ေဒၚေအာင္ဆန္းစုၾကည္ကို မိုးကုတ္မွာဆႏၵျပသူမ်ား ယာယီ အထိန္းသိမ္းခံရ

(Zawgyi)⤵⤵⤵
မႏၲေလးတိုင္းေဒသႀကီး မိုးကုတ္ၿမိဳ႕ေရာက္ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ေက်ာက္မ်က္လုပ္ကြက္ လုပ္ပိုင္ခြင့္နဲ႔ ပတ္သက္ၿပီး ေတာင္းဆိုဆႏၵျပတဲ့ မိုးကုတ္ၿမိဳ႕ခံ ေျခာက္ဦး ဒီမနက္ အထိန္းသိမ္းခံလိုက္ရပါတယ္။

သူတို႔ကေတြဆုံခြင့္ရဖို႔ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနကို စာတင္ေတာင္းဆိုေပမယ့္ လက္မခံလို႔ သူတို႔အခက္အခဲ သိရွိေရးအတြက္ ဆိုင္းပုဒ္ကိုင္ေတာင္းဆိုၾကတာလို႔ ဖမ္းဆီးခံခဲ့ရတဲ့ ဦးစိုးေဌးက ေျပာပါတယ္။

ေက်ာက္မ်က္လုပ္ကြက္ ခ်ထားေပးရာမွာ ေဒသခံေတြရဲ႕ သေဘားထားရယူဖို႔၊ ေက်ာက္မ်က္လုပ္ကြက္ေတြကို တရားမွ်တစြာ ခ်ထားေပးဖို႔ မိုးကုတ္ၿမိဳ႕ အေရွ႕ပိုင္း မင္းတံတားရပ္အနီးမွာ ဒီေန႔မနက္ပိုင္းက ဆႏၵျပခဲ့တာပါ။

ဆိုင္းဘုတ္တခ်ိဳ႕မွာေတာ့ အေျခခံ ဥပေဒ ျပင္ဆင္ေရး ေအာင္ျမင္ေစေၾကာင္း၊ ေဒၚေအာင္ဆန္းစုၾကည္ကို ႀကိဳဆိုေၾကာင္း စာသားေတြပါဝင္ပါတယ္။

ဆႏၵျပသူေတြကို ေခၚယူစစ္ေဆးၿပီး ညေနပိုင္းမွာ ျပန္လႊတ္ေပးလိုက္ေၾကာင္း မိုးကုတ္ၿမိဳ႕မရဲစခန္း တာဝန္က် ရဲတပ္ဖြဲ႕ဝင္ တစ္ဦးက RFA ကို ေျပာပါတယ္။

ျပန္လႊတ္ေပးခ်ိန္မွာ ေဒၚေအာင္ဆန္းစုၾကည္ မိုးကုတ္ၿမိဳ႕ကေန ထြက္ခြာသြားပါၿပီ။

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီေန႔မနက္က မိုးကုတ္ၿမိဳ႕ ၿမိဳ႕မရပ္ ေညာင္သုံးပင္ ပရိယတၱိ သာမေဏေက်ာ္ ေက်ာင္းတိုက္ရဲ႕ ရွင္အပါးတစ္ေထာင္ ဓမၼဗိမၼာန္ေတာ္ဖြင့္ပြဲ အခမ္းအနားကို တတ္ေရာက္ခဲ့ၿပီး ၿမိဳ႕မိၿမိဳဖ ၁၅ ဦးနဲ႔ ေတြဆုံခဲ့တယ္လို႔ သိရပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese/
----------------
(Unicode)⤵⤵⤵

ဒေါ်အောင်ဆန်းစုကြည်ကို မိုးကုတ်မှာဆန္ဒပြသူများ ယာယီ အထိန်းသိမ်းခံရ

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ရောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကျောက်မျက်လုပ်ကွက် လုပ်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး တောင်းဆိုဆန္ဒပြတဲ့ မိုးကုတ်မြို့ခံ ခြောက်ဦး ဒီမနက် အထိန်းသိမ်းခံလိုက်ရပါတယ်။

သူတို့ကတွေဆုံခွင့်ရဖို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို စာတင်တောင်းဆိုပေမယ့် လက်မခံလို့ သူတို့အခက်အခဲ သိရှိရေးအတွက် ဆိုင်းပုဒ်ကိုင်တောင်းဆိုကြတာလို့ ဖမ်းဆီးခံခဲ့ရတဲ့ ဦးစိုးဌေးက ပြောပါတယ်။

ကျောက်မျက်လုပ်ကွက် ချထားပေးရာမှာ ဒေသခံတွေရဲ့ သဘေားထားရယူဖို့၊ ကျောက်မျက်လုပ်ကွက်တွေကို တရားမျှတစွာ ချထားပေးဖို့ မိုးကုတ်မြို့ အရှေ့ပိုင်း မင်းတံတားရပ်အနီးမှာ ဒီနေ့မနက်ပိုင်းက ဆန္ဒပြခဲ့တာပါ။

ဆိုင်းဘုတ်တချို့မှာတော့ အခြေခံ ဥပဒေ ပြင်ဆင်ရေး အောင်မြင်စေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြောင်း စာသားတွေပါဝင်ပါတယ်။

ဆန္ဒပြသူတွေကို ခေါ်ယူစစ်ဆေးပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးလိုက်ကြောင်း မိုးကုတ်မြို့မရဲစခန်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။

ပြန်လွှတ်ပေးချိန်မှာ ဒေါ်အောင်ဆန်းစုကြည် မိုးကုတ်မြို့ကနေ ထွက်ခွာသွားပါပြီ။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်က မိုးကုတ်မြို့ မြို့မရပ် ညောင်သုံးပင် ပရိယတ္တိ သာမဏေကျော် ကျောင်းတိုက်ရဲ့ ရှင်အပါးတစ်ထောင် ဓမ္မဗိမ္မာန်တော်ဖွင့်ပွဲ အခမ်းအနားကို တတ်ရောက်ခဲ့ပြီး မြို့မိမြိုဖ ၁၅ ဦးနဲ့ တွေဆုံခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ေဒၚေအာင္ဆန္းစုၾကည္ကို မိုးကုတ္မွာဆႏၵျပသူမ်ား ယာယီ အထိန္းသိမ္းခံရ ေဒၚေအာင္ဆန္းစုၾကည္ကို မိုးကုတ္မွာဆႏၵျပသူမ်ား ယာယီ အထိန္းသိမ္းခံရ Reviewed by THITHTOOLWIN on 10:46 Rating: 5
Powered by Blogger.