက်လုပ္ဖို႔ အမတ္ေတြတိုက္တြန္း
Reviewed by THITHTOOLWIN
on
21:23
Rating: